အက္စ္ပီလီကြီတာ

* ချယ်လ်ဆီး အသင်း ရဲ့ လူငယ် ညာနောက်ခံလူ ရိစ်ဂျိမ်းစ် ဟာ မနေ့ကပဲ ချယ်လ်ဆီး အသင်း နဲ့ အတူ လေ့ကျင့်မှု တွေ ပြန်လည် စတင် နေပြီ ဖြစ်ကြောင်း သိရပါတယ် ။ ဂျိမ်းစ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ အပြီး အင်္ဂလန် ယူ ၂၀ အသင်း ရဲ့ ခြေစမ်း ပွဲစဉ် တပွဲ မှာ ဒူးဒဏ်ရာကြောင့် ကာလရှည် အနားယူ နေရာက မကြာခင် မှာ ချယ်လ်ဆီး အသင်း အတွက် ပြန်လည် ကစား ပေးနိုင်တော့မှာ ဖြစ်ပါတယ် ။

* လာမယ့် စနေနေ့ ည ၈နာရီခွဲ အချိန် မှာ ဝုလ်ဗ် – ချယ်လ်ဆီး ပွဲစဉ် ကို ကွင်းလယ်ဒိုင် ဂရေဟမ် စကော့တ် က တာဝန်ယူ ကိုင်တွယ် မှာ ဖြစ်ပြီး VAR ဒိုင် အဖြစ် ခရစ် ကာဗာနာ က တာဝန်ယူ ကိုင်တွယ် သွားမှာ ဖြစ်ပါတယ် ။

* အင်္ဂလန် မီဒီယာ The Athletic ရဲ့ သတင်း ဖော်ပြချက် တခု အရ ချယ်လ်ဆီး အသင်း ကနေ ရီးရဲလ် မက်ဒရစ် အသင်း သို့ ရောက်ရှိ သွားပြီ ဖြစ်တဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် ၂ဦး ဖြစ်တဲ့ အီဒင် ဟာဇတ် နဲ့ သီဘောက် ကော်တွိုက်စ် တို့ဟာ ၄င်းတို့ရဲ့ အသင်းဖော် ဟောင်း လက်ရှိ ချယ်လ်ဆီး ကွင်းလယ်လူ အန်ဂိုလို ကန်တေ ကို ရီးရဲလ် သို့ လာရောက် ကစားဖို့ မဲဆွယ် တိုက်တွန်း သွားဖို့ ရှိကြောင်း သိရပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ အကယ်ဒမီ လူငယ် ကစားသမား ဘီလီ ဂီလ်မာ ဟာ မနေ့ကပဲ ချယ်လ်ဆီး အသင်း နဲ့ အတူ နောက်ထပ် ၄နှစ် စာချုပ် ထပ်တိုး နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ ဂီလ်မာ ဟာ ပြီးခဲ့တဲ့ သြဂုတ်လ အတွက် ပရီးမီးယားလိဂ် – ၂ ပြိုင်ပွဲရဲ့ တလတာ အကောင်းဆုံး ကစားသမားဆု ကို ရရှိ ခဲ့ပါတယ် ။

* ချယ်လ်ဆီး အသင်း ဟာ လက်ရှိ ၄င်းတို့ရဲ့ အကယ်ဒမီ လူငယ် တိုက်စစ်မှူး သီယာနို ဘော်လို ကို အသက် ၁၄ နှစ် ကတည်းက သြစတြီးယား ကလပ် တခု ကနေ ပေါင် ၁သောင်း ပေးပြီး ခေါ်ယူ ထားခဲ့ကြောင်း Football Leak Association ရဲ့ ဖော်ပြချက် တခု အရ သိရပါတယ် ။ ဒါဟာ အသက်မပြည့် သေးတဲ့ ကစားသမား တွေကို ခေါ်ယူခဲ့လို့ ဖီဖာ ရဲ့ ပြစ်ဒဏ် ကို ချမှတ် ခံခဲ့ရတဲ့ ချယ်လ်ဆီး အသင်း အတွက် နောက်ထပ် ပြဿနာ တခု ကို ထပ်ရှာ လိုက်သလို ဖြစ်နေပါတယ် ။ ဘော်လို ဟာ ချယ်လ်ဆီး သို့ မရောက်လာခင် ဂျာမန် ကလပ် ၂သင်း ဖြစ်တဲ့ လေဗာကူဆင် ၊ ဗစ်တိုးရီးယား ကိုလုံး အသင်း တွေမှာ ကြိုတင်ပြီး စာရင်း ပေးသွင်းပြီးမှ စာချုပ် တွေကို ဖောက်ဖျက်ပြီး ချယ်လ်ဆီး သို့ ရောက်ရှိ လာခဲ့တာ ဖြစ်ပါတယ် ။

* ဒဏ်ရာ ကဆန ပြန်ကောင်း လာတဲ့ ချယ်လ်ဆီး အသင်း ရဲ့ လူငယ် ကစားသမား ၂ဦး ဖြစ်တဲ့ ရိစ်ဂျိမ်းစ် နဲ့ ဟတ်ဒ်ဆန် အိုဒွိုင်း တို့ဟာ ယနေ့ည ဘရိုက်တန် ယူ ၂၃ အသင်း နဲ့ ကစားမယ့် ချယ်လ်ဆီး ယူ ၂၃ အသင်း ရဲ့ ပရီးမီးယားလိဂ် – ၂ ပွဲစဉ် မှာ ပွဲထွက် ကစားခွင့် ရရှိမယ် လို့ သိရပါတယ် ။

* ချယ်လ်ဆီး ဂန္တဝင် တိုက်စစ်မှူး ဟောင်း ဒီဒီယာ ဒရော့ဘာ ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း က Daily Mirror နဲ့ အင်တာဗျူး မှာ သူ့ကို လေးစား အားကျ ကြောင်း ဖြေကြား ခဲ့တဲ့ တမ်မီ အေဘရာဟမ် ကို ၄င်းရဲ့ instagram အကောင့် ကနေ အနာဂတ် အတွက် သာယာ ဖြောင့်ဖြူး စေဖို့ ၊ ပိုကောင်းတဲ့ ကစားသမား ဖြစ်လာစေဖို့ ဆုတောင်း ပေးလိုက်ပါတယ် ။

* ယနေ့ ည ပွဲကြို သတင်းစာ ရှင်းလင်းပွဲ က ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် ရဲ့ အဆို အရ ကွင်းလယ်လူ အန်ဂိုလို ကန်တေ ဟာ မနက်ဖြန် ဝုလ်ဗ် အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၊ ကြားရက် မှာ ကစားမယ့် ဗလင်စီယာ နဲ့ ချန်ပီယံလိဂ် ပွဲစဉ် တို့ကို လွဲချော် သွားမယ် လို့ သိရပါတယ် ။ ထို့အပြင် ကိုဗာဆစ် ဟာလည်း ကြံ့ခိုင်မှု မပြည့်ဝသေးဘူး လို့ သိရပါတယ် ။ သို့ပေမယ့် ခံစစ်မှူး ရူဒီဂါ ကတော့ မနက်ဖြန် ဝုလ်ဗ် နဲ့ ပွဲကို ပါဝင်ဖို့ အသင့် ဖြစ်နေပြီ လို့ လမ်းပတ် က ဆိုခဲ့ပါတယ် ။

SPORTS MYANMAR