နိုင်ငံတကာ ပွဲစဉ် တွေ ဝင်ရောက် လာတဲ့ အချိန် မတိုင်မီ မန်ချက်စတာ ယူနိုက်တက် အသင်း မှ အားထား ရတဲ့ ကစားသမားတွေ ဖြစ်ကြ တဲ့ ပေါလ် ပေါ့ဂ်ဘာ ၊ အန်သိုနီ မာရှယ် နဲ့ လုခ်ရှော တို့ဟာ ဒဏ်ရာ ပြသနာ တွေ ကိုယ်စီ ကြုံတွေ့ ခဲ့ကြ ပါ သေးတယ် ။

 

နိုင်ငံတကာ ပွဲစဉ် တွေ စတင် လိုက်တဲ့ အခါ မှာတော့ ယူနိုက်တက် အသင်း ရဲ့ အင်္ဂလန် လက်ရွေးစင်ကစားသ မား တွေ ဖြစ်ကြ တဲ့ အာရွန် ဝမ် ဘစ်ဆာကာ နဲ့ ဂျက်စီ လင်ဂတ် တို့ ဟာလည်း ဒဏ်ရာ ပြသနာ တွေ ကိုယ်စီ ကြုံတွေ့ ခဲ့ကြ ရ ပါတယ် ။

အခု တစ်ပါတ် အမှတ်ပေး ဖလား ပွဲစဉ် တွေ ပြန်လည် စတင် လာတဲ့ အချိန် မှာတော့ ရလဒ် တွေ ဆိုးရွား နေ ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပရီးမီးယား လိဂ် ပွဲစဉ် 5 အဖြစ် ဒီ ရာသီ ရှုံးပွဲ မရှိ သေးတဲ့ လက်စတာ စီးတီး အသင်း နဲ့ ရင်ဆိုင် ကစား သွား ရဖို့ ရှိနေ ပါတယ် ။

အဆိုပါ ပွဲစဉ် မတိုင်မီ ပွဲ အကြို သတင်းစာ ရှင်းလင်းပွဲ မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား က ကစားသမား တွေရဲ့ ဒဏ်ရာ အနေ အထား ဘယ်လို ရှိ နေပြီ လဲ ဆိုတာ ကို ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

 

” ဟုတ်ပါတယ် ၊ ကုသ မှု ခံယူ နေတဲ့ ခန်းမ တွေ ထဲမှာ အားလုံး အလုပ် တွေ ရှုပ်နေ ကြ ပါတယ် ။ သူတို့ အခု ထက်ထိ အလုပ် တွေ များ နေဆဲ ပါပဲ ။ ဒါ့ကြောင့် နောက် တစ်ပွဲ မှာ ဘယ်သူ တွေကို ပွဲ ကစား ဖို့ ဝင်လာ နိုင် မလဲ ဆိုတာ ကျွန်တော် တို့ တစ်ကယ် မသိ နိုင်သေး ပါဘူး ”

” အာရွန် ဝမ် ဘစ်ဆာကာ နဲ့ ဂျက်စီ လင်ဂတ် တို့ ကတော့ အဆင်ပြေ နိုင် လောက်မယ် လို့ ကျွန်တော် ထင် ပါတယ် ။ သူတို့ နိုင်ငံ့ အသင်းဆီ သွားရောက် ခဲ့ တုန်းက ဒဏ်ရာ ရရှိခဲ့ ကြတာ ပါ ။ ဒါပေမယ့် သူတို့ သေချာပေါက် ပါဝင် နိုင်လိမ့်မယ် လို့တော့ ကျွန်တော် ကတိ မပြုနိုင် သေး ပါဘူး ”

” လက်စတာ ဆိုတာ အသင်း တစ်သင်း အနေ နဲ့ တစ်ကယ် ပဲ ရင်ဆိုင် ရ ခက်ခဲ တဲ့ အသင်း တစ်ခု ပါ ။ သူတို့ တွေဟာ ထိပ်သီး လေးသင်း စာရင်း ထဲ ဝင်ရောက် နိုင်ဖို့ အတွက် ကြိုးစား အားထုတ် နေကြ တဲ့ အသင်း လေ ။ သူတို့ အသင်း မှာ ကစား သမား ကောင်းတွေ ရှိ နေကြ သလို နည်းပြ ကောင်း တစ်ဦး ကိုလည်း ပိုင်ဆိုင် ထားကြ ပါတယ် ”

” ဘရန်ဒန် ရော်ဂျာ ဦးဆောင် တဲ့ အသင်း ဟာ ဘောလုံး ကို အမြဲ ကောင်းမွန်စွာ ကစား နိုင် ပါတယ် ။ ဒါ့ကြောင့် ကျွန်တော် တို့ အသင်း ဟာ အနိုင် သုံးမှတ် သေချာ စေဖို့ အတွက် တစ်ကယ့် ကို ကောင်းမွန်စွာ ကစား ပြ နိုင်ဖို့ လိုအပ် လှ ပါတယ် ”

” ပေါ့ဂ်ဘာ ကတော့ ကြံ့ခိုင်မှု ပြည့်ဝ နိုင်ဦးမှာ မဟုတ်သေး ပါဘူး ။ သူဟာ မနေ့ ကနေ ဒီနေ့ အထိ အံ့ဖွယ် ကုသ မှုတွေ ခံယူ ခဲ့ရ သလို ဒီနေ့ ကနေ မနက်ဖြန် ကြားထဲ မှာလည်း ကုသ မှုတွေ ခံယူ သွားဖို့ လိုအပ် နေ ပါတယ် ။ သူဟာ လေ့ကျင့်ရေး အစီအစဉ် ကိုတောင် 100% အပြည့် လုပ်ဆောင် နိုင်ဖို့ အဆင်သင့် မဖြစ်သေး ပါဘူး ”

” ကျွန်တော် တို့ အနေ နဲ့တော့ ဝက်စ်ဟမ်း နဲ့ ကစား ရမယ့် ပွဲစဉ် မှာ ကစားသမား တွေ များစွာ အဆင်သင့် ဖြစ် နိုင်ဖို့ အတွက် မျှော်လင့် ထားကြ ပါတယ် ။ ပေါလ် နဲ့ အန်သိုနီ တို့က အဲ့ဒီ ပွဲမှာ ပါဝင် နိုင်လောက် ပါတယ် ။ သူတို့ တွေ အဲ့ဒီ ပွဲစဉ် မှာ ပါဝင် နိုင်ခြေ ရှိနေ တယ် ဆိုတာ က လွဲပြီး ကျွန်တော် လည်း ဒီထက် ပို သေချာ တဲ့ တစ်စုံတရာ ကို ကျွန်တော် လည်း မပြောနိုင် သေး ပါဘူး ” လို့ ဆိုးလ်ရှား က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar