Rodgers

ႏိုင္ငံတကာပြဲေတြေျကာင့္ တပတ္ျကာရပ္နားထားခဲ႔တဲ႕ ပရီးမီးယားလိဂ္ ပြဲေတြကို အခုအပတ္မွာျပန္လည္ကစားသြားျကေတာ့မွာျဖစ္ပါတယ္။ နာမည္ျကီး ယူႏိုက္တက္ အသင္းကေတာ့ ခ်န္ပီယံေဟာင္း အသင္းတသင္းျဖစ္တဲ႔ လက္စတာ ကို အိုးထရက္ဖိုဒ့္မွာ ဧည့္ခံကစားသြားရ မွာျဖစ္ပါတယ္။

ယူႏိုက္တက္ အသင္းဟာ နည္းျပျကီး ဆာအဲလက္စ္ ဖာဂူဆန္ အနားယူသြားခဲ႔ျပီး ေနာက္ပိုင္းမွာ ျပည္တြင္းလိဂ္ခ်န္ပီယံဆုျကီကို ရယူထားႏိုင္ျခင္းမရိွိေသးတာျဖစ္ပါတယ္။ေမာ္ရင္ဟိုလို ကမၻာေက်ာ္ နည္းျပမ်ိဳးကို ေခၚယူခဲ႔ေပမယ့္ ျမိဳ႔ခံျပိဳင္ဘက္မန္စီးတီးရဲ႕ေနာက္ဒုတိယေနရာသာအျမင့္ဆံုးအျဖစ္ရခဲ႔တာျဖစ္ပါတယ္။

ယူႏိုက္တက္ အသင္းဟာ ေနာက္ပိုင္းႏွစ္ေတြ အတြင္း မတည္မျငိမ္ျဖစ္ေနခဲ႔တဲ႔ အသင္းတသင္းျဖစ္ျပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိဖို႔ကိုေတာင္ က်ိန္ေသးမေျပာႏိုင္ေတာ့တာျဖစ္ပါတယ္။ဒါေျကာင့္လည္းနည္းျပ အေျပာင္းအလဲအခ်ိဳ႔ကို လုပ္ေဆာင္ထားျပီး သူတို႔ရဲ႕တိုက္စစ္မွဴးေဟာင္းတဦးျဖစ္တဲ႔ ဆိုးလ္ရွားကိုလတ္တေလာမွာ တာဝန္ေပးထားခဲ႔ပါတယ္

 

ဒီေနာ္ေဝ သားျကီး ရဲ႕လက္ထက္မွာ ယူႏိုက္တက္တို႔ အစ ေကာင္းခဲ႔ျပီး ႏိုင္ပြဲစံခ်ိန္ေတြ ရွံုးပြဲမရွိ မွတ္တမ္းေကာင္းေတြပါ ရရွိထားခဲ႔တာ ျဖစ္ပါတယ္။ဒါေပမယ့္လည္း ေနာက္ပိုင္းမွာ ဆိုးရြားတဲ႔ ရလဒ္ေတြ ဆက္တိုက္ျကံုေတြ႔ခဲ႕ရလို႕ အဆင့္၆ ေနရာသာရ ရွိခဲ႔ျပီးယူရိုပါလိဂ္ျပိဳင္ပြဲကိုသာ ဝင္ေရာက္ယွဥ္ျပိဳင္ခြင့္ရရွိထားတာျဖစ္ပါတယ္။

လက္စတာအသင္း နည္းျပ ေရာ္ဂ်ာကေတာ့ ေနာက္ပိုင္းႏွစ္ေတြအတြင္း ယူႏိုက္တက္ တို႔ ဆုဖလားေတြ ရယူထားႏိုင္ျခင္းမရွိခဲ႔ေပမယ့္ နာမည္ျကီး ကစားသမားေတြလာကစားဖို႔ ဆြဲေဆာင္ႏိုင္စြမ္း ရွိေနေသးတယ္ဆိုတာကို တပည့္ေဟာင္း မက္ဂိြဳင္းယားရဲ႕ အေျပာင္းအေရႊ႕ ကို နမူနာေပးျပီးရွင္းျပသြားခဲ႔ပါတယ္။

ပြဲျကို အင္တာဗ်ဴး တခုမွာ ေရာ္ဂ်ာက –
” လီဗာပူး အသင္းကို က်ြန္ေတာ္ကိုင္တြယ္ခြင့္ ရခဲ႔ဖူးတာ ဟာ တကယ္ကံ ေကာင္းပါတယ္္။အန္ဖီးလ္ ေျမမွာ ရွိခြင့္ ရခဲ႔တာေျကာင့္ လည္း ဒီလို အသင္းအမ်ိဳးအစားေတြရဲ႕ ဆြဲေဆာင္ႏိုင္မွဳအေျကာင္းကို သိနားလည္ခြင့္ရခဲ႔တာျဖစ္ပါတယ္။

ယူႏိုက္တက္ အသင္းနဲ႔ လီဗာပူး တို႔ဟာအဂၤလန္ ရဲ႕ အျကီးက်ယ္အခန္းနားဆံုး အသင္းေတြ အျဖစ္ရွိေနခဲ႔တာ ျကာပါျပီ။ အျခားအသင္းျကီးေတြ လည္းရွိေနသးတာျဖစ္ေပမယ့္ ဒီႏွစ္သင္းရဲ႕ ကမၻာသိ အခ်က္အလက္မွတ္တမ္းေတြေျကာင့္ အျခားအသင္းတိုင္းရဲ႕ အထက္မွာရွိေနတာျဖစ္ပါတယ္။

ဒီလို အသင္းႏွစ္သင္းမွာ သြားေရာက္ကစားဖို႔ အခြင့္အေရး ရွိလာတဲ႔ ကစားသမားေတြ အေနနဲ႕ကေတာ့ အဲ႔ဒီလို ေအာင္ျမင္မွဳ မွတ္တမ္းေတြရဲ႕ ဖိအားဒဏ္နဲ႔ ေမ်ွာ္လင့္ခ်က္ေတြကို ေတြ႔ျကံုခံစားရပါလိမ့္မယ္။ဒါ့အျပင္ျကီးမားတဲ႔ ေငြေျကးခံစားခြင့္ေတြလည္းရႏိုင္တာျဖစ္ပါတယ္။

Maguire

အဲ႔ဒီလိုအသင္းမ်ိဳးေတြမွာဆိုရင္ လုပ္ခလစာ ၂ဆေလာက္ပိုရတာျဖစ္လို႔ လည္းမက္ဂိြဳင္းယားလို အသက္အရြယ္ရွိေနတဲ႔ ကစားသမားတဦးအတြက္ ေတာ့သူတို႔ရဲ႕ကမ္းလွမ္းမွဳကို ပယ္ခ်ဖို႕ ဆိုတာအေတာ္ေလးကို ခက္ခဲလိမ့္မယ္ဆိုတာျဖစ္ႏိုင္ပါတယ္။ဒါကို က်ြန္ေတာ္လည္း နားလည္ပါတယ္။

လက္စတာ အသင္းမွာ က်ြန္ေတာ္တို႔ တည္ေဆာက္ေနတဲ႔ အရာကလည္း စိတ္လွဳပ္ရွားစရာေကာင္းပါတယ္။ေလ့က်င္းေရးကြင္းသစ္ျကီးနဲ႔အတူ ကြင္းျပင္ထက္ က်ြန္ေတာ္တို႔ရဲ႕ျကိုးစားမွဳေတြျဖစ္ပါတယ္။

ဒါေပမယ့္ လည္း ကစားသမားေတြ အမ်ားအျပားကို ယူႏိုက္တက္လို အသင္းျကီးေတြက ဆြဲေဆာင္ထားႏိုင္ေသးတယ္ဆိုတာေတာ့အမွန္ပါပဲ။က်ြန္ေတာ္ဒါကို နားလည္ပါတယ္ ” လို႔ေျပာသြားခဲ႔တာျဖစ္ပါတယ္။

SPORTS MYANMAR

Unicode

တပ်ပျက်နေတဲ့ ယူနိုက်တက်အသင်းကိုနာမည်ကြီးကစားသမားတွေလာချင်သေးရဲ့လားဆိုတာနဲ့ပတ်သက်ပြီးပြောပြလိုက်တဲ့ #ရော်ဂျာ
ုူူုု=====================================

နိုင်ငံတကာပွဲတွေကြောင့် တပတ်ကြာရပ်နားထားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲတွေကို အခုအပတ်မှာပြန်လည်ကစားသွားကြတော့မှာဖြစ်ပါတယ်။ နာမည်ကြီး ယူနိုက်တက် အသင်းကတော့ ချန်ပီယံဟောင်း အသင်းတသင်းဖြစ်တဲ့ လက်စတာ ကို အိုးထရက်ဖိုဒ့်မှာ ဧည့်ခံကစားသွားရ မှာဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် အနားယူသွားခဲ့ပြီး နောက်ပိုင်းမှာ ပြည်တွင်းလိဂ်ချန်ပီယံဆုကြီကို ရယူထားနိုင်ခြင်းမရှိိသေးတာဖြစ်ပါတယ်။မော်ရင်ဟိုလို ကမ္ဘာကျော် နည်းပြမျိုးကို ခေါ်ယူခဲ့ပေမယ့် မြို့ခံပြိုင်ဘက်မန်စီးတီးရဲ့နောက်ဒုတိယနေရာသာအမြင့်ဆုံးအဖြစ်ရခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ နောက်ပိုင်းနှစ်တွေ အတွင်း မတည်မငြိမ်ဖြစ်နေခဲ့တဲ့ အသင်းတသင်းဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ကိုတောင် ကျိန်သေးမပြောနိုင်တော့တာဖြစ်ပါတယ်။ဒါကြောင့်လည်းနည်းပြ အပြောင်းအလဲအချို့ကို လုပ်ဆောင်ထားပြီး သူတို့ရဲ့တိုက်စစ်မှူးဟောင်းတဦးဖြစ်တဲ့ ဆိုးလ်ရှားကိုလတ်တလောမှာ တာဝန်ပေးထားခဲ့ပါတယ်။

ဒီနော်ဝေ သားကြီး ရဲ့လက်ထက်မှာ ယူနိုက်တက်တို့ အစ ကောင်းခဲ့ပြီး နိုင်ပွဲစံချိန်တွေ ရှုံးပွဲမရှိ မှတ်တမ်းကောင်းတွေပါ ရရှိထားခဲ့တာ ဖြစ်ပါတယ်။ဒါပေမယ့်လည်း နောက်ပိုင်းမှာ ဆိုးရွားတဲ့ ရလဒ်တွေ ဆက်တိုက်ကြံုတွေ့ခဲ့ရလို့ အဆင့်၆ နေရာသာရ ရှိခဲ့ပြီးယူရိုပါလိဂ်ပြိုင်ပွဲကိုသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားတာဖြစ်ပါတယ်။

လက်စတာအသင်း နည်းပြ ရော်ဂျာကတော့ နောက်ပိုင်းနှစ်တွေအတွင်း ယူနိုက်တက် တို့ ဆုဖလားတွေ ရယူထားနိုင်ခြင်းမရှိခဲ့ပေမယ့် နာမည်ကြီး ကစားသမားတွေလာကစားဖို့ ဆွဲဆောင်နိုင်စွမ်း ရှိနေသေးတယ်ဆိုတာကို တပည့်ဟောင်း မက်ဂွိုင်းယားရဲ့ အပြောင်းအရွှေ့ ကို နမူနာပေးပြီးရှင်းပြသွားခဲ့ပါတယ်။

ပွဲကြို အင်တာဗျူး တခုမှာ ရော်ဂျာက –
” လီဗာပူး အသင်းကို ကျွန်တော်ကိုင်တွယ်ခွင့် ရခဲ့ဖူးတာ ဟာ တကယ်ကံ ကောင်းပါတယ််။အန်ဖီးလ် မြေမှာ ရှိခွင့် ရခဲ့တာကြောင့် လည်း ဒီလို အသင်းအမျိုးအစားတွေရဲ့ ဆွဲဆောင်နိုင်မှုအကြောင်းကို သိနားလည်ခွင့်ရခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက် အသင်းနဲ့ လီဗာပူး တို့ဟာအင်္ဂလန် ရဲ့ အကြီးကျယ်အခန်းနားဆုံး အသင်းတွေ အဖြစ်ရှိနေခဲ့တာ ကြာပါပြီ။ အခြားအသင်းကြီးတွေ လည်းရှိနေသးတာဖြစ်ပေမယ့် ဒီနှစ်သင်းရဲ့ ကမ္ဘာသိ အချက်အလက်မှတ်တမ်းတွေကြောင့် အခြားအသင်းတိုင်းရဲ့ အထက်မှာရှိနေတာဖြစ်ပါတယ်။

ဒီလို အသင်းနှစ်သင်းမှာ သွားရောက်ကစားဖို့ အခွင့်အရေး ရှိလာတဲ့ ကစားသမားတွေ အနေနဲ့ကတော့ အဲ့ဒီလို အောင်မြင်မှု မှတ်တမ်းတွေရဲ့ ဖိအားဒဏ်နဲ့ မျှော်လင့်ချက်တွေကို တွေ့ကြံုခံစားရပါလိမ့်မယ်။ဒါ့အပြင်ကြီးမားတဲ့ ငွေကြေးခံစားခွင့်တွေလည်းရနိုင်တာဖြစ်ပါတယ်။

အဲ့ဒီလိုအသင်းမျိုးတွေမှာဆိုရင် လုပ်ခလစာ ၂ဆလောက်ပိုရတာဖြစ်လို့ လည်းမက်ဂွိုင်းယားလို အသက်အရွယ်ရှိနေတဲ့ ကစားသမားတဦးအတွက် တော့သူတို့ရဲ့ကမ်းလှမ်းမှုကို ပယ်ချဖို့ ဆိုတာအတော်လေးကို ခက်ခဲလိမ့်မယ်ဆိုတာဖြစ်နိုင်ပါတယ်။ဒါကို ကျွန်တော်လည်း နားလည်ပါတယ်။

လက်စတာ အသင်းမှာ ကျွန်တော်တို့ တည်ဆောက်နေတဲ့ အရာကလည်း စိတ်လှုပ်ရှားစရာကောင်းပါတယ်။လေ့ကျင်းရေးကွင်းသစ်ကြီးနဲ့အတူ ကွင်းပြင်ထက် ကျွန်တော်တို့ရဲ့ကြိုးစားမှုတွေဖြစ်ပါတယ်။

ဒါပေမယ့် လည်း ကစားသမားတွေ အများအပြားကို ယူနိုက်တက်လို အသင်းကြီးတွေက ဆွဲဆောင်ထားနိုင်သေးတယ်ဆိုတာတော့အမှန်ပါပဲ။ကျွန်တော်ဒါကို နားလည်ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

SPORTS MYANMAR