မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဟာ ျပီးခဲ့တဲ့ ေႏြ အေျပာင္း အေရႊ့ တုန္းက အသင္း ရဲ့ ခံစစ္ ကို အင္အား ျဖည့္တင္း နုိင္ဖုိ့ အတြက္ လက္စတာ စီးတီး အသင္း မွ ေနာက္ခံလူ ဟယ္ရီ မက္ဂြားယား ကို ကမ႓ာ့ စံခ်ိန္တင္ ေျပာင္းေရႊ့ေၾကး ျဖစ္တဲ့ ေပါင္ သန္း 80 နဲ့ ေခၚယူ ထားခဲ့ ပါတယ္ ။

အခုေတာ့ မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ ခံစစ္ ကစား သမား ေဟာင္း ျဖစ္သူ ဂ်ြန္နီ အီဗန္ က အသင္းေဟာင္း ၊ အသင္းေဖာ္ ေဟာင္း နဲ့ ျပန္လည္ ရင္ဆုိင္ ကစား ရမယ့္ ပြဲစဥ္ မတုိင္မီ ယူနုိက္တက္ ဟာ မက္ဂြားယား ကို ေလွ်ာ့ေစ်း နဲ့ ရရွိ ခဲ့တာ ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

ဒါ့အျပင္ သူ့ရဲ့ အသင္းေဖာ္ ေဟာင္းဟာ အိုးလ္ ထရပ္ဖုိ့ဒ္ ေျမမွာ ဆယ္စု ႏွစ္ တစ္ခု နီးပါး ေလာက္ အထိ ယူနုိက္တက္ ရဲ့ စတား ကစားသမား တစ္ဦး အျဖစ္ ရွိေန နုိင္ လိမ့္မယ္ လို့ ယံုၾကည္ မိေၾကာင္း ဂ်ြန္နီ အီဗန္ က ဆက္လက္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” ဟယ္ရီ ဟာ ယူနုိက္တက္ အသင္း မွာ 8 ၊ 9 ၊ 10 နွစ္ေလာက္ အထိ ရွိေန နုိင္ လိမ့္မယ္ လို့ က်ြန္ေတာ္ ထင္ ပါတယ္ ။ အဲ့ဒီ အေၾကာင္း ကို ေျပာၾကား ၾကမယ္ ဆုိရင္ လူေတြ က သူရဲ့ ေျပာင္းေရႊ့ ေၾကး အေၾကာင္း ကို အရင္ဆံုး ေျပာၾက ပါ လိမ့္မယ္ ။ အဲ့တာ က ေလ်ွာ့ေစ်း နဲ့ ရရွိ ခဲ့ျခင္း ပါ ”

” က်ြန္ေတာ္ ဟယ္ရီ ရဲ့ ေျခစြမ္း နဲ့ ပတ္သက္ လို့ တစ္ကယ္ ပဲ အထင္ ၾကီးခဲ့ မိ ပါတယ္ ။ သူဟာ ယူနုိက္တက္ အသင္း မွာ အမွန္တကယ္ ေအာင္ျမင္ မွဳ ရယူ နုိင္ လိမ့္မယ္ လို့ က်ြန္ေတာ္ ထင္မိ ပါတယ္ ။ သူဟာ လက္ရွိ အသင္း ရဲ့ အသင္း ေခါင္းေဆာင္ ျဖစ္လာ နိုင္ပါ လိမ့္မယ္ ။ ဒါကို သံသယ ျဖစ္ေန ဖုိ့့ မလို ပါဘူး ” လို့ ဂ်ြန္နီ အီဗန္ က အသင္းေဖာ္ ေဟာင္းနဲ့ ပတ္သက္ လို့ ေထာက္ခံ စကား ဆုိသြား ခဲ့လိုက္ ပါတယ္ ။

အီဗန္ နဲ့ မက္ဂြားယား တုိ့ဟာ လက္စတာ စီးတီး အသင္း ရဲ့ ခံစစ္ ေၾကာင္းမွာ တစ္ ရာသီ အတူ ပူးေပါင္း ကစား ခဲ့ဖူး ၾကတဲ့ အသင္းေဖာ္ ေတြပဲ ျဖစ္ၾက ပါတယ္ ။ ဒါ့ေၾကာင့္ မက္ဂြားယား ဆီမွာ ဘယ္လို အရည္ အေသြး ေကာင္းေတြ ရွိေန သလဲ ဆုိတာ ကို ဂ်ြန္နီ အီဗန္ က ေကာင္းေကာင္း သိရွိ ထားသူ ပဲ ျဖစ္ ပါတယ္ ။

” က်ြန္ေတာ္ သူနဲ့ အတူ တစ္ ရာသီ ပဲ တြဲ ကစား ခဲ့ရ ပါတယ္ ။ ဒါေပမယ့္ က်ြန္ေတာ္ တုိ့ ႏွစ္ဦး အၾကား ကြင္း အတြင္း မွာ ျဖစ္ျဖစ္ ၊ ကြင္း အျပင္ မွာ ျဖစ္ျဖစ္ တစ္ကယ့္ ကို ေကာင္းမြန္ တဲ့ နားလည္ မွဳ ၊ ဆက္ဆံေရး ေတြ ရွိေန ခဲ့တယ္ လို့ က်ြန္ေတာ္ ခံစား ခဲ့ရ ပါတယ္ ”

” သူဟာ အံ့ခ်ီးဖြယ္ ကစားသမား တစ္ဦး ျဖစ္သလို ယူနုိက္တက္ နဲ့ ကိုက္ညီမဲ့ သူ တစ္ဦး လည္း ျဖစ္ပါတယ္ ။ သူ့ရဲ့ ကစား ပံု တစ္ခု တည္းေၾကာင့္ မဟုတ္ ပါဘူး ။ သူ့ရဲ့ ကြင္း အတြင္း ၊ ကြင္း အျပင္ က အျပဳ အမူ ေတြဟာ လည္း ယူနုိက္တက္ ကို တုိးတက္ ေကာင္းမြန္ ေစပါ လိမ့္မယ္ ”

” က်ြန္ေတာ္ တုိ့ ေတြဟာ ယူနုိက္တက္ မွာ ရွိလာ နုိင္မယ့္ ဖိအားေတြ အေၾကာင္း ကို ေျပာျဖစ္ ၾက ပါတယ္ ။ အဲ့တာ က အသင္း ၾကီး တစ္သင္း မွာ ျဖစ္ေပၚ ေလ့ ရွိတဲ့ အရာ တစ္ခု ပါပဲ ။ ဟယ္ရီ ဟာ အဲ့တာ ကို ေကာင္းေကာင္း ကိုင္တြယ္ ေျဖရွင္း နုိင္ပါ လိမ့္မယ္ ။ သူဟာ ဥာဏ္ေကာင္း သလို အသင္း ကို ေမာင္းႏွင္ ေပးနုိင္စြမ္း လည္း ရွိေန ပါတယ္ ”

 

” ေျခေထာက္ ထဲမွာ ေဘာလံုး ရွိတဲ့ အခ်ိန္ တုိင္း သူဟာ မယံု ၾကည္ နုိင္ဖြယ္ အရာ ေတြကို လုပ္ျပ နုိင္ ပါတယ္ ။ ဒါ့အျပင္ သူဟာ အျမင့္ေဘာ ေတြကိုလည္း ေကာင္းစြာ ကစား နုိင္ ပါတယ္ ။ က်ြန္ေတာ့္ အေတြး ထဲမွာ ေတာ့ သူဟာ ေမာ္ဒန္ ေဘာလံုး ေလာက ရဲ့ ျပီး ျပည့္စံု တဲ့ ခံစစ္မွဴး တစ္ဦး ပါပဲ ” လို့ အီဗန္ က မက္ဂြားယား နဲ့ ပတ္သက္လို့ ခ်ီးက်ဴး သြားခဲ့ လိုက္ ပါတယ္ ။

#Sports_Myanmar

Unicode

ထိပ်တိုက် ရင်ဆိုင်ပွဲ မတိုင်မီ မက်ဂွားယားရဲ့ ပြောင်းရွှေ့ကြေးနဲ့ ယူနိုက်တက်ရဲ့ စတားအဖြစ် အချိန် ဘယ်လောက်အထိ ရှိနေနိုင်မလဲ ဆိုတာ ပြောကြား သွားတဲ့ #အီဗန်

====================

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပြီးခဲ့တဲ့ နွေ အပြောင်း အရွှေ့ တုန်းက အသင်း ရဲ့ ခံစစ် ကို အင်အား ဖြည့်တင်း နိုင်ဖို့ အတွက် လက်စတာ စီးတီး အသင်း မှ နောက်ခံလူ ဟယ်ရီ မက်ဂွားယား ကို ကမ႓ာ့ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင် သန်း 80 နဲ့ ခေါ်ယူ ထားခဲ့ ပါတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ခံစစ် ကစား သမား ဟောင်း ဖြစ်သူ ဂျွန်နီ အီဗန် က အသင်းဟောင်း ၊ အသင်းဖော် ဟောင်း နဲ့ ပြန်လည် ရင်ဆိုင် ကစား ရမယ့် ပွဲစဉ် မတိုင်မီ ယူနိုက်တက် ဟာ မက်ဂွားယား ကို လျှော့စျေး နဲ့ ရရှိ ခဲ့တာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒါ့အပြင် သူ့ရဲ့ အသင်းဖော် ဟောင်းဟာ အိုးလ် ထရပ်ဖို့ဒ် မြေမှာ ဆယ်စု နှစ် တစ်ခု နီးပါး လောက် အထိ ယူနိုက်တက် ရဲ့ စတား ကစားသမား တစ်ဦး အဖြစ် ရှိနေ နိုင် လိမ့်မယ် လို့ ယုံကြည် မိကြောင်း ဂျွန်နီ အီဗန် က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ဟယ်ရီ ဟာ ယူနိုက်တက် အသင်း မှာ 8 ၊ 9 ၊ 10 နှစ်လောက် အထိ ရှိနေ နိုင် လိမ့်မယ် လို့ ကျွန်တော် ထင် ပါတယ် ။ အဲ့ဒီ အကြောင်း ကို ပြောကြား ကြမယ် ဆိုရင် လူတွေ က သူရဲ့ ပြောင်းရွှေ့ ကြေး အကြောင်း ကို အရင်ဆုံး ပြောကြ ပါ လိမ့်မယ် ။ အဲ့တာ က လျှော့စျေး နဲ့ ရရှိ ခဲ့ခြင်း ပါ ”

” ကျွန်တော် ဟယ်ရီ ရဲ့ ခြေစွမ်း နဲ့ ပတ်သက် လို့ တစ်ကယ် ပဲ အထင် ကြီးခဲ့ မိ ပါတယ် ။ သူဟာ ယူနိုက်တက် အသင်း မှာ အမှန်တကယ် အောင်မြင် မှု ရယူ နိုင် လိမ့်မယ် လို့ ကျွန်တော် ထင်မိ ပါတယ် ။ သူဟာ လက်ရှိ အသင်း ရဲ့ အသင်း ခေါင်းဆောင် ဖြစ်လာ နိုင်ပါ လိမ့်မယ် ။ ဒါကို သံသယ ဖြစ်နေ ဖို့့ မလို ပါဘူး ” လို့ ဂျွန်နီ အီဗန် က အသင်းဖော် ဟောင်းနဲ့ ပတ်သက် လို့ ထောက်ခံ စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

အီဗန် နဲ့ မက်ဂွားယား တို့ဟာ လက်စတာ စီးတီး အသင်း ရဲ့ ခံစစ် ကြောင်းမှာ တစ် ရာသီ အတူ ပူးပေါင်း ကစား ခဲ့ဖူး ကြတဲ့ အသင်းဖော် တွေပဲ ဖြစ်ကြ ပါတယ် ။ ဒါ့ကြောင့် မက်ဂွားယား ဆီမှာ ဘယ်လို အရည် အသွေး ကောင်းတွေ ရှိနေ သလဲ ဆိုတာ ကို ဂျွန်နီ အီဗန် က ကောင်းကောင်း သိရှိ ထားသူ ပဲ ဖြစ် ပါတယ် ။

” ကျွန်တော် သူနဲ့ အတူ တစ် ရာသီ ပဲ တွဲ ကစား ခဲ့ရ ပါတယ် ။ ဒါပေမယ့် ကျွန်တော် တို့ နှစ်ဦး အကြား ကွင်း အတွင်း မှာ ဖြစ်ဖြစ် ၊ ကွင်း အပြင် မှာ ဖြစ်ဖြစ် တစ်ကယ့် ကို ကောင်းမွန် တဲ့ နားလည် မှု ၊ ဆက်ဆံရေး တွေ ရှိနေ ခဲ့တယ် လို့ ကျွန်တော် ခံစား ခဲ့ရ ပါတယ် ”

” သူဟာ အံ့ချီးဖွယ် ကစားသမား တစ်ဦး ဖြစ်သလို ယူနိုက်တက် နဲ့ ကိုက်ညီမဲ့ သူ တစ်ဦး လည်း ဖြစ်ပါတယ် ။ သူ့ရဲ့ ကစား ပုံ တစ်ခု တည်းကြောင့် မဟုတ် ပါဘူး ။ သူ့ရဲ့ ကွင်း အတွင်း ၊ ကွင်း အပြင် က အပြု အမူ တွေဟာ လည်း ယူနိုက်တက် ကို တိုးတက် ကောင်းမွန် စေပါ လိမ့်မယ် ”

” ကျွန်တော် တို့ တွေဟာ ယူနိုက်တက် မှာ ရှိလာ နိုင်မယ့် ဖိအားတွေ အကြောင်း ကို ပြောဖြစ် ကြ ပါတယ် ။ အဲ့တာ က အသင်း ကြီး တစ်သင်း မှာ ဖြစ်ပေါ် လေ့ ရှိတဲ့ အရာ တစ်ခု ပါပဲ ။ ဟယ်ရီ ဟာ အဲ့တာ ကို ကောင်းကောင်း ကိုင်တွယ် ဖြေရှင်း နိုင်ပါ လိမ့်မယ် ။ သူဟာ ဉာဏ်ကောင်း သလို အသင်း ကို မောင်းနှင် ပေးနိုင်စွမ်း လည်း ရှိနေ ပါတယ် ”

” ခြေထောက် ထဲမှာ ဘောလုံး ရှိတဲ့ အချိန် တိုင်း သူဟာ မယုံ ကြည် နိုင်ဖွယ် အရာ တွေကို လုပ်ပြ နိုင် ပါတယ် ။ ဒါ့အပြင် သူဟာ အမြင့်ဘော တွေကိုလည်း ကောင်းစွာ ကစား နိုင် ပါတယ် ။ ကျွန်တော့် အတွေး ထဲမှာ တော့ သူဟာ မော်ဒန် ဘောလုံး လောက ရဲ့ ပြီး ပြည့်စုံ တဲ့ ခံစစ်မှူး တစ်ဦး ပါပဲ ” လို့ အီဗန် က မက်ဂွားယား နဲ့ ပတ်သက်လို့ ချီးကျူး သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar