မန္ခ်က္စတာ ယူႏုိက္တက္ ဟာ ယေန႔ ည ျမန္မာ စံေတာ္ခ်ိန္ ည ၈း၃၀ နာရီ မွာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၅ အျဖစ္ လက္စတာ စီးတီး အသင္း ကို အိမ္ကြင္း မွာ လက္ခံ ကစား ရမွာ ျဖစ္ပါတယ္ ။ လက္စတာ ဟာ ယူႏုိက္တက္ ရဲ႕ အထက္ ၃ မွတ္ အကြာ မွာ ရွိေန ၿပီး ဂုိးကြာျခား ခ်က္ လည္း တူေနတာ ေၾကာင့္ ယေန႔ည မွာ ယူႏုိက္တက္ တုိ႔ အႏုိင္ ရမွသာ လက္စတာ ကို ေက်ာ္တက္ ႏုိင္မွာ ျဖစ္ ပါတယ္ ။

ယူႏုိက္တက္ ဟာ ပရီးမီးယားလိဂ္ သမိုင္း တစ္ေလ်ာက္ လက္စတာ စီးတီး နဲ႔ ၂၆ ႀကိမ္ ရင္ဆုိင္ ေတြ႕ဆံု ထား ရာမွာ ၁၇ ႀကိမ္ အႏုိင္ ရၿပီး ၇ ႀကိမ္ သေရ က်ကာ ၂ ပြဲသာ အေရးနိမ့္ ထားခဲ့ ပါတယ္ ။ ယူႏိုက္တက္ ဟာ မႏွစ္ ကလည္း လက္စတာ ကို ၂ ေက်ာ့ စလံုး ႏုိင္ခဲ့ ၿပီး အိမ္ကြင္း မွာ ၂ – ၁ ျဖင့္ အႏုိင္ ရရွိ ခဲ့ ပါတယ္ ။

လက္စတာ ဟာ ခ်န္ပီယံျဖစ္ ခဲ့တဲ့ ၂၀၁၅ ေနာက္ပုိင္း ယူႏုိက္တက္ နဲ႔ ဆံုေတြ႕ သမွ် ပြဲတုိင္းမွာ ဂုိးေပး ထားခဲ့ ရ ပါတယ္ ။ ယူႏုိက္တက္ ဆီ က လက္စတာ တို႔ အမွတ္ ခြဲယူႏုိင္ ခဲ့တဲ့ ေနာက္ဆံုး ပြဲဟာ ၂၀၁၇ မွာ ျဖစ္ၿပီး ၂ – ၂ သေရက် တဲ့ ပြဲ မွာ ဟယ္ရီ မက္ဂဲြယား က ေနာက္ဆံုး မိနစ္ မွာ လက္စတာအတြက္ ေျခပဂုိး ကို သြင္းေပး ခဲ့တာ ျဖစ္ ပါတယ္ ။

ယူႏုိက္တက္ ဟာ ၂၀၁၆ စက္တင္ဘာ ေနာက္ပုိင္း က စၿပီး ႏုိင္ငံတကာပြဲစဥ္ ေတြ အၿပီး ျပန္ကစားတဲ့ ပြဲစဥ္ ေတြ ကို မရွဳံးနိမ့္ ခဲ့ ပါဘူး ။ ဒါေပမယ့္ ၁၁ ပြဲ မွာ ၄ ပြဲ သာ ႏုိင္ၿပီးး ၇ ပြဲ သေရ က်ထားခဲ့ ပါတယ္ ။

အကယ္၍ ယေန႔ည ပြဲမွာ သာ ဒန္နီရယ္ ဂ်ိမ္းစ္ ဂုိးသြင္း ႏုိင္ခဲ့ ပါက ယူနုိက္တက္ သမိုင္း တစ္ေလ်ာက္ အိမ္ကြင္း ပထမဆံုး ၃ ပြဲ ဆက္တုိက္ ဂုိးသြင္း ႏုိင္တဲ့ ဒုတိယ ေျမာက္ ကစား သမား အျဖစ္ မွတ္တမ္း ၀င္ သြား မွာ ျဖစ္ ပါတယ္ ။

ယူႏုိက္တက္ ဘက္မွာ ေပါလ္ ေပါ့ဘာ နဲ႔ အန္တိုနီ မာရွယ္ တို႔ ပါ၀င္ ႏုိင္ မွာ မဟုတ္ဘဲ အာရြန္ ၀မ္ ဘစ္ဆာကာ နဲ႔ လင္ဂတ္ တို႔ရဲ႕ အေျခ အေန ေတြ ကိုလည္း ေသခ်ာ မသိရ ေသးဘူး လို႔ ဆုိးရွား က ယမန္ေန႔ က ျပဳလုပ္ ခဲ့တဲ့ သတင္းစာ ရွင္းလင္းပြဲ မွာ ေျပာဆို သြားခဲ့ ပါတယ္ ။

မန္ခ်က္စတာ ယူႏုိက္တက္ အသင္း မွာ နည္းျပ သင္ခန္းစာေတြ ေလ့လာ မယ့္ ပက္ထရစ္ အီဗရာ ကေတာ့ ယမန္ေန႔ က ယူ-၂၃ ပြဲ ကို စတင္ ႀကီးၾကပ္ ခဲ့ ပါတယ္ ။ ဖူလ္ဟမ္ ယူ-၂၃ နဲ႔ ကစားခဲ့ တဲ့ အဆိုပါ ပြဲမွာ ယူႏုိက္တက္ က လီဗစ္ ရဲ႕ တစ္လံုးတည္းေသာ ဂုိးနဲ႔ အႏိုင္ ရခဲ့ ပါတယ္ ။

အေျပာင္း အေရႊ႕ ဆုိင္္ရာ သတင္းေတြ မွာေတာ့ ေဒးဗစ္ ဒီဂီယာ ဟာ အသင္း နဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆို ဖို႔ အလြန္ နီးစပ္ လာခဲ့ၿပီ လို႔ သတင္းေတြ ေပၚထြက္ လာခဲ့ ပါတယ္ ။

အီတလီ စီးရီးေအ ကလပ္ေတြ ျဖစ္တဲ့ ေအစီမီလန္ နဲ႔ အင္တာမီလန္ တုိ႔ ဟာ ယူႏုိက္တက္ ကြင္းလယ္လူ မာတစ္ ကို အၿပဳိင္ ေစာင့္ၾကည့္ ေနၿပီး ဆုိးရွား လက္ေအာက္ မွာ ပြဲထြက္ ခြင့္ နည္းပါး ေနတဲ့ ဆားဘီးယား ကြင္းလယ္လူ ကို ဇန္န၀ါရီ မွာ အၿပဳိင္ ကမ္းလွမ္းဖို႔ ရွိေနတယ္ လို႔ ၾကားသိရ ပါတယ္ ။

ယူႏုိက္တက္ နဲ႔ သတင္း ထြက္ ခဲ့တဲ့ စပါး ကြင္းလယ္လူ အဲရစ္ဆင္ ကို စပါး အသင္း က တစ္ပတ္ လုပ္ခ ေပါင္ ၂၃၀၀၀၀ တန္ စာခ်ဳပ္ သစ္ ကမ္းလွမ္း ထားတယ္ လို႔ ၾကားသိရ ပါတယ္ ။

အာဆင္နယ္ အသင္း ရဲ႕ အားထားရတဲ့ တုိက္စစ္မႈး လာကာဇက္ ဟာ ေျခက်င္း၀တ္ ဒဏ္ရာ ေၾကာင့္ ေအာက္တိုဘာ အကုန္အထိ အနားယူ ရေတာ့ မွာ ျဖစ္ကာ မန္ခ်က္စတာ ယူႏုိက္တက္ နဲ႔ ပြဲ ကို လြဲေခ်ာ္ဖို႔ ေသခ်ာ သြားခဲ့ၿပီ လို႔ ၾကားသိရ ပါတယ္ ။

ယေန႔ည လက္စတာ စီးတီး နဲ႔ ကစားမယ့္ ပြဲ အတြက္ ျပင္ဆင္္ ဖို႔ ဟိုတယ္ ကိုေရာက္ရွိ လာခဲ့ၾကတဲ့ မန္ခ်က္ စတာ ယူႏုိက္တက္ ကစား သမား စာရင္း –

ဒီဂီယာ ။ ရိုမဲရိုး ။ ဂရန္႔
ဘစ္ဆာကာ ၊ လင္ဒီေလာ့ဖ္ ၊ မက္ဂြဲယား ၊ တြမ္ဇီဘီ ၊ ဂ်ဳံးစ္ ၊ ယန္း
ေတာ္မီေနး ၊ ဖရက္ ၊ ပါရဲရား ၊ မာတစ္ ၊ မာတာ ၊ ဂ်ိမ္းစ္ ဂါနာ
တာဟစ္ေခ်ာင္ ၊ ဂရင္း၀ုဒ္ ၊ ရက္ဖိုဒ့္ ၊ ဂ်ိမ္းစ္

SPORTS MYANMAR

Unicode

မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ

=============================================

မန်ချက်စတာ ယူနိုက်တက် ဟာ ယနေ့ ည မြန်မာ စံတော်ချိန် ည ၈း၃၀ နာရီ မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၅ အဖြစ် လက်စတာ စီးတီး အသင်း ကို အိမ်ကွင်း မှာ လက်ခံ ကစား ရမှာ ဖြစ်ပါတယ် ။ လက်စတာ ဟာ ယူနိုက်တက် ရဲ့ အထက် ၃ မှတ် အကွာ မှာ ရှိနေ ပြီး ဂိုးကွာခြား ချက် လည်း တူနေတာ ကြောင့် ယနေ့ည မှာ ယူနိုက်တက် တို့ အနိုင် ရမှသာ လက်စတာ ကို ကျော်တက် နိုင်မှာ ဖြစ် ပါတယ် ။

ယူနိုက်တက် ဟာ ပရီးမီးယားလိဂ် သမိုင်း တစ်လျောက် လက်စတာ စီးတီး နဲ့ ၂၆ ကြိမ် ရင်ဆိုင် တွေ့ဆုံ ထား ရာမှာ ၁၇ ကြိမ် အနိုင် ရပြီး ရ ကြိမ် သရေ ကျကာ ၂ ပွဲသာ အရေးနိမ့် ထားခဲ့ ပါတယ် ။ ယူနိုက်တက် ဟာ မနှစ် ကလည်း လက်စတာ ကို ၂ ကျော့ စလုံး နိုင်ခဲ့ ပြီး အိမ်ကွင်း မှာ ၂ – ၁ ဖြင့် အနိုင် ရရှိ ခဲ့ ပါတယ် ။

လက်စတာ ဟာ ချန်ပီယံဖြစ် ခဲ့တဲ့ ၂၀၁၅ နောက်ပိုင်း ယူနိုက်တက် နဲ့ ဆုံတွေ့ သမျှ ပွဲတိုင်းမှာ ဂိုးပေး ထားခဲ့ ရ ပါတယ် ။ ယူနိုက်တက် ဆီ က လက်စတာ တို့ အမှတ် ခွဲယူနိုင် ခဲ့တဲ့ နောက်ဆုံး ပွဲဟာ ၂၀၁၇ မှာ ဖြစ်ပြီး ၂ – ၂ သရေကျ တဲ့ ပွဲ မှာ ဟယ်ရီ မက်ဂွဲယား က နောက်ဆုံး မိနစ် မှာ လက်စတာအတွက် ခြေပဂိုး ကို သွင်းပေး ခဲ့တာ ဖြစ် ပါတယ် ။

ယူနိုက်တက် ဟာ ၂၀၁၆ စက်တင်ဘာ နောက်ပိုင်း က စပြီး နိုင်ငံတကာပွဲစဉ် တွေ အပြီး ပြန်ကစားတဲ့ ပွဲစဉ် တွေ ကို မရှုံးနိမ့် ခဲ့ ပါဘူး ။ ဒါပေမယ့် ၁၁ ပွဲ မှာ ၄ ပွဲ သာ နိုင်ပြီးး ရ ပွဲ သရေ ကျထားခဲ့ ပါတယ် ။

အကယ်၍ ယနေ့ည ပွဲမှာ သာ ဒန်နီရယ် ဂျိမ်းစ် ဂိုးသွင်း နိုင်ခဲ့ ပါက ယူနိုက်တက် သမိုင်း တစ်လျောက် အိမ်ကွင်း ပထမဆုံး ၃ ပွဲ ဆက်တိုက် ဂိုးသွင်း နိုင်တဲ့ ဒုတိယ မြောက် ကစား သမား အဖြစ် မှတ်တမ်း ၀င် သွား မှာ ဖြစ် ပါတယ် ။

ယူနိုက်တက် ဘက်မှာ ပေါလ် ပေါ့ဘာ နဲ့ အန်တိုနီ မာရှယ် တို့ ပါ၀င် နိုင် မှာ မဟုတ်ဘဲ အာရွန် ၀မ် ဘစ်ဆာကာ နဲ့ လင်ဂတ် တို့ရဲ့ အခြေ အနေ တွေ ကိုလည်း သေချာ မသိရ သေးဘူး လို့ ဆိုးရှား က ယမန်နေ့ က ပြုလုပ် ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း မှာ နည်းပြ သင်ခန်းစာတွေ လေ့လာ မယ့် ပက်ထရစ် အီဗရာ ကတော့ ယမန်နေ့ က ယူ-၂၃ ပွဲ ကို စတင် ကြီးကြပ် ခဲ့ ပါတယ် ။ ဖူလ်ဟမ် ယူ-၂၃ နဲ့ ကစားခဲ့ တဲ့ အဆိုပါ ပွဲမှာ ယူနိုက်တက် က လီဗစ် ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင် ရခဲ့ ပါတယ် ။

အပြောင်း အရွှေ့ ဆိုင််ရာ သတင်းတွေ မှာတော့ ဒေးဗစ် ဒီဂီယာ ဟာ အသင်း နဲ့ စာချုပ်သစ် ချုပ်ဆို ဖို့ အလွန် နီးစပ် လာခဲ့ပြီ လို့ သတင်းတွေ ပေါ်ထွက် လာခဲ့ ပါတယ် ။

အီတလီ စီးရီးအေ ကလပ်တွေ ဖြစ်တဲ့ အေစီမီလန် နဲ့ အင်တာမီလန် တို့ ဟာ ယူနိုက်တက် ကွင်းလယ်လူ မာတစ် ကို အပြိုင် စောင့်ကြည့် နေပြီး ဆိုးရှား လက်အောက် မှာ ပွဲထွက် ခွင့် နည်းပါး နေတဲ့ ဆားဘီးယား ကွင်းလယ်လူ ကို ဇန်နဝါရီ မှာ အပြိုင် ကမ်းလှမ်းဖို့ ရှိနေတယ် လို့ ကြားသိရ ပါတယ် ။

ယူနိုက်တက် နဲ့ သတင်း ထွက် ခဲ့တဲ့ စပါး ကွင်းလယ်လူ အဲရစ်ဆင် ကို စပါး အသင်း က တစ်ပတ် လုပ်ခ ပေါင် ၂၃၀၀၀၀ တန် စာချုပ် သစ် ကမ်းလှမ်း ထားတယ် လို့ ကြားသိရ ပါတယ် ။

အာဆင်နယ် အသင်း ရဲ့ အားထားရတဲ့ တိုက်စစ်မှုး လာကာဇက် ဟာ ခြေကျင်းဝတ် ဒဏ်ရာ ကြောင့် အောက်တိုဘာ အကုန်အထိ အနားယူ ရတော့ မှာ ဖြစ်ကာ မန်ချက်စတာ ယူနိုက်တက် နဲ့ ပွဲ ကို လွဲချော်ဖို့ သေချာ သွားခဲ့ပြီ လို့ ကြားသိရ ပါတယ် ။

ယနေ့ည လက်စတာ စီးတီး နဲ့ ကစားမယ့် ပွဲ အတွက် ပြင်ဆင်် ဖို့ ဟိုတယ် ကိုရောက်ရှိ လာခဲ့ကြတဲ့ မန်ချက် စတာ ယူနိုက်တက် ကစား သမား စာရင်း –

ဒီဂီယာ ။ ရိုမဲရိုး ။ ဂရန့်
ဘစ်ဆာကာ ၊ လင်ဒီလော့ဖ် ၊ မက်ဂွဲယား ၊ တွမ်ဇီဘီ ၊ ဂျုံးစ် ၊ ယန်း
တော်မီနေး ၊ ဖရက် ၊ ပါရဲရား ၊ မာတစ် ၊ မာတာ ၊ ဂျိမ်းစ် ဂါနာ
တာဟစ်ချောင် ၊ ဂရင်းဝုဒ် ၊ ရက်ဖိုဒ့် ၊ ဂျိမ်းစ်

SPORTS MYANMAR