* ချယ်လ်ဆီး အသင်း ရဲ့ ဘုတ်အဖွဲ့ ဟာ ၄င်းတို့ အသင်း အတွက် ရလဒ်ကောင်း တွေ ထပ်မံ ရရှိအောင် မစွမ်းဆောင် ပေးနိုင်သေးတဲ့ နည်းပြ မော်ရစ်ဇီယို ဆာရီ ကို အသင်း ကနေ ထုတ်ပယ် ဖို့ ပြင်ဆင် နေပြီ လို့ Sky Sports ရဲ့ သတင်း ဖော်ပြချက် အရ သိရပါတယ် ။ Daily Mail ကတော့ ချယ်လ်ဆီး ဘုတ်အဖွဲ့ ဟာ ဆာရီ ကို ထုတ်ပယ် ချင်ပေမယ့် လည်း ကစားသမား ခေါ်ယူခွင့် အပိတ် ခံထားရတာကြောင့် နည်းပြ အသစ် ပြောင်းလဲ ခန့်အပ် ဖို့ နေရာ မှာ အခက် ကြုံတွေ့ မှာ စိုးရိမ် နေတဲ့ အတွက် ထုတ်ပယ် ဖို့ နှောင်းနှေး နေတယ် လို့ ဖော်ပြ ခဲ့ပါတယ် ။

* လီဗာပူး အသင်း ရဲ့ ကွင်းလယ်လူ ဂျေမီ ရက်ဒ်နပ် က ချယ်လ်ဆီး အသင်း ရဲ့ တောင်ပံ ကစားသမား ဟာဇတ် ဟာ ယခင် ချယ်လ်ဆီး အသင်း ရဲ့ အောင်မြင်မှု တွေမှာ အခရာကျ တဲ့ ကစားသမား ဖြစ်ခဲ့ ပေမယ့် ယခင် က ၄င်းနဲ့ တွဲဖက် ကစား ပေးတဲ့ ကစားသမား တွေကြောင့် အောင်မြင်မှု နဲ့ ပိုပြီး နီးစပ် ခဲ့တာဖြစ်ကြောင်း Sky Sports ရဲ့ အစီအစဉ် တခုမှာ ထောက်ပြ ခဲ့ပါတယ် ။

* ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ဒိုင်နမိုကိဗ် နဲ့ ယူရိုပါလိဂ် ဒုတိယ အကျော့ မှာ ဒိုင်နမိုကိဗ် ပရိသတ် တွေဟာ ၄င်းတို့ အသင်း ရဲ့ လူငယ် တောင်ပံ ကစားသမား ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း ကို လူမျိုးရေး ခွဲခြား ခဲ့တယ် လို့ UEFA ကို ထို ဖြစ်ရပ် နဲ့ ပတ်သက်ပြီး စစ်ဆေး ပေးဖို့ တောင်းဆို တင်ပြ ခဲ့တယ် လို့ သိရပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ တောင်ပံ ကစားသမား အီဒင် ဟာဇတ် နဲ့ကွင်းလယ်လူ အန်ဂိုလို ကန်တေ တို့ဟာ မနေ့က ပဲ နိုင်ငံ လက်ရွေးစင် အသင်း ပွဲစဉ် တွေ အတွက် ဘယ်လ်ဂျီယမ် နဲ့ ပြင်သစ် နိုင်ငံ တွေ ဆီသို့ အသီးသီး ထွက်ခွာ ခဲ့တယ် လို့ သိရပါတယ် ။

* လီဗာပူး နည်းပြ ဟောင်း ဂရေမီ ဆောင်းနက်စ် က ချယ်လ်ဆီး အသင်း အနေနဲ့ ဒီ ရာသီ အဆင့် လေး အတွင်း မဝင်ပါက ( သို့မဟုတ် ) ချန်ပီယံလိဂ် ဝင်ခွင့် နဲ့ လွဲချော် ပါက အီဒင် ဟဇတ် ကို ဘယ်လိုမှ ထိန်းနိုင်တော့ မှာ မဟုတ်ကြောင်း ၊ ထို့ အတွက်ကြောင့် ၄င်းတို့ရဲ့ လူငယ် ခြေတက် တောင်ပံ ကစားသမား ဟတ်ဒ်ဆန် အိုဒွိုင်း ကို ဦးစားပေး ပွဲထုတ် သင့်ကြောင်း အကြံပြု ပြောကြား ခဲ့ပါတယ် ။

* ရီးရဲလ် မက်ဒရစ် အသင်း ဟာ ချယ်လ်ဆီး အသင်း ရဲ့ တောင်ပံ ကစားသမား အီဒင် ဟာဇတ် ကို ခေါ်ယူဖို့ အတွက် ပေါင်သန်း ၇၀ နဲ့ ၁၀၀ အကြား စတင် ကမ်းလှမ်း ဖို့ ပြင်ဆင် နေပြီ လို့ စပိန် သတင်း AS က ဖော်ပြ ပါတယ် ။ Daily Mirror ကတော့ အရှေ့ ရက်ပိုင်း လောက်က ဟာဇတ် အတွက် ရီးရဲလ် မက်ဒရစ် မှ ကနဦး ကမ်းလှမ်းမှု ကို ချယ်လ်ဆီး ဖက်မှ ပယ်ချ ခဲ့တယ် လို့ ဖော်ပြ ခဲ့ပါတယ် ။

* အင်္ဂလန် ယူ ၂၁ နည်းပြ ဘို့သ်ရွိုက် က ချယ်လ်ဆီး အသင်း ရဲ့ လူငယ် တောင်ပံ ကစားသမား ဟတ်ဒ်ဆန် အိုဒွိုင်း ဟာ ဘယ် အသင်း မှာ မဆို ခြေစွမ်းပြ ကစား နိုင်တဲ့ ကစားသမား ဖြစ်ကြောင်း ၊ ထိပ်တန်း ခြေစွမ်း ရှိတဲ့ အတွက်ကြောင့် ဥရောပ က ဘယ်ကလပ် မှာ မဆို အကောင်းဆုံး ကစား နိုင်မယ် လို့ ယုံကြည်ကြောင်း Sky Sports နဲ့ အင်တာဗျူး မှာ ပြောကြား ခဲ့ပါတယ် ။

* အဲဗာတန် ကွင်းလယ်လူ ဟောင်း တင်မ် ကာဟေးလ် က ချယ်လ်ဆီး အသင်း ပရိသတ် တွေဟာ ၄င်းတို့ ရဲ့ ကစားသမား သစ် ၂ဦး ဖြစ်တဲ့ ဂျော်ဂျင်ဟို နဲ့ ဟီဂွာအင် တို့ရဲ့ စွမ်းဆောင်ရည် ကို ဘယ်လို မှ အားရလိမ့်မယ် လို့ မထင် မိကြောင်း ၊ ပြီးခဲ့တဲ့ အဲဗာတန် နဲ့ ပွဲမှာ ၄င်းတို့ ၂ဦး ရဲ့ စွမ်းဆောင်ရည် ဟာ ချယ်လ်ဆီး ပရိသတ် တွေကို စိတ်ပျက် စေမှာ ဖြစ်ကြောင်း သုံးသပ် ပြောကြား ခဲ့ပါတယ် ။

* ချယ်လ်ဆီး ကစားသမား ဟောင်း အန်ဒီ တောင်ဆန် ကတော့ သူ့ အမြင် အရ ချယ်လ်ဆီး တောင်ပံ ကစားသမား အီဒင် ဟာဇတ် ဟာ လာမယ့် အပြောင်းအရွှေ့ မှ ရီးရဲလ် မက်ဒရစ် မှ ကမ်းလှမ်း လာမှု အပေါ် တရားဝင် လက်ခံ သွားမယ် လို့ ယုံကြည်ကြောင်း ၊ ချယ်လ်ဆီး အနေနဲ့ လည်း ဟာဇတ် ရဲ့ အသင်း ပြောင်းချင်စိတ် ကို တားဆီး ရနိုင်လိမ့်မယ် လို့ မထင်မကြောင်း BEIN Sports ရဲ့ အစီအစဉ် တခုမှာ ပြောကြား ခဲ့ပါတယ် ။

* အီတလီ လက်ရွေးစင် အသင်း နည်းပြ မန်စီနီ က ချယ်လ်ဆီး အသင်း ရဲ့ အီတလီ လက်ရွေးစင် ကွင်းလယ်လူ ဂျော်ဂျင်ဟို ဟာ ထိပ်တန်း ခြေစွမ်း ရှိတဲ့ ကွင်းလယ်လူ ဖြစ်ကြောင်း ၊ ၄င်း ဟာ အီတလီ အသင်း ရဲ့ အရေးပါ တဲ့ ကွင်းလယ်လူ တဦး ဖြစ်ကြောင်း မနေ့ည က သတင်းစာ ရှင်းလင်းပွဲ မှာ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR