ျပီးခဲ့တဲ့ ေဘာလံုး ရာသီ မွာ ခ်ယ္လ္ဆီး အသင္း ရဲ႕ အဓိက ခံစစ္မွဴး ျဖစ္တဲ့ အန္တိုနီယို ရူဒီဂါ ဟာ ဒူးဒဏ္ရာ ေၾကာင့္ ကာလရွည္ အနားယူ ေနခဲ့ရာ အခုအခါ မွာေတာ့ ဒဏ္ရာ ကေန အျပည့္အဝ ျပန္ျပီး သက္သာ လာျပီ ျဖစ္တဲ့ အျပင္ ခ်ယ္လ္ဆီး အသင္း အတြက္ ျပန္ျပီး ပြဲထြက္ ပါဝင္ ကစားေပးဖို႕ ၾကံ့ခိုင္မႈ ပါ ျပည့္ေနျပီ ျဖစ္ပါတယ္ ။

ယေန႕ည ဝုလ္ဗ္ အသင္း နဲ႕ ပြဲစဥ္ ဟာ ဒီႏွစ္ ေဘာလံုး ရာသီ အတြက္ ရူဒီဂါ ရဲ႕ ပထမဆံုး ပြဲထြက္ ပါဝင္မယ့္ ပြဲစဥ္ ျဖစ္လာႏိုင္ပါတယ္ ။ ရူဒီဂါ ဟာ ႏိုင္ငံ လက္ေရြးစင္ အသင္း ပြဲစဥ္ ေတြ မတိုင္မီ ခ်ယ္လ္ဆီး ယူ ၂၃ အသင္း ရဲ႕ ပြဲစဥ္ တပြဲ မွာလည္း ပြဲခ်ိန္ျပည့္ ပါဝင္ ကစားခဲ့ကာ သူ႕ရဲ႕ ၾကံ့ခိုင္မႈ ေတြကို ျပန္လည္ တည္ေဆာက္ ႏိုင္ခဲ့ျပီ ျဖစ္ပါတယ္ ။

မေန႕က ပြဲၾကိဳ သတင္းစာ ရွင္းလင္းပြဲ မွာ ဖရန္႕ လမ္းပတ္ က ရူဒီဂါ ကို ယေန႕ည ဝုလ္ဗ္ နဲ႕ ပြဲမွာ ေရြးခ်ယ္ ပြဲထုတ္ေပးဖို႕ စဥ္းစား သြားမွာ ျဖစ္ေၾကာင္း ၊ ၾကံ့ခိုင္မႈ ျပည့္ဝ ေနျပီ ျဖစ္သလို ၊ သူ႕လို ထိပ္တန္း ခံစစ္မွဴး တဦး ကို ခ်ယ္လ္ဆီး အသင္း က အသံုးမျပဳ ေနရတဲ့ အတြက္ အားနည္း ေနသလို ျဖစ္ေနေပမယ့္ အခုအခါမွာ အသင္း နဲ႕ ျပန္ျပီး ပူးေပါင္း လာႏိုင္ျပီ ျဖစ္လို႕ အင္အား ေတာင့္တင္း လာဖို႕ ရွိေနေၾကာင္း ဆိုခဲ့ပါတယ္ ။

လမ္းပတ္ က ” ရူဒီဂါ ဟာ မနက္ျဖန္ ပြဲစဥ္ အတြက္ ပါဝင္ ကစားေပးဖို႕ ၾကံ့ခိုင္မႈ အျပည့္ ရွိေနပါျပီ ။ သူ႕ကို ပြဲထုတ္ဖို႕ အခြင့္အေရး ကြ်န္ေတာ့ မွာ ေရြးခ်ယ္ ပိုင္ခြင့္ ရွိေနပါတယ္ ။ သူဟာ ဒီႏွစ္ ေဘာလံုး ရာသီ မွာ ခ်ယ္လ္ဆီး အသင္း ရဲ႕ အေရးပါတဲ့ အခန္း က႑ ကေန ပါဝင္ခြင့္ ရမွာပါ ။ သူ ခ်ယ္လ္ဆီး ကို စေရာက္ လာကတည္းက အသင္း အတြက္ ဘယ္ေလာက္ အထိ အေရးပါခဲ့တဲ့ ကစားသမား တေယာက္ ျဖစ္ခဲ့သလဲ ဆိုတာ ကြ်န္ေတာ္ သိထားျပီးသားပါ ။ ”

” သူ႕လို လုပ္ကိုင္ပံု ၊ ၾကိဳးစားပံု ၊ စိတ္ဓာတ္ ခံယူခ်က္ ၊ အရည္အေသြးမ်ိဳး ရွိေနတဲ့ ႏိုင္ငံတကာ ခံစစ္မွဴးမ်ိဳး ကြ်န္ေတာ္ တို႕ လိုအပ္ ေနပါတယ္ ။ အခုဆို သူ အပါအဝင္ အသင္း ရဲ႕ အဓိက ကစားသမား တခ်ိဳ႕ လည္း ဒဏ္ရာ ကေန ျပန္ျပီး ေကာင္းလာျပီ ျဖစ္လို႕ ကြ်န္ေတာ္ တို႕ အတြက္ ကစားသမား အင္အား ပိုတိုးလာ ေတာ့မွာ ျဖစ္ပါတယ္ ။ ရူဒီဂါ ဒဏ္ရာ ကေန ျပန္လာႏိုင္တာကိုေတာ့ ကြ်န္ေတာ္ အေတာ္ေလး ဝမ္းေျမာက္ မိပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

ရူဒီဂါ ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ က နည္းျပေဟာင္း ဆာရီ ရဲ႕ အဓိက ခံစစ္မွဴး အေနနဲ႕ ေျခစြမ္းျပ ကစား ႏိုင္ခဲ့သလို ၊ သူ႕ရဲ႕ အသင္း အေပၚ ခ်စ္ျမတ္ႏိုးစိတ္ ၊ ဦးေဆာင္ႏိုင္တဲ့ စိတ္ဓာတ္ ေတြေၾကာင့္ ခ်ယ္လ္ဆီး ပရိသတ္ ေတြရဲ႕ ခ်စ္ျခင္း ကို အခ်ိန္တို အတြင္းမွာ ရယူ လာႏိုင္ခဲ့ပါတယ္ ။ ဖရန္႕ လမ္းပတ္ ကလည္း ရူဒီဂါ မွာ အသင္း ေခါင္းေဆာင္ တေယာက္ ျဖစ္လာဖို႕ အရည္အခ်င္း ေတြ ရွိေနတယ္ လို႕ ခ်ီးက်ဴး ေျပာဆို ခဲ့ပါတယ္ ။

Lampard

လမ္းပတ္ က ” အသင္း ေခါင္းေဆာင္ေကာင္း တေယာက္ ရွိဖို႕ ဆိုတာ အသင္း တသင္းလံုး အေနနဲ႕ အေရးၾကီးပါတယ္ ။ လူတိုင္းဟာ ဘယ္ေလာက္ပဲ ငယ္ရြယ္ျပီး ေျခစြမ္းေကာင္းတဲ့ ကစားသမား ေတြ မ်ားေနတဲ့ အသင္း လို႕ပဲ ေျပာေျပာ ၊ ကြ်န္ေတာ္ ကေတာ့ အသင္း ေခါင္းေဆာင္ တာဝန္ကို လူငယ္ ေတြရဲ႕ လက္ထဲကို ခ်က္ခ်င္းၾကီး မထိုးအပ္ ခ်င္ေသးပါဘူး ။ ကြ်န္ေတာ္ ဟာ ဒီလို လူငယ္ ကစားသမား အစုအဖြဲ႕ ထဲမွာ ဦးေဆာင္ႏိုင္မယ့္ အေတြ႕အၾကံဳ ရွိ ၊ အသင္း အေပၚ ဦးေဆာင္ႏိုင္မယ့္ သူေတြ လိုခ်င္ပါတယ္ ။ ”

” ရူဒီဂါ ဟာ အသက္ မၾကီးေသးဘူး ဆိုေပမယ့္ သူဟာ ခ်ယ္လ္ဆီး အသင္း ကို ဦးေဆာင္ႏိုင္ဖို႕ အတြက္ လံုေလာက္တဲ့ အရည္အခ်င္း အျပည့္ ရွိပါတယ္ ။ ဒါကို ကြ်န္ေတာ္ သူ႕ရဲ႕ အရည္အေသြး ေတြကို လိုက္ျပီး ေလ့လာရင္း ျမင္ေတြ႕ ခဲ့ရျပီးပါျပီ ။ ဒီလို ထူးျခားတဲ့ အရည္အခ်င္း ေတြကို မွန္ကန္ တဲ့ နည္းလမ္း နဲ႕ အသံုးခ်ျပီး လူငယ္ ကစားသမား ေတြ ျဖစ္တဲ့ တိုမိုရီ ၊ ေမဆင္ေမာင့္ ၊ ဟတ္ဒ္ဆန္ အိုဒိြဳင္း အစရွိတဲ့သူ ေတြကို ဦးေဆာင္ ေပးလို႕ ရႏိုင္ပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ချယ်လ်ဆီး အတွက် ပြန်ကစား ပေးဖို့ အသင့် ဖြစ်နေတဲ့ ရူဒီဂါ ဟာ အသင်း ခေါင်းဆောင် တယောက် ဖြစ်ဖို့ အရည်အသွေး အပြည့် ရှိနေတယ် လို့ ချီးကျူး လိုက်တဲ့ #လမ်းပတ်

ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှာ ချယ်လ်ဆီး အသင်း ရဲ့ အဓိက ခံစစ်မှူး ဖြစ်တဲ့ အန်တိုနီယို ရူဒီဂါ ဟာ ဒူးဒဏ်ရာ ကြောင့် ကာလရှည် အနားယူ နေခဲ့ရာ အခုအခါ မှာတော့ ဒဏ်ရာ ကနေ အပြည့်အဝ ပြန်ပြီး သက်သာ လာပြီ ဖြစ်တဲ့ အပြင် ချယ်လ်ဆီး အသင်း အတွက် ပြန်ပြီး ပွဲထွက် ပါဝင် ကစားပေးဖို့ ကြံ့ခိုင်မှု ပါ ပြည့်နေပြီ ဖြစ်ပါတယ် ။

ယနေ့ည ဝုလ်ဗ် အသင်း နဲ့ ပွဲစဉ် ဟာ ဒီနှစ် ဘောလုံး ရာသီ အတွက် ရူဒီဂါ ရဲ့ ပထမဆုံး ပွဲထွက် ပါဝင်မယ့် ပွဲစဉ် ဖြစ်လာနိုင်ပါတယ် ။ ရူဒီဂါ ဟာ နိုင်ငံ လက်ရွေးစင် အသင်း ပွဲစဉ် တွေ မတိုင်မီ ချယ်လ်ဆီး ယူ ၂၃ အသင်း ရဲ့ ပွဲစဉ် တပွဲ မှာလည်း ပွဲချိန်ပြည့် ပါဝင် ကစားခဲ့ကာ သူ့ရဲ့ ကြံ့ခိုင်မှု တွေကို ပြန်လည် တည်ဆောက် နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာ ဖရန့် လမ်းပတ် က ရူဒီဂါ ကို ယနေ့ည ဝုလ်ဗ် နဲ့ ပွဲမှာ ရွေးချယ် ပွဲထုတ်ပေးဖို့ စဉ်းစား သွားမှာ ဖြစ်ကြောင်း ၊ ကြံ့ခိုင်မှု ပြည့်ဝ နေပြီ ဖြစ်သလို ၊ သူ့လို ထိပ်တန်း ခံစစ်မှူး တဦး ကို ချယ်လ်ဆီး အသင်း က အသုံးမပြု နေရတဲ့ အတွက် အားနည်း နေသလို ဖြစ်နေပေမယ့် အခုအခါမှာ အသင်း နဲ့ ပြန်ပြီး ပူးပေါင်း လာနိုင်ပြီ ဖြစ်လို့ အင်အား တောင့်တင်း လာဖို့ ရှိနေကြောင်း ဆိုခဲ့ပါတယ် ။

လမ်းပတ် က ” ရူဒီဂါ ဟာ မနက်ဖြန် ပွဲစဉ် အတွက် ပါဝင် ကစားပေးဖို့ ကြံ့ခိုင်မှု အပြည့် ရှိနေပါပြီ ။ သူ့ကို ပွဲထုတ်ဖို့ အခွင့်အရေး ကျွန်တော့ မှာ ရွေးချယ် ပိုင်ခွင့် ရှိနေပါတယ် ။ သူဟာ ဒီနှစ် ဘောလုံး ရာသီ မှာ ချယ်လ်ဆီး အသင်း ရဲ့ အရေးပါတဲ့ အခန်း ကဏ္ဍ ကနေ ပါဝင်ခွင့် ရမှာပါ ။ သူ ချယ်လ်ဆီး ကို စရောက် လာကတည်းက အသင်း အတွက် ဘယ်လောက် အထိ အရေးပါခဲ့တဲ့ ကစားသမား တယောက် ဖြစ်ခဲ့သလဲ ဆိုတာ ကျွန်တော် သိထားပြီးသားပါ ။ ”

” သူ့လို လုပ်ကိုင်ပုံ ၊ ကြိုးစားပုံ ၊ စိတ်ဓာတ် ခံယူချက် ၊ အရည်အသွေးမျိုး ရှိနေတဲ့ နိုင်ငံတကာ ခံစစ်မှူးမျိုး ကျွန်တော် တို့ လိုအပ် နေပါတယ် ။ အခုဆို သူ အပါအဝင် အသင်း ရဲ့ အဓိက ကစားသမား တချို့ လည်း ဒဏ်ရာ ကနေ ပြန်ပြီး ကောင်းလာပြီ ဖြစ်လို့ ကျွန်တော် တို့ အတွက် ကစားသမား အင်အား ပိုတိုးလာ တော့မှာ ဖြစ်ပါတယ် ။ ရူဒီဂါ ဒဏ်ရာ ကနေ ပြန်လာနိုင်တာကိုတော့ ကျွန်တော် အတော်လေး ဝမ်းမြောက် မိပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ရူဒီဂါ ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ က နည်းပြဟောင်း ဆာရီ ရဲ့ အဓိက ခံစစ်မှူး အနေနဲ့ ခြေစွမ်းပြ ကစား နိုင်ခဲ့သလို ၊ သူ့ရဲ့ အသင်း အပေါ် ချစ်မြတ်နိုးစိတ် ၊ ဦးဆောင်နိုင်တဲ့ စိတ်ဓာတ် တွေကြောင့် ချယ်လ်ဆီး ပရိသတ် တွေရဲ့ ချစ်ခြင်း ကို အချိန်တို အတွင်းမှာ ရယူ လာနိုင်ခဲ့ပါတယ် ။ ဖရန့် လမ်းပတ် ကလည်း ရူဒီဂါ မှာ အသင်း ခေါင်းဆောင် တယောက် ဖြစ်လာဖို့ အရည်အချင်း တွေ ရှိနေတယ် လို့ ချီးကျူး ပြောဆို ခဲ့ပါတယ် ။

လမ်းပတ် က ” အသင်း ခေါင်းဆောင်ကောင်း တယောက် ရှိဖို့ ဆိုတာ အသင်း တသင်းလုံး အနေနဲ့ အရေးကြီးပါတယ် ။ လူတိုင်းဟာ ဘယ်လောက်ပဲ ငယ်ရွယ်ပြီး ခြေစွမ်းကောင်းတဲ့ ကစားသမား တွေ များနေတဲ့ အသင်း လို့ပဲ ပြောပြော ၊ ကျွန်တော် ကတော့ အသင်း ခေါင်းဆောင် တာဝန်ကို လူငယ် တွေရဲ့ လက်ထဲကို ချက်ချင်းကြီး မထိုးအပ် ချင်သေးပါဘူး ။ ကျွန်တော် ဟာ ဒီလို လူငယ် ကစားသမား အစုအဖွဲ့ ထဲမှာ ဦးဆောင်နိုင်မယ့် အတွေ့အကြုံ ရှိ ၊ အသင်း အပေါ် ဦးဆောင်နိုင်မယ့် သူတွေ လိုချင်ပါတယ် ။ ”

” ရူဒီဂါ ဟာ အသက် မကြီးသေးဘူး ဆိုပေမယ့် သူဟာ ချယ်လ်ဆီး အသင်း ကို ဦးဆောင်နိုင်ဖို့ အတွက် လုံလောက်တဲ့ အရည်အချင်း အပြည့် ရှိပါတယ် ။ ဒါကို ကျွန်တော် သူ့ရဲ့ အရည်အသွေး တွေကို လိုက်ပြီး လေ့လာရင်း မြင်တွေ့ ခဲ့ရပြီးပါပြီ ။ ဒီလို ထူးခြားတဲ့ အရည်အချင်း တွေကို မှန်ကန် တဲ့ နည်းလမ်း နဲ့ အသုံးချပြီး လူငယ် ကစားသမား တွေ ဖြစ်တဲ့ တိုမိုရီ ၊ မေဆင်မောင့် ၊ ဟတ်ဒ်ဆန် အိုဒွိုင်း အစရှိတဲ့သူ တွေကို ဦးဆောင် ပေးလို့ ရနိုင်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR