အီရန္ရိုက္က လီဗာပူး အသင္းဟာ ေတာင္ပံ ကစားသမား ဇာဒန္ ရွကီရီ ပြဲကစားခြင့္ အလြန္ နည္းပါး ေနတဲ့ ကိစၥဟာ ဒီအခ်ိန္မွာ သူ႕ကို ပိုမို အာရံုစုိက္မိ ေနေစတဲ့ အေၾကာင္းရင္း တစ္ခု ျဖစ္ေနတယ္လို႕ ဆုိသြား ပါတယ္။ အာဆင္နယ္ ၾကယ္ပြင့္ေဟာင္း ျဖစ္သူ အီရန္ရုိက္က ဆြစ္ဇာလန္ လက္ေရြးစင္ ကြင္းလယ္ ကစားသမား ဟာ လီဗာပူး ရဲ႕ နည္းျပ ယာဂန္ကေလာ့ ရဲ႕ စိတ္ၾကိဳက္ ကစားသမား ပံုစံ မဟုတ္ေတာ့တဲ့ ပံုစံျဖစ္ေနတယ္လို႕ စုိးရိမ္စိတ္နဲ႕ ေျပာသြား ခဲ့ပါတယ္။

ဒီရာသီ လီဗာပူး အသင္း အတြက္ အရန္ခံု ကေန ထလာကာ ေကာင္းမြန္တဲ့ ေပးဆပ္မွဳေတြ လုပ္ေပး ႏုိင္ခဲ့ ေပမယ့္လည္း ရွကီရီ ဟာ လီဗာပူး အသင္းရဲ႕ ျပီးခဲ့တဲ့ ပြဲစဥ္ ၄ ပြဲမွာ လံုး၀ ကစားခြင့္ မရ ခဲ့ပါဘူး။

BBC ရဲ႕ Radio 5 Live သုိ႕ ေျပာၾကား သြားခဲ့ရာမွာ အီရန္ရုိက္က “ရွကီရီ ဘာေတြ ျဖစ္ခဲ့တာလဲ ? ဘာေတြ ျဖစ္ေနတာလဲ ? ခင္ဗ်ားတုိ႕က သူ႕ရဲ႕ ေျခစြမ္းက်ဆင္း ေနတာေၾကာင့္လို႕ ေထာက္ျပ ၾကပါတယ္။ ဖူဟမ္ နဲ႕ ပြဲမွာ ယာဂန္ကေလာ့ဟာ သူ႕ထက္ ဘယ္သူ႕ကုိ ပုိျပီး ဦးစားေပး ေရြးခ်ယ္ ခဲ့သလဲ ? ကေလာ့ဟာ ရွကီရီ ထက္ အျခား ကစားသမား ေတြကိုသာ ေရြးခ်ယ္ခဲ့တာကို ကၽြန္ေတာ္ ေတြ႕ခဲ့ ရပါတယ္။

ဒီ၇ာသီ အစပိုင္း မွာတုန္းက ရွကီရီ ဟာ အသင္းအတြက္ ျခားနားမွဳေတြ ေပးစြမ္း ခဲ့တယ္ ဆုိတာက ကၽြန္ေတာ္တုိ႕ ျမင္ခ့ဲ ရပါတယ္။ သူ႕ရဲ႕ ေျခစြမ္းက်ဆင္း သြားတယ္လို႕ ေျပာေန ၾကပါတယ္။ ဒါေပမယ့္ ကၽြန္ေတ္ာ့ အတြက္ ကေတာ့ တစ္စံုတစ္ခု ျဖစ္ခဲ့တာေၾကာင့္လို႕ ထင္မိ ေနပါတယ္။” လို႕ ဆုိသြား ပါတယ္။

ယေန႕ ေစ်းကြက္ အေျခအေနမွာ ဆြစ္ဇာလန္ လက္ေရြးစင္ လုိ ကစားသမားမ်ိဳး ကုိ ေပါင္ ၁၃ သန္း ထဲနဲ႕ ရခဲ့တာေၾကာင့္ ရွကီရီ ကုိ ေလ်ာ့ေစ်းနဲ႕ လီဗာပူး တုိ႕ ရလုိက္တယ္ ဆုိျပီး ရာသီ အစပိုင္းက ခ်ီးက်ဴး ခဲ့ၾက ပါတယ္။ အသက္ ၂၇ ႏွစ္ အရြယ္ ကစားသမားဟာ အေမရိကန္ မွာ ျပဳလုပ္ ခဲ့တဲ့ ရာသီၾကိဳ ေျခစမ္းပြဲ တစ္ခုမွာ ယူႏုိက္တက္ ဘက္ကို ေနာက္ျပန္ ကန္ခ်က္နဲ႕ ဂိုးသြင္းယူ ခဲ့ျပီးေနာက္ လီဗာပူး ပရိတ္သတ္ေတြကို ဆြဲေဆာင္ သြားခဲ့ ပါတယ္။

ဒါ့အျပင္ ျပီးခဲ့တဲ့ ဒီဇင္ဘာလက ယူနုိက္တက္ ကို အန္ဖီးမွာ ၃ – ၁ နဲ႕ အႏုိင္ ရရွိ ခဲ့တဲ့ ပြဲစဥ္မွာ ရွကီရီ ဟာ သေရက်ေနတဲ့ အခ်ိန္မွာ အရန္ခံု ကေန ကြင္းထဲကို ၀င္လာခဲ့ျပီး အသင္းအတြက္ အႏိုင္ဂိုး ၂ ဂိုး သြင္းယူ ေပးခဲ့တာေၾကာင့္ ဟီးရိုး ျဖစ္ခဲ့ ပါေသးတယ္။

ဒါေပမယ့္လည္း လက္ရွိ မွာေတာ့ ရွကီရီ ဟာ ပြဲထြက္ခြင့္ အတြက္ အဒမ္ လယ္လာနာ ၊ ဒီဗုိ႕ အုိရီဂီ တုိ႕ရဲ႕ ေနာက္ကိုေတာင္ ေရာက္သြား ခဲ့ျပီး ကေလာ့ဟာ ဖူဟမ္ နဲ႕ ပြဲမွာ အဆုိပါ ကစားသမား ၂ ဦးကို အသံုးျပဳ ခဲ့ပါတယ္။ ရွကီရီ ဟာ သူ႕ရဲ႕အသင္းေဟာင္း ဘုိင္ယန္ျမဴးနစ္ အသင္းနဲ႕ ျပန္လည္ ေတြ႕ဆံု ခဲ့တဲ့ ျပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္း ရွံဳးထြက္ အဆင့္ ႏွစ္ေက်ာ့ စလံုးကုိ လြဲေခ်ာ္ ခဲ့ျပီး လီဗာပူး အတြက္ ေနာက္ဆံုး ကစား ေပးခဲ့တဲ့ ပြဲကေတာ့ ျပီးခဲ့တဲ့ လကုန္ပိုင္းက ယူႏုိက္တက္ နဲ႕ ၀ – ၀ သေရ က်ခဲ့တဲ့ ပြဲပဲ ျဖစ္ပါတယ္။ ကေလာ့ဟာ အဆုိပါ ပြဲမွာလည္း ရွကီရီ ကို ၁၈ မိနစ္သာ ကစားခြင့္ ေပးခဲ့ျပီး ဇန္န၀ါရီ အေစာပုိင္း ကတည္းက စကာ စတုတ္စီးတီး ကစားသမားေဟာင္းဟာ လီဗာပူး အတြက္ ပြဲခ်ိန္ျပည့္ ကစားခြင့္ မရ ခဲ့ပါဘူး။

SM

Unicode

လီဗာပူး ကစားသမားတစ်ဦးနဲ့ ပက်သက်ပြီး ဘာကြောင့် စိုးရိမ်ပူပန်မိနေသလဲ ဆိုတာကို ရှင်းပြလိုက်တဲ့ အီရန်ရိုက်

အီရန်ရိုက်က လီဗာပူး အသင်းဟာ တောင်ပံ ကစားသမား ဇာဒန် ရှကီရီ ပွဲကစားခွင့် အလွန် နည်းပါး နေတဲ့ ကိစ္စဟာ ဒီအချိန်မှာ သူ့ကို ပိုမို အာရုံစိုက်မိ နေစေတဲ့ အကြောင်းရင်း တစ်ခု ဖြစ်နေတယ်လို့ ဆိုသွား ပါတယ်။ အာဆင်နယ် ကြယ်ပွင့်ဟောင်း ဖြစ်သူ အီရန်ရိုက်က ဆွစ်ဇာလန် လက်ရွေးစင် ကွင်းလယ် ကစားသမား ဟာ လီဗာပူး ရဲ့ နည်းပြ ယာဂန်ကလော့ ရဲ့ စိတ်ကြိုက် ကစားသမား ပုံစံ မဟုတ်တော့တဲ့ ပုံစံဖြစ်နေတယ်လို့ စိုးရိမ်စိတ်နဲ့ ပြောသွား ခဲ့ပါတယ်။

ဒီရာသီ လီဗာပူး အသင်း အတွက် အရန်ခုံ ကနေ ထလာကာ ကောင်းမွန်တဲ့ ပေးဆပ်မှုတွေ လုပ်ပေး နိုင်ခဲ့ ပေမယ့်လည်း ရှကီရီ ဟာ လီဗာပူး အသင်းရဲ့ ပြီးခဲ့တဲ့ ပွဲစဉ် ၄ ပွဲမှာ လုံးဝ ကစားခွင့် မရ ခဲ့ပါဘူး။

BBC ရဲ့ Radio 5 Live သို့ ပြောကြား သွားခဲ့ရာမှာ အီရန်ရိုက်က “ရှကီရီ ဘာတွေ ဖြစ်ခဲ့တာလဲ ? ဘာတွေ ဖြစ်နေတာလဲ ? ခင်ဗျားတို့က သူ့ရဲ့ ခြေစွမ်းကျဆင်း နေတာကြောင့်လို့ ထောက်ပြ ကြပါတယ်။ ဖူဟမ် နဲ့ ပွဲမှာ ယာဂန်ကလော့ဟာ သူ့ထက် ဘယ်သူ့ကို ပိုပြီး ဦးစားပေး ရွေးချယ် ခဲ့သလဲ ? ကလော့ဟာ ရှကီရီ ထက် အခြား ကစားသမား တွေကိုသာ ရွေးချယ်ခဲ့တာကို ကျွန်တော် တွေ့ခဲ့ ရပါတယ်။

ဒီရာသီ အစပိုင်း မှာတုန်းက ရှကီရီ ဟာ အသင်းအတွက် ခြားနားမှုတွေ ပေးစွမ်း ခဲ့တယ် ဆိုတာက ကျွန်တော်တို့ မြင်ခဲ့ ရပါတယ်။ သူ့ရဲ့ ခြေစွမ်းကျဆင်း သွားတယ်လို့ ပြောနေ ကြပါတယ်။ ဒါပေမယ့် ကျွန်တေ်ာ့ အတွက် ကတော့ တစ်စုံတစ်ခု ဖြစ်ခဲ့တာကြောင့်လို့ ထင်မိ နေပါတယ်။” လို့ ဆိုသွား ပါတယ်။

ယနေ့ စျေးကွက် အခြေအနေမှာ ဆွစ်ဇာလန် လက်ရွေးစင် လို ကစားသမားမျိုး ကို ပေါင် ၁၃ သန်း ထဲနဲ့ ရခဲ့တာကြောင့် ရှကီရီ ကို လျော့စျေးနဲ့ လီဗာပူး တို့ ရလိုက်တယ် ဆိုပြီး ရာသီ အစပိုင်းက ချီးကျူး ခဲ့ကြ ပါတယ်။ အသက် ၂၇ နှစ် အရွယ် ကစားသမားဟာ အမေရိကန် မှာ ပြုလုပ် ခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲ တစ်ခုမှာ ယူနိုက်တက် ဘက်ကို နောက်ပြန် ကန်ချက်နဲ့ ဂိုးသွင်းယူ ခဲ့ပြီးနောက် လီဗာပူး ပရိတ်သတ်တွေကို ဆွဲဆောင် သွားခဲ့ ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာလက ယူနိုက်တက် ကို အန်ဖီးမှာ ၃ – ၁ နဲ့ အနိုင် ရရှိ ခဲ့တဲ့ ပွဲစဉ်မှာ ရှကီရီ ဟာ သရေကျနေတဲ့ အချိန်မှာ အရန်ခုံ ကနေ ကွင်းထဲကို ၀င်လာခဲ့ပြီး အသင်းအတွက် အနိုင်ဂိုး ၂ ဂိုး သွင်းယူ ပေးခဲ့တာကြောင့် ဟီးရိုး ဖြစ်ခဲ့ ပါသေးတယ်။

ဒါပေမယ့်လည်း လက်ရှိ မှာတော့ ရှကီရီ ဟာ ပွဲထွက်ခွင့် အတွက် အဒမ် လယ်လာနာ ၊ ဒီဗို့ အိုရီဂီ တို့ရဲ့ နောက်ကိုတောင် ရောက်သွား ခဲ့ပြီး ကလော့ဟာ ဖူဟမ် နဲ့ ပွဲမှာ အဆိုပါ ကစားသမား ၂ ဦးကို အသုံးပြု ခဲ့ပါတယ်။ ရှကီရီ ဟာ သူ့ရဲ့အသင်းဟောင်း ဘိုင်ယန်မြူးနစ် အသင်းနဲ့ ပြန်လည် တွေ့ဆုံ ခဲ့တဲ့ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက် အဆင့် နှစ်ကျော့ စလုံးကို လွဲချော် ခဲ့ပြီး လီဗာပူး အတွက် နောက်ဆုံး ကစား ပေးခဲ့တဲ့ ပွဲကတော့ ပြီးခဲ့တဲ့ လကုန်ပိုင်းက ယူနိုက်တက် နဲ့ ၀ – ၀ သရေ ကျခဲ့တဲ့ ပွဲပဲ ဖြစ်ပါတယ်။ ကလော့ဟာ အဆိုပါ ပွဲမှာလည်း ရှကီရီ ကို ၁၈ မိနစ်သာ ကစားခွင့် ပေးခဲ့ပြီး ဇန်နဝါရီ အစောပိုင်း ကတည်းက စကာ စတုတ်စီးတီး ကစားသမားဟောင်းဟာ လီဗာပူး အတွက် ပွဲချိန်ပြည့် ကစားခွင့် မရ ခဲ့ပါဘူး။

SM