ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနတဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ေတြ ျပန္လည္ စတင္ေတာ့မွာ ျဖစ္ပါတယ္။ ကလပ္ အသင္းနည္းျပေတြဟာ ႏိုင္ငံတကာ ပြဲစဥ္ေတြ အတြင္း ျပင္ဆင္ခ်ိန္ေတြ ၊ အားလပ္ခ်ိန္ေတြ မ်ားစြာ ရရွိခဲ့ေပမယ့္ ၊ လက္ေရြးစင္ ကစားသမားေတြ ကေတာ့ ပြဲစဥ္ေတြ ဆက္တိုက္ ျပန္လည္ ကစားေပးရမွာ ျဖစ္တာေၾကာင့္ အနားယူခ်ိန္လို႔ တိတိက်က် မရွိခဲ့ပါဘူး။

အထူးသျဖင့္ ေတာင္အေမရိကား တိုက္ကေန ဥေရာပဆီ ျပန္လာမယ့္ ေဘာလံုးသမား အမ်ားစုဟာ ခရီးပန္းတဲ့ ဒဏ္ေတြ ခံရမွာ ျဖစ္လို႔ ၊ ဒီတစ္ပတ္ ပြဲစဥ္ေတြမွာ ပြဲခ်ိန္ျပည့္ ပါ၀င္ကစားေပးဖို႔ ရာခိုင္ႏႈန္းနည္းေနမွာ ျဖစ္ပါတယ္။

နာမည္ၾကီး အားကစား ကေလာင္ရွင္ ေလာ္ရိုးရဲ႕ ဒီတစ္ပတ္အတြက္ ခန္႔မွန္းခ်က္ေတြကို ၾကည့္လုိက္ၾကရေအာင္ဗ်ာ………

လီဗာပူး – နယူးကာဆယ္
စပါး နဲ႔ ပြဲမွာ ကစားသြားတဲ့ နယူးကာဆယ္ ရဲ႕ ေျခစြမ္းက ဒီရာသီ မွာ အေကာင္းဆံုးလို႔ ေျပာရမွာပါ။ ႏိုင္ပြဲလဲ ရခဲ့တာမို႔ ၊ နည္းျပ စတိဗရုဟာ အဲဒီပံုစံအတိုင္း သူ႔ရဲ႕ အသင္းကို တည္ေဆာက္လာမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ လီဗာပူး ကုိေတာ့ သူတို႔ အေနနဲ႔ ဒုကၡေပးႏိုင္ဖို႔ဆိုတာ မလြယ္ပါဘူး။

လက္ရွိ ကေလာ့ပ္ရဲ႕ ေျခစြမ္းဟာ အရမ္းကို ေကာင္းမြန္လြန္းေနသလုိ ၊ နယူးကာဆယ္ ရင္ဆိုင္ ကစားထားရတဲ့ အသင္းေတြထက္ ပိုျပီး တိုက္စစ္ကလဲ ထက္ျမက္မွဳရွိပါတယ္။ ဒါေၾကာင့္မို႔ အိမ္ရွင္တို႔ပဲ သက္ေတာင့္သက္သာ နဲ႔ အႏိုင္ရသြားမွာပါ။
ခန္႔မွန္းခ်က္ – လီဗာပူး 3-0 နယူးကာဆယ္

ယူႏိုက္တက္ – လက္စတာ
လက္စတာ ရဲ႕ ရာသီအစ ေျခစြမ္းက အေပါင္းလကၡဏာေတြ အမ်ားၾကီး ေဆာင္ေနတာမို႔ ၊ ယူႏိုက္တက္တို႔ အတြက္ ဒီပြဲဟာ ေနာက္ထပ္ စမ္းသပ္မႈ တစ္ခု ျဖစ္လာဖြယ္ ရွိေနပါတယ္။

ကမၻာ့စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကး နဲ႔ ေခၚယူထားတဲ့ မက္ဂြိဳင္းယား ဟာ အသင္းေဟာင္းကို ပထမဆံုး အၾကိမ္ ျပန္လည္ ရင္ဆိုင္ရမွာ ျဖစ္သလုိ ၊ ဗာဒီ ရဲ႕ အသင္းၾကီးေတြ နဲ႔ ေတြ႔ရင္ ဂိုးျမဴးတတ္တဲ့ အစဥ္အလာကလဲ သတိထားရမွာပါ။

အိမ္ရွင္တို႔ရဲ႕ ဒီရာသီ ေျခစြမ္းက အတက္အက် အရမ္းကို ၾကမ္းလြန္းပါတယ္။ လက္စတာ ဟာ ပဲေလ့လိုေတာ့ ေနာက္တန္း ပိတ္ျပီးကစားလာမွာ မဟုတ္တာမို႔ ၊ ယူႏိုက္တက္ တိုက္စစ္ ကစားသမားေတြ အေနနဲ႔ ေနရာလြတ္ကို ရွာေဖြရာတာ ပိုျပီးေတာ့ လြယ္ကူလာမွာပါ။

က်ေနာ္ ကေတာ့ ဆိုးရွားရဲ႕ အသင္းကို အႏုိင္ရဖို႔ အတြက္ ေမွ်ာ္လင့္ထားတယ္ဗ်ာ။ လက္ရွိ သူတို႔ရဲ႕ ေျခစြမ္းဟာ ဘယ္လိုပဲ ျဖစ္ျဖစ္ အိမ္ကြင္းႏိုင္ပြဲေတာ့ ရေအာင္ ယူျပမယ္ ထင္ပါတယ္။
ခန္႔မွန္းခ်က္ – ယူႏိုက္တက္ 2-1 လက္စတာ

၀ုဖ္ – ခ်ဲဆီး
ခ်ဲဆီး ရဲ႕ ဒီရာသီ ကစားပံုဟာ ေကာင္းမြန္ေနသည့္တိုင္ေအာင္ ၊ ရလာဒ္ကေတာ့ မေမွ်ာ္လင့္တာေတြ ျဖစ္ေနဆဲပါပဲ။ တိုက္စစ္ ကစားပံုက အျပစ္ရွာစရာ မရွိေပမယ့္ ၊ ေနာက္တန္းမွာ လုိအပ္ခ်က္ေတြက မ်ားလြန္းေနဆဲပါ။

အထူးသျဖင့္ သူတို႔အသင္းဟာ ေဘာလံုးကို ေျခထဲကေန ဆံုးရႈံးလိုက္ရတဲ့ တစ္ျပိဳင္နက္ ဂိုးေပးလိုက္ရတာ အရမ္းကို လြယ္လြန္းပါတယ္။ ဒါေၾကာင့္လဲ က်ေနာ္က ကန္တီကို ခံစစ္ရဲ႕ ေရွ႕မွာ အကာကြယ္ေပးတဲ့ ေနရာမွာ ကစားေစခ်င္တာပါ။

လမ္းပတ္ဟာ ေနာက္တန္း ျပသနာအတြက္ အေျဖရွာမွာ ျဖစ္ေပမယ့္ ၊ အခု ျပသနာေလးက တိမ္မေရာင္နဲ႔ နက္ေနတာဗ်။ ၀ုဖ္ဟာ အသင္းေကာင္း တစ္သင္းျဖစ္သည့္တိုင္ေအာင္၊ က်ေနာ္ကေတာ့ ခ်ဲဆီးကိုပဲ ေနာက္တစ္ၾကိမ္ ယံုၾကည္ခ်င္ေသးတယ္ဗ်ာ………
ခန္႔မွန္းခ်က္ – ၀ုဖ္ 1-2 ခ်ဲဆီး

ေနာ့၀ွစ္ခ်္ – မန္စီးတီး
ပူကီ လုိ တိုက္စစ္မႈး ရွိေနသ၍ေတာ့ ၀ုဖ္အတြက္ ဂိုးရဖို႔က စိတ္ပူစရာ မရွိပါဘူး ဒါေပမယ့္ 4 ပြဲ ကစားအျပီး 10 ဂိုး ေပးထားရတာကေတာ့ စိုးရိမ္စရာပါ။ အထူးသျဖင့္ မန္စီးတီး တိုက္စစ္ကုိ ခုခံရမယ့္ အခ်ိန္မွာ ၊ ဘယ္လို ကစားမလဲ ဆိုတာ ေမးခြန္းထုတ္စရာ ျဖစ္လာပါတယ္။ က်ေနာ္ ကေတာ့ သူတို႔ အသင္း အတြက္ ေမွ်ာ္လင့္ခ်က္ကို ရွိမယ္ မထင္ပါဘူး။
ခန္႔မွန္းခ်က္ – ေနာ့၀ွစ္ခ်္ 0-2 မန္စီးတီး

၀က္ဖို႔ဒ္ – အာဆင္နယ္
ဂါစီယာ ကို ထုတ္ျပီး ဆန္းခ်က္ ဖေလာရက္ ကို နည္းျပသစ္ ျပန္ခန္႔လုိက္တဲ့ ၀က္ဖို႔ဒ္ရဲ႕လုပ္ရပ္က ေတာ္ေတာ္ေလးကို အံ့အားသင့္ဖို႔ ေကာင္းပါတယ္။ အထူးသျဖင့္ 4 ပြဲ ကစားျပီးတဲ့ အခ်ိန္မ်ိဳးမွာေတာာင္ အခုလုိ အေျပာင္းအလဲ လုပ္ပစ္တာက ကစားသမားေတြ႔ရဲ႕ အၾကားမွာ ေျပာစရာ တစ္ခုခုေတာ့ က်န္ေနမွာပါ။

ဆန္းခ်က္ ဖေလာရက္ဟာ လက္ရွိ ၀က္ဖို႔ဒ္ ကစားသမား အမ်ားစုနဲ႔ ရင္းနွီးျပီးသား ျဖစ္လို႔ ၊ အသားက်ေအာင္ အခ်ိန္ယူစရာ မလိုဘူး ဆိုေပမယ့္ ၊ ဒီရာသီ ပထမဆံုး ႏိုင္ပြဲ ရဖို႔ေတာ့ ခက္ခဲေနဦးမွာပါ။

အာဆင္နယ္ ကလဲ ခံစစ္ကသာ လုိအပ္ခ်က္ေတြ ရွိေနေသးေပမယ့္ ၊ တိုက္စစ္ကေတာ့ အရမ္းကို ေကာင္းလြန္းပါတယ္။ က်ေနာ္ ကေတာ့ ဖေလာရက္ ရဲ႕ ဗ်ဴဟာ အေျပာင္းအလဲကို ယံုထားၾကည့္ခ်င္တယ္ဗ်ာ။
ခန္႔မွန္းခ်က္ 1-1

အျခား ပြဲစဥ္ ခန္႔မွန္းခ်က္မ်ား
*****************

ဘရိုတ္တန္ 1-1 ဘန္ေလ
ရွဖီး ယူႏိုက္တက္ 2-1 ေဆာက္သမ္တန္
စပါး 2-0 ပဲေလ့
ဘုန္းေမာက္ 2-1 အဲဗာတန္
ဗီလာ 2-1 ၀က္စ္ဟမ္း

SPORT MYANMAR

Unicode

ဒီတစ်ပတ် အတွက် လော်ရိုးရဲ့ ခန့်မှန်းချက်များ
*****************************

ပရိသတ်တွေ စောင့်မျှော်နေတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ပြန်လည် စတင်တော့မှာ ဖြစ်ပါတယ်။ ကလပ် အသင်းနည်းပြတွေဟာ နိုင်ငံတကာ ပွဲစဉ်တွေ အတွင်း ပြင်ဆင်ချိန်တွေ ၊ အားလပ်ချိန်တွေ များစွာ ရရှိခဲ့ပေမယ့် ၊ လက်ရွေးစင် ကစားသမားတွေ ကတော့ ပွဲစဉ်တွေ ဆက်တိုက် ပြန်လည် ကစားပေးရမှာ ဖြစ်တာကြောင့် အနားယူချိန်လို့ တိတိကျကျ မရှိခဲ့ပါဘူး။

အထူးသဖြင့် တောင်အမေရိကား တိုက်ကနေ ဥရောပဆီ ပြန်လာမယ့် ဘောလုံးသမား အများစုဟာ ခရီးပန်းတဲ့ ဒဏ်တွေ ခံရမှာ ဖြစ်လို့ ၊ ဒီတစ်ပတ် ပွဲစဉ်တွေမှာ ပွဲချိန်ပြည့် ပါ၀င်ကစားပေးဖို့ ရာခိုင်နှုန်းနည်းနေမှာ ဖြစ်ပါတယ်။

နာမည်ကြီး အားကစား ကလောင်ရှင် လော်ရိုးရဲ့ ဒီတစ်ပတ်အတွက် ခန့်မှန်းချက်တွေကို ကြည့်လိုက်ကြရအောင်ဗျာ………

လီဗာပူး – နယူးကာဆယ်
စပါး နဲ့ ပွဲမှာ ကစားသွားတဲ့ နယူးကာဆယ် ရဲ့ ခြေစွမ်းက ဒီရာသီ မှာ အကောင်းဆုံးလို့ ပြောရမှာပါ။ နိုင်ပွဲလဲ ရခဲ့တာမို့ ၊ နည်းပြ စတိဗရုဟာ အဲဒီပုံစံအတိုင်း သူ့ရဲ့ အသင်းကို တည်ဆောက်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လီဗာပူး ကိုတော့ သူတို့ အနေနဲ့ ဒုက္ခပေးနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။

လက်ရှိ ကလော့ပ်ရဲ့ ခြေစွမ်းဟာ အရမ်းကို ကောင်းမွန်လွန်းနေသလို ၊ နယူးကာဆယ် ရင်ဆိုင် ကစားထားရတဲ့ အသင်းတွေထက် ပိုပြီး တိုက်စစ်ကလဲ ထက်မြက်မှုရှိပါတယ်။ ဒါကြောင့်မို့ အိမ်ရှင်တို့ပဲ သက်တောင့်သက်သာ နဲ့ အနိုင်ရသွားမှာပါ။
ခန့်မှန်းချက် – လီဗာပူး 3-0 နယူးကာဆယ်

ယူနိုက်တက် – လက်စတာ
လက်စတာ ရဲ့ ရာသီအစ ခြေစွမ်းက အပေါင်းလက္ခဏာတွေ အများကြီး ဆောင်နေတာမို့ ၊ ယူနိုက်တက်တို့ အတွက် ဒီပွဲဟာ နောက်ထပ် စမ်းသပ်မှု တစ်ခု ဖြစ်လာဖွယ် ရှိနေပါတယ်။

ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူထားတဲ့ မက်ဂွိုင်းယား ဟာ အသင်းဟောင်းကို ပထမဆုံး အကြိမ် ပြန်လည် ရင်ဆိုင်ရမှာ ဖြစ်သလို ၊ ဗာဒီ ရဲ့ အသင်းကြီးတွေ နဲ့ တွေ့ရင် ဂိုးမြူးတတ်တဲ့ အစဉ်အလာကလဲ သတိထားရမှာပါ။

အိမ်ရှင်တို့ရဲ့ ဒီရာသီ ခြေစွမ်းက အတက်အကျ အရမ်းကို ကြမ်းလွန်းပါတယ်။ လက်စတာ ဟာ ပဲလေ့လိုတော့ နောက်တန်း ပိတ်ပြီးကစားလာမှာ မဟုတ်တာမို့ ၊ ယူနိုက်တက် တိုက်စစ် ကစားသမားတွေ အနေနဲ့ နေရာလွတ်ကို ရှာဖွေရာတာ ပိုပြီးတော့ လွယ်ကူလာမှာပါ။

ကျနော် ကတော့ ဆိုးရှားရဲ့ အသင်းကို အနိုင်ရဖို့ အတွက် မျှော်လင့်ထားတယ်ဗျာ။ လက်ရှိ သူတို့ရဲ့ ခြေစွမ်းဟာ ဘယ်လိုပဲ ဖြစ်ဖြစ် အိမ်ကွင်းနိုင်ပွဲတော့ ရအောင် ယူပြမယ် ထင်ပါတယ်။
ခန့်မှန်းချက် – ယူနိုက်တက် 2-1 လက်စတာ

၀ုဖ် – ချဲဆီး
ချဲဆီး ရဲ့ ဒီရာသီ ကစားပုံဟာ ကောင်းမွန်နေသည့်တိုင်အောင် ၊ ရလာဒ်ကတော့ မမျှော်လင့်တာတွေ ဖြစ်နေဆဲပါပဲ။ တိုက်စစ် ကစားပုံက အပြစ်ရှာစရာ မရှိပေမယ့် ၊ နောက်တန်းမှာ လိုအပ်ချက်တွေက များလွန်းနေဆဲပါ။

အထူးသဖြင့် သူတို့အသင်းဟာ ဘောလုံးကို ခြေထဲကနေ ဆုံးရှုံးလိုက်ရတဲ့ တစ်ပြိုင်နက် ဂိုးပေးလိုက်ရတာ အရမ်းကို လွယ်လွန်းပါတယ်။ ဒါကြောင့်လဲ ကျနော်က ကန်တီကို ခံစစ်ရဲ့ ရှေ့မှာ အကာကွယ်ပေးတဲ့ နေရာမှာ ကစားစေချင်တာပါ။

လမ်းပတ်ဟာ နောက်တန်း ပြသနာအတွက် အဖြေရှာမှာ ဖြစ်ပေမယ့် ၊ အခု ပြသနာလေးက တိမ်မရောင်နဲ့ နက်နေတာဗျ။ ၀ုဖ်ဟာ အသင်းကောင်း တစ်သင်းဖြစ်သည့်တိုင်အောင်၊ ကျနော်ကတော့ ချဲဆီးကိုပဲ နောက်တစ်ကြိမ် ယုံကြည်ချင်သေးတယ်ဗျာ………
ခန့်မှန်းချက် – ၀ုဖ် 1-2 ချဲဆီး

နော့ဝှစ်ချ် – မန်စီးတီး
ပူကီ လို တိုက်စစ်မှုး ရှိနေသ၍တော့ ၀ုဖ်အတွက် ဂိုးရဖို့က စိတ်ပူစရာ မရှိပါဘူး ဒါပေမယ့် 4 ပွဲ ကစားအပြီး 10 ဂိုး ပေးထားရတာကတော့ စိုးရိမ်စရာပါ။ အထူးသဖြင့် မန်စီးတီး တိုက်စစ်ကို ခုခံရမယ့် အချိန်မှာ ၊ ဘယ်လို ကစားမလဲ ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ကျနော် ကတော့ သူတို့ အသင်း အတွက် မျှော်လင့်ချက်ကို ရှိမယ် မထင်ပါဘူး။
ခန့်မှန်းချက် – နော့ဝှစ်ချ် 0-2 မန်စီးတီး

၀က်ဖို့ဒ် – အာဆင်နယ်
ဂါစီယာ ကို ထုတ်ပြီး ဆန်းချက် ဖလောရက် ကို နည်းပြသစ် ပြန်ခန့်လိုက်တဲ့ ၀က်ဖို့ဒ်ရဲ့လုပ်ရပ်က တော်တော်လေးကို အံ့အားသင့်ဖို့ ကောင်းပါတယ်။ အထူးသဖြင့် 4 ပွဲ ကစားပြီးတဲ့ အချိန်မျိုးမှာတောာင် အခုလို အပြောင်းအလဲ လုပ်ပစ်တာက ကစားသမားတွေ့ရဲ့ အကြားမှာ ပြောစရာ တစ်ခုခုတော့ ကျန်နေမှာပါ။

ဆန်းချက် ဖလောရက်ဟာ လက်ရှိ ၀က်ဖို့ဒ် ကစားသမား အများစုနဲ့ ရင်းနှီးပြီးသား ဖြစ်လို့ ၊ အသားကျအောင် အချိန်ယူစရာ မလိုဘူး ဆိုပေမယ့် ၊ ဒီရာသီ ပထမဆုံး နိုင်ပွဲ ရဖို့တော့ ခက်ခဲနေဦးမှာပါ။

အာဆင်နယ် ကလဲ ခံစစ်ကသာ လိုအပ်ချက်တွေ ရှိနေသေးပေမယ့် ၊ တိုက်စစ်ကတော့ အရမ်းကို ကောင်းလွန်းပါတယ်။ ကျနော် ကတော့ ဖလောရက် ရဲ့ ဗျူဟာ အပြောင်းအလဲကို ယုံထားကြည့်ချင်တယ်ဗျာ။
ခန့်မှန်းချက် 1-1

အခြား ပွဲစဉ် ခန့်မှန်းချက်များ
*****************

ဘရိုတ်တန် 1-1 ဘန်လေ
ရှဖီး ယူနိုက်တက် 2-1 ဆောက်သမ်တန်
စပါး 2-0 ပဲလေ့
ဘုန်းမောက် 2-1 အဲဗာတန်
ဗီလာ 2-1 ၀က်စ်ဟမ်း

SPORT MYANMAR