morinho

ရီးရဲယ္မက္ဒရစ္ နည္းျပေဟာင္း တစ္ဦး ျဖစ္တဲ့ ဟုိေဆး ေမာ္ရင္ညိဳ က ဘာစီလိုနာ စူပါစတား လီယြန္နယ္ မက္ဆီ ကို တားဆီး ႏုိင္ဖို႕ အတြက္ သူ႕ရဲ႕ အသင္းေတြကို ျပင္ဆင္မွဳ ေကာင္းေကာင္း ျပဳလုပ္ ရျခင္းဟာ ၎ကို ပိုမို ေကာင္းမြန္တဲ့ နည္းျပ တစ္ဦး ျဖစ္လာ ေစတယ္လို႕ ယံုၾကည္ ေနပါတယ္။

ေပၚတူဂီ နည္းျပဟာ ရီးရဲယ္မက္ဒရစ္ အသင္းကို လြန္ခဲ့တဲ့ ၂၀၁၀ မွ ၂၀၁၃ ခုႏွစ္ အထိ ကိုင္တြယ္ ခဲ့သူ ျဖစ္ျပီး အဆုိပါ အခ်ိန္မွာ ေမာ္ရင္ညိဳ အေနနဲ႕ မက္ဆီ ရဲ႕ ဘာစီလိုနာ အသင္း နဲ႕ လာလီဂါ ၊ ကိုပါဒယ္ေရး ၊ ခ်န္ပီယံလိဂ္ စတဲ့ ျပိဳင္ပြဲ ေတြမွာ အၾကိမ္မ်ားစြာ ေတြ႕ဆံု ခဲ့သလို အျခား အသင္းေတြကို ကိုင္တြယ္စဥ္ ကလည္း အာဂ်င္တီးနား စတား နဲ႕ ေတြ႕ဆံု ခဲ့ဖူး ပါတယ္။

ေမာ္ရင္ညိဳ က “မက္ဒရစ္မွာ ေကာင္းမြန္တဲ့ ၃ ႏွစ္တာ ကာလကို ပိုင္ဆုိင္ ႏုိင္ခဲ့ျပီး အခက္အခဲေတြ ျပသနာေတြေတာ့ ရွိခဲ့တာေပါ့ဗ်ာ။ ဒါေပမယ့္ ဒါေတြဟာ ပေရာ္ဖက္ရွင္နယ္ ဘ၀ရဲ႕ အစိတ္အပိုင္း ျဖစ္ပါတယ္။ ဒီဘ၀ဟာ သိပ္ေတာ့ မလြယ္ကူ ပါဘူး။

ကၽြန္ေတာ့္ အေနနဲ႕ အရမ္း ေကာင္းတဲ့ အမွတ္တရေတြ ရွိခဲ့ ပါတယ္။ ကၽြန္ေတာ္ မက္ဒရစ္ကုိ ေရာက္လာ ခဲ့တဲ့ ကာလဟာ ရီးရဲယ္မက္ဒရစ္ အတြက္ ခက္ခဲေနတဲ့ အခ်ိန္ ျဖစ္ပါတယ္။ ဒီကာလဟာ ဘာစီလိုနာ အသင္း လႊမ္းမိုး ေနတဲ့ ကာလ ျဖစ္ျပီး ရလဒ္ပိုင္းေတြ သာမက လူထုရဲ႕ သေဘာထား ေတြပါ ပါ၀င္ ေနပါတယ္။ သူတုိ႕ဟာ အရမ္းကို ေကာင္းမြန္တဲ့ ပံုစံနဲ႕ ကစား ခဲ့ၾကျပီး သူတုိ႕မွာ ဖန္တီးမွဳ စြမ္းရည္ နဲ႕ မ်က္လွည့္ျပ သလို လုပ္ေဆာင္ ႏုိင္စြမ္း ရွိတဲ့ ကစားသမားေတြလည္း ရွိေန ပါတယ္။ ကၽြန္ေတာ္တုိ႕ အေနနဲ႕ ဒီပံုစံခြက္ကုိ ခ်ိဳးဖ်က္ ခဲ့ရ တာပါ။

ကစားသမား ေတာ္ေတာ္မ်ားမ်ား အေပၚ ေက်းဇူးေတြ ရွိတယ္လို႕ ကၽြန္ေတာ္ အျမဲ ေျပာေလ့ ရွိခဲ့ ပါတယ္။ ဒီကစားသမားေတြ ထဲမွာ ကၽြန္ေတာ့္ ကစားသမား မဟုတ္တဲ့ သူေတြဟာ ကၽြန္ေတာ့္ အတြက္ ျပသနာ ေတာ္ေတာ္ မ်ားမ်ား ကို ဖန္တီး ခဲ့ပါတယ္။

ဥပမာ အားျဖင့္ မက္ဆီဟာ ကၽြန္ေတာ့္ ရဲ႕ အသင္းဟာ ဘယ္တုန္း ကမွ မကစား ခဲ့ဖူး ပါဘူး ။ ဒါေပမယ့္ ကၽြန္ေတာ္ သူနဲ႕ အၾကိမ္မ်ားစြာ ရင္ဆုိင္ ခဲ့ရပါတယ္။ ကၽြန္ေတာ့္ အေနနဲ႕ သူ႕ကို တားဆီးဖို႕ အတြက္ ပြဲေတြကို ျပင္ဆင္ ရျခင္း ၊ ကၽြန္ေတာ့္ ရဲ႕ အသင္းကို စီစဥ္ ညႊန္ၾကား ရတာေတြ လုပ္ရတဲ့ အတြက္ သူဟာ ကၽြန္ေတာ့္ကို ပိုမို ေကာင္းမြန္တဲ့ နည္းျပ ျဖစ္ေစ ခ့ဲပါတယ္။ ကၽြန္ေတာ္ အခု မက္ဆီ အေၾကာင္းကို ေျပာေန ေပမယ့္ ကၽြန္ေတ္ာ ရင္ဆုိင္ ခဲ့ဖူးတဲ့ အျခား ၾကီးၾကယ္တဲ့ ကစားသမားေတြလည္း ပါ၀င္ ပါတယ္။

Messi

ကၽြန္ေတာ္ဟာ ကုိယ့္အသင္း ဥကၠ႒ ေတြနဲ႕ သူငယ္ခ်င္း အျဖစ္ ရွိေနဆဲပါ။ ကၽြန္ေတာ့္ကို ရာထူး ကေန ထုတ္ပယ္ ခဲ့တဲ့ ဥကၠ႒ေတြေတာင္ ပါ၀င္ ပါတယ္။ ဒါမ်ိဳးပဲ ျဖစ္သင့္ ပါတယ္။ ကၽြန္ေတာ့္ အေနနဲ႕ ရီးရဲယ္မက္ဒရစ္ကို ၃ ႏွစ္ၾကာ ကုိင္တြယ္ ခဲ့ျပီးေနာက္ ဒီအသင္း ကေန ထြက္ခြာ လာခဲ့ ေပမယ့္ ‘ငါဟာ ရီးရဲယ္မက္ဒရစ္’ လို႕ ေျပာဖို႕ အတြက္ ျပသနာ မရွိပါဘူး။ ဒီလို အရာေတြဟာ ေျပာင္းလဲ သြားမွာ မဟုတ္ ပါဘူး။” လို႕ ဆုိသြား ပါတယ္။

SM

Unicode

ပိုမို ကောင်းမွန်တဲ့ နည်းပြ တစ်ဦး ဖြစ်လာစေဖို့အတွက် မက်ဆီက ဘယ်လို အကူအညီ ဖြစ်ခဲ့သလဲဆိုတာ ပြောပြလိုက်တဲ့ မော်ရင်ညို

ရီးရဲယ်မက်ဒရစ် နည်းပြဟောင်း တစ်ဦး ဖြစ်တဲ့ ဟိုဆေး မော်ရင်ညို က ဘာစီလိုနာ စူပါစတား လီယွန်နယ် မက်ဆီ ကို တားဆီး နိုင်ဖို့ အတွက် သူ့ရဲ့ အသင်းတွေကို ပြင်ဆင်မှု ကောင်းကောင်း ပြုလုပ် ရခြင်းဟာ ၎င်းကို ပိုမို ကောင်းမွန်တဲ့ နည်းပြ တစ်ဦး ဖြစ်လာ စေတယ်လို့ ယုံကြည် နေပါတယ်။

ပေါ်တူဂီ နည်းပြဟာ ရီးရဲယ်မက်ဒရစ် အသင်းကို လွန်ခဲ့တဲ့ ၂၀၁၀ မှ ၂၀၁၃ ခုနှစ် အထိ ကိုင်တွယ် ခဲ့သူ ဖြစ်ပြီး အဆိုပါ အချိန်မှာ မော်ရင်ညို အနေနဲ့ မက်ဆီ ရဲ့ ဘာစီလိုနာ အသင်း နဲ့ လာလီဂါ ၊ ကိုပါဒယ်ရေး ၊ ချန်ပီယံလိဂ် စတဲ့ ပြိုင်ပွဲ တွေမှာ အကြိမ်များစွာ တွေ့ဆုံ ခဲ့သလို အခြား အသင်းတွေကို ကိုင်တွယ်စဉ် ကလည်း အာဂျင်တီးနား စတား နဲ့ တွေ့ဆုံ ခဲ့ဖူး ပါတယ်။

မော်ရင်ညို က “မက်ဒရစ်မှာ ကောင်းမွန်တဲ့ ၃ နှစ်တာ ကာလကို ပိုင်ဆိုင် နိုင်ခဲ့ပြီး အခက်အခဲတွေ ပြသနာတွေတော့ ရှိခဲ့တာပေါ့ဗျာ။ ဒါပေမယ့် ဒါတွေဟာ ပရော်ဖက်ရှင်နယ် ဘဝရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒီဘဝဟာ သိပ်တော့ မလွယ်ကူ ပါဘူး။

ကျွန်တော့် အနေနဲ့ အရမ်း ကောင်းတဲ့ အမှတ်တရတွေ ရှိခဲ့ ပါတယ်။ ကျွန်တော် မက်ဒရစ်ကို ရောက်လာ ခဲ့တဲ့ ကာလဟာ ရီးရဲယ်မက်ဒရစ် အတွက် ခက်ခဲနေတဲ့ အချိန် ဖြစ်ပါတယ်။ ဒီကာလဟာ ဘာစီလိုနာ အသင်း လွှမ်းမိုး နေတဲ့ ကာလ ဖြစ်ပြီး ရလဒ်ပိုင်းတွေ သာမက လူထုရဲ့ သဘောထား တွေပါ ပါ၀င် နေပါတယ်။ သူတို့ဟာ အရမ်းကို ကောင်းမွန်တဲ့ ပုံစံနဲ့ ကစား ခဲ့ကြပြီး သူတို့မှာ ဖန်တီးမှု စွမ်းရည် နဲ့ မျက်လှည့်ပြ သလို လုပ်ဆောင် နိုင်စွမ်း ရှိတဲ့ ကစားသမားတွေလည်း ရှိနေ ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီပုံစံခွက်ကို ချိုးဖျက် ခဲ့ရ တာပါ။

ကစားသမား တော်တော်များများ အပေါ် ကျေးဇူးတွေ ရှိတယ်လို့ ကျွန်တော် အမြဲ ပြောလေ့ ရှိခဲ့ ပါတယ်။ ဒီကစားသမားတွေ ထဲမှာ ကျွန်တော့် ကစားသမား မဟုတ်တဲ့ သူတွေဟာ ကျွန်တော့် အတွက် ပြသနာ တော်တော် များများ ကို ဖန်တီး ခဲ့ပါတယ်။

ဥပမာ အားဖြင့် မက်ဆီဟာ ကျွန်တော့် ရဲ့ အသင်းဟာ ဘယ်တုန်း ကမှ မကစား ခဲ့ဖူး ပါဘူး ။ ဒါပေမယ့် ကျွန်တော် သူနဲ့ အကြိမ်များစွာ ရင်ဆိုင် ခဲ့ရပါတယ်။ ကျွန်တော့် အနေနဲ့ သူ့ကို တားဆီးဖို့ အတွက် ပွဲတွေကို ပြင်ဆင် ရခြင်း ၊ ကျွန်တော့် ရဲ့ အသင်းကို စီစဉ် ညွှန်ကြား ရတာတွေ လုပ်ရတဲ့ အတွက် သူဟာ ကျွန်တော့်ကို ပိုမို ကောင်းမွန်တဲ့ နည်းပြ ဖြစ်စေ ခဲ့ပါတယ်။ ကျွန်တော် အခု မက်ဆီ အကြောင်းကို ပြောနေ ပေမယ့် ကျွန်တေ်ာ ရင်ဆိုင် ခဲ့ဖူးတဲ့ အခြား ကြီးကြယ်တဲ့ ကစားသမားတွေလည်း ပါ၀င် ပါတယ်။

ကျွန်တော်ဟာ ကိုယ့်အသင်း ဥက္ကဋ္ဌ တွေနဲ့ သူငယ်ချင်း အဖြစ် ရှိနေဆဲပါ။ ကျွန်တော့်ကို ရာထူး ကနေ ထုတ်ပယ် ခဲ့တဲ့ ဥက္ကဋ္ဌတွေတောင် ပါ၀င် ပါတယ်။ ဒါမျိုးပဲ ဖြစ်သင့် ပါတယ်။ ကျွန်တော့် အနေနဲ့ ရီးရဲယ်မက်ဒရစ်ကို ၃ နှစ်ကြာ ကိုင်တွယ် ခဲ့ပြီးနောက် ဒီအသင်း ကနေ ထွက်ခွာ လာခဲ့ ပေမယ့် ‘ငါဟာ ရီးရဲယ်မက်ဒရစ်’ လို့ ပြောဖို့ အတွက် ပြသနာ မရှိပါဘူး။ ဒီလို အရာတွေဟာ ပြောင်းလဲ သွားမှာ မဟုတ် ပါဘူး။” လို့ ဆိုသွား ပါတယ်။

SM