ႏိုင္ငံ အသင္း ပြဲစဥ္ ေတြ ရပ္နားျပီး ျပည္တြင္းလိဂ္ ျပိဳင္ပြဲ ေတြ ျပန္လည္ စတင္ေတာ့မွာ ျဖစ္တဲ့ အတြက္ ခ်ယ္လ္ဆီး အသင္း ဟာ မနက္ျဖန္ ည ၈နာရီခြဲ အခ်ိန္ မွာ အသင္းၾကီး ေတြကို ဒုကၡ ေပးေလ့ ရွိတဲ့ ဝုလ္ဗ္ အသင္း ကို အေဝးကြင္း မွာ သြားေရာက္ ယွဥ္ျပိဳင္ ရေတာ့မွာ ျဖစ္ပါတယ္ ။ ခ်ယ္လ္ဆီး အသင္း ဟာ အခု အခ်ိန္ မွာ ပရီးမီးယားလိဂ္ ၄ ပြဲ ကစားျပီးထားခ်ိန္ မွာ ရမွတ္ ၅မွတ္ပဲ စုေဆာင္း ထားႏိုင္ ခဲ့ပါတယ္ ။

ယခုႏွစ္ ေဘာလံုး ရာသီ ဟာ ခ်ယ္လ္ဆီး အသင္း အတြက္ ကပ္ဆိုက္ တဲ့ ႏွစ္တႏွစ္ လို႕ ဆိုလို႕ ရႏိုင္ျပီး ကစားသမားသစ္ ေခၚယူခြင့္ အပိတ္ ခံထား ရတဲ့ အျပင္ ၊ အဓိက အမာခံ ကစားသမား ေတြကလည္း ၾကံ့ခိုင္မႈ မျပည့္ဝမႈ ၊ ဒဏ္ရာ ေၾကာင့္ ပြဲထြက္ခြင့္ အတြက္ ရုန္းကန္ ေနရပါတယ္ ။ ထို႕အျပင္ နည္းျပ အေတြ႕အၾကံဳ ႏုနယ္ ေသးတဲ့ ဖရန္႕ လမ္းပတ္ ဟာ ျပိဳင္ပြဲၾကီး အေတြ႕အၾကံဳ နည္းေသးတဲ့ လူငယ္ ကစားသမား အစုအဖြဲ႕ ကို ဦးေဆာင္ ေနရပါတယ္ ။

မနက္ျဖန္ ညမွာ ခ်ယ္လ္ဆီး အသင္း နဲ႕ ေတြ႕ဆံုမယ့္ ဝုလ္ဗ္ အသင္း ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ က ပရီးမီးယားလိဂ္ အသင္းၾကီး ေတြကို အၾကိမ္ၾကိမ္ ဒုကၡ ေပးႏိုင္စြမ္း ၊ အိပ္မက္ဆိုး ေတြ ေပးႏိုင္စြမ္း ရွိေသးတယ္ ဆိုတာ ဒီႏွစ္ ယူရိုပါလိဂ္ အုပ္စု အဆင့္ ကို ဝင္ေရာက္ျပ ႏိုင္တယ္ ဆိုတဲ့ အခ်က္ ကို ၾကည့္ရင္ သိႏိုင္ပါတယ္ ။

ခ်ယ္လ္ဆီး ဂႏၲဝင္ ကစားသမား ေဟာင္း ပတ္နီဗင္ က ခ်ယ္လ္ဆီး အသင္း အေနနဲ႕ ဝုလ္ဗ္ ကို ရင္ဆိုင္ဖို႕ အေတာ္ေလး ရုန္းကန္ ရႏိုင္ေၾကာင္း ၊ ဝုလ္ဗ္ ဟာ ဒီရာသီ အခက္ခဲဆံုး ျပိဳင္ဖက္ အသင္း ေတြထဲက တသင္း ျဖစ္ႏိုင္ေၾကာင္း ၊ သူတို႕ရဲ႕ အိမ္ကြင္း ကို သြားေရာက္ ယွဥ္ျပိဳင္ ရတဲ့ အသင္းတိုင္း ရလဒ္ေကာင္း ရဖို႕ အေတာ္ ခဲယဥ္းေၾကာင္း သတိေပး ခဲ့ပါတယ္ ။

ခ်ယ္လ္ဆီး အသင္း တရားဝင္ ဝက္ဘ္ဆိုက္ ရဲ႕ ေဆာင္းပါး တခု မွာ နီဗင္ က ” ဝုလ္ဗ္ အသင္း ဟာ ဘယ္ ျပိဳင္ဖက္ အသင္း ကိုမွ မေၾကာက္ရြံ႕ ေနဘူး ဆိုတာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ ကတည္းက ျပသ ခဲ့ျပီးျဖစ္ပါတယ္ ။ အထူးသျဖင့္ သူတို႕ အိမ္ကြင္း ပြဲစဥ္ မွာပါ ။ သူတို႕ရဲ႕ ကစားပံု ကို ျပိဳင္ဖက္ အသင္း ေတြ ခုခံ ႏိုင္ဖို႕ ခက္ခဲ သလို ၊ သူတို႕ရဲ႕ ကစားပံု ကလည္း တျခား အသင္း ေတြနဲ႕ ဆင္တူျခင္း မရွိပါဘူး ။ ”

” အခ်က္အလက္ ေတြ အရ ေျပာရရင္ ဝုလ္ဗ္ အသင္း ရဲ႕ အိမ္ကြင္း မီလင့္ေနာ့ မွာ ပရီးမီးယားလိဂ္ ျပိဳင္ဖက္ အသင္း ေတြ ရလဒ္ေကာင္း ေဖာ္ေဆာင္ ႏိုင္ဖို႕ ေတာ္ရုံ နဲ႕ မရႏိုင္ပါဘူး လို႕ ထင္ပါတယ္ ။ ဘယ္ အခ်ိန္ပဲ ၾကည့္ၾကည့္ သူတို႕ အိမ္ကြင္း မွာဆို သူတို႕ပဲ အႏိုင္ရဖို႕ အေလးသာ ေနတတ္ပါတယ္ ။ အဲ့ေလာက္ အထိ ကို သူတို႕ရဲ႕ ေျခစြမ္း က တဟုန္ထိုး တိုးတက္ ေကာင္းမြန္ လာခဲ့ပါတယ္ ။ ”

” ဒီ ပြဲစဥ္ ျပီးတာနဲ႔ ကြ်န္ေတာ္ တို႕ အသင္း ဟာ ျပိဳင္ပြဲစံု အိမ္ကြင္း ၄ပြဲ ဆက္တိုက္ ကစား ရမွာ ျဖစ္လို႕ ဝုလ္ဗ္ နဲ႕ အေဝးကြင္း ပြဲမွာ သေရ တမွတ္ ၊ ဒါမွမဟုတ္ အႏိုင္ ၃မွတ္ ရႏိုင္မယ္ ဆိုရင္ ကြ်န္ေတာ္ တို႕ အတြက္ အေတာ္ေလး ေက်နပ္စရာ ေကာင္းတဲ့ ရလဒ္ ျဖစ္လာမွာပါ ။ ဒါေပမယ့္ ဒီ ပြဲစဥ္ ဟာ ဒီႏွစ္ ေဘာလံုး ရာသီ အတြက္ အခက္ခဲဆံုး ပြဲတပြဲ ျဖစ္လာမွာေတာ့ ေသခ်ာ ေနပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

ခ်ယ္လ္ဆီး အသင္း ဟာ ထို ပြဲစဥ္ အတြက္ အဓိက ကစားသမား ၃ဦး ျဖစ္တဲ့ ပတ္ဒရို ၊ ကန္ေတ ၊ ရူဒီဂါ တို႕ကို စတင္ အသံုးျပဳလို႕ ရေတာ့မွာ ျဖစ္ေပမယ့္ အီတလီ လက္ေရြးစင္ အသင္း အတြက္ ကစားေပးရင္း ဒူးဒဏ္ရာ ရခဲ့တဲ့ အီမာဆင္ ၊ ခရိုေအးရွား လက္ေရြးစင္ အသင္း မွာ ေလ့က်င့္ေရး ဆင္းရင္း ေျခက်င္းဝတ္ ထိခိုက္ မိခဲ့တဲ ကိုဗာဆစ္ တို႕ကေတာ့ ဝုလ္ဗ္ နဲ႕ ပြဲစဥ္ မွာ ပါဝင္ဖို႕ မေသခ်ာေသးပါဘူး ။

SPORTS MYANMAR

Unicode

ဝုလ်ဗ် နဲ့ ပွဲစဉ် မတိုင်မီ ချယ်လ်ဆီး အသင်း အပေါ် သတိပေးမှု တခု ပြုလုပ် သွားတဲ့ #ပတ်နီဗင်

နိုင်ငံ အသင်း ပွဲစဉ် တွေ ရပ်နားပြီး ပြည်တွင်းလိဂ် ပြိုင်ပွဲ တွေ ပြန်လည် စတင်တော့မှာ ဖြစ်တဲ့ အတွက် ချယ်လ်ဆီး အသင်း ဟာ မနက်ဖြန် ည ၈နာရီခွဲ အချိန် မှာ အသင်းကြီး တွေကို ဒုက္ခ ပေးလေ့ ရှိတဲ့ ဝုလ်ဗ် အသင်း ကို အဝေးကွင်း မှာ သွားရောက် ယှဉ်ပြိုင် ရတော့မှာ ဖြစ်ပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ အခု အချိန် မှာ ပရီးမီးယားလိဂ် ၄ ပွဲ ကစားပြီးထားချိန် မှာ ရမှတ် ၅မှတ်ပဲ စုဆောင်း ထားနိုင် ခဲ့ပါတယ် ။

ယခုနှစ် ဘောလုံး ရာသီ ဟာ ချယ်လ်ဆီး အသင်း အတွက် ကပ်ဆိုက် တဲ့ နှစ်တနှစ် လို့ ဆိုလို့ ရနိုင်ပြီး ကစားသမားသစ် ခေါ်ယူခွင့် အပိတ် ခံထား ရတဲ့ အပြင် ၊ အဓိက အမာခံ ကစားသမား တွေကလည်း ကြံ့ခိုင်မှု မပြည့်ဝမှု ၊ ဒဏ်ရာ ကြောင့် ပွဲထွက်ခွင့် အတွက် ရုန်းကန် နေရပါတယ် ။ ထို့အပြင် နည်းပြ အတွေ့အကြုံ နုနယ် သေးတဲ့ ဖရန့် လမ်းပတ် ဟာ ပြိုင်ပွဲကြီး အတွေ့အကြံု နည်းသေးတဲ့ လူငယ် ကစားသမား အစုအဖွဲ့ ကို ဦးဆောင် နေရပါတယ် ။

မနက်ဖြန် ညမှာ ချယ်လ်ဆီး အသင်း နဲ့ တွေ့ဆုံမယ့် ဝုလ်ဗ် အသင်း ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ က ပရီးမီးယားလိဂ် အသင်းကြီး တွေကို အကြိမ်ကြိမ် ဒုက္ခ ပေးနိုင်စွမ်း ၊ အိပ်မက်ဆိုး တွေ ပေးနိုင်စွမ်း ရှိသေးတယ် ဆိုတာ ဒီနှစ် ယူရိုပါလိဂ် အုပ်စု အဆင့် ကို ဝင်ရောက်ပြ နိုင်တယ် ဆိုတဲ့ အချက် ကို ကြည့်ရင် သိနိုင်ပါတယ် ။

ချယ်လ်ဆီး ဂန္တဝင် ကစားသမား ဟောင်း ပတ်နီဗင် က ချယ်လ်ဆီး အသင်း အနေနဲ့ ဝုလ်ဗ် ကို ရင်ဆိုင်ဖို့ အတော်လေး ရုန်းကန် ရနိုင်ကြောင်း ၊ ဝုလ်ဗ် ဟာ ဒီရာသီ အခက်ခဲဆုံး ပြိုင်ဖက် အသင်း တွေထဲက တသင်း ဖြစ်နိုင်ကြောင်း ၊ သူတို့ရဲ့ အိမ်ကွင်း ကို သွားရောက် ယှဉ်ပြိုင် ရတဲ့ အသင်းတိုင်း ရလဒ်ကောင်း ရဖို့ အတော် ခဲယဉ်းကြောင်း သတိပေး ခဲ့ပါတယ် ။

ချယ်လ်ဆီး အသင်း တရားဝင် ဝက်ဘ်ဆိုက် ရဲ့ ဆောင်းပါး တခု မှာ နီဗင် က ” ဝုလ်ဗ် အသင်း ဟာ ဘယ် ပြိုင်ဖက် အသင်း ကိုမှ မကြောက်ရွံ့ နေဘူး ဆိုတာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကတည်းက ပြသ ခဲ့ပြီးဖြစ်ပါတယ် ။ အထူးသဖြင့် သူတို့ အိမ်ကွင်း ပွဲစဉ် မှာပါ ။ သူတို့ရဲ့ ကစားပုံ ကို ပြိုင်ဖက် အသင်း တွေ ခုခံ နိုင်ဖို့ ခက်ခဲ သလို ၊ သူတို့ရဲ့ ကစားပုံ ကလည်း တခြား အသင်း တွေနဲ့ ဆင်တူခြင်း မရှိပါဘူး ။ ”

” အချက်အလက် တွေ အရ ပြောရရင် ဝုလ်ဗ် အသင်း ရဲ့ အိမ်ကွင်း မီလင့်နော့ မှာ ပရီးမီးယားလိဂ် ပြိုင်ဖက် အသင်း တွေ ရလဒ်ကောင်း ဖော်ဆောင် နိုင်ဖို့ တော်ရုံ နဲ့ မရနိုင်ပါဘူး လို့ ထင်ပါတယ် ။ ဘယ် အချိန်ပဲ ကြည့်ကြည့် သူတို့ အိမ်ကွင်း မှာဆို သူတို့ပဲ အနိုင်ရဖို့ အလေးသာ နေတတ်ပါတယ် ။ အဲ့လောက် အထိ ကို သူတို့ရဲ့ ခြေစွမ်း က တဟုန်ထိုး တိုးတက် ကောင်းမွန် လာခဲ့ပါတယ် ။ ”

” ဒီ ပွဲစဉ် ပြီးတာနဲ့ ကျွန်တော် တို့ အသင်း ဟာ ပြိုင်ပွဲစုံ အိမ်ကွင်း ၄ပွဲ ဆက်တိုက် ကစား ရမှာ ဖြစ်လို့ ဝုလ်ဗ် နဲ့ အဝေးကွင်း ပွဲမှာ သရေ တမှတ် ၊ ဒါမှမဟုတ် အနိုင် ၃မှတ် ရနိုင်မယ် ဆိုရင် ကျွန်တော် တို့ အတွက် အတော်လေး ကျေနပ်စရာ ကောင်းတဲ့ ရလဒ် ဖြစ်လာမှာပါ ။ ဒါပေမယ့် ဒီ ပွဲစဉ် ဟာ ဒီနှစ် ဘောလုံး ရာသီ အတွက် အခက်ခဲဆုံး ပွဲတပွဲ ဖြစ်လာမှာတော့ သေချာ နေပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ချယ်လ်ဆီး အသင်း ဟာ ထို ပွဲစဉ် အတွက် အဓိက ကစားသမား ၃ဦး ဖြစ်တဲ့ ပတ်ဒရို ၊ ကန်တေ ၊ ရူဒီဂါ တို့ကို စတင် အသုံးပြုလို့ ရတော့မှာ ဖြစ်ပေမယ့် အီတလီ လက်ရွေးစင် အသင်း အတွက် ကစားပေးရင်း ဒူးဒဏ်ရာ ရခဲ့တဲ့ အီမာဆင် ၊ ခရိုအေးရှား လက်ရွေးစင် အသင်း မှာ လေ့ကျင့်ရေး ဆင်းရင်း ခြေကျင်းဝတ် ထိခိုက် မိခဲ့တဲ ကိုဗာဆစ် တို့ကတော့ ဝုလ်ဗ် နဲ့ ပွဲစဉ် မှာ ပါဝင်ဖို့ မသေချာသေးပါဘူး ။

SPORTS MYANMAR