မန္ခ်က္စတာ ယူႏိုက္တက္ တုိက္စစ္မွဳးေဟာင္း ၀ိန္းရြန္းနီ က အဂၤလန္ရဲ႕ ေရႊေရာင္ မ်ိဳးဆက္ အေနနဲ႕ လက္ရွိ မန္ခ်က္စတာစီးတီး အသင္းရဲ႕ မန္ေနဂ်ာ ပက္ဂြာဒီယုိလာ သာ မန္ေနဂ်ာ အျဖစ္ ရွိေန ခဲ့မယ္ ဆုိရင္ သူတုိ႕ အေနနဲ႕ အရာအားလံုး ကို ေအာင္ႏုိင္ လိမ္မယ္လို႕ အခိုင္ အမာ ဆုိသြား ခဲ့ပါတယ္။

လြန္ခဲ့တဲ့ ယူရုိ ၂၀၀၄ ခုႏွစ္က အဂၤလန္ နဲ႕ အတူ လက္ေရြးစင္ အဆင့္မွာ ရြန္းနီ ရဲ႕ ထြန္းေတာက္ ခဲ့မွဳဟာ ၎ကို ကမာၻ႕ေဘာလံုး ေလာကမွာ အရည္အေသြး အျမင့္ဆံုး အသင္းေတြ ထဲက တစ္သင္းမွာ အဓိက ကစားသမား ျဖစ္လာ ေစခဲ့ပါတယ္။ ပရီးမီးယားလိဂ္ ရဲ႕ တကယ့္ နာမည္ေက်ာ္ ေတြနဲ႕ ဖြဲ႕စည္း ထားခဲ့ ေပမယ့္လည္း အဂၤလန္ အသင္းနဲ႕ ေအာင္ျမင္မွဳ ေတြနဲ႕ ဆက္လက္ ေသြဖယ္ ေနခဲ့ျပီး ရြန္းနီ ပါ၀င္ ခဲ့တဲ့ အဓိက ျပိဳင္ပြဲၾကီး ေျခာက္ခုမွာ Three Lions တုိ႕ဟာ ကြာတားဖိုင္နယ္ အဆင့္ကို တစ္ၾကိမ္မွ မေက်ာ္ျဖတ္ ႏုိင္ခဲ့ ပါဘူး။

မန္ခ်က္စတာ ယူႏုိက္တက္ စတား ကေတာ့ အကယ္၍ သူတုိ႕ အေနနဲ႕ အသင္းကို မန္ေနဂ်ာ ပက္ဂြာဒီယုိလာ လို ကမာၻ႕အဆင့္ မန္ေနဂ်ာ တစ္ဦးသာ ကိုင္တြယ္ ခဲ့မယ္ ဆုိရင္ အရာအားလံုး ျခားနား သြားနုိင္တယ္လို႕ အခုိင္အမာ ေျပာဆုိ သြားပါတယ္။

ရြန္းနီ က “ခင္ဗ်ားတို႕ လြန္ခဲ့တဲ့ ၁၀ ႏွစ္က ကၽြန္ေတာ္တုိ႕ရဲ႕ အသင္းကို ၾကည့္လိုက္ပါ။ ကၽြန္ေတာ္တုိ႕ဟာ ကမာၻ႕ ေဘာလံုး ေလာကမွာ အေကာင္းဆံုး ကစားသမား အစုအဖြဲ႕ကို ပိုင္ဆုိင္ ထားခဲ့တယ္ ဆုိတာ အျငင္းပြားဖြယ္ မရွိ ပါဘူး။ ရီယိုဖာဒီနန္ ၊ ဂၽြန္တယ္ရီ ၊ အက္ရွ္ေလကိုး ၊ စတီဗင္ဂ်ာရတ္ ၊ ေပါလ္စခုိး ၊ ေဒးဗစ္ဘက္ခမ္း ၊ ဖရန္႕လမ္းပတ္ ၊ ကၽြန္ေတာ္ ၊ မိုက္ကယ္အုိ၀င္ စတဲ့ ကစားသမားမ်ိဳး ေတြနဲ႕ ဖြဲ႕စည္း ထားတဲ့ ကၽြန္ေတာ္တုိ႕ အသင္းပါ။

အကယ္၍ အဆုိပါ ကစားသမား အစုအဖြဲ႕နဲ႕ ပက္ဂြာဒီယုိလာလို မန္ေနဂ်ာမ်ိဳးသာ ရွိေန ခဲ့မယ္ ဆုိရင္ ကၽြန္ေတာ္တုိ႕ အေနနဲ႕ ႏုိင္ငံတကာ ေဘာလံုးေလာက ရဲ႕ အျမင့္ဆံုး ဆုဖလားေတြ အားလံုးကို ဆြတ္္ခူး ႏုိင္ပါ လိမ့္မယ္။ ဒါဟာ လံုး၀ သံသယ ျဖစ္စရာ မရွိ ပါဘူး။” လို႕ ဆုိသြား ပါတယ္။

ရြန္းနီဟာ အဂၤလန္ မန္ေနဂ်ာ ၆ ဦးရဲ႕ လက္ေအာက္မွာ ကစား ခဲ့ဖူးျပီး ဆြီဒင္နည္းျပ ဆဗင္ဂိုရန္ အဲရစ္ဆင္ ရဲ႕ လက္ေအာက္မွာ အဓိက ျပိဳင္ပြဲၾကီး ၃ ခု ကစားခဲ့ျပီး ၊ စတိမက္ကလာရင္ရဲ႕ လက္ေအာက္မွာေတာ့ ယူရို ၂၀၀၈ ျပိဳင္ပြဲနဲ႕ လြဲေခ်ာ္ ခဲ့ကာ ေဖဘီယုိကာပယ္လို နဲ႕ ရြိဳင္းေဟာ့ဆန္ တုိ႕ရဲ႕ လက္ေအာက္မွာ ရုန္းကန္ ခဲ့ရျပီး ထို႕ေနာက္ ဆယ္အလာဒုိက္ ၊ ဂါရက္ေဆာက္ဂိတ္ တုိ႕ လက္ေအာက္မွာ ပြဲအနည္းငယ္ ကစားခြင့္ ရခဲ့ ပါတယ္။

လက္ရွိ ဒီစီယူႏုိက္တက္ အသင္းမွာ ကစား ေနတဲ့ ရြန္းနီဟာ လာမည့္ ဇန္န၀ါရီမွာ ဒါဘီေကာင္တီ နဲ႕ ပူးေပါင္းဖို႕ အတြက္ အဂၤလန္ကုိ ျပန္လာမွာ ျဖစ္ျပီး သူ႕ရဲ႕ နည္းျပ ဘ၀ ပထမ ေျခလွမ္းကုိ စတင္ လွမ္းမွာ ျဖစ္ပါတယ္။ ဒီအံ့အားသင့္ဖြယ္ အေျပာင္းအေရြ႕ ကို ျပီးခဲ့တဲ့ ၾသဂုတ္လက ေၾကျငာ ခဲ့တာ ျဖစ္ျပီး ရြန္းနီ က ခ်န္ပီယံရွစ္ ကလပ္ နဲ႕ ကစားသမား – နည္းျပ အျဖစ္ ၁၈ လ စာခ်ဳပ္ခ်ဳပ္ ခဲ့တဲ့ သူ႕ရဲ႕ ဆံုးျဖတ္ခ်က္ကို ရွင္းလင္း လိုက္ပါတယ္။

ရြန္းနီ က “ကၽြန္ေတာ့္ရဲ႕ ေအးဂ်င့္ဟာ ဒီကလပ္ ဒီက ပိုင္ရွင္နဲ႕ စကား ေျပာခဲ့ ပါတယ္။ ကၽြန္ေတာ့္ အေနနဲ႕ ဒီကို ေျပာင္းလာဖို႕ အတြက္ ဆံုးျဖတ္ခ်က္ ခ်မွတ္ ရပါတယ္။ ဒီကိုလာဖုိ႕ အတြက္ ဆံုးျဖတ္ခ်က္ ၊ အဂၤလန္ကို ေျပာင္းလာဖုိ႕ အတြက္ ဆံုးျဖတ္ခ်က္ နဲ႕ နည္းျပ ဖီးလစ္ကိုကူး နဲ႕ အတူ လက္တြဲျပီး နည္းျပ တစ္ဦး အေနနဲ႕ တုိးတက္လာဖို႕ဟာ အရမ္းေကာင္းတဲ့ ကမ္းလွမ္းမွဳ ျဖစ္တာေၾကာင့္ ပယ္ခ်ရ ခက္ခဲလြန္း ပါတယ္။

ဇန္န၀ါရီမွာ ဒီကို ျပန္လာဖို႕ အတြက္ ရင္ခုန္ေနပါတယ္။ ျပီးေတာ့ အသင္းကို တန္းတက္ခြင့္ ရေအာင္ ကူညီ ေပးခ်င္ပါတယ္။ ပထမဦးဆံုး ကစားသမား တစ္ဦး အေနနဲ႕ ကၽြန္ေတာ္ဟာ အသင္းကုိ အမ်ားၾကီး ကူညီ ေပးႏုိင္စြမ္း ရွိပါတယ္။ ဒုတိယ ကေတာ့ နည္းျပ ဘ၀ အေတြ႕အၾကံဳ အတြက္ ဖိလစ္ နဲ႕ သူ႕၀န္ထမ္းေတြ ဆီက ေလ့လာ သင္ယူခ်င္ျပီး ဒီကေန ေနာက္တဆင့္ တက္ဖို႕ လုပ္သြားမွာပါ။” လို႕ ဆုိလိုက္ပါတယ္။

SM

Unicode

လက်ရှိ ပရီးမီးယားလိဂ်ရဲ့ မန်နေဂျာသာ ကိုင်တွယ် ခဲ့မယ် ဆိုရင် သူတို့ရဲ့ အင်္ဂလန်ရွှေရောင်မျိုးဆက် ကျရှုံးမှာ မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ ရွန်းနီ

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုးဟောင်း ၀ိန်းရွန်းနီ က အင်္ဂလန်ရဲ့ ရွှေရောင် မျိုးဆက် အနေနဲ့ လက်ရှိ မန်ချက်စတာစီးတီး အသင်းရဲ့ မန်နေဂျာ ပက်ဂွာဒီယိုလာ သာ မန်နေဂျာ အဖြစ် ရှိနေ ခဲ့မယ် ဆိုရင် သူတို့ အနေနဲ့ အရာအားလုံး ကို အောင်နိုင် လိမ်မယ်လို့ အခိုင် အမာ ဆိုသွား ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ယူရို ၂၀၀၄ ခုနှစ်က အင်္ဂလန် နဲ့ အတူ လက်ရွေးစင် အဆင့်မှာ ရွန်းနီ ရဲ့ ထွန်းတောက် ခဲ့မှုဟာ ၎င်းကို ကမ္ဘာ့ဘောလုံး လောကမှာ အရည်အသွေး အမြင့်ဆုံး အသင်းတွေ ထဲက တစ်သင်းမှာ အဓိက ကစားသမား ဖြစ်လာ စေခဲ့ပါတယ်။ ပရီးမီးယားလိဂ် ရဲ့ တကယ့် နာမည်ကျော် တွေနဲ့ ဖွဲ့စည်း ထားခဲ့ ပေမယ့်လည်း အင်္ဂလန် အသင်းနဲ့ အောင်မြင်မှု တွေနဲ့ ဆက်လက် သွေဖယ် နေခဲ့ပြီး ရွန်းနီ ပါ၀င် ခဲ့တဲ့ အဓိက ပြိုင်ပွဲကြီး ခြောက်ခုမှာ Three Lions တို့ဟာ ကွာတားဖိုင်နယ် အဆင့်ကို တစ်ကြိမ်မှ မကျော်ဖြတ် နိုင်ခဲ့ ပါဘူး။

မန်ချက်စတာ ယူနိုက်တက် စတား ကတော့ အကယ်၍ သူတို့ အနေနဲ့ အသင်းကို မန်နေဂျာ ပက်ဂွာဒီယိုလာ လို ကမ္ဘာ့အဆင့် မန်နေဂျာ တစ်ဦးသာ ကိုင်တွယ် ခဲ့မယ် ဆိုရင် အရာအားလုံး ခြားနား သွားနိုင်တယ်လို့ အခိုင်အမာ ပြောဆို သွားပါတယ်။

ရွန်းနီ က “ခင်ဗျားတို့ လွန်ခဲ့တဲ့ ၁၀ နှစ်က ကျွန်တော်တို့ရဲ့ အသင်းကို ကြည့်လိုက်ပါ။ ကျွန်တော်တို့ဟာ ကမ္ဘာ့ ဘောလုံး လောကမှာ အကောင်းဆုံး ကစားသမား အစုအဖွဲ့ကို ပိုင်ဆိုင် ထားခဲ့တယ် ဆိုတာ အငြင်းပွားဖွယ် မရှိ ပါဘူး။ ရီယိုဖာဒီနန် ၊ ဂျွန်တယ်ရီ ၊ အက်ရှ်လေကိုး ၊ စတီဗင်ဂျာရတ် ၊ ပေါလ်စခိုး ၊ ဒေးဗစ်ဘက်ခမ်း ၊ ဖရန့်လမ်းပတ် ၊ ကျွန်တော် ၊ မိုက်ကယ်အို၀င် စတဲ့ ကစားသမားမျိုး တွေနဲ့ ဖွဲ့စည်း ထားတဲ့ ကျွန်တော်တို့ အသင်းပါ။

အကယ်၍ အဆိုပါ ကစားသမား အစုအဖွဲ့နဲ့ ပက်ဂွာဒီယိုလာလို မန်နေဂျာမျိုးသာ ရှိနေ ခဲ့မယ် ဆိုရင် ကျွန်တော်တို့ အနေနဲ့ နိုင်ငံတကာ ဘောလုံးလောက ရဲ့ အမြင့်ဆုံး ဆုဖလားတွေ အားလုံးကို ဆွတ််ခူး နိုင်ပါ လိမ့်မယ်။ ဒါဟာ လုံးဝ သံသယ ဖြစ်စရာ မရှိ ပါဘူး။” လို့ ဆိုသွား ပါတယ်။

ရွန်းနီဟာ အင်္ဂလန် မန်နေဂျာ ၆ ဦးရဲ့ လက်အောက်မှာ ကစား ခဲ့ဖူးပြီး ဆွီဒင်နည်းပြ ဆဗင်ဂိုရန် အဲရစ်ဆင် ရဲ့ လက်အောက်မှာ အဓိက ပြိုင်ပွဲကြီး ၃ ခု ကစားခဲ့ပြီး ၊ စတိမက်ကလာရင်ရဲ့ လက်အောက်မှာတော့ ယူရို ၂၀၀၈ ပြိုင်ပွဲနဲ့ လွဲချော် ခဲ့ကာ ဖေဘီယိုကာပယ်လို နဲ့ ရွိုင်းဟော့ဆန် တို့ရဲ့ လက်အောက်မှာ ရုန်းကန် ခဲ့ရပြီး ထို့နောက် ဆယ်အလာဒိုက် ၊ ဂါရက်ဆောက်ဂိတ် တို့ လက်အောက်မှာ ပွဲအနည်းငယ် ကစားခွင့် ရခဲ့ ပါတယ်။

လက်ရှိ ဒီစီယူနိုက်တက် အသင်းမှာ ကစား နေတဲ့ ရွန်းနီဟာ လာမည့် ဇန်နဝါရီမှာ ဒါဘီကောင်တီ နဲ့ ပူးပေါင်းဖို့ အတွက် အင်္ဂလန်ကို ပြန်လာမှာ ဖြစ်ပြီး သူ့ရဲ့ နည်းပြ ဘဝ ပထမ ခြေလှမ်းကို စတင် လှမ်းမှာ ဖြစ်ပါတယ်။ ဒီအံ့အားသင့်ဖွယ် အပြောင်းအရွေ့ ကို ပြီးခဲ့တဲ့ သြဂုတ်လက ကြေငြာ ခဲ့တာ ဖြစ်ပြီး ရွန်းနီ က ချန်ပီယံရှစ် ကလပ် နဲ့ ကစားသမား – နည်းပြ အဖြစ် ၁၈ လ စာချုပ်ချုပ် ခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ရှင်းလင်း လိုက်ပါတယ်။

ရွန်းနီ က “ကျွန်တော့်ရဲ့ အေးဂျင့်ဟာ ဒီကလပ် ဒီက ပိုင်ရှင်နဲ့ စကား ပြောခဲ့ ပါတယ်။ ကျွန်တော့် အနေနဲ့ ဒီကို ပြောင်းလာဖို့ အတွက် ဆုံးဖြတ်ချက် ချမှတ် ရပါတယ်။ ဒီကိုလာဖို့ အတွက် ဆုံးဖြတ်ချက် ၊ အင်္ဂလန်ကို ပြောင်းလာဖို့ အတွက် ဆုံးဖြတ်ချက် နဲ့ နည်းပြ ဖီးလစ်ကိုကူး နဲ့ အတူ လက်တွဲပြီး နည်းပြ တစ်ဦး အနေနဲ့ တိုးတက်လာဖို့ဟာ အရမ်းကောင်းတဲ့ ကမ်းလှမ်းမှု ဖြစ်တာကြောင့် ပယ်ချရ ခက်ခဲလွန်း ပါတယ်။

ဇန်နဝါရီမှာ ဒီကို ပြန်လာဖို့ အတွက် ရင်ခုန်နေပါတယ်။ ပြီးတော့ အသင်းကို တန်းတက်ခွင့် ရအောင် ကူညီ ပေးချင်ပါတယ်။ ပထမဦးဆုံး ကစားသမား တစ်ဦး အနေနဲ့ ကျွန်တော်ဟာ အသင်းကို အများကြီး ကူညီ ပေးနိုင်စွမ်း ရှိပါတယ်။ ဒုတိယ ကတော့ နည်းပြ ဘဝ အတွေ့အကြံု အတွက် ဖိလစ် နဲ့ သူ့ဝန်ထမ်းတွေ ဆီက လေ့လာ သင်ယူချင်ပြီး ဒီကနေ နောက်တဆင့် တက်ဖို့ လုပ်သွားမှာပါ။” လို့ ဆိုလိုက်ပါတယ်။

SM