မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ ကြင္းလယ္ ကစားသ မား ျဖစ္သူ ဟြမ္ မာတာ က အသင္း သားေတြ အားလံုး ကို တစ္စုတစည္း ထဲ ရွိေန ၾကဖုိ႔ ေျပာၾကား လိုက္ရင္း အသင္း ဟာ ရလဒ္ ဆုိးရြား ေန ခဲ့တဲ့ အခ်ိန္ ျပင္ပ မွာ ေပ်ာ္ရႊင္ ေနတက္ ၾကတဲ့ သူေတြ ရွိေၾကာင္း သတိေပး စကား ဆုိသြား ခဲ့လိုက္ ပါတယ္ ။

မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဟာ လြန္ခဲ့တဲ့ ဆယ္စု ႏွစ္ သံုးခု ေလာက္ အတြင္း အထူး ေအာင္ျမင္ မွဳေတြ ရရွိ ထားခဲ့ တာေၾကာင့္ ျပိဳင္ဖက္ အသင္း နဲ့ ပရိသတ္ ေတြရဲ့ ပစ္မွတ္ ထားမွဳ ကို ခံေန ခဲ့ ရျပီး က်ရွံဳး ခဲ့တဲ့ အခ်ိန္ ေတြမွာ ေလွာင္ေျပာင္ မွဳေတြ မ်ားစြာ ခံခဲ့ ရတဲ့ အသင္း ပဲ ျဖစ္ ပါတယ္ ။

လက္ရွိ အသင္း နဲ့ အသင္း ရဲ့ ပရိသတ္ ေတြ ဆီမွာ ေတာ့ ဆု ဖလား ေတြ ေအာင္ျမင္ ဆြတ္ခူး နုိင္ဖုိ့ အတြက္ ဆာေလာင္ မဳွေတြ ယခင္ အတုိင္း ရွိေန ၾကေသး ေပမယ့္ အိုးလ္ ထရပ္ဖုိဒ္ ရဲ့ ျပင္ပ မွာေတာ့ အခ်ိဳ့ အေန အထား ေတြက မေျပာင္းလဲ ပဲ ရွိေန ခဲ့ရ ပါတယ္ ။

 

ဒါ့ေၾကာင့္ ယူနုိက္တက္ ကြင္းလယ္ ကစားသမား ျဖစ္တဲ့ ဟြမ္ မာတာ က အသင္းေဖာ္ ေတြ အေန နဲ့ အျခားသူ ေတြရဲ့ ကဲ့ရဲ့ မွဳ ေတြကို စိတ္ဓါတ္ ခြန္အား အျဖစ္ ေျပာင္းလဲျပီး ေပါက္ကြဲ လိုက္ဖုိ႔ ၊ ပရိသတ္ ေတြ ျမင္ေတြ့ လိုတဲ့ ရလဒ္ ေတြ ရရွိ ေအာင္ စုေပါင္း တုိက္ပြဲဝင္ ၾကဖုိ႔ တုိက္တြန္း ႏွိဳးေဆာ္ သြားခဲ့ တာပဲ ျဖစ္ပါတယ္ ။

” က်ြန္ေတာ္ ေျပာခ်င္တာ ကေတာ့ က်ြန္ေတာ္ တုိ့ အတြက္ သူတုိ့ (ပရိတတ္) ေတြ အျမဲတမ္း ေပးခဲ့ ၾကတဲ့ အရာ ေတြက ၾကီးက်ယ္ ခမ္းနား လြန္းလွ ပါတယ္ ”

” ဒါ့ေၾကာင့္ သူတုိ႔ နဲ့ ထုိက္တန္ ၾကတဲ့ ရလဒ္ ေတြ ထြက္ေပၚ မလာတဲ့ အခါ သူတုိ့ ေပါက္ကြဲ ၾကတာ ေတြကို က်ြန္ေတာ္ တုိ့ သိရွိ နားလည္ ၾက ပါတယ္ ။ အဲ့တာ ေတြ အတြက္ က်ြန္ေတာ္ တစ္ကယ္ ပဲ ဝမ္းနည္း ခံစား ရ ပါတယ္ ။ ဒါေပမယ့္ က်ြန္ေတာ္ တစ္ေယာက္ တည္း ဘာေတြ လုပ္ေပး နုိင္ မလဲ ၊ အသင္း အဖြဲ့ တစ္ခု အေန နဲ့ အေကာင္းဆံုး ျဖစ္ေအာင္ ဘာေတြ လုပ္ေပး နုိင္ မလဲ ။ ပရိသတ္ ေတြလည္း ဒါကို သိရွိ နားလည္ ၾက ပါတယ္ ”

” ရလဒ္ ေကာင္း တစ္ခု ထြက္ေပၚ လာနုိင္ေရး ထက္ စာရင္ သူတုိ့ ေတြက အသင္း ရဲ့ ကစားသမား ေတြဟာ အစြမ္းကုန္ ကစား ေပးၾက သလား ၊ စြမ္းနုိင္ သမ်ွ ၾကိဳးစား အားထုတ္ ၾက သလား ဆုိတာ ကို အေလး ထားတက္ ၾက ပါတယ္ ။ ဒါ့ေၾကာင့္ အဲ့တာ ေတြ လုပ္ျပ နုိင္ဖုိ႔ က်ြန္ေတာ္ တုိ့ ၾကိဳးစား အားထုတ္ ေနၾက ပါတယ္ ”

” က်ြန္ေတာ္ တုိ့ လုိခ်င္ ေနတဲ့ အရာ ေတြကုိ ရရွိ နုိင္ဖုိ့ ဆုိရင္ က်ြန္ေတာ္ တုိ့ အားလံုး တစ္စု တစည္း ထဲ ရွိေန ၾကဖုိ့ လုိအပ္ ပါတယ္ ။ မန္ေနဂ်ာ ၊ ကစားသမား ေတြနဲ့ ပရိသတ္ ေတြေပါ့ ။ ဘာျဖစ္လို့လဲ ဆုိေတာ့ ယူနုိက္တက္ အသင္း သာ အနုိင္ ရလဒ္ မရရင္ ျပင္ပမွာ ေပ်ာ္ရႊင္ ေနတက္ ၾကတဲ့ သူေတြ မ်ားျပား လြန္းလို့ ပါပဲ ။ ဒါ့ေၾကာင့္ က်ြန္ေတာ္ တုိ့ အားလံုး တစ္စုတစည္း ထဲ ရွိေန ၾကဖုိ႔ အထူး လိုအပ္ ပါတယ္ ” လို့ မာတာ က ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

ယူနုိက္တက္ အသင္း ဟာ ဒီ ရာသီ ေလးပြဲ ကစား ထားခဲ့ ျပီး အမ်ားဆံုး ရရွိ နုိင္ေျခ ရွိတဲ့ ရမွတ္ 12 မွတ္ ထဲက 5 မွတ္သာ ရယူ ထားနုိင္ ခဲ့ ပါတယ္ ။ ယူနုိက္တက္ ဟာ ရာသီ အဖြင့္ ပြဲစဥ္ အျဖစ္ ခ်ဲလ္ဆီး နဲ့ ရင္ဆုိင္ ခဲ့တဲ့ ပြဲစဥ္ မွာသာ အမွတ္ျပည့္ ရယူ နုိင္ခဲ့ ျပီး ႏွစ္ပြဲ သေရ ၊ တစ္ပြဲ ရွံဳး ရလဒ္ ေတြသာ ဆက္လက္ ပိုင္ဆုိင္ ထားခဲ့ ပါတယ္ ။

” က်ြန္ေတာ္ တုိ့ေတြ ဟာ ရာသီ သစ္ကို တစ္ကယ္ ပဲ ေကာင္းမြန္စြာ ဖြင့္လွစ္ ထားနုိင္ခဲ့ ၾက ပါတယ္ ။ အဲ့ဒီေနာက္ ခက္ခဲ လွတဲ့ အေဝးကြင္း ပြဲစဥ္ ႏွစ္ပဲြ ကစား ခဲ့ရ ျပီး ပိုေကာင္း တဲ့ ရလဒ္ ပိုင္ဆုိင္ နုုိင္ခဲ့ သင့္တယ္ ။ ဒါေပမယ့္ ေဘာလံုး အား ကစား မွာ ထုိက္တန္ တယ္ ဆုိတဲ့ စကား လံုးက လံုေလာက္ မွဳေတာ့ မရွိ ပါဘူး ”

” က်ြန္ေတာ္ တုိ့ ေတြဟာ ထုိက္တန္ တဲ့ ရလဒ္ ရရွိ နုိင္ဖို႔ ထိုက္တန္ တဲ့ ေျခစြမ္း ေတြ ျပသ သြားမယ္ ဆိုရင္ ထုိက္တန္ တဲ့ အေျဖ တစ္ခု ကိုပဲ ရာသီ အကုန္ မွာ ပိုင္ဆုိင္ သြားၾက မွာပါ ။ က်ြန္ေတာ္ ကေတာ့ အဲ့ဒီ လိုပဲ ေတြးေတာ ပါတယ္ ”

” ေဆာက္သမ္တန္ နဲ့ ကစား ခဲ့တဲ့ ပြဲစဥ္ မွာ ဆုိရင္ က်ြန္ေတာ္ တုိ့ ေတြဟာ ပြဲစဥ္ ကို ေစာစီးစြာ အဆံုးသတ္ နုိင္ခဲ့ သင့္ ပါတယ္ ။ ခရစၥတယ္ ပဲေလ့စ္ နဲ့ ပြဲစဥ္ ဟာလည္း အတူတူ ပါပဲ ။ က်ြန္ေတာ္ တုိ့ ဒီလို ပြဲစဥ္ ေတြကို အဆံုးရွံဳး ခံလို့ မရနုိင္ ပါဘူး ။ က်ြန္ေတာ္ တုိ့ တုိးတက္ ၾကဖုိ့ လိုအပ္ ေန ပါတယ္ ” လို့ မာတာ က အဆံုးသတ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

#Sports_Myanmar

Unicode

” ယူနိုက်တက်တို့ မနိုုင်တဲ့အခါ လူတွေ ပျော်ရွှင် နေတက်ကြတယ် ” လို့ ဖွင့်ပြောရင်း အသင်းဖော် တွေကို သတိပေးသွားတဲ့ #ဟွမ်မာတာ

=================

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် ကစားသ မား ဖြစ်သူ ဟွမ် မာတာ က အသင်း သားတွေ အားလုံး ကို တစ်စုတစည်း ထဲ ရှိနေ ကြဖို့ ပြောကြား လိုက်ရင်း အသင်း ဟာ ရလဒ် ဆိုးရွား နေ ခဲ့တဲ့ အချိန် ပြင်ပ မှာ ပျော်ရွှင် နေတက် ကြတဲ့ သူတွေ ရှိကြောင်း သတိပေး စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ လွန်ခဲ့တဲ့ ဆယ်စု နှစ် သုံးခု လောက် အတွင်း အထူး အောင်မြင် မှုတွေ ရရှိ ထားခဲ့ တာကြောင့် ပြိုင်ဖက် အသင်း နဲ့ ပရိသတ် တွေရဲ့ ပစ်မှတ် ထားမှု ကို ခံနေ ခဲ့ ရပြီး ကျရှုံး ခဲ့တဲ့ အချိန် တွေမှာ လှောင်ပြောင် မှုတွေ များစွာ ခံခဲ့ ရတဲ့ အသင်း ပဲ ဖြစ် ပါတယ် ။

လက်ရှိ အသင်း နဲ့ အသင်း ရဲ့ ပရိသတ် တွေ ဆီမှာ တော့ ဆု ဖလား တွေ အောင်မြင် ဆွတ်ခူး နိုင်ဖို့ အတွက် ဆာလောင် မုှတွေ ယခင် အတိုင်း ရှိနေ ကြသေး ပေမယ့် အိုးလ် ထရပ်ဖိုဒ် ရဲ့ ပြင်ပ မှာတော့ အချို့ အနေ အထား တွေက မပြောင်းလဲ ပဲ ရှိနေ ခဲ့ရ ပါတယ် ။

ဒါ့ကြောင့် ယူနိုက်တက် ကွင်းလယ် ကစားသမား ဖြစ်တဲ့ ဟွမ် မာတာ က အသင်းဖော် တွေ အနေ နဲ့ အခြားသူ တွေရဲ့ ကဲ့ရဲ့ မှု တွေကို စိတ်ဓါတ် ခွန်အား အဖြစ် ပြောင်းလဲပြီး ပေါက်ကွဲ လိုက်ဖို့ ၊ ပရိသတ် တွေ မြင်တွေ့ လိုတဲ့ ရလဒ် တွေ ရရှိ အောင် စုပေါင်း တိုက်ပွဲဝင် ကြဖို့ တိုက်တွန်း နှိုးဆော် သွားခဲ့ တာပဲ ဖြစ်ပါတယ် ။

” ကျွန်တော် ပြောချင်တာ ကတော့ ကျွန်တော် တို့ အတွက် သူတို့ (ပရိတတ်) တွေ အမြဲတမ်း ပေးခဲ့ ကြတဲ့ အရာ တွေက ကြီးကျယ် ခမ်းနား လွန်းလှ ပါတယ် ”

” ဒါ့ကြောင့် သူတို့ နဲ့ ထိုက်တန် ကြတဲ့ ရလဒ် တွေ ထွက်ပေါ် မလာတဲ့ အခါ သူတို့ ပေါက်ကွဲ ကြတာ တွေကို ကျွန်တော် တို့ သိရှိ နားလည် ကြ ပါတယ် ။ အဲ့တာ တွေ အတွက် ကျွန်တော် တစ်ကယ် ပဲ ဝမ်းနည်း ခံစား ရ ပါတယ် ။ ဒါပေမယ့် ကျွန်တော် တစ်ယောက် တည်း ဘာတွေ လုပ်ပေး နိုင် မလဲ ၊ အသင်း အဖွဲ့ တစ်ခု အနေ နဲ့ အကောင်းဆုံး ဖြစ်အောင် ဘာတွေ လုပ်ပေး နိုင် မလဲ ။ ပရိသတ် တွေလည်း ဒါကို သိရှိ နားလည် ကြ ပါတယ် ”

” ရလဒ် ကောင်း တစ်ခု ထွက်ပေါ် လာနိုင်ရေး ထက် စာရင် သူတို့ တွေက အသင်း ရဲ့ ကစားသမား တွေဟာ အစွမ်းကုန် ကစား ပေးကြ သလား ၊ စွမ်းနိုင် သမျှ ကြိုးစား အားထုတ် ကြ သလား ဆိုတာ ကို အလေး ထားတက် ကြ ပါတယ် ။ ဒါ့ကြောင့် အဲ့တာ တွေ လုပ်ပြ နိုင်ဖို့ ကျွန်တော် တို့ ကြိုးစား အားထုတ် နေကြ ပါတယ် ”

” ကျွန်တော် တို့ လိုချင် နေတဲ့ အရာ တွေကို ရရှိ နိုင်ဖို့ ဆိုရင် ကျွန်တော် တို့ အားလုံး တစ်စု တစည်း ထဲ ရှိနေ ကြဖို့ လိုအပ် ပါတယ် ။ မန်နေဂျာ ၊ ကစားသမား တွေနဲ့ ပရိသတ် တွေပေါ့ ။ ဘာဖြစ်လို့လဲ ဆိုတော့ ယူနိုက်တက် အသင်း သာ အနိုင် ရလဒ် မရရင် ပြင်ပမှာ ပျော်ရွှင် နေတက် ကြတဲ့ သူတွေ များပြား လွန်းလို့ ပါပဲ ။ ဒါ့ကြောင့် ကျွန်တော် တို့ အားလုံး တစ်စုတစည်း ထဲ ရှိနေ ကြဖို့ အထူး လိုအပ် ပါတယ် ” လို့ မာတာ က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ယူနိုက်တက် အသင်း ဟာ ဒီ ရာသီ လေးပွဲ ကစား ထားခဲ့ ပြီး အများဆုံး ရရှိ နိုင်ခြေ ရှိတဲ့ ရမှတ် 12 မှတ် ထဲက 5 မှတ်သာ ရယူ ထားနိုင် ခဲ့ ပါတယ် ။ ယူနိုက်တက် ဟာ ရာသီ အဖွင့် ပွဲစဉ် အဖြစ် ချဲလ်ဆီး နဲ့ ရင်ဆိုင် ခဲ့တဲ့ ပွဲစဉ် မှာသာ အမှတ်ပြည့် ရယူ နိုင်ခဲ့ ပြီး နှစ်ပွဲ သရေ ၊ တစ်ပွဲ ရှံုး ရလဒ် တွေသာ ဆက်လက် ပိုင်ဆိုင် ထားခဲ့ ပါတယ် ။

” ကျွန်တော် တို့တွေ ဟာ ရာသီ သစ်ကို တစ်ကယ် ပဲ ကောင်းမွန်စွာ ဖွင့်လှစ် ထားနိုင်ခဲ့ ကြ ပါတယ် ။ အဲ့ဒီနောက် ခက်ခဲ လှတဲ့ အဝေးကွင်း ပွဲစဉ် နှစ်ပွဲ ကစား ခဲ့ရ ပြီး ပိုကောင်း တဲ့ ရလဒ် ပိုင်ဆိုင် နုုိင်ခဲ့ သင့်တယ် ။ ဒါပေမယ့် ဘောလုံး အား ကစား မှာ ထိုက်တန် တယ် ဆိုတဲ့ စကား လုံးက လုံလောက် မှုတော့ မရှိ ပါဘူး ”

” ကျွန်တော် တို့ တွေဟာ ထိုက်တန် တဲ့ ရလဒ် ရရှိ နိုင်ဖို့ ထိုက်တန် တဲ့ ခြေစွမ်း တွေ ပြသ သွားမယ် ဆိုရင် ထိုက်တန် တဲ့ အဖြေ တစ်ခု ကိုပဲ ရာသီ အကုန် မှာ ပိုင်ဆိုင် သွားကြ မှာပါ ။ ကျွန်တော် ကတော့ အဲ့ဒီ လိုပဲ တွေးတော ပါတယ် ”

” ဆောက်သမ်တန် နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် မှာ ဆိုရင် ကျွန်တော် တို့ တွေဟာ ပွဲစဉ် ကို စောစီးစွာ အဆုံးသတ် နိုင်ခဲ့ သင့် ပါတယ် ။ ခရစ္စတယ် ပဲလေ့စ် နဲ့ ပွဲစဉ် ဟာလည်း အတူတူ ပါပဲ ။ ကျွန်တော် တို့ ဒီလို ပွဲစဉ် တွေကို အဆုံးရှံုး ခံလို့ မရနိုင် ပါဘူး ။ ကျွန်တော် တို့ တိုးတက် ကြဖို့ လိုအပ် နေ ပါတယ် ” လို့ မာတာ က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar