ခ်ယ္လ္ဆီး အသင္း ရဲ႕ ဂႏၲဝင္ ခံစစ္မွဴး ေဟာင္း ဂြ်န္တယ္ရီ ဟာ လက္ရွိ မွာ ပရီးမီးယားလိဂ္ တန္းတက္ အက္စတြန္ ဗီလာ အသင္း မွာ လက္ေထာက္ နည္းျပ အျဖစ္ လုပ္ကိုင္လ်က္ ရွိျပီး တခ်ိန္ခ်ိန္ မွာ ၄င္းရဲ႕ အသင္းေဟာင္း ခ်ယ္လ္ဆီး သို႕ နည္းျပ အျဖစ္ တဖန္ ျပန္လာ ႏိုင္ဖို႕ အေတြ႕အၾကံဳ ေတြ ၊ ပညာ ေတြ ေလ့လာ ဆည္းပူးလ်က္ ရွိေနပါတယ္ ။

တခ်ိန္ က ခ်ယ္လ္ဆီး အသင္း မွာ ယာယီ နည္းျပ အျဖစ္ တာဝန္ ယူခဲ့ျပီး ခ်န္ပီယံလိဂ္ ဖလာ ကို ရယူ ေပးခဲ့တဲ့ နည္းျပေဟာင္း ေရာဘတ္တို ဒီမတ္တီယို က ၄င္းရဲ႕ တပည့္ေဟာင္း ဂြ်န္တယ္ရီ ဟာ အနာဂတ္ ခ်ယ္လ္ဆီး အသင္း ရဲ႕ နည္းျပ တဦး ျဖစ္လာ ႏိုင္တယ္ လို႕ The Athletic သတင္း ဌာန နဲ႕ ေတြ႕ဆံု ခဲ့တဲ့ အင္တာဗ်ဴး မွာ ခ်ီးက်ဴး ေျပာဆို လိုက္ပါတယ္ ။

ဒီမတ္တီယို က ” ခင္ဗ်ား အေနနဲ႕ ဂြ်န္တယ္ရီ လို ပုဂၢိဳလ္ တေယာက္ ကို ကိုယ့္ အသင္း မွာ ရာထူး တခုခု ေပးလို႕ ရမယ္ ဆိုရင္ ခင္ဗ်ား လုပ္ကို လုပ္သင့္ပါတယ္ ။ သူဟာ မန္ေနဂ်ာ တေယာက္ အေနနဲ႕ ခင္ဗ်ား အသင္း ရဲ႕ လုပ္ငန္း ေဆာင္တာ ေတြကို အဆင္ေျပ ေခ်ာေမြ႕ ေအာင္ ကူညီ ေပးႏိုင္ပါတယ္ ။ သူဟာ အနာဂတ္ မွာ ခ်ယ္လ္ဆီး အသင္း ရဲ႕ မန္ေနဂ်ာ တဦး ျဖစ္လာ ႏိုင္ပါတယ္ ။ ”

” ကစားသမား ဘဝ မွာ ကတည္းက သူဟာ နည္းျပ အလုပ္ နဲ႕ ပတ္သက္ျပီး အေတြ႕အၾကံဳ တခ်ိဳ႕ နဲ႕ ေလ့လာ ထားသမွ် ေတြကို သူ႕ရဲ႕ မွတ္စု ထဲမွာ ခ်ေရး ထားတတ္ပါတယ္ ။ အဲ့လို အက်င့္ေၾကာင့္ လည္း သူဟာ ခ်ယ္လ္ဆီး အသင္း ကို ကိုင္တြယ္ သြားတဲ့ မန္ေနဂ်ာ မ်ားစြာ ဆီကေန အတတ္ပညာ အေတာ္မ်ားမ်ား တတ္ေျမာက္ ေနပါျပီ ။ ” လို႕ ေျပာဆို ခဲ့ပါတယ္ ။

ဒီမတ္တီယို ဟာ ခ်ယ္လ္ဆီး အသင္း ကို ၂၀၁၁ – ၂၀၁၂ ေဘာလံုး ရာသီ တဝက္ မွာ ရလဒ္ဆိုး ေတြ ၾကံဳေတြ႕ ခဲ့ရလို႔ အထုတ္ခံ ခဲ့ရတဲ့ ဘိုအာ့စ္ ရဲ႕ ေနရာ မွာ ယာယီ အစားထိုး တာဝန္ယူရင္း ခ်ယ္လ္ဆီး အသင္း ကို ခ်န္ပီယံလိဂ္ ဖလား နဲ႕ အက္ဖ္ေအ ဖလား တို႕ကို ရယူ ေပးခဲ့ပါတယ္ ။ ၂၀၁၂ ခ်န္ပီယံလိဂ္ ဖိုင္နယ္ မွာေတာ့ ဂြ်န္တယ္ရီ ပြဲပယ္ ခံခဲ့ရလို႕ ကပၸတိန္ တာဝန္ ကို လႊဲေျပာင္း ရယူ ခဲ့ရတဲ့ ကြင္းလယ္လူ ဖရန္႕ လမ္းပတ္ ဟာ အခု အခ်ိန္ မွာေတာ့ ခ်ယ္လ္ဆီး အသင္း ကို နည္းျပ အေနနဲ႕ ေရာက္ရွိ လို႕ လာပါျပီ ။

လမ္းပတ္ နဲ႕ ပတ္သက္ျပီး ဒီမတ္တီယို က ” ဖရန္႕ ဟာလည္း ၾကီးက်ယ္ တဲ့ ထိပ္တန္း မန္ေနဂ်ာ တဦး ျဖစ္လာမွာ ေသခ်ာပါတယ္ ။ သူဟာ ကိုယ့္အတြက္ေရာ ၊ အသင္း ရဲ႕ ဟန္ခ်က္ ကိုပါ အျမဲ ထိန္းထား ႏိုင္တဲ့ သူတေယာက္ ျဖစ္ပါတယ္ ။ ဉာဏ္ေကာင္းတယ္ ၊ ထက္ျမက္တယ္ ၊ အံ့ၾသဖြယ္ ျပင္းျပင္းထန္ထန္ အလုပ္ ၾကိဳးစားတတ္သူ လည္း ျဖစ္ပါတယ္ ။ ကြ်န္ေတာ္ ကေတာ့ ဖရန္႕ ကို နည္းျပ အျဖစ္ ခန္႕အပ္ ထားတာ ခ်ယ္လ္ဆီး အတြက္ မွန္ကန္ တဲ့ ေရြးခ်ယ္မႈ လို႕ ထင္ပါတယ္ ။ ဘာေၾကာင့္လဲ ဆိုေတာ့ သူဟာ ခ်ယ္လ္ဆီး တသင္းလံုး ကို တစုတစည္း တည္း ျဖစ္ေစလို႕ပါ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

ဆက္လက္ျပီး ဒီမတ္တီယို က ” မန္ေနဂ်ာ ေလာကထဲ ကို ကြ်န္ေတာ္ စျပီး ဝင္လာေတာ့ ကိုယ့္ကိုယ္ကို ျမင္မိတာ က ကြ်န္ေတာ္ ဟာ ဒီ အလုပ္ အေပၚ အရမ္း အာရုံစိုက္ ခဲ့တယ္ လို႕ ထင္ပါတယ္ ။ အစပိုင္း မွာ ကြ်န္ေတာ္ ဟာ ဒီ အလုပ္ အတြက္ အရမ္းပဲ တက္ၾကြ ေနခဲ့ပါတယ္ ။ ကြ်န္ေတာ့ အသင္းသား ေတြကိုလည္း ကြ်န္ေတာ့ လိုပဲ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ နဲ႕ ျဖတ္သန္းဖို႕ အလို ရွိခဲ့ပါတယ္ ။ ”

” ေနာက္ျပီး ကြ်န္ေတာ္ ဟာ တိုက္စစ္ အားသန္ မန္ေနဂ်ာ တဦးပါ ။ ခင္ဗ်ား တို႕ ဝက္စ္ဘရြန္း နဲ႕ MK Dons အသင္း ေတြက ကြ်န္ေတာ့ ရဲ႕ စြမ္းေဆာင္ရည္ ေတြကို ၾကည့္ရင္ သိႏိုင္ပါတယ္ ။ ကြ်န္ေတာ္ အဲ့ဒီ အသင္း ေတြကို ကိုင္တြယ္ ခဲ့တုန္း က အဲ့ဒီ အသင္းေတြဟာ သူတို႕ရဲ႕ သက္ဆိုင္ရာ လိဂ္ ေတြရဲ႕ ဂိုးသြင္း ဒုတိယ အမ်ားဆံုး အသင္း ေတြ အျဖစ္ ရပ္တည္ ခဲ့ပါတယ္ ။ ကြ်န္ေတာ့ ကို လူေတြ ခံစစ္ အားသန္ နည္းျပ အေနနဲ႔ သိထားတယ္ ဆိုတာ ကြ်န္ေတာ္ ဟာ ခ်ယ္လ္ဆီး အသင္း နဲ႕ အတူ ခ်န္ပီယံလိဂ္ ဖလား ကို ဆြတ္ခူး ခဲ့လို႕ပါ ။ ”

” လူေတြ က ကြ်န္ေတာ္ နဲ႕ ပတ္သက္လာရင္ ဘာစီလိုနာ အသင္း နဲ႕ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ၂ေက်ာ့ ၊ ဘိုင္ယန္ ျမဴးနစ္ အသင္း နဲ႔ ခ်န္ပီယံလိဂ္ ဖိုင္နယ္ ပြဲေတြ အေၾကာင္း ပဲ ေခါင္းထဲ မွာ ေျပးျမင္ မိၾကပါတယ္ ။ ဒီလို ပြဲၾကီးပြဲေကာင္း ၂ပြဲ ကို ၾကည့္ျပီး အဲ့ဒီ အသင္း နဲ႕ နည္းျပ ေတြကို တိုက္စစ္ အားသန္လား ၊ ခံစစ္ အားသန္လား ခြဲျခား လို႕ မရႏိုင္ပါဘူး ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ဂျွန်တယ်ရီ ဟာ ချယ်လ်ဆီး အသင်း ရဲ့ အနာဂတ် နည်းပြ ဖြစ်လာနိုင်တယ် လို့ ထောက်ခံ လိုက်တဲ့ #ဒီမတ်တီယို

ချယ်လ်ဆီး အသင်း ရဲ့ ဂန္တဝင် ခံစစ်မှူး ဟောင်း ဂျွန်တယ်ရီ ဟာ လက်ရှိ မှာ ပရီးမီးယားလိဂ် တန်းတက် အက်စတွန် ဗီလာ အသင်း မှာ လက်ထောက် နည်းပြ အဖြစ် လုပ်ကိုင်လျက် ရှိပြီး တချိန်ချိန် မှာ ၄င်းရဲ့ အသင်းဟောင်း ချယ်လ်ဆီး သို့ နည်းပြ အဖြစ် တဖန် ပြန်လာ နိုင်ဖို့ အတွေ့အကြုံ တွေ ၊ ပညာ တွေ လေ့လာ ဆည်းပူးလျက် ရှိနေပါတယ် ။

တချိန် က ချယ်လ်ဆီး အသင်း မှာ ယာယီ နည်းပြ အဖြစ် တာဝန် ယူခဲ့ပြီး ချန်ပီယံလိဂ် ဖလာ ကို ရယူ ပေးခဲ့တဲ့ နည်းပြဟောင်း ရောဘတ်တို ဒီမတ်တီယို က ၄င်းရဲ့ တပည့်ဟောင်း ဂျွန်တယ်ရီ ဟာ အနာဂတ် ချယ်လ်ဆီး အသင်း ရဲ့ နည်းပြ တဦး ဖြစ်လာ နိုင်တယ် လို့ The Athletic သတင်း ဌာန နဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာ ချီးကျူး ပြောဆို လိုက်ပါတယ် ။

ဒီမတ်တီယို က ” ခင်ဗျား အနေနဲ့ ဂျွန်တယ်ရီ လို ပုဂ္ဂိုလ် တယောက် ကို ကိုယ့် အသင်း မှာ ရာထူး တခုခု ပေးလို့ ရမယ် ဆိုရင် ခင်ဗျား လုပ်ကို လုပ်သင့်ပါတယ် ။ သူဟာ မန်နေဂျာ တယောက် အနေနဲ့ ခင်ဗျား အသင်း ရဲ့ လုပ်ငန်း ဆောင်တာ တွေကို အဆင်ပြေ ချောမွေ့ အောင် ကူညီ ပေးနိုင်ပါတယ် ။ သူဟာ အနာဂတ် မှာ ချယ်လ်ဆီး အသင်း ရဲ့ မန်နေဂျာ တဦး ဖြစ်လာ နိုင်ပါတယ် ။ ”

” ကစားသမား ဘဝ မှာ ကတည်းက သူဟာ နည်းပြ အလုပ် နဲ့ ပတ်သက်ပြီး အတွေ့အကြံု တချို့ နဲ့ လေ့လာ ထားသမျှ တွေကို သူ့ရဲ့ မှတ်စု ထဲမှာ ချရေး ထားတတ်ပါတယ် ။ အဲ့လို အကျင့်ကြောင့် လည်း သူဟာ ချယ်လ်ဆီး အသင်း ကို ကိုင်တွယ် သွားတဲ့ မန်နေဂျာ များစွာ ဆီကနေ အတတ်ပညာ အတော်များများ တတ်မြောက် နေပါပြီ ။ ” လို့ ပြောဆို ခဲ့ပါတယ် ။

ဒီမတ်တီယို ဟာ ချယ်လ်ဆီး အသင်း ကို ၂၀၁၁ – ၂၀၁၂ ဘောလုံး ရာသီ တဝက် မှာ ရလဒ်ဆိုး တွေ ကြံုတွေ့ ခဲ့ရလို့ အထုတ်ခံ ခဲ့ရတဲ့ ဘိုအာ့စ် ရဲ့ နေရာ မှာ ယာယီ အစားထိုး တာဝန်ယူရင်း ချယ်လ်ဆီး အသင်း ကို ချန်ပီယံလိဂ် ဖလား နဲ့ အက်ဖ်အေ ဖလား တို့ကို ရယူ ပေးခဲ့ပါတယ် ။ ၂၀၁၂ ချန်ပီယံလိဂ် ဖိုင်နယ် မှာတော့ ဂျွန်တယ်ရီ ပွဲပယ် ခံခဲ့ရလို့ ကပ္ပတိန် တာဝန် ကို လွှဲပြောင်း ရယူ ခဲ့ရတဲ့ ကွင်းလယ်လူ ဖရန့် လမ်းပတ် ဟာ အခု အချိန် မှာတော့ ချယ်လ်ဆီး အသင်း ကို နည်းပြ အနေနဲ့ ရောက်ရှိ လို့ လာပါပြီ ။

လမ်းပတ် နဲ့ ပတ်သက်ပြီး ဒီမတ်တီယို က ” ဖရန့် ဟာလည်း ကြီးကျယ် တဲ့ ထိပ်တန်း မန်နေဂျာ တဦး ဖြစ်လာမှာ သေချာပါတယ် ။ သူဟာ ကိုယ့်အတွက်ရော ၊ အသင်း ရဲ့ ဟန်ချက် ကိုပါ အမြဲ ထိန်းထား နိုင်တဲ့ သူတယောက် ဖြစ်ပါတယ် ။ ဉာဏ်ကောင်းတယ် ၊ ထက်မြက်တယ် ၊ အံ့သြဖွယ် ပြင်းပြင်းထန်ထန် အလုပ် ကြိုးစားတတ်သူ လည်း ဖြစ်ပါတယ် ။ ကျွန်တော် ကတော့ ဖရန့် ကို နည်းပြ အဖြစ် ခန့်အပ် ထားတာ ချယ်လ်ဆီး အတွက် မှန်ကန် တဲ့ ရွေးချယ်မှု လို့ ထင်ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ သူဟာ ချယ်လ်ဆီး တသင်းလုံး ကို တစုတစည်း တည်း ဖြစ်စေလို့ပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ဆက်လက်ပြီး ဒီမတ်တီယို က ” မန်နေဂျာ လောကထဲ ကို ကျွန်တော် စပြီး ဝင်လာတော့ ကိုယ့်ကိုယ်ကို မြင်မိတာ က ကျွန်တော် ဟာ ဒီ အလုပ် အပေါ် အရမ်း အာရုံစိုက် ခဲ့တယ် လို့ ထင်ပါတယ် ။ အစပိုင်း မှာ ကျွန်တော် ဟာ ဒီ အလုပ် အတွက် အရမ်းပဲ တက်ကြွ နေခဲ့ပါတယ် ။ ကျွန်တော့ အသင်းသား တွေကိုလည်း ကျွန်တော့ လိုပဲ ပျော်ပျော်ရွှင်ရွှင် နဲ့ ဖြတ်သန်းဖို့ အလို ရှိခဲ့ပါတယ် ။ ”

” နောက်ပြီး ကျွန်တော် ဟာ တိုက်စစ် အားသန် မန်နေဂျာ တဦးပါ ။ ခင်ဗျား တို့ ဝက်စ်ဘရွန်း နဲ့ MK Dons အသင်း တွေက ကျွန်တော့ ရဲ့ စွမ်းဆောင်ရည် တွေကို ကြည့်ရင် သိနိုင်ပါတယ် ။ ကျွန်တော် အဲ့ဒီ အသင်း တွေကို ကိုင်တွယ် ခဲ့တုန်း က အဲ့ဒီ အသင်းတွေဟာ သူတို့ရဲ့ သက်ဆိုင်ရာ လိဂ် တွေရဲ့ ဂိုးသွင်း ဒုတိယ အများဆုံး အသင်း တွေ အဖြစ် ရပ်တည် ခဲ့ပါတယ် ။ ကျွန်တော့ ကို လူတွေ ခံစစ် အားသန် နည်းပြ အနေနဲ့ သိထားတယ် ဆိုတာ ကျွန်တော် ဟာ ချယ်လ်ဆီး အသင်း နဲ့ အတူ ချန်ပီယံလိဂ် ဖလား ကို ဆွတ်ခူး ခဲ့လို့ပါ ။ ”

” လူတွေ က ကျွန်တော် နဲ့ ပတ်သက်လာရင် ဘာစီလိုနာ အသင်း နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ၂ကျော့ ၊ ဘိုင်ယန် မြူးနစ် အသင်း နဲ့ ချန်ပီယံလိဂ် ဖိုင်နယ် ပွဲတွေ အကြောင်း ပဲ ခေါင်းထဲ မှာ ပြေးမြင် မိကြပါတယ် ။ ဒီလို ပွဲကြီးပွဲကောင်း ၂ပွဲ ကို ကြည့်ပြီး အဲ့ဒီ အသင်း နဲ့ နည်းပြ တွေကို တိုက်စစ် အားသန်လား ၊ ခံစစ် အားသန်လား ခွဲခြား လို့ မရနိုင်ပါဘူး ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR