ေပၚတုိ အသင္းရဲ႕ ၀ါရင့္ ဂိုးသမား ျဖစ္သူ အီကာ ကာဆီးလက္က လီဗာပူး အသင္း အေနနဲ႕ ခ်န္ပီယံလိဂ္ ကြာတားဖို္င္နယ္မွာ သူတို႕ အသင္းကို မထင္ မေသး သင့္ဘူးလုိ႕ သတိေပး သြားခဲ့ပါတယ္။ ကြာတားဖိုင္နယ္ အတြက္ မဲခြဲပြဲမွာ မန္ခ်က္စတာ ယူႏုိက္တက္ အသင္းဟာ ဘာစီလိုနာ နဲ႕ မဲက် ခဲ့ျပီး ၊ မန္ခ်က္စတာစီးတီး နဲ႕ ေတာ့တင္ဟမ္ တုိ႕ကေတာ့ အဂၤလန္ အသင္း အခ်င္းခ်င္း ျပန္လည္ ေတြ႕ဆံု ခဲ့ကာ လီဗာပူး အသင္း ကေတာ့ ေပၚတုိ အသင္းနဲ႕ ေတြ႕ဆံု ေနခဲ့ ပါတယ္။

လီဗာပူး အသင္းနဲ႕ ေပၚတုိ တို႕ဟာ ျပီးခဲ့တဲ့ ရာသီက ခ်န္ပီယံလိဂ္ ၁၆ သင္း ရွံဳးထြက္ အဆင့္မွာ ေတြ႕ဆံု ခဲ့ၾကျပီး ယာဂန္ကေလာ့ ရဲ႕ အသင္းဟာ ပထမအေက်ာ့ ေပၚတူဂီ ေျမမွာ ေပၚတုိကုိ ၅ – ၀ နဲ႕ အန္ဖီးမွာ ဂိုးမရွိ သေရ ကစား ခဲ့ျပီး ေနာက္တဆင့္ ကို တက္ေရာက္ ခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ ရဲ႕ ဒုတိယ ဆုရွင္ လီဗာပူး အသင္းဟာ ေပၚတုိ အသင္းနဲ႕ ေနာက္ဆံုး ေတြ႕ဆံု ခဲ့တဲ့ ၆ ပြဲစလံုး ရွံဳးပြဲ မရွိ ကစားထားတဲ့ အသင္း ျဖစ္ပါတယ္။

ဒါေပမယ့္ ရီးရဲယ္မက္ဒရစ္ အသင္းနဲ႕ အတူ ခ်န္ပီယံလိဂ္ ဖလား ၃ ၾကိမ္ ဆြတ္ခူး ႏုိင္ခဲ့တဲ့ ကာဆီးလက္က သူ႕ရဲ႕ လက္ရွိ အသင္းဟာ ဒီျပိဳင္ပြဲရဲ႕ ဘယ္အသင္းကုိ မဆုိ ေကာင္းေကာင္း ယွဥ္ကစား ႏုိင္စြမ္း ရွိတယ္လို႕ သတိေပး သြားခဲ့ ပါတယ္။

ကာဆီးလက္စ္ က “ကၽြန္ေတာ္တုိ႕ ဆီမီးဖိုင္နယ္ အဆင့္ကို တက္ေရာက္ နုိင္လိမ့္မယ္လို႕ ယံုၾကည္ ထားၾက ပါတယ္။ ဒါဟာ ကၽြန္ေတာ္တုိ႕ရဲ႕ စိတ္ဓာတ္ပိုင္း အေျခအေန ျဖစ္ပါတယ္။ မျဖစ္ႏုိင္ဘူး ဆုိတဲ့ အေတြးေတြ ဘယ္သူ႕ ဆီမွာမွ မရွိၾက ပါဘူး။ ဒါဟာ အသင္းၾကီးနဲ႕ အသင္းငယ္ ကစား ရတဲ့ ပြဲမဟုတ္ပါဘူး။ ျပီးေတာ့ ကၽြန္ေတာ္တုိ႕ အေနနဲ႕ ျပီးခဲ့တဲ့ ရာသီ ျဖစ္ခဲ့တာေတြကို ျပန္လည္ ၾကည့္ေနလို႕ မရပါဘူး။ မႏွစ္ကေတာ့ သူတုိ႕ဟာ ကၽြန္ေတာ္တုိ႕ကို ျပိဳင္ပြဲ ကေန ထုတ္ပယ္ ႏုိင္ခဲ့ ပါတယ္။

ကၽြန္ေတာ္တုိ႕ လီဗာပူး အသင္းကို မ်ားစြာ ေလးစားမွဳ ရွိပါတယ္။ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲမွာ ပါ၀င္ ကစား ၾကတဲ့ အသင္းတုိင္းကုိ ဒီလို ပါပဲ။ ဒါေပမယ့္ အျခား အသင္းေတြ ကလည္း ေပၚတုိ ကုိ ေလးစားမွဳ ရွိၾကတယ္လို႕ ကၽြန္ေတ္ာ ယံုၾကည္ ပါတယ္။ ကၽြန္ေတာ္တုိ႕ဟာ အသင္းတုိင္းကို ယွဥ္ျပိဳင္ ႏုိင္စြမ္း ရွိတဲ့ ထိပ္တန္းကစားသမား ေတြကို ပိုင္ဆုိင္ ထားတယ္ ဆုိတာ သူတုိ႕ သိထား သင့္ပါတယ္။

ဒါေပမယ့္လည္း အခု ကၽြန္ေတ္ာတုိ႕ရဲ႕ ဦးစားေပး ျဖစ္ေနတာ ကေတာ့ ျပည္တြင္း လိဂ္ ျပိဳင္ပြဲ ပါပဲ။ ကၽြန္ေတ္ာတုိ႕ အမွတ္ေပး ဖလား ကုိ ေနာက္တစ္ၾကိမ္ ထပ္ျပီး ဆြတ္ခူး ခ်င္ပါတယ္။ ဒါ့ေၾကာင့္ ကၽြန္ေတာ္တုိ႕ လက္ရွိမွာ ဒီျပိဳင္ပြဲကုိ ဦးစားေပး အေနနဲ႕ ရင္ဆုိင္ သြားရ မွာပါ။

ျပီးရင္ေတာ့ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲဆီကုိ အာရံု ျပန္က် လာမွာပါ။ ကၽြန္ေတာ့္ရဲ႕ မန္ေနဂ်ာ ၊ အသင္းေဖာ္ ေတြနဲ႕ ကၽြန္ေတ္ာ ကိုယ္တုိင္ ေနာက္တဆင့္ ကို တက္ေရာက္ ႏုိင္ေအာင္ လုပ္ေဆာင္ သြားႏုိင္ လိမ့္မယ္လို႕ ယံုၾကည္ ပါတယ္။” လို႕ ဆုိသြား ပါတယ္။

လီဗာပူး အသင္းဟာ လာမည့္ ဧျပီလ ၁၀ ရက္ေန႕ မွာေတာ့ ကြာတားဖိုင္နယ္ ပထမ အေက်ာ့ အျဖစ္ ေပၚတုိကို အိမ္ကြင္းမွာ အရင္ လက္ခံ ကစား သြားရမွာ ျဖစ္ျပီးး ေနာက္ထပ္ ၈ ရက္ အၾကာ ဧျပီလ ၁၈ ရက္ေန႕ မွာေတာ့ ေပၚတူဂီ ေျမကို သြားေရာက္ ကစား သြားရမွာပါ။

လီဗာပူးဟာ ျပီးခဲ့တဲ့ ရာသီ က ေပၚတုိကုိ ၁၆ သင္း အဆင့္မွာ ေက်ာ္ျဖတ္ ႏုိင္ခဲ့ျပီးေနာက္ ကြာတားဖိုင္နယ္မွာ မန္စီးတီး နဲ႕ ေတြ႕ဆံု ခဲ့ကာ ႏွစ္ေက်ာ့ေပါင္း ၅ – ၁ နဲ႕ ဆီမီးဖိုင္နယ္ ကို တက္ေရာက္ ႏုိင္ခဲ့ ပါတယ္။ ဆီမီးဖိုင္နယ္ မွာ ကေလာ့ ရဲ႕ အသင္းဟာ ရိုးမား အသင္းနဲ႕ ေတြ႕ဆံု ခဲ့တဲ့ အန္ဖီးမွာ ၅ – ၂ ၊ အိုလီပီကုိ မွာ ၄ – ၂ နဲ႕ ရွံဳးနိမ့္ ခဲ့ေပမယ့္လည္း ဗုိလ္လုပြဲကို တက္ေရာက္ ႏုိင္ခဲ့ျပီး ဖိုင္နယ္ မွာေတာ့ ရီးရဲယ္မက္ဒရစ္ အသင္းကို ၃ – ၁ နဲ႕ ရွံဳးကာ ဒုတိယ ဆု ရရွိ ခဲ့ပါတယ္။

SM

Unicode

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ရဲ့ ပြိုင်ဘက် လီဗာပူးအသင်းကို သတိပေးသွားခဲ့တဲ့ ပေါ်တို ဂိုးသမား ကာဆီးလက်

ပေါ်တို အသင်းရဲ့ ၀ါရင့် ဂိုးသမား ဖြစ်သူ အီကာ ကာဆီးလက်က လီဗာပူး အသင်း အနေနဲ့ ချန်ပီယံလိဂ် ကွာတားဖို်င်နယ်မှာ သူတို့ အသင်းကို မထင် မသေး သင့်ဘူးလို့ သတိပေး သွားခဲ့ပါတယ်။ ကွာတားဖိုင်နယ် အတွက် မဲခွဲပွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘာစီလိုနာ နဲ့ မဲကျ ခဲ့ပြီး ၊ မန်ချက်စတာစီးတီး နဲ့ တော့တင်ဟမ် တို့ကတော့ အင်္ဂလန် အသင်း အချင်းချင်း ပြန်လည် တွေ့ဆုံ ခဲ့ကာ လီဗာပူး အသင်း ကတော့ ပေါ်တို အသင်းနဲ့ တွေ့ဆုံ နေခဲ့ ပါတယ်။

လီဗာပူး အသင်းနဲ့ ပေါ်တို တို့ဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက် အဆင့်မှာ တွေ့ဆုံ ခဲ့ကြပြီး ယာဂန်ကလော့ ရဲ့ အသင်းဟာ ပထမအကျော့ ပေါ်တူဂီ မြေမှာ ပေါ်တိုကို ၅ – ၀ နဲ့ အန်ဖီးမှာ ဂိုးမရှိ သရေ ကစား ခဲ့ပြီး နောက်တဆင့် ကို တက်ရောက် ခဲ့ပါတယ်။ ချန်ပီယံလိဂ် ရဲ့ ဒုတိယ ဆုရှင် လီဗာပူး အသင်းဟာ ပေါ်တို အသင်းနဲ့ နောက်ဆုံး တွေ့ဆုံ ခဲ့တဲ့ ၆ ပွဲစလုံး ရှံုးပွဲ မရှိ ကစားထားတဲ့ အသင်း ဖြစ်ပါတယ်။

ဒါပေမယ့် ရီးရဲယ်မက်ဒရစ် အသင်းနဲ့ အတူ ချန်ပီယံလိဂ် ဖလား ၃ ကြိမ် ဆွတ်ခူး နိုင်ခဲ့တဲ့ ကာဆီးလက်က သူ့ရဲ့ လက်ရှိ အသင်းဟာ ဒီပြိုင်ပွဲရဲ့ ဘယ်အသင်းကို မဆို ကောင်းကောင်း ယှဉ်ကစား နိုင်စွမ်း ရှိတယ်လို့ သတိပေး သွားခဲ့ ပါတယ်။

ကာဆီးလက်စ် က “ကျွန်တော်တို့ ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက် နိုင်လိမ့်မယ်လို့ ယုံကြည် ထားကြ ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ပိုင်း အခြေအနေ ဖြစ်ပါတယ်။ မဖြစ်နိုင်ဘူး ဆိုတဲ့ အတွေးတွေ ဘယ်သူ့ ဆီမှာမှ မရှိကြ ပါဘူး။ ဒါဟာ အသင်းကြီးနဲ့ အသင်းငယ် ကစား ရတဲ့ ပွဲမဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်တို့ အနေနဲ့ ပြီးခဲ့တဲ့ ရာသီ ဖြစ်ခဲ့တာတွေကို ပြန်လည် ကြည့်နေလို့ မရပါဘူး။ မနှစ်ကတော့ သူတို့ဟာ ကျွန်တော်တို့ကို ပြိုင်ပွဲ ကနေ ထုတ်ပယ် နိုင်ခဲ့ ပါတယ်။

ကျွန်တော်တို့ လီဗာပူး အသင်းကို များစွာ လေးစားမှု ရှိပါတယ်။ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပါ၀င် ကစား ကြတဲ့ အသင်းတိုင်းကို ဒီလို ပါပဲ။ ဒါပေမယ့် အခြား အသင်းတွေ ကလည်း ပေါ်တို ကို လေးစားမှု ရှိကြတယ်လို့ ကျွန်တေ်ာ ယုံကြည် ပါတယ်။ ကျွန်တော်တို့ဟာ အသင်းတိုင်းကို ယှဉ်ပြိုင် နိုင်စွမ်း ရှိတဲ့ ထိပ်တန်းကစားသမား တွေကို ပိုင်ဆိုင် ထားတယ် ဆိုတာ သူတို့ သိထား သင့်ပါတယ်။

ဒါပေမယ့်လည်း အခု ကျွန်တေ်ာတို့ရဲ့ ဦးစားပေး ဖြစ်နေတာ ကတော့ ပြည်တွင်း လိဂ် ပြိုင်ပွဲ ပါပဲ။ ကျွန်တေ်ာတို့ အမှတ်ပေး ဖလား ကို နောက်တစ်ကြိမ် ထပ်ပြီး ဆွတ်ခူး ချင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ လက်ရှိမှာ ဒီပြိုင်ပွဲကို ဦးစားပေး အနေနဲ့ ရင်ဆိုင် သွားရ မှာပါ။

ပြီးရင်တော့ ချန်ပီယံလိဂ် ပြိုင်ပွဲဆီကို အာရုံ ပြန်ကျ လာမှာပါ။ ကျွန်တော့်ရဲ့ မန်နေဂျာ ၊ အသင်းဖော် တွေနဲ့ ကျွန်တေ်ာ ကိုယ်တိုင် နောက်တဆင့် ကို တက်ရောက် နိုင်အောင် လုပ်ဆောင် သွားနိုင် လိမ့်မယ်လို့ ယုံကြည် ပါတယ်။” လို့ ဆိုသွား ပါတယ်။

လီဗာပူး အသင်းဟာ လာမည့် ဧပြီလ ၁၀ ရက်နေ့ မှာတော့ ကွာတားဖိုင်နယ် ပထမ အကျော့ အဖြစ် ပေါ်တိုကို အိမ်ကွင်းမှာ အရင် လက်ခံ ကစား သွားရမှာ ဖြစ်ပြီးး နောက်ထပ် ၈ ရက် အကြာ ဧပြီလ ၁၈ ရက်နေ့ မှာတော့ ပေါ်တူဂီ မြေကို သွားရောက် ကစား သွားရမှာပါ။

လီဗာပူးဟာ ပြီးခဲ့တဲ့ ရာသီ က ပေါ်တိုကို ၁၆ သင်း အဆင့်မှာ ကျော်ဖြတ် နိုင်ခဲ့ပြီးနောက် ကွာတားဖိုင်နယ်မှာ မန်စီးတီး နဲ့ တွေ့ဆုံ ခဲ့ကာ နှစ်ကျော့ပေါင်း ၅ – ၁ နဲ့ ဆီမီးဖိုင်နယ် ကို တက်ရောက် နိုင်ခဲ့ ပါတယ်။ ဆီမီးဖိုင်နယ် မှာ ကလော့ ရဲ့ အသင်းဟာ ရိုးမား အသင်းနဲ့ တွေ့ဆုံ ခဲ့တဲ့ အန်ဖီးမှာ ၅ – ၂ ၊ အိုလီပီကို မှာ ၄ – ၂ နဲ့ ရှံုးနိမ့် ခဲ့ပေမယ့်လည်း ဗိုလ်လုပွဲကို တက်ရောက် နိုင်ခဲ့ပြီး ဖိုင်နယ် မှာတော့ ရီးရဲယ်မက်ဒရစ် အသင်းကို ၃ – ၁ နဲ့ ရှံုးကာ ဒုတိယ ဆု ရရှိ ခဲ့ပါတယ်။

SM