အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ ဟာ သူရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ရာသီမှာတင် ပွဲ ၃၀ ကစားအပြီးမှာ ရမှတ် ၆၀ ရယူထားနိုင်ကာ အာဆင်ဝင်းဂါး ရဲ့ ပထမဆုံး ရာသီ ပွဲ ၃၀ အပြီး ရမှတ် ထက် ၉ မှတ် အထိ သာလွန် နေပါတယ် ။
အာဆင်နယ် အသင်းဟာ ကွာတားဖိုင်နယ် ပထမအကျော့ကို ဧပြီလ ၁၁ ရက် နေ့ အိမ်ကွင်းမှာ နာပိုလီ အသင်းကို ယှဉ်ပြိုင် ကစားသွားမှာ ဖြစ်ပြီး ဒုတိယ အကျော့ကိုတော့ ဧပြီလ ၁၈ ရက်နေ့ အဝေးကွင်းမှာ သွားရောက် ကစားရမှာပါ ။
SPORTS MYANMAR
Unicode
အာဆင်ဝင်းဂါး ရွေးချယ် အကြံပြုခဲ့တဲ့ အာဆင်နယ် အသင်း နည်းပြ ရာထူးနဲ့ ထိုက်တန်တဲ့သူက ဘယ်သူလဲဆိုတာ ထုတ်ဖော်လိုက်တဲ့ #အီတလီသတင်းထောက်
=============================
အာဆင်နယ် အသင်းကို နှစ်ပေါင်း ၂၂ နှစ်ကျော်ကြာ နည်းပြခဲ့တဲ့ နည်းပြကြီး အာဆင်ဝင်းဂါး ထွက်ခွာ သွားပြီးနောက် အူနိုင်း အမ်မရီ ဟာ အာဆင်းရဲ့ နည်းပြ ရာထူးကို ဆက်ခံ ခဲ့ပါတယ် ။ အူနိုင်း အမ်မရီဟာ သူ့ရဲ့ ထမဆုံးရာသီမှာ အသင်းကို အတော်အသင့် ရလဒ်ကောင်းအောင် စွမ်းဆောင်ထားနိုင်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်အတွက် လမ်းကြောင်းမှန်ပေါ်ကိုလည်း ရောက်ရှိနေပါတယ် ။
အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ ဟာ သူရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ရာသီမှာတင် ပွဲ ၃၀ ကစားအပြီးမှာ ရမှတ် ၆၀ ရယူထားနိုင်ကာ အာဆင်ဝင်းဂါး ရဲ့ ့ပထမဆုံး ရာသီ ပွဲ ၃၀ အပြီး ရမှတ် ထက် ၉ မှတ် အထိ သာလွန် နေပါတယ် ။
အာဆင်း က သူ ထွက် ခွာ သွား ပြီး နောက် ပိုင်း မှာ အီတလီ နည်းပြ အန်ဆယ်လော့တီ ကို နည်းပြ အဖြစ် ခန့် အပ် ဖို့ ဆ န္ဒ ရှိ ခဲ့ တယ် လို့ အီ တ လီ သ တင်း ထောက် တစ် ဦး ဖြစ် သူ ဗင်နီရာတို က ဖွင့် ဟ ပြော ကြား လိုက် ပါ တယ် ။
အာဆင်နယ် အသင်းကို နှစ်ပေါင်း ၂၀ ကျော်ကြာ နည်းပြ ခဲ့တဲ့ နည်းပြကြီး အာဆင်ဝင်းဂါး ပြီးခဲ့တဲ့ မေလတုန်းက အသင်း ကနေ ထွက်ခွာ သွားခဲ့တာလည်း ဖြစ်ပါတယ် ။ အာဆင်ဝင်းဂါးဟာ အာဆင်နယ် အသင်း နဲ့ အတူ ပရီးမီးယားလိဂ် ဖလား သုံးကြိမ် ၊ အက်ဖ်အေ ဖလား ခုနှစ်ကြိမ် အောင်မြင်မှု ရယူ နိုင်ခဲ့ပါတယ် ။
ှဗင်နီရာတို က ” ပြီး ခဲ့ တဲ့ နှစ် နွေ ရာ သီ တုန်း က ဖြစ် ခဲ့ တဲ့ အ ကြောင်း အ ရာ လေး တစ် ခု ကို ပြန် ပြော ပြ ချင် ပါ တယ် ။ အာ ဆင်း က သူ့ နေ ရာ မှာ အန် ဆယ် လော့ တီ ကို ခန့် အပ် သင့် ကြောင်း အ ကြံ ပြု ခဲ့ ပါ တယ် ။ ကာလိုစ့် အန်ဆယ်လော့တီ ရဲ့ ဇနီးက ကနေဒါ လူမျိုးပါ ၊ သူတို့ မိသားစု တစ်စုလုံးကလည်း လန်ဒန်မှာပဲ နေကြတာပါ ၊ ဒါကြောင့် သူ ကိုယ်တိုင်လည်း အာဆင်နယ် နည်းပြ ရာထူးကို စိတ်ဝင်စား ခဲ့ပါတယ် ။ ”
” ဒါပေမယ့် အာဆင်နယ် အသင်းက အမ်မရီ ကိုပဲ ရွေးချယ် သွားခဲ့ပါတယ် ။ နောက်တော့ အန်ဆယ်လော့တီ လည်း နာပိုလီ အသင်းနဲ့ စာချုပ်ချုပ် လိုက်ပါတယ် ။ ဒါပေမယ့် အာဆင်နယ် အသင်း သူ့ကို ငြင်းပယ် ခဲ့တာတော့ သူ မေ့မှာ မဟုတ်လောက်ပါဘူး ။ ” လို့ ပြော ကြား သွား ခဲ့ ပါ တယ် ။
အာဆင်နယ် အသင်း နဲ့ အန်ဆယ်လော့တီ ကိုင်တွယ်နေတဲ့ နာပိုလီ အသင်းဟာ ယူရိုပါလိဂ် ကွာတားဖိုင်နယ် တွေ့ ဆုံ နေ ကြ တာ ကြောင့် စိတ် ဝင် စား ဖွယ် စောင့် ကြည့် ရ မှာ လည်း ဖြစ် ပါ တယ် ။
အာဆင်နယ် အသင်းဟာ ကွာတားဖိုင်နယ် ပထမအကျော့ကို ဧပြီလ ၁၁ ရက် နေ့ အိ်မ်ကွင်းမှာ နာပိုလီ အသင်းကို ယှဉ်ပြိုင် ကစားသွားမှာ ဖြစ်ပြီး ဒုတိယ အကျော့ကိုတော့ ဧပြီလ ၁၈ ရက်နေ့ အဝေးကွင်းမှာ သွားရောက် ကစားရမှာပါ ။
SPORTS MYANMAR