မန္စီးတီး အသင္းမွာ ၁၁ ရာသီျကာကစားခဲ႔ျပီး ဆုဖလား ၁၀ လံုးအထိ ဆြတ္ခူးႏိုင္ခဲ႔တဲ႔ ခံစစ္မွဴး ျကီးကြန္ပနီက ပရီးမီးယားလိဂ္ျပိဳင္ပြဲမွာ သူ႔အသင္းေဟာင္းနဲ႔ လီဗာပူးတို႔ ႏွစ္ေကာင္းတည္းေျပးေနမွဳရဲ႕ အဆံုးသတ္ကို ျမင္ရဖို႔ မလြယ္ေသးဘူးလို႕ ဆိုိလိုက္ပါတယ္။ဒီႏွစ္သင္းဟာ ျပီးခဲ႔တဲ႔ ရာသီမွာ ေနာက္ဆံုးပြဲအထိ ခ်န္ပီယံဆုအတြက္အျကိတ္အနယ္ ယွဥ္ျပိဳင္ထားခဲ႔ရတာျဖစ္ပါတယ္။

ဒါေပမယ့္ နည္းျပဂြာဒီယိုလာရဲ႕ မန္စီးတီး အသင္း ကေလာ့ပ္ရဲ႕ လီဗာပူး အသင္းကို ရမွတ္တမွတ္အကြာနဲ႔ ေတ့ျဖဳတ္ထားခဲ႔တာျဖစ္ပါတယ္။ပရီးမီးယားလိဂ္ လို႔ အမည္ေျပာင္းလဲခဲ႔အျပီးကတည္းက ျပည္တြင္းလိဂ္ခ်န္ပီယံဆုနဲ႔ ေဝးေနခဲ႔တဲ႔လီဗာပူးတု႔ိဟာ အခုရာသီမွာလည္းအေကာင္းဆံုးျကိုးစားေနျပီး ၄ပြဲကစား၄ပြဲအႏိုင္နဲ႔ ဦးေဆာင္ေနျပီျဖစ္ပါတယ္။

မန္စီးတီး အသင္းကလည္း စပါးအသင္းကို မထင္မွတ္ပဲ သေရက်ခဲ႔တဲ႔ ပြဲစဥ္တခုတည္းမွာသာရမွတ္ေလ်ာ့နည္းထားျပီးဒုတိယေနရာကေန ထပ္ခ်ပ္မကြာလိုက္လံဖိအားေပးေနတာျဖစ္ပါတယ္။ေဘာလံုးက်ြမ္းက်င္သူ အမ်ားစုကေတာ့ ျပီးခဲ႔တဲ႔ ရာသီလိုပဲ ဒီႏွစ္သင္းရဲ႕ ျပိဳင္ဆိုင္မွဳကိုပဲ ထပ္ျမင္ရဖို႔ မ်ားေနတယ္လို႕ သံုးသပ္ထားျကပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ ျကီး၆ျကီး စာရင္းဝင္ျပိဳင္ဘက္ေတြျဖစ္တဲ႔ အာဆင္နယ္၊ ယူႏိုက္တက္၊ စပါး တို႔ဟာ ေႏြရာသီအတြင္းမွာ ေငြသံုးျကမ္းထားခဲ႔ျကေပမယ့္ လီဗာပူးနဲ႕ မန္စီးတီးတို႔ကို ယွဥ္ႏိုင္မယ့္ အလားအလာမ်ိဳးသိပ္မျမင္ထားခဲ႔ရေသးတာျဖစ္ပါတယ္။ကြန္ပနီကလည္း အဆိုပါ ၂သင္းကပဲ ပရီးမီးယားလိဂိကို ကာလျကာ လႊမ္းမိုးေနဦးမွာျဖစ္တယ္လို႔ မွတ္ခ်က္ေပးသြားခဲ႔ပါတယ္။

ႊမန္စီးတီးအသင္းကျကီးမွဴးက်င္းပေပးခဲ႔တဲ႔ ႏွဳတ္ဆက္ အမွတ္တရပြဲစဥ္ အျပီးအင္တာဗ်ဴးတခုမွာ ကြန္ပနီက – ” က်ြန္ေတာ့္ရဲ႕အျမင္အရေတာ့ လက္ရွိ အခ်ိန္မွာ မန္စီးတီး နဲ႔ လီဗာပူး တို႔ကိုအျခား အသင္းေတြက ယွဥ္ျပိဳင္ဖို႔ အေတာ္ေလးခက္ခဲပါလိမ့္မယ္။ဘာေျကာင့္လည္းဆိုေတာ့ သူတို႔ႏွစ္သင္းဟာ အဆင္ေျပေျပေခ်ာေခ်ာေမြ႔ေမြ႔ လည္ပတ္ေနတဲ႔ စက္ေတြ လို ျဖစ္ေနလို႔ပါပဲ။


ဘာေတြ လုပ္ရမယ္ဆိုတာသူတို႔ရဲ႕ ကစားသမားတိုင္းကသိျကပါတယ္။အဲ႔ဒီကစားသမားေတြဟာသူတို႔ရဲ႕ ပံုမွန္ေျခစြမ္းမွာရွိေနျကဦးမွာျဖစ္လို႕ အျခားအသင္းသားေတြအေနနဲ႔ အလ်င္အျမန္တိုးတက္ေအာင္လုပ္ရပါလိမ့္မယ္။ဒါမွမဟုတ္ရင္ေတာ့ ကြာဟခ်က္ေတြကဆက္ ရွိေနဦးမွာျဖစ္ပါတယ္။

ဒီႏွစ္သင္းရဲ႕ ပံုစံကိုျမင္ရတာဟာ ေကာင္းမြန္တဲ႔ ေျခစြမ္းမ်ိဳးမရတဲ႔ေန႔ေတြမွာေတာင္ သူတို႔အတြက္ေတာ့ သက္ေတာင့္သက္သာပြဲေတြလိုပါပဲ။ပရီးမီးယားလိဂ္ျပိဳင္ပြဲသမိုင္းမွာ ပြဲေတြကို သက္သက္သာသာကစားႏိုင္ထားခဲ႔တဲ႔ အသင္းမ်ားမ်ားစားစားမရွိပါဘူး။ဒီႏွစ္သင္းဟာ ျပိဳင္ဘက္ အသင္းေတြဆီကေန ေရာက္လာႏိုင္တဲ႔ တိုက္စစ္ အႏၲရာယ္ေတြ ကို အသံုးမဝင္ေပ်ာက္ပ်က္သြားေအာင္လုပ္ေဆာင္တဲ႔ ေနရာမွာအေတာ္ေလးေကာင္းေနခဲ႔တဲ႔ အသင္းေတြလည္းျဖစ္ပါတယ္။ဒီလိုအရာကို တျခားအသင္းေတြ လုပ္ေဆာင္ထားႏိုင္တာ က်ြန္ေတာ္ မျမင္ေတြ႔ထားေသးပါဘူး။

ဒီႏွစ္သင္းအႏိုင္ရမယ္လို႕ ျကိုတင္တြက္ ဆႏိုင္တဲ႔ ပြဲေတြက အမ်ားျကီးရွိပါတယ္။ဒါဟာ လိဂ္ျပိဳင္ေတြရဲ႕ ပြဲစဥ္ေတြကို ယွဥ္ျပိဳင္သြားရဖို႔ ရွိေနတဲ႔ သူတို႔ႏွစ္သင္းအတြက္ေတာ့ တကယ့္ကို ျကီးမားတဲ႔ အားသာခ်က္မ်ိဳးျဖစ္ေစပါတယ္။က်ြန္ေတာ္အခုေျပာျပေနတာဟာ ဒီႏွစ္သင္းရဲ႕ အမွန္တရားျဖစ္ပါတယ္။သူတို႔ ႏွစ္သင္းပဲ ဆက္ျပီးဦးေဆာင္ေနဦးမယ္ဆိုတာ လူတိုင္းမွတ္ယူထားျကပါတယ္။ဒါေပမယ့္ ဘယ္လို အရာမ်ိဳးကိုမွျကိုျပီးအာမခံေပးထားလို႔ေတာ့မရပါဘူး။

အကယ္၍ သူတို႔ေတြထဲက တသင္းသင္းသာ အာရံုးစူးစုိက္ ျကိုးစားအားထုတ္မွဳ ေလ်ာ့က်ခဲ႕မယ္ဆိုရင္ အမွတ္ေပးဇယားက အလွည့္အေျပာင္းေတြျဖစ္လာႏိုင္ပါေသးတယ္။ဒါေပမယ့္ သူတို႔အသင္းေတြရဲ႕ တည္ေဆာက္ထားမွဳမွာ ဘာအက္ေျကာင္း မွ က်ြန္ေတာ္မျမင္ရေသးပါဘူး ” လို႔ေျပာသြားခဲ႔တာျဖစ္ပါတယ္။

SPORT MYANMAR

Unicode

ပရီးမီးယားလိဂ်မှာ မန်စီးတီးနဲ့ လီဗာပူးတို့ရဲ့ လွှမ်းမိုးမှုဘယ်အချိန်အထိရှိနေဦးမယ်ဆိုတာပြောပြလိုက်တဲ့ #ကွန်ပနီ
=====================================

မန်စီးတီး အသင်းမှာ ၁၁ ရာသီကြာကစားခဲ့ပြီး ဆုဖလား ၁၀ လုံးအထိ ဆွတ်ခူးနိုင်ခဲ့တဲ့ ခံစစ်မှူး ကြီးကွန်ပနီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သူ့အသင်းဟောင်းနဲ့ လီဗာပူးတို့ နှစ်ကောင်းတည်းပြေးနေမှုရဲ့ အဆုံးသတ်ကို မြင်ရဖို့ မလွယ်သေးဘူးလို့ ဆိိုလိုက်ပါတယ်။ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့ ရာသီမှာ နောက်ဆုံးပွဲအထိ ချန်ပီယံဆုအတွက်အကြိတ်အနယ် ယှဉ်ပြိုင်ထားခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် နည်းပြဂွာဒီယိုလာရဲ့ မန်စီးတီး အသင်း ကလော့ပ်ရဲ့ လီဗာပူး အသင်းကို ရမှတ်တမှတ်အကွာနဲ့ တေ့ဖြုတ်ထားခဲ့တာဖြစ်ပါတယ်။ပရီးမီးယားလိဂ် လို့ အမည်ပြောင်းလဲခဲ့အပြီးကတည်းက ပြည်တွင်းလိဂ်ချန်ပီယံဆုနဲ့ ဝေးနေခဲ့တဲ့လီဗာပူးတို့ဟာ အခုရာသီမှာလည်းအကောင်းဆုံးကြိုးစားနေပြီး ၄ပွဲကစား၄ပွဲအနိုင်နဲ့ ဦးဆောင်နေပြီဖြစ်ပါတယ်။

မန်စီးတီး အသင်းကလည်း စပါးအသင်းကို မထင်မှတ်ပဲ သရေကျခဲ့တဲ့ ပွဲစဉ်တခုတည်းမှာသာရမှတ်လျော့နည်းထားပြီးဒုတိယနေရာကနေ ထပ်ချပ်မကွာလိုက်လံဖိအားပေးနေတာဖြစ်ပါတယ်။ဘောလုံးကျွမ်းကျင်သူ အများစုကတော့ ပြီးခဲ့တဲ့ ရာသီလိုပဲ ဒီနှစ်သင်းရဲ့ ပြိုင်ဆိုင်မှုကိုပဲ ထပ်မြင်ရဖို့ များနေတယ်လို့ သုံးသပ်ထားကြပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ကြီး၆ကြီး စာရင်းဝင်ပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်၊ ယူနိုက်တက်၊ စပါး တို့ဟာ နွေရာသီအတွင်းမှာ ငွေသုံးကြမ်းထားခဲ့ကြပေမယ့် လီဗာပူးနဲ့ မန်စီးတီးတို့ကို ယှဉ်နိုင်မယ့် အလားအလာမျိုးသိပ်မမြင်ထားခဲ့ရသေးတာဖြစ်ပါတယ်။ကွန်ပနီကလည်း အဆိုပါ ၂သင်းကပဲ ပရီးမီးယားလိဂိကို ကာလကြာ လွှမ်းမိုးနေဦးမှာဖြစ်တယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ွှမန်စီးတီးအသင်းကကြီးမှူးကျင်းပပေးခဲ့တဲ့ နှုတ်ဆက် အမှတ်တရပွဲစဉ် အပြီးအင်တာဗျူးတခုမှာ ကွန်ပနီက – ” ကျွန်တော့်ရဲ့အမြင်အရတော့ လက်ရှိ အချိန်မှာ မန်စီးတီး နဲ့ လီဗာပူး တို့ကိုအခြား အသင်းတွေက ယှဉ်ပြိုင်ဖို့ အတော်လေးခက်ခဲပါလိမ့်မယ်။ဘာကြောင့်လည်းဆိုတော့ သူတို့နှစ်သင်းဟာ အဆင်ပြေပြေချောချောမွေ့မွေ့ လည်ပတ်နေတဲ့ စက်တွေ လို ဖြစ်နေလို့ပါပဲ။
ဘာတွေ လုပ်ရမယ်ဆိုတာသူတို့ရဲ့ ကစားသမားတိုင်းကသိကြပါတယ်။အဲ့ဒီကစားသမားတွေဟာသူတို့ရဲ့ ပုံမှန်ခြေစွမ်းမှာရှိနေကြဦးမှာဖြစ်လို့ အခြားအသင်းသားတွေအနေနဲ့ အလျင်အမြန်တိုးတက်အောင်လုပ်ရပါလိမ့်မယ်။ဒါမှမဟုတ်ရင်တော့ ကွာဟချက်တွေကဆက် ရှိနေဦးမှာဖြစ်ပါတယ်။

ဒီနှစ်သင်းရဲ့ ပုံစံကိုမြင်ရတာဟာ ကောင်းမွန်တဲ့ ခြေစွမ်းမျိုးမရတဲ့နေ့တွေမှာတောင် သူတို့အတွက်တော့ သက်တောင့်သက်သာပွဲတွေလိုပါပဲ။ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းမှာ ပွဲတွေကို သက်သက်သာသာကစားနိုင်ထားခဲ့တဲ့ အသင်းများများစားစားမရှိပါဘူး။ဒီနှစ်သင်းဟာ ပြိုင်ဘက် အသင်းတွေဆီကနေ ရောက်လာနိုင်တဲ့ တိုက်စစ် အန္တရာယ်တွေ ကို အသုံးမဝင်ပျောက်ပျက်သွားအောင်လုပ်ဆောင်တဲ့ နေရာမှာအတော်လေးကောင်းနေခဲ့တဲ့ အသင်းတွေလည်းဖြစ်ပါတယ်။ဒီလိုအရာကို တခြားအသင်းတွေ လုပ်ဆောင်ထားနိုင်တာ ကျွန်တော် မမြင်တွေ့ထားသေးပါဘူး။

ဒီနှစ်သင်းအနိုင်ရမယ်လို့ ကြိုတင်တွက် ဆနိုင်တဲ့ ပွဲတွေက အများကြီးရှိပါတယ်။ဒါဟာ လိဂ်ပြိုင်တွေရဲ့ ပွဲစဉ်တွေကို ယှဉ်ပြိုင်သွားရဖို့ ရှိနေတဲ့ သူတို့နှစ်သင်းအတွက်တော့ တကယ့်ကို ကြီးမားတဲ့ အားသာချက်မျိုးဖြစ်စေပါတယ်။ကျွန်တော်အခုပြောပြနေတာဟာ ဒီနှစ်သင်းရဲ့ အမှန်တရားဖြစ်ပါတယ်။သူတို့ နှစ်သင်းပဲ ဆက်ပြီးဦးဆောင်နေဦးမယ်ဆိုတာ လူတိုင်းမှတ်ယူထားကြပါတယ်။ဒါပေမယ့် ဘယ်လို အရာမျိုးကိုမှကြိုပြီးအာမခံပေးထားလို့တော့မရပါဘူး။

အကယ်၍ သူတို့တွေထဲက တသင်းသင်းသာ အာရုံးစူးစိုက် ကြိုးစားအားထုတ်မှု လျော့ကျခဲ့မယ်ဆိုရင် အမှတ်ပေးဇယားက အလှည့်အပြောင်းတွေဖြစ်လာနိုင်ပါသေးတယ်။ဒါပေမယ့် သူတို့အသင်းတွေရဲ့ တည်ဆောက်ထားမှုမှာ ဘာအက်ကြောင်း မှ ကျွန်တော်မမြင်ရသေးပါဘူး ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

SPORT MYANMAR