Tierney

အာဆင္နယ္ အသင္း နည္းၿပ အမ္မရီ က အသင္းႀကီးနဲ႔ အတူ ေလ့က်င့္ခန္း ဆင္းေနၿပီ ျဖစ္တဲ့ ဘယ္လာရင္ နဲ႔ တီယာေနး တို႔ ျပန္ကစားနိုင္ဖို႔ အခ်ိန္ အနည္းငယ္ေတာ့ ယူရဦးမွာ ျဖစ္ေၾကာင္း နဲ႔ ယူ-၂၃ အသင္းနဲ႔ အတူ အရင္ ကစားခိုင္း သြားမယ္လို႔ ဆိုပါတယ္ ။

ဘယ္လာရင္ ဟာ ယခုႏွစ္ အေစာပိုင္းတုန္းက ရရွိခဲ့တဲ့ ဒူးဒဏ္ရာေၾကာင့္ အနားယူ ေနရတာ ျဖစ္ၿပီး ဆဲလ္တစ္ အသင္းက​ေန ေျပာင္းေရႊ႕ ေရာက္ရွိ လာတဲ့ တီယာေနး ဟာလည္း ေပါင္ၿခံ ဒဏ္ရာေၾကာင့္ အာဆင္နယ္ အသင္းအတြက္ ကစား ေပးနိုင္ျခင္း မရွိေသးပါဘူး။

ယခု အခါမွာေတာ့ ဘယ္လာရင္ နဲ႔ တီယာေနး ႏွစ္ဦးစလုံးဟာ ဒဏ္ရာကေန ျပန္လည္ သက္သာလာၿပီ ျဖစ္ၿပီး အသင္းႀကီးနဲ႔အတူ ေလ့က်င့္ခန္း ျပန္ဆင္းေနၿပီ ျဖစ္ပါတယ္ ။ နည္းၿပ အမ္မရီ ကေတာ့ သူတို႔ ႏွစ္ဦးစလုံးကို အလ်င္စလို ကစားခိုင္းမွာ မဟုတ္ေၾကာင္း နဲ႔ ႀကံ့ခိုင္မွု ျပည့္ဝတဲ့ အထိ စိတ္ရွည္ရွည္နဲ႔ ေစာင့္ဆိုင္းမယ္လို႔ ဆိုပါတယ္။

အမ္မရီ က ဝက္ဖိုဒ့္ အသင္း နဲ႔ ပြဲႀကိဳ သတင္းစာ ရွင္းလင္းပြဲမွာ တီယာေနး နဲ႔ ဘယ္လာရင္ တို႔ရဲ့ ဒဏ္ရာ အေျခအေနနဲ႔ ပတ္သက္ၿပီး ” သူတို႔ ျပန္ကစားနိုင္ဖို႔ နီးစပ္ ေနပါၿပီ၊ဒါေပမယ့္ ႀကံ့ခိုင္မွု ပိုမို တိုးတက္ ေကာင္းမြန္လာဖို႔ အတြက္ အသင္းနဲ႔ အတူ ေလ့က်င့္ လုပ္ေဆာင္ ရဦးမွာပါ။”

” ဒါမွလည္း က်ေနာ္တို႔ နဲ႔အတူ သူတို႔ အဆင္ေျပေၿပ ကစားနိုင္မွာပါ၊ခုေတာ့ သူတို႔ကို ကစားခိုင္းဦးမွာ မဟုတ္ေသးပါဘူး၊ေနာက္တစ္ပတ္ေလာက္က်ရင္ေတာ့ သူတို႔ရဲ့ ႀကံ့ခိုင္မွု အေျခအေနကို အကဲခတ္ၿပီး ယူ-၂၃ အသင္းမွာ ပြဲထြက္ ကစားဖို႔ သင့္မသင့္ကို ဆုံးျဖတ္ သြားမွာပါ ။ ”

” ယူ-၂၃ အသင္း နဲ႔ ကစားရတဲ့ အခါက်ရင္ သူတို႔ အေနနဲ႔ ကိုယ့္ကိုယ္ကို ယုံၾကည္မွု ျပန္ရၿပီး အသင္းနဲ႔ ဟန္ခ်က္ညီညီ ကစားလာနိုင္မွာပါ။ၿပီးရင္ေတာ့ က်ေနာ္တို႔အတြက္ ရာႏွုန္းျပည့္ ေပးဆပ္ ကစားနိုင္ေတာ့မွာပါ၊ ယူ-၂၃ အသင္းနဲ႔ ကစားဖို႔ သင့္ေတာ္ၿပီလားဆိုတာ ေလ့က်င့္ေရးကြင္းက သူတို႔ရဲ့ အေျခအေနကို ေစာင့္ၾကည့္ ရပါဦးမယ္ ။ ”

” ဒီတစ္ပတ္မွာ သူတို႔ ႏွစ္ဦးစလုံး ပထမဆုံး အႀကိမ္ ေလ့က်င့္ခန္း ဆင္းနိုင္ၿပီ ျဖစ္သလို ေနာက္တစ္ပတ္မွာလည္း အသင္းနဲ႔ ေလ့က်င့္ခန္း ဆက္ဆင္း ေစခ်င္ပါတယ္၊ ေနာက္ထပ္ တစ္ပတ္က်ရင္ေတာ့ ယူ-၂၃ အသင္းမွာ ပြဲထြက္ ကစားဖို႔ သင့္မသင့္ကို ဆုံးျဖတ္ သြားမွာပါ ။ ” လို႔ ေျဖၾကား သြားခဲ့ပါတယ္။

SPORTS MYANMAR

Unicode

ပရိသတ်တွေ မြင်ချင်နေကြတဲ့ ဘယ်လာရင်နဲ့တီယာနေး ဘယ်တော့ ပြန်ကစားနိုင်မလဲဆိုတာ ပြောပြလိုက်တဲ့ အမ်မရီ
==================================

အာဆင်နယ် အသင်း နည်းပြ အမ်မရီ က အသင်းကြီးနဲ့ အတူ လေ့ကျင့်ခန်း ဆင်းနေပြီ ဖြစ်တဲ့ ဘယ်လာရင် နဲ့ တီယာနေး တို့ ပြန်ကစားနိုင်ဖို့ အချိန် အနည်းငယ်တော့ ယူရဦးမှာ ဖြစ်ကြောင်း နဲ့ ယူ-၂၃ အသင်းနဲ့ အတူ အရင် ကစားခိုင်း သွားမယ်လို့ ဆိုပါတယ် ။

ဘယ်လာရင် ဟာ ယခုနှစ် အစောပိုင်းတုန်းက ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် အနားယူ နေရတာ ဖြစ်ပြီး ဆဲလ်တစ် အသင်းက​နေ ပြောင်းရွှေ့ ရောက်ရှိ လာတဲ့ တီယာနေး ဟာလည်း ပေါင်ခြံ ဒဏ်ရာကြောင့် အာဆင်နယ် အသင်းအတွက် ကစား ပေးနိုင်ခြင်း မရှိသေးပါဘူး။

ယခု အခါမှာတော့ ဘယ်လာရင် နဲ့ တီယာနေး နှစ်ဦးစလုံးဟာ ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီ ဖြစ်ပြီး အသင်းကြီးနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်ပါတယ် ။ နည်းပြ အမ်မရီ ကတော့ သူတို့ နှစ်ဦးစလုံးကို အလျင်စလို ကစားခိုင်းမှာ မဟုတ်ကြောင်း နဲ့ ကြံ့ခိုင်မှု ပြည့်ဝတဲ့ အထိ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းမယ်လို့ ဆိုပါတယ်။

အမ်မရီ က ဝက်ဖိုဒ့် အသင်း နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ တီယာနေး နဲ့ ဘယ်လာရင် တို့ရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး ” သူတို့ ပြန်ကစားနိုင်ဖို့ နီးစပ် နေပါပြီ၊ဒါပေမယ့် ကြံ့ခိုင်မှု ပိုမို တိုးတက် ကောင်းမွန်လာဖို့ အတွက် အသင်းနဲ့ အတူ လေ့ကျင့် လုပ်ဆောင် ရဦးမှာပါ။”

” ဒါမှလည်း ကျနော်တို့ နဲ့အတူ သူတို့ အဆင်ပြေပြေ ကစားနိုင်မှာပါ၊ခုတော့ သူတို့ကို ကစားခိုင်းဦးမှာ မဟုတ်သေးပါဘူး၊နောက်တစ်ပတ်လောက်ကျရင်တော့ သူတို့ရဲ့ ကြံ့ခိုင်မှု အခြေအနေကို အကဲခတ်ပြီး ယူ-၂၃ အသင်းမှာ ပွဲထွက် ကစားဖို့ သင့်မသင့်ကို ဆုံးဖြတ် သွားမှာပါ ။ ”

” ယူ-၂၃ အသင်း နဲ့ ကစားရတဲ့ အခါကျရင် သူတို့ အနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြန်ရပြီး အသင်းနဲ့ ဟန်ချက်ညီညီ ကစားလာနိုင်မှာပါ။ပြီးရင်တော့ ကျနော်တို့အတွက် ရာနှုန်းပြည့် ပေးဆပ် ကစားနိုင်တော့မှာပါ၊ ယူ-၂၃ အသင်းနဲ့ ကစားဖို့ သင့်တော်ပြီလားဆိုတာ လေ့ကျင့်ရေးကွင်းက သူတို့ရဲ့ အခြေအနေကို စောင့်ကြည့် ရပါဦးမယ် ။ ”

” ဒီတစ်ပတ်မှာ သူတို့ နှစ်ဦးစလုံး ပထမဆုံး အကြိမ် လေ့ကျင့်ခန်း ဆင်းနိုင်ပြီ ဖြစ်သလို နောက်တစ်ပတ်မှာလည်း အသင်းနဲ့ လေ့ကျင့်ခန်း ဆက်ဆင်း စေချင်ပါတယ်၊ နောက်ထပ် တစ်ပတ်ကျရင်တော့ ယူ-၂၃ အသင်းမှာ ပွဲထွက် ကစားဖို့ သင့်မသင့်ကို ဆုံးဖြတ် သွားမှာပါ ။ ” လို့ ဖြေကြား သွားခဲ့ပါတယ်။

SPORTS MYANMAR