ေဘာလုံး ကစားသမား ဘဝကေန အနားယူသြားၿပီ ျဖစ္တဲ့ အီတူး က ေဘာလုံးေလာကမွာ သူ​ အေလးစားရဆုံး နည္းျပဟာ ေမာ္ရင္ဟို ျဖစ္ေၾကာင္း ေျပာၾကားရင္း သူ႔ကို အသင္းေဟာင္း ဘာစီလိုနာ အသင္းရဲ့ နည္းၿပ အျဖစ္ ေတြ႕ျမင္ခ်င္ေၾကာင္း ေျပာၾကား လိုက္ပါတယ္။

 

ကင္မရြန္း အသင္းေခါင္းေဆာင္းေဟာင္း ဆမ္ျမဴရယ္ အီတူး ဟာ အင္တာမီလန္ အသင္းမွာေကာ ခ်ဲလ္ဆီး အသင္းမွာပါ ေမာ္ရင္ဟို လက္ေအာက္မွာ ကစားခဲ့ဖူးသူပါ ။ ၂၀၁၀ ခုႏွစ္တုန္းက ေမာ္ရင္ဟို အင္တာမီလန္ အသင္းကို တစ္ရာသီတည္း ဖလားသုံးလုံး ရရွိေအာင္ စြမ္းေဆာင္ေပးခဲ့တုန္းက အီတူးဟာ အားထားရတဲ့ တိုက္စစ္မွူး တစ္ဦးလည္း ျဖစ္ပါတယ္ ။

အီတူး က ေမာ္ရင္ဟို ကို သူ ဘယ္ေလာက္အထိ ေလးစား ရသလဲဆိုတာ လာလီဂါ နဲ႔ Livescore တို႔ ပူးေပါင္း က်င္းပတဲ့ ပြဲမွာ အခုလို ေျပာၾကား သြားခဲ့ပါတယ္ ။ ” က်ေနာ္ ဒီအေၾကာင္းေတြကို ခဏခဏ ေျပာဖူးပါတယ္ ။ ေမာ္ရင္ဟို က ေဘာလုံးေလာကမွာ ရွိေနေသးတဲ့ အေကာင္းဆုံး ပုဂၢိဳလ္ တစ္ဦးပါ ။ ”

” က်ေနာ္ ကစားသမား ဘဝက အနားယူၿပီလို႔ ေၾကညာလိုက္တဲ့ အခ်ိန္မွာ က်ေနာ့္ကို စာပထမဆုံး ပို႔တဲ့သူက ေမာ္ရင္ဟို ပါ ။ သူက ပထမဦးဆုံး ပါပဲ ၊ ဘဝႀကီးက တစ္ခါတစ္ေလ မတရားဘူးဆိုတာ က်ေနာ္တို႔ အားလုံး သိၾကပါတယ္။ လူေတြရဲ့ ေလစားမူကို ရထိုက္တဲ့သူက တစ္ခါတစ္ေလမွာ သူ႔အေပၚ အသိအမွတ္ မျပဳၾကတာမ်ိဳးနဲ႔ ၾကဳံရပါတယ္ ။အဲ့ဒီလူကေတာ့ ​ေမာ္ရင္ဟို ပါပဲ ။ ”

” က်ေနာ္ ဘာစီလိုနာ အသင္းမွာ ကစားစဥ္တုန္းက ခ်ဲလ္ဆီး အသင္း နဲ႔ ရင္ဆိုင္ ခဲ့ဖူးပါတယ္ ။ က်ေနာ္တို႔ အတြက္ ၿပိဳင္ဘက္ ကစားသမားေတြနဲ႔ ရင္ဆိုင္ ရေတာ့မယ္ ဆိုတာထက္ ေမာ္ နဲ႔ ရင္ဆိုင္ရမယ္ဆိုတာက ပိုၿပီး စိတ္အား တက္ႂကြ ေစခဲ့ပါတယ္ ။ ”

” ေနာက္ေတာ့ က်ေနာ္ ကံေကာင္းၿပီး ေမာ္ရင္ဟို လက္ေအာက္မွာ ကစားခြင့္ ရခဲ့ပါတယ္ ။ ဘယ္သူမွ က်ေနာ္တို႔ အသင္း (အင္တာမီလန္) ကို ခ်န္ပီယံလိဂ္ ရလိမ့္မယ္လို႔ မထင္ထားတာပါ ။ စတမ္းဖိုဒ့္ ဘရစ္ခ်္ ကစားရတဲ့ ပြဲမတိုင္မွီ သူ ေျပာခဲ့တဲ့ စကားေတြကို ခုထိ မွတ္မိပါေသးတယ္ ၊ လုံးဝ အေသးစိတ္ ေျပာျပတာပါ ။ ”

” သူက က်ေနာ္တို႔ကို ‘ မင္းတို႔ အားလုံးအတြက္ အနိုင္ရေအာင္ ကစားကို ကစားရမယ္။ အထူးသျဖင့္ ငါ့အတြက္ အနိုင္ရေအာင္ ကစားေပးရမယ္၊က်ေနာ္တို႔ အားလုံး စည္းလုံး ညီညြတ္တဲ့ အသင္း တစ္သင္း ျဖစ္ခဲ့တာပါ၊သူက အင္တာမီလန္ ကို လာၿပီး မိသားစု တစ္စုလို ျဖစ္သြားေအာင္ ဖန္တီး တည္ေဆာက္ခဲ့တာပါ ။ ” လို႔ ဆိုပါတယ္ ။

ဆက္လက္ၿပီး အီတူး က ေမာ္ရင္ဟို ကို အသင္းေဟာင္း ဘာစီလိုနာ အသင္းမွာ ျမင္ေတြ႕ခ်င္ေၾကာင္းကိုလည္း ေျပာၾကား သြားခဲ့ပါတယ္ ။ ေမာ္ရင္ဟို ဟာ ဘာစီလိုနာ အသင္းမွာ ၁၉၉၆ ခုႏွစ္က​ေန ၂၀၀၀ ခုႏွစ္အထိ လက္ေထာက္ နည္းၿပ အျဖစ္ တာဝန္ယူ လုပ္ကိုင္ခဲ့ဖူးပါတယ္။

SPORTS MYANMAR

Unicode

ဘောလုံးလောကမှာ သူ အလေးစားရဆုံး နည်းပြ တစ်ဦးနာမည်ကို ပြောကြားရင်း ဘာစီလိုနာ နည်းပြအဖြစ် ဘယ်သူ့ကို မြင်တွေ့ချင်သလဲဆိုတာ ပြောပြလိုက်တဲ့ အီတူး
==================================

ဘောလုံး ကစားသမား ဘဝကနေ အနားယူသွားပြီ ဖြစ်တဲ့ အီတူး က ဘောလုံးလောကမှာ သူ​ အလေးစားရဆုံး နည်းပြဟာ မော်ရင်ဟို ဖြစ်ကြောင်း ပြောကြားရင်း သူ့ကို အသင်းဟောင်း ဘာစီလိုနာ အသင်းရဲ့ နည်းပြ အဖြစ် တွေ့မြင်ချင်ကြောင်း ပြောကြား လိုက်ပါတယ်။

ကင်မရွန်း အသင်းခေါင်းဆောင်းဟောင်း ဆမ်မြူရယ် အီတူး ဟာ အင်တာမီလန် အသင်းမှာကော ချဲလ်ဆီး အသင်းမှာပါ မော်ရင်ဟို လက်အောက်မှာ ကစားခဲ့ဖူးသူပါ ။ ၂၀၁၀ ခုနှစ်တုန်းက မော်ရင်ဟို အင်တာမီလန် အသင်းကို တစ်ရာသီတည်း ဖလားသုံးလုံး ရရှိအောင် စွမ်းဆောင်ပေးခဲ့တုန်းက အီတူးဟာ အားထားရတဲ့ တိုက်စစ်မှူး တစ်ဦးလည်း ဖြစ်ပါတယ် ။

အီတူး က မော်ရင်ဟို ကို သူ ဘယ်လောက်အထိ လေးစား ရသလဲဆိုတာ လာလီဂါ နဲ့ Livescore တို့ ပူးပေါင်း ကျင်းပတဲ့ ပွဲမှာ အခုလို ပြောကြား သွားခဲ့ပါတယ် ။ ” ကျနော် ဒီအကြောင်းတွေကို ခဏခဏ ပြောဖူးပါတယ် ။ မော်ရင်ဟို က ဘောလုံးလောကမှာ ရှိနေသေးတဲ့ အကောင်းဆုံး ပုဂ္ဂိုလ် တစ်ဦးပါ ။ ”

” ကျနော် ကစားသမား ဘဝက အနားယူပြီလို့ ကြေညာလိုက်တဲ့ အချိန်မှာ ကျနော့်ကို စာပထမဆုံး ပို့တဲ့သူက မော်ရင်ဟို ပါ ။ သူက ပထမဦးဆုံး ပါပဲ ၊ ဘဝကြီးက တစ်ခါတစ်လေ မတရားဘူးဆိုတာ ကျနော်တို့ အားလုံး သိကြပါတယ်။ လူတွေရဲ့ လေစားမူကို ရထိုက်တဲ့သူက တစ်ခါတစ်လေမှာ သူ့အပေါ် အသိအမှတ် မပြုကြတာမျိုးနဲ့ ကြုံရပါတယ် ။အဲ့ဒီလူကတော့ ​မော်ရင်ဟို ပါပဲ ။ ”

” ကျနော် ဘာစီလိုနာ အသင်းမှာ ကစားစဉ်တုန်းက ချဲလ်ဆီး အသင်း နဲ့ ရင်ဆိုင် ခဲ့ဖူးပါတယ် ။ ကျနော်တို့ အတွက် ပြိုင်ဘက် ကစားသမားတွေနဲ့ ရင်ဆိုင် ရတော့မယ် ဆိုတာထက် မော် နဲ့ ရင်ဆိုင်ရမယ်ဆိုတာက ပိုပြီး စိတ်အား တက်ကြွ စေခဲ့ပါတယ် ။ ”

” နောက်တော့ ကျနော် ကံကောင်းပြီး မော်ရင်ဟို လက်အောက်မှာ ကစားခွင့် ရခဲ့ပါတယ် ။ ဘယ်သူမှ ကျနော်တို့ အသင်း (အင်တာမီလန်) ကို ချန်ပီယံလိဂ် ရလိမ့်မယ်လို့ မထင်ထားတာပါ ။ စတမ်းဖိုဒ့် ဘရစ်ချ် ကစားရတဲ့ ပွဲမတိုင်မှီ သူ ပြောခဲ့တဲ့ စကားတွေကို ခုထိ မှတ်မိပါသေးတယ် ၊ လုံးဝ အသေးစိတ် ပြောပြတာပါ ။ ”

” သူက ကျနော်တို့ကို ‘ မင်းတို့ အားလုံးအတွက် အနိုင်ရအောင် ကစားကို ကစားရမယ်။ အထူးသဖြင့် ငါ့အတွက် အနိုင်ရအောင် ကစားပေးရမယ်၊ကျနော်တို့ အားလုံး စည်းလုံး ညီညွတ်တဲ့ အသင်း တစ်သင်း ဖြစ်ခဲ့တာပါ၊သူက အင်တာမီလန် ကို လာပြီး မိသားစု တစ်စုလို ဖြစ်သွားအောင် ဖန်တီး တည်ဆောက်ခဲ့တာပါ ။ ” လို့ ဆိုပါတယ် ။

ဆက်လက်ပြီး အီတူး က မော်ရင်ဟို ကို အသင်းဟောင်း ဘာစီလိုနာ အသင်းမှာ မြင်တွေ့ချင်ကြောင်းကိုလည်း ပြောကြား သွားခဲ့ပါတယ် ။ မော်ရင်ဟို ဟာ ဘာစီလိုနာ အသင်းမှာ ၁၉၉၆ ခုနှစ်က​နေ ၂၀၀၀ ခုနှစ်အထိ လက်ထောက် နည်းပြ အဖြစ် တာဝန်ယူ လုပ်ကိုင်ခဲ့ဖူးပါတယ်။

SPORTS MYANMAR