အာဆင်နယ် အသင်း ဟာ လူငယ် ကစား သမားလေး ဂျိုး ၀ါးနော့ ကို ၄ နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆို လိုက်တယ် လို့ သိရ ပါတယ် ။

စပါး အသင်း ဟာ အင်္ဂလန် နဲ့ ပွဲ မှာ အစွမ်းပြ ခဲ့တဲ့ ကိုဆိုဗို တိုက်စစ်မှုး မော်ရီကွီ ကို စောင့်ကြည့် ဖို့ ကင်း ထောက်တွေ စေလွှတ် ခဲ့တယ် လို့ သိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဟောင်း ပက်ထရစ် အီဗရာ ဟာ အသင်းရဲ့ သြဂုတ်လ အတွက် အကောင်းဆုံး ကစား သမား ဆု ကို ရရှိ ခဲ့တဲ့ တောင်ပံ ကစား သမား ဒန်နီရယ် ဂျိမ်းစ် နဲ့ တွေ့ဆုံ ကာ ဆု ကို ပေးအပ် ခဲ့တယ် လို့ သိရ ပါတယ် ။

ဘိုင်ယန် နောက်ခံလူ သစ် ဘင်ဂျမင် ပါဗက် ကတော့ ဘာစီလိုနာ ကနေ အငှား ပြောင်းရွှေ့ လာတဲ့ ဖိလစ်ပီ ကော်တင်ဟို ဟာ အသင်း အပေါ် ကြီးမားတဲ့ သက်ရောက် မှုတွေ ဖြစ်စေ လိမ့်မယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။

ချဲလ်ဆီး လူငယ် ကစား သမားလေး ရီဆီ ဂျိမ်းစ် ကတော့ ဒဏ်ရာ ကနေ သက်သာလာ ပြိး နောက် ပထမ ဆုံး အကြိမ် လေ့ကျင့်မှု ပြုလုပ် နေပြီ လို့ သိရ ပါတယ် ။

ရီးရဲ မက်ဒရစ် ကွင်းလယ်လူ မိုဒရစ် ဟာ ကြွက်သား နာကျင် မှု ဝေဒနာ ကြောင့် ယခုအပတ် ကစား မယ့် လာလီဂါ ပွဲစဉ် မှာ ပါဝင် နိုင်ဖွယ် မရှိဘူး လို့ သိရ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ ခံစစ်မှုး ဗစ်တာ လင်ဒီလော့ဖ် ကို ကာလရှည် စာချုပ် ချုပ်ဆို ဖို့ အတွက် ပြင်ဆင် နေတယ် လို့ သိရ ပါတယ် ။

PSG တိုက်စစ် မှုး နေမာ ဟာ ယခု ရာသီ အတွက် ပထမဆုံး အကြိမ် အဖြစ် ကလပ် အသင်း အတွက် ပါဝင် ကစား နိုင်ဖွယ် ရှိတယ် လို့ သိရ ပါတယ် ။

ဘာစီလိုနာ တိုက်စစ်မှုး မက်ဆီ ဟာ ယခု အပတ် လာလီဂါ ပွဲ ကို ပါဝင် ကစားပေး နိုင်မှာ မဟုတ်ပေမယ့် ဆွာရက် နဲ့ ဆီမီဒို တို့ကတော့ ပြန်လည် ပါဝင် နိုင် ဖွယ် ရှိတယ် လို့ သိရ ပါတယ် ။

စပါး အသင်း နည်းပြ ပိုချက်တီနို ကတော့ နောက်ခံလူ ရိုင်ယန် ဆက်ဆဂ်နွန် ၊ ကွင်းလယ်လူ အန် ဒွန်ဘီလီ နဲ့ နောက် ခံလူ ကိုင်လီ ဝေါ်ကာ ပီတာ တို့ရဲ့ အခြေ အနေ တွေကို မနက်ဖြန် မှာ သေချာ စစ်ဆေး ဆုံးဖြတ်သွား မယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

ဘက်တစ် ကနေ ခေါ်ယူ ထားတဲ့ လိုဆယ်ဆို က တော့ အောက်တိုဘာ လ ကုန် ခါနီး အထိ ကစားပေး နိုင် ဦးမှာ မဟုတ်ဘူး လို့ ပိုချက်တီနို က ပြောဆို သွားခဲ့ ပါတယ် ။

ကာဂလီယာလီ ကစား သမား နိုင်ဂိုလန်း ဟာ ပါးမား နဲ့ ပွဲ ကို ဒဏ်ရာ ကြောင့် လွဲချော်မယ် လို့ သိရပါတယ် ။

အာဆင်နယ် အသင်း ပရိသတ် တွေ ကတော့ ယမန်နေ့ ညက ကစားခဲ့တဲ့ မန်စီးတိး အသင်းခေါင်းဆောင် ဟောင်း ကွန်ပနီ ရဲ့ ဂုဏ်ပြု နှုတ်ဆက်ပွဲ မှာ မန်ချက်စတာ ယူနိုက်တက် တံဆိပ်ပါ ဒူးကာ ကို ၀တ်ဆင် ကစား ခဲ့တဲ့ ရော်ဘင် ဗန်ပါစီ အပေါ် ဝေဖန် ပြောဆိုမှု တွေ ပြုလုပ် ခဲ့တယ် လို့ သီရ ပါတယ် ။

SPORTS MYANMAR