Robby Servage

ဒီရာသီ ရဲ႕ ပထမဦးဆံုး ႏုိင္ငံတကာ ပဲြစဥ္ ကာလ ကေတာ့ ျပီးဆံုး သြားခဲ့ျပီ ျဖစ္ျပီး အမ်ား ေမွ်ာ္လင့္ ေစာင့္ဆုိင္း ေနတဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ေတြ ျပန္လာ ပါျပီ။ ဒီတစ္ပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၅ ကိုေတာ့ အန္ဖီးမွာ ကစား ရမယ့္ ပြဲစဥ္ ကေန စတင္ဖြင့္လွစ္ မွာပဲ ျဖစ္ပါတယ္။

အိမ္ရွင္ နဲ႕ အမွတ္ေပးဇယား ထိပ္မွာ ရပ္တည္ ေနတဲ့ လီဗာပူး အသင္းဟာ ယေန႕ည အေစာပုိင္းမွာ နယူးကာဆယ္ အသင္းကို လက္ခံ ယွဥ္ျပိဳင္ ကစား သြားရမွာ ျဖစ္ပါတယ္။ ရာသီတစ္ခု ရဲ႕ အရမ္း ေစာေန ေသးတဲ့ ကာလ ျဖစ္ေန ေပမယ့္လည္း ယာဂန္ကေလာ့ ရဲ႕ အသင္းဟာ ယေန႕ည မန္စီးတီး တုိ႕ ေနာ့၀ွစ္ကို အေ၀းကြင္းမွာ သြားေရာက္ ကစား ရမယ့္ ပြဲစဥ္ မတုိင္မီ ၎တုိ႕ ဖလား ျပိဳင္ဘက္ အသင္းကို ရမွတ္ ၅ မွတ္ ဦးစြာ ျဖတ္ထားဖို႕ ဆႏၵ ျပင္းျပ ေနမွာပါ။

ပက္ဂြာဒီယုိလာ ရဲ႕ အသင္း ကေတာ့ ဒီရာသီ အဖြင့္ပြဲစဥ္ ၄ ပြဲမွာ ၃ ပြဲႏုိင္ ၁ ပြဲ သေရ ဆုိတဲ့ ရလဒ္နဲ႕ အတူ Carrow Road ကို ခ်ီတက္ၾကမွာ ျဖစ္ျပီး အိမ္ရွင္ အသင္း ဘက္ကေတာ့ ၾသဂုတ္လ ရဲ႕ ပရီးမီးယားလိဂ္ တစ္လတာ အေကာင္းဆံုး ကစားသမားဆု ကို ရရွိခဲ့တဲ့ တုိက္စစ္မွဳး တီမူပူကီ အားကိုးနဲ႕ အံ့အားသင့္ဖြယ္ ရလဒ္ ထြက္ေပၚ လာဖို႕ ၾကိဳးစား လာမွာပါ။ ဒါေပမယ့္ ဆားေဗ့ခ်္ ကေတာ့ ပရီးမီးယားလိဂ္ရဲ႕ ထိပ္ဆံုး အသင္း ၂ သင္းဟာ စေနေန႕ည ပြဲေတြ အျပီးမွာ လက္ရွိ ရမွတ္ ကြာဟမွဳ အတုိင္း ဆက္လက္ တည္ရွိ ေနအံုးမယ္လို႕ ခန္႕မွန္း လို္က္ပါတယ္။

ဘရန္ဒန္ ေရာ္ဂ်ာရဲ႕ အသင္းဟာ အုိးထရပ္ဖို႕ဒ္ကုိ ေရာက္လာမွာ ျဖစ္တာေၾကာင့္ ဟယ္ရီမက္ဂြိဳင္းယား နဲ႕ လက္စတာ စီးတီး တုိ႕ ေစာေစာစီးစီး ျပန္လည္ ေတြ႕ဆံုမွဳကို ယေန႕ညမွာ ျပန္လည္ ျမင္ေတြ႕ ရေတာ့ မွာပါ။ ဆားေဗ့ခ်္ ကေတာ့ သူ႕ရဲ႕ အသင္းေဟာင္းဟာ ဒီေန႕ညမွာ ပြတ္ကာသီကာ အေရးနိမ့္ သြားမယ္လို႕ ယူဆ ထားပါတယ္။

ဒီေန႕ညမွာ လန္ဒန္ ဒါဘီ ပြဲစဥ္ တစ္ပြဲ ပါ၀င္ ေနျပီး ေတာ့တင္ဟမ္ဟာ ခရစ္စတယ္ပဲေလ့စ္ အသင္းကို အိမ္ကြင္းမွာ လက္ခံ ယွဥ္ျပိဳင္ သြားရမွာ ျဖစ္ပါတယ္။ အာဆင္နယ္ အသင္းကလည္း ၀က္ဖို႕ဒ္ အသင္း နဲ႕ ရင္ဆုိင္ဖို႕ အတြက္ Hertfordshire ကို ခရီးတို ထြက္ခြာ ရမွာ ျဖစ္ျပီး အိမ္ရွင္ အသင္းဟာ အသင္းကို ဒုတိယ အၾကိမ္ေျမာက္ ကုိင္တြယ္မယ့္ ဆန္းခ်က္ ဖေလာ္ရက္ ရဲ႕ အားကိုးနဲ႕ ဂန္နား တုိ႕ကို ဧည့္ခံ သြားမွာ ျဖစ္ပါတယ္။

လာမည့္ တစ္ပတ္မွာ ဥေရာပ ပြဲစဥ္ေတြ အသီးသီး ကစား ရဖို႕ ရွိေနတဲ့ ၀ုဖ္နဲ႕ ခ်ဲလ္ဆီး အသင္းတုိ႕ ပြဲလည္း ရွိေနျပီး ဖရန္႕လမ္းပတ္ ရဲ႕ အသင္းဟာ ျပီးခဲ့တဲ့ တစ္ပတ္က အိမ္ကြင္းမွာ စိတ္ပ်က္ ခဲ့ရမွဳ ကေန ျပန္လည္ ရုန္းထြက္ဖို႕ အတြက္ တာဆူ ေနပါတယ္။ ေ၀းလ္လက္ေရြးစင္ေဟာင္း ကေတာ့ ဒီတစ္ပတ္ မွာ လန္ဒန္ အသင္းၾကီးေတြ အေျခအေန ေကာင္းလိမ့္မယ္လို႕ ေမွ်ာ္လင့္ ထားပါတယ္။

တနဂၤေႏြေန႕မွာေတာ့ အဲဗာတန္ဟာ ဘုန္းေမာက္နဲ႕ ရင္ဆုိင္ဖို႕ အတြက္ ခရီးရွည္ ႏွင္ရမွာ ျဖစ္ျပီး ဒီတစ္ပတ္ ရဲ႕ အပိတ္ ပြဲစဥ္ ကေတာ့ လာမည့္ တနဂၤလာေန႕ည အက္စတြန္ဗီလာ နဲ႕ ၀က္ဟမ္း တုိ႕ရဲ႕ ဗီလာပက္ ပြဲစဥ္ ျဖစ္ပါတယ္။ မယ္ရာ ရဲ႕ ပင္တုိင္ ေဆာင္းပါးရွင္ ျဖစ္သူ ေရာ္ဘီဆားေဗ့ခ်္ က ဒီတစ္ပတ္ ပရီးမီးယားလိဂ္ ၁၀ ပြဲစလံုး အတြက္ ရလဒ္ ခန္႕မွန္း မွဳေတြကို ယခုလိုပဲ ျပဳလုပ္ ေပးသြား ခဲ့ပါတယ္။

ေရာ္ဘီဆားေဗ့ခ်္ရဲ႕ ခန္႕မွန္းခ်က္မ်ား
လီဗာပူး ၃ – ၀ နယူးကာဆယ္
ဘရုိက္တန္ ၀ – ၁ ဘန္ေလ
မန္ယူႏုိက္တက္ ၂ – ၁ လက္စတာ
ရွက္ဖီးယူႏုိက္တက္ ၁ – ၁ ေဆာက္သမ္တန္
ေတာ့တင္ဟမ္ ၃ – ၁ ခရစ္စတယ္ပဲေလ့စ္
၀ုဖ္ ၂ – ၃ ခ်ဲလ္ဆီး
ေနာ့၀ွစ္ ၁ – ၄ မန္စီးတီး
ဘုန္းေမာက္ ၁ – ၂ အဲဗာတန္
၀က္ဖို႕ဒ္ ၀ – ၃ အာဆင္နယ္
အက္စတြန္ဗီလာ ၁ – ၂ ၀က္ဟမ္း

SM

Unicode

ရော်ဘီဆားဗေ့ချ်ရဲ့ ပရီးမီးယားလိဂ် ခန့်မှန်းချက်များ

ဒီရာသီ ရဲ့ ပထမဦးဆုံး နိုင်ငံတကာ ပွဲစဉ် ကာလ ကတော့ ပြီးဆုံး သွားခဲ့ပြီ ဖြစ်ပြီး အများ မျှော်လင့် စောင့်ဆိုင်း နေတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ပြန်လာ ပါပြီ။ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၅ ကိုတော့ အန်ဖီးမှာ ကစား ရမယ့် ပွဲစဉ် ကနေ စတင်ဖွင့်လှစ် မှာပဲ ဖြစ်ပါတယ်။

အိမ်ရှင် နဲ့ အမှတ်ပေးဇယား ထိပ်မှာ ရပ်တည် နေတဲ့ လီဗာပူး အသင်းဟာ ယနေ့ည အစောပိုင်းမှာ နယူးကာဆယ် အသင်းကို လက်ခံ ယှဉ်ပြိုင် ကစား သွားရမှာ ဖြစ်ပါတယ်။ ရာသီတစ်ခု ရဲ့ အရမ်း စောနေ သေးတဲ့ ကာလ ဖြစ်နေ ပေမယ့်လည်း ယာဂန်ကလော့ ရဲ့ အသင်းဟာ ယနေ့ည မန်စီးတီး တို့ နော့ဝှစ်ကို အဝေးကွင်းမှာ သွားရောက် ကစား ရမယ့် ပွဲစဉ် မတိုင်မီ ၎င်းတို့ ဖလား ပြိုင်ဘက် အသင်းကို ရမှတ် ၅ မှတ် ဦးစွာ ဖြတ်ထားဖို့ ဆန္ဒ ပြင်းပြ နေမှာပါ။

ပက်ဂွာဒီယိုလာ ရဲ့ အသင်း ကတော့ ဒီရာသီ အဖွင့်ပွဲစဉ် ၄ ပွဲမှာ ၃ ပွဲနိုင် ၁ ပွဲ သရေ ဆိုတဲ့ ရလဒ်နဲ့ အတူ Carrow Road ကို ချီတက်ကြမှာ ဖြစ်ပြီး အိမ်ရှင် အသင်း ဘက်ကတော့ သြဂုတ်လ ရဲ့ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆု ကို ရရှိခဲ့တဲ့ တိုက်စစ်မှုး တီမူပူကီ အားကိုးနဲ့ အံ့အားသင့်ဖွယ် ရလဒ် ထွက်ပေါ် လာဖို့ ကြိုးစား လာမှာပါ။ ဒါပေမယ့် ဆားဗေ့ချ် ကတော့ ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံး အသင်း ၂ သင်းဟာ စနေနေ့ည ပွဲတွေ အပြီးမှာ လက်ရှိ ရမှတ် ကွာဟမှု အတိုင်း ဆက်လက် တည်ရှိ နေအုံးမယ်လို့ ခန့်မှန်း လို်က်ပါတယ်။

ဘရန်ဒန် ရော်ဂျာရဲ့ အသင်းဟာ အိုးထရပ်ဖို့ဒ်ကို ရောက်လာမှာ ဖြစ်တာကြောင့် ဟယ်ရီမက်ဂွိုင်းယား နဲ့ လက်စတာ စီးတီး တို့ စောစောစီးစီး ပြန်လည် တွေ့ဆုံမှုကို ယနေ့ညမှာ ပြန်လည် မြင်တွေ့ ရတော့ မှာပါ။ ဆားဗေ့ချ် ကတော့ သူ့ရဲ့ အသင်းဟောင်းဟာ ဒီနေ့ညမှာ ပွတ်ကာသီကာ အရေးနိမ့် သွားမယ်လို့ ယူဆ ထားပါတယ်။

ဒီနေ့ညမှာ လန်ဒန် ဒါဘီ ပွဲစဉ် တစ်ပွဲ ပါ၀င် နေပြီး တော့တင်ဟမ်ဟာ ခရစ်စတယ်ပဲလေ့စ် အသင်းကို အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင် သွားရမှာ ဖြစ်ပါတယ်။ အာဆင်နယ် အသင်းကလည်း ၀က်ဖို့ဒ် အသင်း နဲ့ ရင်ဆိုင်ဖို့ အတွက် Hertfordshire ကို ခရီးတို ထွက်ခွာ ရမှာ ဖြစ်ပြီး အိမ်ရှင် အသင်းဟာ အသင်းကို ဒုတိယ အကြိမ်မြောက် ကိုင်တွယ်မယ့် ဆန်းချက် ဖလော်ရက် ရဲ့ အားကိုးနဲ့ ဂန်နား တို့ကို ဧည့်ခံ သွားမှာ ဖြစ်ပါတယ်။

လာမည့် တစ်ပတ်မှာ ဥရောပ ပွဲစဉ်တွေ အသီးသီး ကစား ရဖို့ ရှိနေတဲ့ ၀ုဖ်နဲ့ ချဲလ်ဆီး အသင်းတို့ ပွဲလည်း ရှိနေပြီး ဖရန့်လမ်းပတ် ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ တစ်ပတ်က အိမ်ကွင်းမှာ စိတ်ပျက် ခဲ့ရမှု ကနေ ပြန်လည် ရုန်းထွက်ဖို့ အတွက် တာဆူ နေပါတယ်။ ဝေးလ်လက်ရွေးစင်ဟောင်း ကတော့ ဒီတစ်ပတ် မှာ လန်ဒန် အသင်းကြီးတွေ အခြေအနေ ကောင်းလိမ့်မယ်လို့ မျှော်လင့် ထားပါတယ်။

တနင်္ဂနွေနေ့မှာတော့ အဲဗာတန်ဟာ ဘုန်းမောက်နဲ့ ရင်ဆိုင်ဖို့ အတွက် ခရီးရှည် နှင်ရမှာ ဖြစ်ပြီး ဒီတစ်ပတ် ရဲ့ အပိတ် ပွဲစဉ် ကတော့ လာမည့် တနင်္ဂလာနေ့ည အက်စတွန်ဗီလာ နဲ့ ၀က်ဟမ်း တို့ရဲ့ ဗီလာပက် ပွဲစဉ် ဖြစ်ပါတယ်။ မယ်ရာ ရဲ့ ပင်တိုင် ဆောင်းပါးရှင် ဖြစ်သူ ရော်ဘီဆားဗေ့ချ် က ဒီတစ်ပတ် ပရီးမီးယားလိဂ် ၁၀ ပွဲစလုံး အတွက် ရလဒ် ခန့်မှန်း မှုတွေကို ယခုလိုပဲ ပြုလုပ် ပေးသွား ခဲ့ပါတယ်။

ရော်ဘီဆားဗေ့ချ်ရဲ့ ခန့်မှန်းချက်များ
လီဗာပူး ၃ – ၀ နယူးကာဆယ်
ဘရိုက်တန် ၀ – ၁ ဘန်လေ
မန်ယူနိုက်တက် ၂ – ၁ လက်စတာ
ရှက်ဖီးယူနိုက်တက် ၁ – ၁ ဆောက်သမ်တန်
တော့တင်ဟမ် ၃ – ၁ ခရစ်စတယ်ပဲလေ့စ်
၀ုဖ် ၂ – ၃ ချဲလ်ဆီး
နော့ဝှစ် ၁ – ၄ မန်စီးတီး
ဘုန်းမောက် ၁ – ၂ အဲဗာတန်
၀က်ဖို့ဒ် ၀ – ၃ အာဆင်နယ်
အက်စတွန်ဗီလာ ၁ – ၂ ၀က်ဟမ်း

SM