၂ ။ ရှာကီရာ
၃ ။ အစ္စဘယ် ဂိုးလတ်
၎ ။ မီလီဆာ ဆတ်တာ
၅ ။ အန်နာ အိုင်ဗန်နိုဗစ်
၇ ။ ပီလာ ရူဘီယို ဖာနန်ဒက်
၈ ။ အန်နာ လီဝန်ဒေါ့စကာ
၁၀ ။ ဆာရာ ကာဘိုနီရာ
SPORTS MYANMAR
Unicode
မိန်းမချင်းပြိုင်ဘယ်သူနိုင် . . . . ကမ္ဘာကျော် ဘောလုံး သမားတို့ရဲ့ နာမည်ကျော် မဟေသီများ
==========================================
အောင်မြင်တဲ့ ဘောလုံး သမား တစ်ဦး ရဲ့ နောက်ကွယ် မှာ ထက်မြက် တဲ့ အမျိုးသမီး တွေ ရှိနေတတ် ကြ ပါတယ် ။ အချို့ သော အမျိုး သမီးတွေ က ဘောလုံး သမားတွေ နဲ့ ထိမ်းမြား လက်ထပ်ပြီး ကာမှ ကျော်ကြား လာကြ သူတွေ ပါ ။ အချို့ ကတော့ ဘောလုံး သမားတွေ နဲ့ မသိကျွမ်း ခင် ကတည်းက ကျော်ကြား ခဲ့ကြ သူတွေ ဖြစ် ပါတယ် ။ အချို့ ကတော့ ဘောလုံး သမားတွေ ထက်တောင် လူသိ များ ကျော်ကြား ကြပါ တယ် ။
ဘယ်လို ဘယ်ပုံစံ နဲ့ ပဲ သိကျွမ်း ခဲ့ သိကျွမ်းခဲ့ ၊ အခု အချိန် မှာတော့ အဆိုပါ အမျိုးသမီးတွေ ဟာ ဘောလုံး သမား တွေ နဲ့ အတူ ကောင်းခြင်း ဆိုးခြင်း တွေ ကို မျှဝေ ခံစား ရင်း ဖြတ်ကျော် နေကြပြီ ဖြစ်ပါတယ် ။ ဒါကြောင့် ကမ္ဘာကျော် ဘောလုံး သမားတွေ ရဲ့ နံဘေး က နေ ပံ့ပိုး နေတဲ့ နာမည်ကျော် ဇနီးသည် တို့ ကို ဖော်ပြ ပေးလိုက် ပါတယ် ။
၁ ။ ယိုလန်သီ ရှနိုက်ဒါ ကာဘူး
နယ်သာလန် ကွင်းလယ်လူ ၀က်စလေ ရှနိုက်ဒါ ရဲ့ ဇနီး ဖြစ်ပါတယ် ။ ယိုလန်သီ ဟာ “ကလေးငယ် ညှင်းပန်းနှိပ်စက်မှု ပပျောက်ရေး” အဖွဲ့ ကို ပူးတွဲ တည်ထောင် ခဲ့သူ ဖြစ်ပြီး သံတမာန် အဖြစ်လည်း လုပ်ကိုင် နေသူ ဖြစ် ပါတယ် ။ အဆိုပါ အဖွဲ့ ရဲ့ လုပ်ဆောင် ချက်တွေ ဟာ ယခုအချိန် မှာတော့ ကမ္ဘာ တစ်ဝှမ်းမှာ ပျံ့နှံ့ လို့ နေပြီဖြစ် ပါတယ် ။
၂ ။ ရှာကီရာ
ဘာစီလိုနာ ခံစစ်မှုး ပီကေး ထက် ၁၀ နှစ် တိတိ ကြီးတဲ့ လက်တင် အဆိုတော် ရှာကီရာ ကတော့ ပီကေး နဲ့ မဆုံတွေ့ မီ ကတည်းက ကမ္ဘာ ကျော် အဆိုတော် ဖြစ်နေ ခဲ့ ပါတယ် ။ လက်ရှိ အချိန် အထိ လည်း ရှာကီယာ ဟာ ဂရမ်မီ ဆု ပေါင်းများစွာနဲ့ အတူ ခင်ပွန်းသည် ပီကေး ထက် ပိုမို လူသိများ ကျော်ကြား နေပါတယ် ။ သူတို့ ၂ ဦး ဆုံတွေ့ခဲ့ ပုံ ကတော့ ဇာတ်လမ်းဆန် ခဲ့ပြီး ၂၀၀၆ ကမ္ဘာ့ ဖလား အဖွင့်သီချင်း waka-waka ကို ရှာကီရာ သီဆိုစဉ် မှာ ပါ၀င် သရုပ်ဆောင်ရင်း ပီကေး နဲ့ ချစ်ကြိုက် ခဲ့ကြတာပ ဲဖြစ် ပါတယ် ။
၃ ။ အစ္စဘယ် ဂိုးလတ်
သူမ ကတော့ PSG ဂိုးသမားလေး ကီဗင် ထရပ် ရဲ့ လက်တွဲဖော် လေး ဖြစ် ပါတယ် ။ အစ္စဘယ် ဟာ နာမည်ကျော် Victoria Secret Angel တစ်ဦး ဖြစ်သလို သူမရဲ့ ပရဟိတ လုပ်ငန်းတွေ ကလည်း ကျော်ကြား လှ ပါတယ် ။ အစ္စဘယ် ဟာ သူမ ရဲ့ မွေးရပ် နိုင်ငံ ဘရာဇီးမှာ ဆေးရုံတွေ ကို သွားရောက် ကူညီ ပေးခဲ့ပြီး ဆီးချိုရောဂါ နဲ့ ပတ်သက်လို့ အထူး အားတက် သရော ပါ၀င် ကူညီ ပေးနေ ခဲ့ ပါတယ် ။
၄ ။ မီလီဆာ ဆတ်တာ
ဘာစီလိုနာ အသင်း တိုက်စစ် ကစား သမား ကီဗင် ပရင့်စ် ဘိုတန် ရဲ့ ဇနီး ဖြစ်သူ မီလီဆာ ဟာ အားကစား နဲ့ ရင်းနှီး ကျွမ်းဝင် သူ တစ်ဦး ဖြစ် ပါတယ် ။ သူမ ဟာ ဘောလုံး သမား ဟောင်း ဖြစ်သလို ဆာဒီးနီးယား အမျိုးသမီး လက်ရွေးစင် ဘောလုံး အသင်း ရဲ့ အရေးပါ သူတစ်ဦးလည်း ဖြစ် ပါတယ် ။ သူမ ဟာ ကရာတေး မှာ လည်း ကြေးတံဆိပ် ဆု ရှင် ဖြစ်ခဲ့ ဖူး သလို အီတလီ ကရာတေး ပြိုင်ပွဲ မှာ ရွှေတံဆိပ် ရယူခဲ့ ဖူးသူ ဖြစ် ပါတယ် ။
၅ ။ အန်နာ အိုင်ဗန်နိုဗစ်
ဘိုင်ယန် မြုးနစ် နဲ့ ဂျာမဏီ ကွင်းလယ် ကစား သမားကြီး ဘက်စတီယန် ရှဝိန်း စတိုင်ဂါ နဲ့ မချစ်ကြိုက် ခင် ကတည်း က ဆားဘီးယား တင်းနစ်မယ်လေး အိုင်ဗန်နိုဗစ် ဟာ ကမ္ဘာ သိ အား ကစား သမား တစ်ဦး ဖြစ်နေခဲ့ ပါတယ် ။ သူမ ရဲ့ အောင်မြင်မှုတွေ နဲ့ အတူ လှပ တဲ့ အပြုံးလေးတွေ ကလည်း လူကြိုက်များ စေခဲ့ ပါတယ် ။ အခု နောက်ပိုင်း မှာတော့ တင်းနစ် ပြိုင်ပွဲတွေ မှာ အောင်မြင်မှုတွေ ဝေးကွာ ခဲ့ ပေမယ့် အိုင်ဗန်နိုဗစ် ဆိုတဲ့ အမည် ကတော့ ကမ္ဘာ့ အဆင့် ၁ စာရင်းမှာ တစ်ချိန် တစ်ခါ က ရောက်ရှိ ခဲ့ဖူး ပါတယ် ။
၆ ။ ဗစ်တိုးရီးယား ဘက်ခမ်း
နာမည်ကျော် စပိုက်ဂဲလ် အဖွဲ့ဝင် ဟောင်း တစ်ဦး ဖြစ်တဲ့ ဗစ်တိုးရီးယား ဟာ ဘက်ခမ်း နဲ့ မဆုံတွေ့ မီ ကတည်း က လူသိများတဲ့ အဆိုတော် တစ်ဦး ဖြစ်ပါတယ် ။ သူတို့ ၂ ဦး ရဲ့ ပေါင်းစည်းမှု ဟာ ဘောလုံး လောက ရဲ့ သြဇာ အလွှမ်းမိုး ဆုံး နဲ့ အကျော်ကြား ဆုံး စုံတွဲ ဆိုတဲ့ ဂုဏ်ပုဒ် ကို ဖြစ်ပေါ် စေခဲ့ ပါတယ် ။ လက်ရှိ အချိန် မှာတော့ ဗစ်တိုးရီးယား ဟာ အိမ်ရှင်မ ကောင်းတစ်ယောက် ပီသ အောင် နေထိုင်ရင်း ဘက်ခမ်း နဲ့ အတူ လုပ်ကိုင် နေတဲ့ စီးပွားရေး လုပ်ငန်းတွေ ကို စီမံခန့်ခွဲ ပေးနေ ပါတယ် ။
၇ ။ ပီလာ ရူဘီယို ဖာနန်ဒက်
ရီးရဲမက်ဒရစ် ကပ္ပတိန်ကြီး ဆာဂျီယို ရာမိုစ့် ရဲ့ ဇနီးသည် ပီလာ ကလည်း ခေသူ မဟုတ်ခဲ့ ပါဘူး ။ သူမ ဟာ စပိန် နိုင်ငံ ရဲ့ သတင်းထောက် ၊ သတင်း ကြေညာသူ အဖြစ် လုပ်ကိုင် နေပါတယ် ။ ရုပ်သံလွှင့် လုပ်ငန်း မှာ ပီလာ ရဲ့ အောင်မြင်မှု ဟာ ကြီးမားခဲ့ ပြီး အကောင်းဆုံး တင်ဆက်သူ ဆု ကို ၂၀၀၇ က ရရှိခဲ့ ဖူး ပါတယ် ။ ဒါ့ အပြင် ကမ္ဘာ ပေါ် က ဆွဲဆောင်မှု အရှိဆုံး ( Sexy အဖြစ်ဆုံး ) အမျိုး သမီး စာရင်း ကိုလည်း ၂၀၀၈ နဲ့ ၂၀၀၉ မှာ ၀င်ရောက်ခဲ့ ဖူး ပါတယ် ။
၈ ။ အန်နာ လီဝန်ဒေါ့စကာ
ဘိုင်ယန် နဲ့ ပိုလန် တိုက်စစ်မှုးကြီး ရောဘတ် လီဝန် ဒေါ့စကီး ရဲ့ လက်တွဲဖော် အန်နာ ဟာ ကျော်ကြား ထင်ရှား တဲ့ ကြံ့ခိုင်ရေး နဲ့ အာဟာရ ဆိုင်ရာ လေ့ကျင့် သင်ကြားပေးသူ တစ်ဦး ဖြစ် ပါတယ် ။ သူမရဲ့ Instagram တွေ ၊ Website တွေ ဟာ သန်းချီသော ပရိသတ်တွေရဲ့ မေးခွန်းတွေ နဲ့ ရှုပ်ရှက် ခတ် နေတတ် ပါတယ် ။
၉ ။ အန်တိုနယ်လာ ရော့ကူဇို
ဘာစီလိုနာ တိုက်စစ်မှုး လီယွန်နယ် မက်ဆီ ရဲ့ ဇနီးသည် အဖြစ် နဲ့ လူသိများကြ ပါတယ် ။ ဒါပေမယ့် အန်တိုနယ်လာ ဟာ သာမာန် အိမ်ရှင်မ တစ်ဦး တော့မဟုတ်ခဲ့ ပါဘူး ။ သူမ ဟာ ပြည်တွင်း နာမည်ကျော် တက္ကသိုလ် တစ်ခု ကနေ အာဟာရ ဆိုင်ရာ ဘွဲ့ ကို ရရှိ ထားသူ ဖြစ်တဲ့ အပြင် မော်ဒယ် တစ်ဦးလည်း ဖြစ် ပါတယ် ။ မက်ဆီ နဲ့ ဆုံတွေ့ အပြီးမှာတော့ သူမ ရဲ့ နာမည် ဟာ ပိုမို ထင်ပေါ်လာခဲ့ ပါတယ် ။
၁၀ ။ ဆာရာ ကာဘိုနီရာ
ပေါ်တို အသင်းရဲ့ ဂိုးသမားကြီး အိုင်ကာ ကာဆီးလက် ရဲ့ ချစ်ဇနီးလေး ဆာရာ ဟာ စပိန် ရဲ့ ကျော်ကြားတဲ့ ဂျာနယ်လစ် တစ်ဦး ဖြစ် ပါတယ် ။ သူမ ဟာ မက်ဒရစ် တက္ကသိုလ် ကနေ ဘွဲ့ရ ထားသူ တစ်ဦး ဖြစ်ပြီး အားကစား သတင်းတွေ ကို လိုက်လံ ရယူ သူတစ်ဦး ဖြစ် ပါတယ် ။ အထူး သဖြင့် ခင်ပွန်းသည် ကာဆီးလက် ရဲ့ နယ်ပယ် ဖြစ်တဲ့ ဘောလုံး သတင်းတွေ ကို လိုက်လံ စုဆောင်း သူ ဖြစ်ကာ ၂၀၁၀ ကမ္ဘာ့ ဖလား ပြိုင်ပွဲ တုန်းက ကာဆီးလက် ရဲ့ ဂိုးပေါက် နောက် ကနေ သတင်း ရယူ နေတဲ့ သူမ ရဲ့ ဓါတ်ပုံတွေ ဟာ ရေပန်းစား ခဲ့ ရ ပါတယ် ။
SPORTS MYANMAR