ခ်ယ္လ္ဆီး အသင္း ရဲ႕ ေနာက္ခံလူ ဆီဆာ အက္္ဇ္ပီလီကြီတာ ဟာ ျပီးခဲ့တဲ့ႏွစ္ ေဘာလံုး ရာသီ ကေန စတင္ ျပီး ခ်ယ္လ္ဆီး အသင္း ရဲ႕ ပြဲထြက္ အသင္း ေခါင္းေဆာင္ အျဖစ္ ရပ္တည္ ခဲ့ကာ ဒီႏွစိ ေဘာလံုး ရာသီ မွာေတာ့ ကလပ္ အသင္း ေခါင္းေဆာင္ ျဖစ္လာပါတယ္ ။ အက္ဇ္ပီလီကြီတာ ဟာ ၂၀၁၂ ခုႏွစ္ က မာေဆးလ္ အသင္း ကေန ခ်ယ္လ္ဆီး အသင္း သို႕ ေျပာင္းေရႊ႕ လာခဲ့ကာ ႏွစ္ အေတာ္မ်ားမ်ား မွာ အသင္း ရဲ႕ အဓိက ေနာက္ခံလူ တဦး အေနနဲ႕ ရပ္တည္ ႏိုင္ခဲ့ပါတယ္ ။

အက္ဇ္ပီလီကြီတာ ဟာ ခ်ယ္လ္ဆီး အသင္း ရဲ႕ ဂႏၲဝင္ ခံစစ္မွဴးေဟာင္း ဂြ်န္တယ္ရီ ဆီကေနလည္း အသင္း ေခါင္းေဆာင္ နဲ႕ ပတ္သက္တဲ့ အရည္အခ်င္း ေတြကို သင္ယူ ႏိုင္ခဲ့သလို ၊ လက္ရွိ ခ်ယ္လ္ဆီး အသင္းသား ေတြ အထဲမွာလည္း အေတြ႕အၾကံဳ အရင့္ဆံုး ေနာက္ခံလူ တဦး လည္း ျဖစ္ပါတယ္ ။

ခ်ယ္လ္ဆီး အသင္း ရဲ႕ တရားဝင္ ဝက္ဘ္ဆိုက္ နဲ႕ ေတြ႕ဆံု ခဲ့တဲ့ အင္တာဗ်ဴး မွာေတာ့ အက္ဇ္ပီလီကြီတာ က တယ္ရီ ဟာ သူ႕ရဲ႕ ခ်ယ္လ္ဆီး ကစားသမား ဘဝ အခ်ိန္ အမ်ားစု ကို လႊမ္းမိုး ထားခဲ့ေၾကာင္း ၊ သူ နဲ႕ အတူ ေလ့က်င့္ခြင့္ ရခဲ့တာ ၊ ပညာသင္ခြင့္ ရခဲ့တာ ဟာ သူ႕ အတြက္ အမ်ားၾကီး အက်ိဳး ရွိေစခဲ့ေၾကာင္း ဆိုခဲ့ပါတယ္ ။

အက္ဇ္ပီလီကြီတာ က ” ကြ်န္ေတာ့ ရဲ႕ ခ်ယ္လ္ဆီး ကစားသမား ဘဝ အခ်ိန္ အေတာ္ မ်ားမ်ား မွာ ဂြ်န္တယ္ရီ ပါဝင္ ခဲ့ပါတယ္ ။ သူဟာ ခ်ယ္လ္ဆီး အသင္း ရဲ႕ အသင္း ေခါင္းေဆာင္ တေယာက္ ျဖစ္ခဲ့သလို ၊ သူ႕ကို ေန႕စဥ္ ေလ့က်င့္ေရး အစီအစဥ္ ေတြမွာေရာ ၊ တကယ့္ ပြဲစဥ္ ေတြမွာ ျမင္ေတြ႕ခြင့္ ရခဲ့တာ ကံေကာင္းတယ္ ပဲ ဆိုရပါမယ္ ။ ”

” ေန႕စဥ္ သူ ေလ့က်င့္တဲ့ ပံုစံ ေတြ ၊ ဒီ အသင္း မွာ သူ ဘယ္လို ရွင္သန္ ျဖတ္သန္း ေနတယ္ ဆိုတာေတြ က အစ ကြ်န္ေတာ္ ေလ့လာခြင့္ ရခဲ့ပါတယ္ ။ ေနာက္ျပီး သူဟာ ဒီကလပ္ က ကစားသမား အားလံုး အေပၚ ၾကီးမားတဲ့ လႊမ္းမိုးမႈ ေတြ ရွိခဲ့ပါတယ္ ။ ဒါေတြဟာ သူ႕ဆီကေန သင္ယူလို႕ ၊ အတုယူ လို႕ ရႏိုင္တဲ့ အရာ ေတြ ျဖစ္ပါတယ္ ။ ကြ်န္ေတာ့ အတြက္ ကေတာ့ အေတာ္ေလး အေထာက္အကူ ေပးတယ္ပဲ ဆိုရမွာပါ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

အက္ဇ္ပီလီကြီတာ ဟာ ဂြ်န္တယ္ရီ အျပင္ လက္ရွိ ခ်ယ္လ္ဆီး အသင္း နည္းျပ ျဖစ္တဲ့ ဖရန္႕ လမ္းပတ္ နဲ႕ပါ အတူတူ တြဲကစားခြင့္ ရခဲ့ဖူးပါတယ္ ။ လက္ရွိ မွာေတာ့ နည္းျပ အေနနဲ႕ ခ်ယ္လ္ဆီး အသင္း ကို ေရာက္လာတဲ့ လမ္းပတ္ ရဲ႕ နည္းစနစ္ ေအာက္ မွာ အက္ဇ္ပီလီကြီတာ ဟာ ခ်ယ္လ္ဆီး အသင္း ကို ဦးေဆာင္ခြင့္ ရရွိေနျပီ ျဖစ္ပါတယ္ ။

နည္းျပ ျဖစ္သူ ဖရန္႕ လမ္းပတ္ နဲ႕ ပတ္သက္ျပီး အက္ဇ္ပီ က ” ကြ်န္ေတာ္ ဟာ ခ်ယ္လ္ဆီး ကို စေရာက္ လာတုန္းက ဖရန္႕ ဆီကေန အေတြ႕အၾကံဳ မ်ားစြာ ဖလွယ္ခြင့္ ရခဲ့ပါတယ္ ။ အခုေတာ့ နည္းျပ တဦး အေနနဲ႕ သူ႕ဆီကေန ဆက္ျပီး ေလ့လာ ေနရတာေပါ့ဗ်ာ ။ သူ႕ရဲ႕ အသင္း အတြက္ ေပးဆပ္မႈ ၊ ႏိုင္ပြဲ ေတြ အတြက္ ဆာေလာင္မႈ စိတ္ေတြက အရမ္း ျပင္းထန္ လြန္းပါတယ္ ။ သူဟာ ခ်န္ပီယံ တေယာက္ပါ ။ ”

” ကြ်န္ေတာ္ ဟာ သူ႕လိုမ်ိဳး ခ်န္ပီယံ စိတ္ဓာတ္ ေတြ ေမြးျမဴ ႏိုင္ဖို႕ အျမဲ ၾကိဳးစား ခဲ့ပါတယ္ ။ ေကာ့ဘ္ဟမ္း မွာ ေလ့က်င့္ေရး ဆင္းတဲ့ အခ်ိန္တိုင္း မွာ ကြ်န္ေတာ္ အေကာင္းဆံုး ၾကိဳးစား ခဲ့ပါတယ္ ။ အခု အခါမွာ ဒီကလပ္ က လူေတြ အေတာ္မ်ားမ်ား နဲ႕ သိကြ်မ္း ေနပါျပီ ။ ေန႕စဥ္ ဘဝ မွာ ခ်ယ္လ္ဆီး အသင္း ဟာ ကြ်န္ေတာ့ အတြက္ အေရးပါလို႕ ေနတယ္ လို႕ ခံစား လာရပါတယ္ ။ ”

” အသင္း ရဲ႕ ေလ့က်င့္ေရးကြင္း ကို သြားရင္ေတာင္ ဒီ အသင္း အေပၚ ခ်စ္တဲ့ စိတ္ေတြ ရွိေနခဲ့ပါျပီ ။ ကစားခြင့္ ရတဲ့ ပြဲစဥ္ ေတြတိုင္း မွာလည္း ႏိုင္ပြဲ ေတြ ရရွိဖို႕ ဆႏၵ ျပင္းျပ ေနပါျပီ ။ ေလ့က်င့္ေရး အစီအစဥ္ ေတြမွာေတာင္ ကြ်န္ေတာ့ရဲ႕ ေပးဆပ္ ပံုခ်င္း က အတူတူပါပဲ ။ အခုေတာ့ ကြ်န္ေတာ္ ဟာ အသင္း ေခါင္းေဆာင္ အေနနဲ႕ ပါဝင္ခြင့္ ရေနတဲ့ ပြဲစဥ္ ေတြ အတြက္ အေတာ္ေလး ဂုဏ္ယူ ရပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ဖရန့် လမ်းပတ် ၊ ဂျွန်တယ်ရီ တို့ဆီကနေ ဘာတွေ သင်ယူ ခဲ့ရလဲ ဆိုတာ ထုတ်ဖော် ပြောဆို လိုက်တဲ့ #အက်ဇ်ပီလီကွီတာ

ချယ်လ်ဆီး အသင်း ရဲ့ နောက်ခံလူ ဆီဆာ အက််ဇ်ပီလီကွီတာ ဟာ ပြီးခဲ့တဲ့နှစ် ဘောလုံး ရာသီ ကနေ စတင် ပြီး ချယ်လ်ဆီး အသင်း ရဲ့ ပွဲထွက် အသင်း ခေါင်းဆောင် အဖြစ် ရပ်တည် ခဲ့ကာ ဒီနှစိ ဘောလုံး ရာသီ မှာတော့ ကလပ် အသင်း ခေါင်းဆောင် ဖြစ်လာပါတယ် ။ အက်ဇ်ပီလီကွီတာ ဟာ ၂၀၁၂ ခုနှစ် က မာဆေးလ် အသင်း ကနေ ချယ်လ်ဆီး အသင်း သို့ ပြောင်းရွှေ့ လာခဲ့ကာ နှစ် အတော်များများ မှာ အသင်း ရဲ့ အဓိက နောက်ခံလူ တဦး အနေနဲ့ ရပ်တည် နိုင်ခဲ့ပါတယ် ။

အက်ဇ်ပီလီကွီတာ ဟာ ချယ်လ်ဆီး အသင်း ရဲ့ ဂန္တဝင် ခံစစ်မှူးဟောင်း ဂျွန်တယ်ရီ ဆီကနေလည်း အသင်း ခေါင်းဆောင် နဲ့ ပတ်သက်တဲ့ အရည်အချင်း တွေကို သင်ယူ နိုင်ခဲ့သလို ၊ လက်ရှိ ချယ်လ်ဆီး အသင်းသား တွေ အထဲမှာလည်း အတွေ့အကြုံ အရင့်ဆုံး နောက်ခံလူ တဦး လည်း ဖြစ်ပါတယ် ။

ချယ်လ်ဆီး အသင်း ရဲ့ တရားဝင် ဝက်ဘ်ဆိုက် နဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာတော့ အက်ဇ်ပီလီကွီတာ က တယ်ရီ ဟာ သူ့ရဲ့ ချယ်လ်ဆီး ကစားသမား ဘဝ အချိန် အများစု ကို လွှမ်းမိုး ထားခဲ့ကြောင်း ၊ သူ နဲ့ အတူ လေ့ကျင့်ခွင့် ရခဲ့တာ ၊ ပညာသင်ခွင့် ရခဲ့တာ ဟာ သူ့ အတွက် အများကြီး အကျိုး ရှိစေခဲ့ကြောင်း ဆိုခဲ့ပါတယ် ။

အက်ဇ်ပီလီကွီတာ က ” ကျွန်တော့ ရဲ့ ချယ်လ်ဆီး ကစားသမား ဘဝ အချိန် အတော် များများ မှာ ဂျွန်တယ်ရီ ပါဝင် ခဲ့ပါတယ် ။ သူဟာ ချယ်လ်ဆီး အသင်း ရဲ့ အသင်း ခေါင်းဆောင် တယောက် ဖြစ်ခဲ့သလို ၊ သူ့ကို နေ့စဉ် လေ့ကျင့်ရေး အစီအစဉ် တွေမှာရော ၊ တကယ့် ပွဲစဉ် တွေမှာ မြင်တွေ့ခွင့် ရခဲ့တာ ကံကောင်းတယ် ပဲ ဆိုရပါမယ် ။ ”

” နေ့စဉ် သူ လေ့ကျင့်တဲ့ ပုံစံ တွေ ၊ ဒီ အသင်း မှာ သူ ဘယ်လို ရှင်သန် ဖြတ်သန်း နေတယ် ဆိုတာတွေ က အစ ကျွန်တော် လေ့လာခွင့် ရခဲ့ပါတယ် ။ နောက်ပြီး သူဟာ ဒီကလပ် က ကစားသမား အားလုံး အပေါ် ကြီးမားတဲ့ လွှမ်းမိုးမှု တွေ ရှိခဲ့ပါတယ် ။ ဒါတွေဟာ သူ့ဆီကနေ သင်ယူလို့ ၊ အတုယူ လို့ ရနိုင်တဲ့ အရာ တွေ ဖြစ်ပါတယ် ။ ကျွန်တော့ အတွက် ကတော့ အတော်လေး အထောက်အကူ ပေးတယ်ပဲ ဆိုရမှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

အက်ဇ်ပီလီကွီတာ ဟာ ဂျွန်တယ်ရီ အပြင် လက်ရှိ ချယ်လ်ဆီး အသင်း နည်းပြ ဖြစ်တဲ့ ဖရန့် လမ်းပတ် နဲ့ပါ အတူတူ တွဲကစားခွင့် ရခဲ့ဖူးပါတယ် ။ လက်ရှိ မှာတော့ နည်းပြ အနေနဲ့ ချယ်လ်ဆီး အသင်း ကို ရောက်လာတဲ့ လမ်းပတ် ရဲ့ နည်းစနစ် အောက် မှာ အက်ဇ်ပီလီကွီတာ ဟာ ချယ်လ်ဆီး အသင်း ကို ဦးဆောင်ခွင့် ရရှိနေပြီ ဖြစ်ပါတယ် ။

နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် နဲ့ ပတ်သက်ပြီး အက်ဇ်ပီ က ” ကျွန်တော် ဟာ ချယ်လ်ဆီး ကို စရောက် လာတုန်းက ဖရန့် ဆီကနေ အတွေ့အကြံု များစွာ ဖလှယ်ခွင့် ရခဲ့ပါတယ် ။ အခုတော့ နည်းပြ တဦး အနေနဲ့ သူ့ဆီကနေ ဆက်ပြီး လေ့လာ နေရတာပေါ့ဗျာ ။ သူ့ရဲ့ အသင်း အတွက် ပေးဆပ်မှု ၊ နိုင်ပွဲ တွေ အတွက် ဆာလောင်မှု စိတ်တွေက အရမ်း ပြင်းထန် လွန်းပါတယ် ။ သူဟာ ချန်ပီယံ တယောက်ပါ ။ ”

” ကျွန်တော် ဟာ သူ့လိုမျိုး ချန်ပီယံ စိတ်ဓာတ် တွေ မွေးမြူ နိုင်ဖို့ အမြဲ ကြိုးစား ခဲ့ပါတယ် ။ ကော့ဘ်ဟမ်း မှာ လေ့ကျင့်ရေး ဆင်းတဲ့ အချိန်တိုင်း မှာ ကျွန်တော် အကောင်းဆုံး ကြိုးစား ခဲ့ပါတယ် ။ အခု အခါမှာ ဒီကလပ် က လူတွေ အတော်များများ နဲ့ သိကျွမ်း နေပါပြီ ။ နေ့စဉ် ဘဝ မှာ ချယ်လ်ဆီး အသင်း ဟာ ကျွန်တော့ အတွက် အရေးပါလို့ နေတယ် လို့ ခံစား လာရပါတယ် ။ ”

” အသင်း ရဲ့ လေ့ကျင့်ရေးကွင်း ကို သွားရင်တောင် ဒီ အသင်း အပေါ် ချစ်တဲ့ စိတ်တွေ ရှိနေခဲ့ပါပြီ ။ ကစားခွင့် ရတဲ့ ပွဲစဉ် တွေတိုင်း မှာလည်း နိုင်ပွဲ တွေ ရရှိဖို့ ဆန္ဒ ပြင်းပြ နေပါပြီ ။ လေ့ကျင့်ရေး အစီအစဉ် တွေမှာတောင် ကျွန်တော့ရဲ့ ပေးဆပ် ပုံချင်း က အတူတူပါပဲ ။ အခုတော့ ကျွန်တော် ဟာ အသင်း ခေါင်းဆောင် အနေနဲ့ ပါဝင်ခွင့် ရနေတဲ့ ပွဲစဉ် တွေ အတွက် အတော်လေး ဂုဏ်ယူ ရပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR