မန္ခ်က္စတာ ယူႏုိက္တက္ နည္းျပေဟာင္း ဟုိေဆး ေမာ္ရင္ညိဳ က ပရီးမီးယားလိဂ္ ဖလား အတြက္ ေရပန္းအစားဆံုး အသင္းေတြ ျဖစ္ၾကတဲ့ မန္ခ်က္စတာစီးတီး နဲ႕ လီဗာပူး တုိ႕ရဲ႕ ကန္႕လန္႕ကာ ေနာက္ကြယ္က အသင္းရဲ႕ ဖြဲ႕စည္းပံု ေတြဟာ အဂၤလန္ မွာ ဘယ္အသင္းမွာ လိုက္မမွီ ဘူးလို႕ ယံုၾကည္ ေနပါတယ္။

 

မန္စီးတီး နဲ႕ လီဗာပူး အသင္း တုိ႕ဟာ ျပီးခဲ့တဲ့ ရာသီ တုန္းက သမုိင္း တစ္ေလွ်ာက္ ျပိဳင္ဆုိင္မွဳ အျပင္းထန္ဆံုး Title race ကို ဆင္ႏႊဲ ခဲ့ၾကျပီး ၎တုိ႕ရဲ႕ အမွတ္ေပး ဖလား အတြက္ ျပိဳင္ဆုိင္မွဳဟာ ပြဲစဥ္ ၃၈ အထိ အၾကိတ္အနယ္ ျဖစ္ခဲ့ကာ ေနာက္ဆံုး မွာေတာ့ ပက္ဂြာဒီယုိလာ ရဲ႕ အသင္းဟာ ရမွတ္ ၉၈ မွတ္နဲ႕ ယာဂန္ကေလာ့ ရဲ႕ အသင္းထက္ ရမွတ္ ၁ မွတ္ ပိုသာ ခဲ့ကာ ၂ ရာသီဆက္တုိက္ ေအာင္ပြဲခံ ႏုိင္ခဲ့ ပါတယ္။

ဒီရာသီမွာလည္း ၎တုိ႕ရဲ႕ ျပင္းထန္တဲ့ ျပိဳင္ဆုိင္မွဳကို ဆက္လက္ ျမင္ေတြ႕ ေနရျပီး ရာသီ အစ ေျခစြမ္းေတြ အရ ဒီရာသီ ပရီးမီးယားလိဂ္ အမွတ္ေပး ဖလား ဟာ လီဗာပူး နဲ႕ မန္စီးတီး တုိ႕ၾကား ေနာက္တစ္ၾကိမ္ အဓိက ျပိဳင္ဆုိင္ သြားရမယ့္ ပံုစံ ျဖစ္ေနျပီး လီဗာပူး ဟာ လက္ရွိ ပြဲစဥ္ ၄ အျပီးမွာ မန္စီးတီး ကို ၂ မွတ္ ျဖတ္ကာ ထိပ္ဆံုးကေန ဦးေဆာင္ ေနပါတယ္။

ခ်ဲလ္ဆီး နဲ႕ မန္ယူႏုိက္တက္ နည္းျပေဟာင္း ျဖစ္သူ ေမာ္ရင္ညိဳ ကေတာ့ အဆိုပါ ႏွစ္သင္းစလံုး ရဲ႕ကန္႕လန္႕ကာ ေနာက္ကြယ္က အသင္း ဖြဲ႕စည္း တည္ေဆာက္ပံု ေတြဟာ အျခား အဂၤလန္ ျပိဳင္ဘက္ ေတြထက္ ေခါင္းတစ္လံုး ပုိသာ ေနတယ္လို႕ ယံုၾကည္ ေနပါတယ္။

ေမာ္ရင္ညိဳ က “ကၽြန္ေတာ္ ကေတာ့ ဒီကလပ္ ေတြရဲ႕ ဖြဲ႕စည္း တည္ေဆာက္ပံုေၾကာင့္လို႕ ထင္ပါတယ္။ ဥပမာ အေနနဲ႕ ခင္ဗ်ားတုိ႕ စီးတီးကို ၾကည့္လိုက္ပါ။ အသင္းပိုင္ရွင္ ၊ ဖာ၇န္ ဆုိရီယာႏုိ (chief executive) ၊ ဘစ္ဂီရီစတိန္း (ေဘာလံုး ဒါရုိက္တာ) ၊ ပက္ဂြာဒီယုိလာ ၊ ပက္ရဲ႕ ၀န္ထမ္းေတြ နဲ႕ ျပီးေတာ့ ကစားသမား ေတြနဲ႕ ဖြဲ႕စည္း ထားပါတယ္။ ဒါကို ၾကည့္ရတာ သဟဇာတ ျဖစ္ေနတယ္ ၊ စည္းလံုး ညီညႊတ္ ေနတယ္ ၊ တစ္ဦးရဲ႕ အျမင္ကို တစ္ဦးက ေကာင္းေကာင္း နားလည္ ေနတယ္။ ျပီးေတာ့ သူတုိ႕မွာ အရည္အေသြး ရွိျပီး ၊ တူညီတဲ့ စီမံကိန္း နဲ႕ တူညီတဲ့ အုိင္ဒီယာ ေတြကို အတူတကြ အားထုတ္ ၾကပါတယ္။

လီဗာပူး လား ? ယာဂန္ကေလာ့ဟာ ေကာင္းမြန္တဲ့ အေနအထား မွာ ရွိေနတယ္လို႕ ကၽြန္ေတာ္ ထင္ပါတယ္။ သူဟာ အရမ္းကို တည္တည္ျငိမ္ျငိမ္ ျဖစ္ေန ပါတယ္။ သူဟာ သူ႕ရဲ႕ အပိုင္းကို ေကာင္းေကာင္း ထိန္းထား ႏုိင္တယ္လို႕ ကၽြန္ေတာ္ ယူဆ ပါတယ္။ သူ႕ကို အျမင္တူတဲ့ သူေတြ ကလပ္ရဲ႕ ဖြဲ႕စည္းပံု ေတြက ေထာက္ပ့ံ ေပးထား ပါတယ္။

အုိေကပါ။ ပက္ဟာ အရမ္းကို ေတာ္တဲ့ နည္းျပပါ။ ယာဂန္ ကလည္း အရမ္း ထူးခၽြန္တဲ့ နည္းျပပါ။ အကယ္၍ မနက္ျဖန္ သူတုိ႕ ထဲက တစ္ဦး အသင္းကေန ထြက္ခြာျပီး ေနာက္ထပ္ ထိပ္တန္း နည္းျပ တစ္ဦး ၀င္ေရာက္လာခဲ့မယ္ ဆုိရင္..အမွန္ပါပဲ။ ၀င္လာမယ့္ နည္းျပဟာ သူတုိ႕လုိပဲ ထိပ္တန္း နည္းျပ တစ္ဦးေတာ့ ျဖစ္ေန ရပါမယ္။ ကၽြန္ေတာ့္ အျမင့္ ကေတာ့ အသင္းဟာ ဒီလို အဆင့္မွာ ဆက္ရွိ ေနဦးမယ္လို႕ ကၽြန္ေတာ္ ထင္ပါတယ္။ ကၽြန္ေတာ့္ အျမင္ကေတာ့ ဒီလိုမ်ိဳး စြမ္းေဆာင္ရည္ ေတြရဲ႕ အေျခခံဟာ ဒီက လာတာ ပါပဲ။” လို႕ ဆုိသြား ပါတယ္။

လက္ရွိမွာ အမွတ္ေပးဇယား ထိပ္မွာ ရာႏွဳန္းျပည့္ ႏုိင္ပြဲနဲ႕ ခရီးဆက္ ေနတဲ့ လီဗာပူးဟာ မနက္ျဖန္ မွာေတာ့ နယူးကာဆယ္ ကို အိမ္ကြင္းမွာ လက္ခံ ယွဥ္ျပိဳင္ ကစား ရမွာ ျဖစ္ျပီး ၎တုိ႕ရဲ႕ ကလပ္ စံခ်ိန္ ၁၃ ပြဲဆက္ အႏုိင္ကုိ ဆက္လက္ တုိးျမွင့္ သြားဖို႕ ရည္မွန္း ေနသလို မန္စီးတီး ကေတာ့ တန္းတက္ ေနာ့၀ွစ္ ကို အေ၀းကြင္းမွာ သြားကစားကာ လီဗာပူးကို အနီးကပ္ ဖိအား ေပးဖို႕ ရည္ရြယ္ ေနပါတယ္။

SM

Unicode

မန်စီးတီး နဲ့ လီဗာပူးတို့ အခြား အသင်းတွေထက် ဘာကြောင့် ခေါင်းတစ်လုံး ပိုသာနေသလဲ ဆိုတာ ရှင်းပြလိုက်တဲ့ ဟိုဆေးမော်ရင်ညို

မန်ချက်စတာ ယူနိုက်တက် နည်းပြဟောင်း ဟိုဆေး မော်ရင်ညို က ပရီးမီးယားလိဂ် ဖလား အတွက် ရေပန်းအစားဆုံး အသင်းတွေ ဖြစ်ကြတဲ့ မန်ချက်စတာစီးတီး နဲ့ လီဗာပူး တို့ရဲ့ ကန့်လန့်ကာ နောက်ကွယ်က အသင်းရဲ့ ဖွဲ့စည်းပုံ တွေဟာ အင်္ဂလန် မှာ ဘယ်အသင်းမှာ လိုက်မမှီ ဘူးလို့ ယုံကြည် နေပါတယ်။

မန်စီးတီး နဲ့ လီဗာပူး အသင်း တို့ဟာ ပြီးခဲ့တဲ့ ရာသီ တုန်းက သမိုင်း တစ်လျှောက် ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး Title race ကို ဆင်နွှဲ ခဲ့ကြပြီး ၎င်းတို့ရဲ့ အမှတ်ပေး ဖလား အတွက် ပြိုင်ဆိုင်မှုဟာ ပွဲစဉ် ၃၈ အထိ အကြိတ်အနယ် ဖြစ်ခဲ့ကာ နောက်ဆုံး မှာတော့ ပက်ဂွာဒီယိုလာ ရဲ့ အသင်းဟာ ရမှတ် ၉၈ မှတ်နဲ့ ယာဂန်ကလော့ ရဲ့ အသင်းထက် ရမှတ် ၁ မှတ် ပိုသာ ခဲ့ကာ ၂ ရာသီဆက်တိုက် အောင်ပွဲခံ နိုင်ခဲ့ ပါတယ်။

ဒီရာသီမှာလည်း ၎င်းတို့ရဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုကို ဆက်လက် မြင်တွေ့ နေရပြီး ရာသီ အစ ခြေစွမ်းတွေ အရ ဒီရာသီ ပရီးမီးယားလိဂ် အမှတ်ပေး ဖလား ဟာ လီဗာပူး နဲ့ မန်စီးတီး တို့ကြား နောက်တစ်ကြိမ် အဓိက ပြိုင်ဆိုင် သွားရမယ့် ပုံစံ ဖြစ်နေပြီး လီဗာပူး ဟာ လက်ရှိ ပွဲစဉ် ၄ အပြီးမှာ မန်စီးတီး ကို ၂ မှတ် ဖြတ်ကာ ထိပ်ဆုံးကနေ ဦးဆောင် နေပါတယ်။

ချဲလ်ဆီး နဲ့ မန်ယူနိုက်တက် နည်းပြဟောင်း ဖြစ်သူ မော်ရင်ညို ကတော့ အဆိုပါ နှစ်သင်းစလုံး ရဲ့ ကန့်လန့်ကာ နောက်ကွယ်က အသင်း ဖွဲ့စည်း တည်ဆောက်ပုံ တွေဟာ အခြား အင်္ဂလန် ပြိုင်ဘက် တွေထက် ခေါင်းတစ်လုံး ပိုသာ နေတယ်လို့ ယုံကြည် နေပါတယ်။

မော်ရင်ညို က “ကျွန်တော် ကတော့ ဒီကလပ် တွေရဲ့ ဖွဲ့စည်း တည်ဆောက်ပုံကြောင့်လို့ ထင်ပါတယ်။ ဥပမာ အနေနဲ့ ခင်ဗျားတို့ စီးတီးကို ကြည့်လိုက်ပါ။ အသင်းပိုင်ရှင် ၊ ဖာရန် ဆိုရီယာနို (chief executive) ၊ ဘစ်ဂီရီစတိန်း (ဘောလုံး ဒါရိုက်တာ) ၊ ပက်ဂွာဒီယိုလာ ၊ ပက်ရဲ့ ၀န်ထမ်းတွေ နဲ့ ပြီးတော့ ကစားသမား တွေနဲ့ ဖွဲ့စည်း ထားပါတယ်။ ဒါကို ကြည့်ရတာ သဟဇာတ ဖြစ်နေတယ် ၊ စည်းလုံး ညီညွှတ် နေတယ် ၊ တစ်ဦးရဲ့ အမြင်ကို တစ်ဦးက ကောင်းကောင်း နားလည် နေတယ်။ ပြီးတော့ သူတို့မှာ အရည်အသွေး ရှိပြီး ၊ တူညီတဲ့ စီမံကိန်း နဲ့ တူညီတဲ့ အိုင်ဒီယာ တွေကို အတူတကွ အားထုတ် ကြပါတယ်။

လီဗာပူး လား ? ယာဂန်ကလော့ဟာ ကောင်းမွန်တဲ့ အနေအထား မှာ ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူဟာ အရမ်းကို တည်တည်ငြိမ်ငြိမ် ဖြစ်နေ ပါတယ်။ သူဟာ သူ့ရဲ့ အပိုင်းကို ကောင်းကောင်း ထိန်းထား နိုင်တယ်လို့ ကျွန်တော် ယူဆ ပါတယ်။ သူ့ကို အမြင်တူတဲ့ သူတွေ ကလပ်ရဲ့ ဖွဲ့စည်းပုံ တွေက ထောက်ပ့ံ ပေးထား ပါတယ်။

အိုကေပါ။ ပက်ဟာ အရမ်းကို တော်တဲ့ နည်းပြပါ။ ယာဂန် ကလည်း အရမ်း ထူးချွန်တဲ့ နည်းပြပါ။ အကယ်၍ မနက်ဖြန် သူတို့ ထဲက တစ်ဦး အသင်းကနေ ထွက်ခွာပြီး နောက်ထပ် ထိပ်တန်း နည်းပြ တစ်ဦး ၀င်ရောက်လာခဲ့မယ် ဆိုရင်..အမှန်ပါပဲ။ ၀င်လာမယ့် နည်းပြဟာ သူတို့လိုပဲ ထိပ်တန်း နည်းပြ တစ်ဦးတော့ ဖြစ်နေ ရပါမယ်။ ကျွန်တော့် အမြင့် ကတော့ အသင်းဟာ ဒီလို အဆင့်မှာ ဆက်ရှိ နေဦးမယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော့် အမြင်ကတော့ ဒီလိုမျိုး စွမ်းဆောင်ရည် တွေရဲ့ အခြေခံဟာ ဒီက လာတာ ပါပဲ။” လို့ ဆိုသွား ပါတယ်။

လက်ရှိမှာ အမှတ်ပေးဇယား ထိပ်မှာ ရာနှုန်းပြည့် နိုင်ပွဲနဲ့ ခရီးဆက် နေတဲ့ လီဗာပူးဟာ မနက်ဖြန် မှာတော့ နယူးကာဆယ် ကို အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင် ကစား ရမှာ ဖြစ်ပြီး ၎င်းတို့ရဲ့ ကလပ် စံချိန် ၁၃ ပွဲဆက် အနိုင်ကို ဆက်လက် တိုးမြှင့် သွားဖို့ ရည်မှန်း နေသလို မန်စီးတီး ကတော့ တန်းတက် နော့ဝှစ် ကို အဝေးကွင်းမှာ သွားကစားကာ လီဗာပူးကို အနီးကပ် ဖိအား ပေးဖို့ ရည်ရွယ် နေပါတယ်။

SM