ခ်ယ္လ္ဆီး အသင္း ဟာ ျပီးခဲ့တဲ့ ႏွစ္ ဇန္နဝါရီ အေျပာင္းအေရႊ႕ မွာ ေဒါ့မြန္ အသင္း ရဲ႕ အေမရိကန္ ၾကယ္ပြင့္ ေတာင္ပံ ကစားသမား ခရစ္စတီယန္ ပူလီဆစ္ ကို ေပါင္ ၅၈ သန္း နဲ႕ ေခၚယူ ခဲ့ပါတယ္ ။ ခ်ယ္လ္ဆီး အသင္း ဟာ ပူလီဆစ္ ကို ရီးရဲလ္ မက္ဒရစ္ အသင္း ကို ေျပာင္းေရႊ႕ သြားခဲ့တဲ့ အီဒင္ ဟာဇတ္ ရဲ႕ ေနရာ အတြက္ အစားထိုးဖို႕ ေခၚယူ ခဲ့တာ မဟုတ္ေပမယ့္ ခ်ယ္လ္ဆီး ပရိသတ္ ေတြကေတာ့ ၄င္းရဲ႕ ေျခစြမ္း ကို ေမွ်ာ္လင့္တၾကီး ေစာင့္ၾကည့္လ်က္ ရွိေနပါတယ္ ။

 

ပူလီဆစ္ ဟာ ရာသီၾကိဳ ပြဲစဥ္ ေတြက လြဲလို႕ ေလာေလာဆယ္ အထိ ခ်ယ္လ္ဆီး အသင္း အတြက္ သြင္းဂိုး တဂိုး မွ မရေသးပါဘူး ။ သို႕ေပမယ့္ လည္း ပူလီဆစ္ ဟာ ေနာဝွစ္ခ်္ နဲ႕ ပရီးမီးယားလိဂ္ ပြဲ ၊ လီဗာပူး အသင္း နဲ႕ ဥေရာပ စူပါဖလား ဗိုလ္လုပြဲ မွာ ခ်ယ္လ္ဆီး အသင္း အတြက္ ဂိုးဖန္တီးမႈ တၾကိမ္စီ ျပဳလုပ္ ေပးႏိုင္ ခဲ့ပါတယ္ ။

ေလာေလာဆယ္ မွာ ဒီႏွစ္ ေဘာလံုး ရာသီ တခုလံုး ကစားသမားသစ္ ေခၚယူခြင့္ အပိတ္ ခံထား ရတဲ့ အတြက္ ခ်ယ္လ္ဆီး အသင္း ဟာ တိုက္စစ္ပိုင္း မွာ လူငယ္ ကစားသမား ေတြ ျဖစ္တဲ့ တမ္မီ ေအဘရာဟမ္ ၊ ခရစ္စတီယန္ ပူလီဆစ္ ၊ ဟတ္ဒ္ဆန္ အိုဒိြဳင္း ၊ ေမဆင္ေမာင့္ တို႕ကိုသာ ဆက္လက္ ေမွ်ာ္ကိုး ရဖို႕ ရွိေနပါတယ္ ။

ခ်ယ္လ္ဆီး အသင္း ကစားသမား ေဟာင္း ကီေကး ဒီလူးကပ္စ္ ကေတာ့ အသက္ ၂၀ အရြယ္ ရွိ ပူလီဆစ္ ဟာ ခ်ယ္လ္ဆီး အသင္း ဂႏၲဝင္ တိုက္စစ္မွဴး ဂ်ီယန္ဖရန္ကို ဇုိလာ ကဲ့သို႕ အလိမ္အေခါက္ ၊ လွပတဲ့ ကစားဟန္ ေတြနဲ႔ ေဖ်ာ္ေျဖ ေပးႏိုင္မယ့္ အနာဂတ္ ၾကယ္ပြင့္ ကစားသမား ျဖစ္ေၾကာင္း The Athletic နဲ႕ ေတြ႕ဆံု ခဲ့တဲ့ အင္တာဗ်ဴး မွာ ခ်ီးက်ဴး ေျပာဆို သြားခဲ့ပါတယ္ ။

ဇိုလာ က ” အခု အခ်ိန္ မွာ ခ်ယ္လ္ဆီး အသင္း မွာ ဇိုလာ လို အလိမ္အေခါက္ ၊ ကစားပံု လွလွ နဲ႕ ထိပ္တန္း ကစားသမားမ်ိဳး မရွိေနပါဘူး ။ ဒါဟာ ခ်ယ္လ္ဆီး အသင္း အတြက္ စိုးရိမ္စရာ ျဖစ္ပါတယ္ ။ သူတို႕ အေနနဲ႕ လာမယ့္ ေဘာလံုး ရာသီ ကစားသမား ေခၚယူခြင့္ ျပန္လည္ ရရွိေတာ့မွာ ျဖစ္လို႕ ဒီိလို ပရိသတ္ ေတြကို ေဖ်ာ္ေျဖမႈ အျပည့္ ေပးႏိုုင္မယ့္ ထိပ္တန္း ကစားသမား တေယာက္ေယာက္ ကို ေခၚယူ အားျဖည့္ဖို႕ လိုေနပါတယ္ ။ ”

” ခ်ယ္လ္ဆီး အသင္း ဟာ သူတို႕ အတြက္ X-Factor ကစားသမား တေယာက္ ကို ရွာေဖြ ရမွာပါ ။ ဒါမွမဟုတ္ ဒီ X-Factor ကစားသမား ဟာ ပူလီဆစ္ လည္း ျဖစ္လာႏိုင္ပါတယ္ ။ ဒါေပမယ့္ လြယ္ေတာ့ မလြယ္ပါဘူး ။ လက္ရွိ အသင္း က လူငယ္ ေတြဟာလည္း ဒီလို စူပါစတား ကစားသမား တေယာက္ ျဖစ္လာဖို႕ အေတြ႕အၾကံဳ လံုလံုေလာက္ေလာက္ မရွိေသးပါဘူး ။ ”

” ကြ်န္ေတာ့ အျမင္ေတာ့ ဒီႏွစ္ ေဘာလံုး ရာသီ မွာ ခ်ယ္လ္ဆီး အသင္း အတြက္ ထူးျခားေအာင္ လုပ္ျပ ႏိုင္မွာ ဆိုလို႕ ဖရန္႕ လမ္းပတ္ ရဲ႕ ေရႊ႕ကြက္ ေတြပဲ ရွိမယ္ လို႕ ထင္မိပါတယ္ ။ သူဟာ ခ်ယ္လ္ဆီး အသင္း မွာ ၂၀၀၂ – ၂၀၀၃ ေဘာလံုး ရာသီ မွာကတည္းက ပါဝင္ ေနသလို ၊ သူ႕ အေၾကာင္း ကို ကြ်န္ေတာ္ ေကာင္းေကာင္း သိေနပါတယ္ ။ ကြ်န္ေတာ္ သာ ခ်ယ္လ္ဆီး အသင္း ဘုတ္အဖြဲ႕ ေနရာ က ဆိုရင္ အခုလို အေနအထား မွာ ဖရန္႕ ကိုပဲ နည္းျပသစ္ ခန္႕မိမွာပါ ။ ”

” ဖရန္႕ ဟာ ခ်ယ္လ္ဆီး အသင္း အေၾကာင္း ထိထိမိမိ သိထားတဲ့ သူတေယာက္ပါ ။ ခ်ယ္လ္ဆီး အသင္း ဂ်ာစီ ကို ဝတ္ဆင္ ကစား ရတာ ဘယ္ေလာက္ အဓိပၸာယ္ ရွိလဲ ဆိုတာလည္း ေကာင္းေကာင္း နားလည္ ထားပါတယ္ ။ ခ်ယ္လ္ဆီး အသင္း ကို ထိပ္တန္း အဆင့္ မွာ ဆက္ထိန္း ထားဖို႕ အတြက္ဆို လက္ရွိ လူငယ္ ၾကယ္ပြင့္ ကစားသမား ေတြ အေနနဲ႕ ဖရန္႕ လမ္းပတ္ တို႕ ဘယ္လို အသင္း အေပၚ တန္ဖိုး ထားခဲ့သလဲ ဆိုတာ ေလ့လာ လိုက္နာဖို႕ လိုပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ပူလီဆစ် ဟာ ဇိုလာ လက်သစ် ဖြစ်လာနိုင်တယ် လို့ ချီးကျူး ပြောဆို လိုက်တဲ့ #ဒီလူးကပ်စ်

ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ နှစ် ဇန်နဝါရီ အပြောင်းအရွှေ့ မှာ ဒေါ့မွန် အသင်း ရဲ့ အမေရိကန် ကြယ်ပွင့် တောင်ပံ ကစားသမား ခရစ်စတီယန် ပူလီဆစ် ကို ပေါင် ၅၈ သန်း နဲ့ ခေါ်ယူ ခဲ့ပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ ပူလီဆစ် ကို ရီးရဲလ် မက်ဒရစ် အသင်း ကို ပြောင်းရွှေ့ သွားခဲ့တဲ့ အီဒင် ဟာဇတ် ရဲ့ နေရာ အတွက် အစားထိုးဖို့ ခေါ်ယူ ခဲ့တာ မဟုတ်ပေမယ့် ချယ်လ်ဆီး ပရိသတ် တွေကတော့ ၄င်းရဲ့ ခြေစွမ်း ကို မျှော်လင့်တကြီး စောင့်ကြည့်လျက် ရှိနေပါတယ် ။

ပူလီဆစ် ဟာ ရာသီကြို ပွဲစဉ် တွေက လွဲလို့ လောလောဆယ် အထိ ချယ်လ်ဆီး အသင်း အတွက် သွင်းဂိုး တဂိုး မှ မရသေးပါဘူး ။ သို့ပေမယ့် လည်း ပူလီဆစ် ဟာ နောဝှစ်ချ် နဲ့ ပရီးမီးယားလိဂ် ပွဲ ၊ လီဗာပူး အသင်း နဲ့ ဥရောပ စူပါဖလား ဗိုလ်လုပွဲ မှာ ချယ်လ်ဆီး အသင်း အတွက် ဂိုးဖန်တီးမှု တကြိမ်စီ ပြုလုပ် ပေးနိုင် ခဲ့ပါတယ် ။

လောလောဆယ် မှာ ဒီနှစ် ဘောလုံး ရာသီ တခုလုံး ကစားသမားသစ် ခေါ်ယူခွင့် အပိတ် ခံထား ရတဲ့ အတွက် ချယ်လ်ဆီး အသင်း ဟာ တိုက်စစ်ပိုင်း မှာ လူငယ် ကစားသမား တွေ ဖြစ်တဲ့ တမ်မီ အေဘရာဟမ် ၊ ခရစ်စတီယန် ပူလီဆစ် ၊ ဟတ်ဒ်ဆန် အိုဒွိုင်း ၊ မေဆင်မောင့် တို့ကိုသာ ဆက်လက် မျှော်ကိုး ရဖို့ ရှိနေပါတယ် ။

ချယ်လ်ဆီး အသင်း ကစားသမား ဟောင်း ကီကေး ဒီလူးကပ်စ် ကတော့ အသက် ၂၀ အရွယ် ရှိ ပူလီဆစ် ဟာ ချယ်လ်ဆီး အသင်း ဂန္တဝင် တိုက်စစ်မှူး ဂျီယန်ဖရန်ကို ဇိုလာ ကဲ့သို့ အလိမ်အခေါက် ၊ လှပတဲ့ ကစားဟန် တွေနဲ့ ဖျော်ဖြေ ပေးနိုင်မယ့် အနာဂတ် ကြယ်ပွင့် ကစားသမား ဖြစ်ကြောင်း The Athletic နဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာ ချီးကျူး ပြောဆို သွားခဲ့ပါတယ် ။

ဇိုလာ က ” အခု အချိန် မှာ ချယ်လ်ဆီး အသင်း မှာ ဇိုလာ လို အလိမ်အခေါက် ၊ ကစားပုံ လှလှ နဲ့ ထိပ်တန်း ကစားသမားမျိုး မရှိနေပါဘူး ။ ဒါဟာ ချယ်လ်ဆီး အသင်း အတွက် စိုးရိမ်စရာ ဖြစ်ပါတယ် ။ သူတို့ အနေနဲ့ လာမယ့် ဘောလုံး ရာသီ ကစားသမား ခေါ်ယူခွင့် ပြန်လည် ရရှိတော့မှာ ဖြစ်လို့ ဒီိလို ပရိသတ် တွေကို ဖျော်ဖြေမှု အပြည့် ပေးနိုုင်မယ့် ထိပ်တန်း ကစားသမား တယောက်ယောက် ကို ခေါ်ယူ အားဖြည့်ဖို့ လိုနေပါတယ် ။ ”

” ချယ်လ်ဆီး အသင်း ဟာ သူတို့ အတွက် X-Factor ကစားသမား တယောက် ကို ရှာဖွေ ရမှာပါ ။ ဒါမှမဟုတ် ဒီ X-Factor ကစားသမား ဟာ ပူလီဆစ် လည်း ဖြစ်လာနိုင်ပါတယ် ။ ဒါပေမယ့် လွယ်တော့ မလွယ်ပါဘူး ။ လက်ရှိ အသင်း က လူငယ် တွေဟာလည်း ဒီလို စူပါစတား ကစားသမား တယောက် ဖြစ်လာဖို့ အတွေ့အကြုံ လုံလုံလောက်လောက် မရှိသေးပါဘူး ။ ”

” ကျွန်တော့ အမြင်တော့ ဒီနှစ် ဘောလုံး ရာသီ မှာ ချယ်လ်ဆီး အသင်း အတွက် ထူးခြားအောင် လုပ်ပြ နိုင်မှာ ဆိုလို့ ဖရန့် လမ်းပတ် ရဲ့ ရွှေ့ကွက် တွေပဲ ရှိမယ် လို့ ထင်မိပါတယ် ။ သူဟာ ချယ်လ်ဆီး အသင်း မှာ ၂၀၀၂ – ၂၀၀၃ ဘောလုံး ရာသီ မှာကတည်းက ပါဝင် နေသလို ၊ သူ့ အကြောင်း ကို ကျွန်တော် ကောင်းကောင်း သိနေပါတယ် ။ ကျွန်တော် သာ ချယ်လ်ဆီး အသင်း ဘုတ်အဖွဲ့ နေရာ က ဆိုရင် အခုလို အနေအထား မှာ ဖရန့် ကိုပဲ နည်းပြသစ် ခန့်မိမှာပါ ။ ”

” ဖရန့် ဟာ ချယ်လ်ဆီး အသင်း အကြောင်း ထိထိမိမိ သိထားတဲ့ သူတယောက်ပါ ။ ချယ်လ်ဆီး အသင်း ဂျာစီ ကို ဝတ်ဆင် ကစား ရတာ ဘယ်လောက် အဓိပ္ပာယ် ရှိလဲ ဆိုတာလည်း ကောင်းကောင်း နားလည် ထားပါတယ် ။ ချယ်လ်ဆီး အသင်း ကို ထိပ်တန်း အဆင့် မှာ ဆက်ထိန်း ထားဖို့ အတွက်ဆို လက်ရှိ လူငယ် ကြယ်ပွင့် ကစားသမား တွေ အနေနဲ့ ဖရန့် လမ်းပတ် တို့ ဘယ်လို အသင်း အပေါ် တန်ဖိုး ထားခဲ့သလဲ ဆိုတာ လေ့လာ လိုက်နာဖို့ လိုပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR