ပြဲစဥ္ ( ၁ ) မွာ ယူႏုိက္တက္ တို႔ ခ်ဲလ္ဆီး ကို ဂုိးျပတ္ ႏုိင္လိုက္ ပါတယ္ ။ အားလံုး က ယူႏုိက္တက္ ျပန္လာ ၿပီ ၊ ဆုိးရွား ဟာ အသင့္ေတာ္ဆံုး ၊ ၀ုဒ္၀က္ ႀကီး က်န္းမာပါေစ ေတြ ျဖစ္ကုန္ ၾကပါတယ္ ။ ပြဲစဥ္ ၄ အၿပီး မွာေတာ့ ဒီ အျမင္ေတြ က အျဖဴ နဲ႔ အမည္း လို ျခားနား သြားခဲ့ ျပန္ပါတယ္ ။ အခု သူတို႔ လက္စတာ စီးတီး နဲ႔ ရင္ဆုိင္ ရေတာ့ မွာပါ ။ ဒီ ပြဲ ကို ပါ မႏိုင္ ခဲ့ဘူး ဆိုရင္ ၄ ပြဲ ဆက္တိုက္ ႏုိင္ပြဲ ေပ်ာက္မွာ ျဖစ္ၿပီး သမိုင္း တစ္ေလ်ာက္ အဖြင့္ ရလဒ္ အဆိုးဆံုး ဘာညာ စတဲ့ မွတ္တမ္း ဆုိးႀကီးေတြ ရဲ႕ အရွင္သခင္ ျဖစ္လာ မွာ မလြဲ ဧကန္ ပါပဲ ။

ဒီလို ေျပာလုိက္လို႔ ယူႏုိက္တက္ က လက္စတာ ကို အႏုိင္ ကစား ဖို႔ မျဖစ္မေန လိုအပ္ ေနၿပီ ဆုိတာ အားလံုး ရိပ္စား မိေလာက္ ပါၿပီ ။ ဒါေပမယ့္ လက္စတာ ကုိ ယူႏုိက္တက္ ႏုိင္ပါ့မလား . . .

ပြဲ မကစားခင္ လူအင္အား ကို ၾကည့္လုိက္ ရေအာင္ ။ လက္စတာ ဘက္မွာ အဓိက ကစား သမားေတြ အစံု အလင္ ပါလာ မွာပါ ။ ယူႏုိက္တက္ ဘက္ မွာ ေပါ့ဘာ ၊ မာရွယ္ ၊ လုခ္ေရွာ တို႔ မပါ သလို ဘစ္ဆာကာ ကိုလည္း ပြဲထုတ္ မထုတ္ မေသခ်ာ ေသးပါဘူး ။

တကယ္လို႔ ဘစ္ဆာကာ သာ မပါလာခဲ့ရင္ ယူႏုိက္တက္ ခံစစ္ က ေတာ္ေတာ္ေလး ယိုယြင္းသြား ႏုိင္ပါတယ္ ။ ေဂ်မီ ဗာဒီ နဲ႔ မက္ဒီဆင္ တို႔ ဟာ ျမန္ၿပီး တိုးအား ေကာင္းတာ ေၾကာင့္ ေလးလံ တဲ့ မက္ဂြဲယား တစ္ေယာက္ အကူ မပါဘဲ ထိန္းဖို႔ မလြယ္ ပါဘူး ။ အက္ရွ္ေလယန္း အေၾကာင္း ကေတာ့ ယူႏုိက္တက္ ပရိသတ္ေတြ ေကာင္းေကာင္း သိၿပီး ျဖစ္မွာပါ ။

ကြင္းလယ္ မွာ လည္း ေပါ့ဘာ မပါရင္ ဖန္တီးမႈ ဆုိတာ ဂ်ဳိနဲ႔လား လုိ႔ ေမးရ ေလာက္တဲ့ အထိ က်န္တဲ့ ကစား သမားေတြ က ႏံုခ်ာ ေနပါတယ္ ။ ျပင္သစ္ ကြင္းလယ္လူ မပါႏုိင္တာ ေၾကာင့္ ဒီညမွာ ေတာ္မီေနး ၊ ဖရက္ ၊ ပါရဲရား အတြဲ ကို ျမင္ရႏုိင္ ပါတယ္ ။ ဒီ ကြင္းလယ္ အတြဲ ကို အဆင့္ သတ္မွတ္ ရရင္ ေဆာက္သမ္တန္ ၊ နယူးကာဆယ္ ၊ ေနာ၀ွစ္ခ်္ တို႔ အဆင့္ ေလာက္ပဲ သတ္မွတ္လို႔ ရမွာပါ ။ ဒီ ကြင္းလယ္ ကေန ဘာေတြ စြမ္းေဆာင္ ျပမလဲ ဆုိတာ ေစာင့္ၾကည့္ခ်င္ ပါေသးတယ္ ။

တုိက္စစ္ ပုိင္း မွာေတာ့ မာရွယ္ မပါတဲ့ အတြက္ ရက္ဖိုဒ့္ က အေထာင္တိုက္စစ္မႈး အျဖစ္ ပြဲထြက္လာ ႏုိင္ ပါတယ္ ။ ေတာင္ပံ ၂ ဖက္ မွာေတာ့ ဂ်ိမ္းစ္ နဲ႔ ဂရင္း၀ုဒ္ ( သို႔ ) မာတာ တို႔ ပါ၀င္ လာဖို႔ အလားအလာ မ်ားေနၿပီး ဒန္နီရယ္ ဂ်ိမ္းစ္ ကို ဘယ္ေတာင္ပံ မွာ ထား ကစားမယ္ ဆုိရင္ လက္စတာ ခံစစ္ ကို အလုပ္ရွဳပ္ ေစႏုိင္ ဖို႔ ရွိ ပါတယ္ ။

ဒီညပြဲမွာ ေစာင့္ၾကည့္ခ်င္စရာေကာင္းတဲ့ တစ္ဦးတည္းေသာ ကစား သမားက ဒန္နီရယ္ ဂ်ိမ္းစ္ ပါပဲ ။ ဂ်ိမ္းစ္ ဟာ အတြင္း ကို ခ်ဳိး၀င္ ၿပီး ညာေျခနဲ႔ ကန္သြင္း ရာမွာ အားပါ တိက် ေကာင္းမြန္ သူ ျဖစ္ေၾကာင္း ပဲေလ့စ္ ၊ ေဆာက္သမ္တန္ ၊ ဘီလာရု ( လက္ေရြးစင္ ေျခစမ္းပြဲ ) က ဂုိးေတြ က သက္ေသ ျပခဲ့ ပါတယ္ ။ ညာ ေတာင္ပံ မွာ ထားရင္ ေတာ့ ျဖတ္တင္ ေဘာေတြ ကိုသာ ျမင္ရႏုိင္ ၿပီး ဘယ္ေျခ အား မသန္ေသးတဲ့ အတြက္ ဘယ္ေတာင္ပံ က သာ အေကာင္းဆံုး ျဖစ္လာႏုိင္ ပါတယ္ ။

တုိက္စစ္မွာ ျပႆနာ ရွိလာႏုိင္တာက ဒီ ကစား သမား ၃ ဦး မွာ ဘယ္သူ က ေခါင္းေဆာင္ လဲ ဆုိတာပါပဲ ။ ၃ ေယာက္ စလံုး ဟာ လူငယ္ ေတြ ျဖစ္ၿပီး တြဲ ကစား တာလည္း သိပ္ မၾကာေသး ပါဘူး ။ ဂရင္း၀ုဒ္ ေနရာ မွာ မာတာ ဆုိရင္ေတာ့ ၄-၃-၃ ကေန ၄-၂-၃-၁ ပံုစံ နဲ႔ ကစားႏုိင္ ၿပီး ကြင္းလယ္ နဲ႔ တုိက္စစ္ က လူငယ္ေတြ အတြက္ အခ်ိတ္အဆက္ တစ္ခု အျဖစ္ လုပ္ေဆာင္ ေပးႏုိင္ေခ် ရွိ ပါတယ္ ။ ဂရင္း၀ုဒ္ နဲ႔ ဆုိရင္ေတာ့ တုိက္စစ္ ေရာ ကြင္းလယ္ ပါ သူတစ္လူ ငါတစ္မင္း ျဖစ္ၿပီး အစည္းေျပတဲ့ ကစားကြက္ ကို ျမင္ေတြ႕ ရမွာပါ ။

လက္ရွိ အေန အထား အရ လက္စတာ က အထက္ အသင္း ၊ ယူႏုိက္တက္ က ေအာက္ အသင္း ျဖစ္ေန ပါၿပီ ။ လက္စတာ က ၃ မွတ္ ရ ေအာင္ႀကဳိးစား မယ့္ အသင္း ၊ ယူႏုိက္တက္ က ခံစစ္ အထုိင္ခ် ၿပီး လက္သီးပုန္းထိုး ရမယ့္ အသင္း ၊ အေန အထား က ဒီလို ပဲ ျဖစ္သင့္ ပါတယ္ ။ ဒါကို ယူႏုိက္တက္တို႔ မ်က္ကြယ္ ျပဳၿပီး လက္စတာ ကို အထက္ စီးဆန္ဆန္ သြား ကစားရင္ေတာ့ ႀကီးမားတဲ့ ေပးဆပ္မႈေတြ နဲ႔ သာ ႀကဳံေတြ႕ ရမွာပါ ။

ကစားကြက္ နဲ႔ လူထုတ္ပံု မွားလို႔ ကေတာ့ ရွဳံးဖု႔ိ ေသခ်ာ ပါတယ္ ။ ကိုယ့္ အေျခအေန ကိုယ္ သိၿပီး ေအာက္ အသင္း တစ္သင္းလို ျပင္ဆင္ ထားမွ သေရ ရဖုိ႔ အေျခ အေန ရွိၿပီး ကံေကာင္းမွ အႏုိင္ ဆိုတာ ျမင္ရမွာပါ ။ ဟိုတယ္ ေရာက္ လူစာရင္းမွာ လူငယ္ေတြ ပါလာလို႔ ၀မ္းသာ အားရ ေအာ္ဟစ္ ေၾကြးေၾကာ္ေနတဲ့ ပရိသတ္ေတြ ရွိ ပါတယ္ ။ ည ေရာက္ရင္ သူတို႔ပဲ အဲ့ဒီ လူငယ္ေတြ အသံုးမက်ဘူး ဘာျဖစ္တယ္ ညာျဖစ္တယ္ ဆုိၿပီး ဆဲေရး တုိင္းထြာ ၾကဦးမွာပါ ။

ဘာျဖစ္လုိ႔ ဒီလို ျဖစ္ေနသလဲ ဆုုိေတာ့ မန္ခ်က္စတာ ယူႏုိက္တက္ ဟာ ဟိုး လြန္ ခဲ့တဲ့ ၆ ႏွစ္ တုန္းကလို အသင္းႀကီး တစ္သင္း မဟုတ္ေတာ့ လို႔ပါပဲ . . .

SPORTS MYANMAR

Unicode

ပေါ့ဘာ မပါ ၊ မာရှယ် မပါချိန် မှာ လူငယ်တွေ နဲ့ လက်စတာ ကို အနိုင်ယူမှာလား မစ္စတာ ဆိုးရှား

================================================

ပွဲစဉ် ( ၁ ) မှာ ယူနိုက်တက် တို့ ချဲလ်ဆီး ကို ဂိုးပြတ် နိုင်လိုက် ပါတယ် ။ အားလုံး က ယူနိုက်တက် ပြန်လာ ပြီ ၊ ဆိုးရှား ဟာ အသင့်တော်ဆုံး ၊ ၀ုဒ်ဝက် ကြီး ကျန်းမာပါစေ တွေ ဖြစ်ကုန် ကြပါတယ် ။ ပွဲစဉ် ၄ အပြီး မှာတော့ ဒီ အမြင်တွေ က အဖြူ နဲ့ အမည်း လို ခြားနား သွားခဲ့ ပြန်ပါတယ် ။ အခု သူတို့ လက်စတာ စီးတီး နဲ့ ရင်ဆိုင် ရတော့ မှာပါ ။ ဒီ ပွဲ ကို ပါ မနိုင် ခဲ့ဘူး ဆိုရင် ၄ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်မှာ ဖြစ်ပြီး သမိုင်း တစ်လျောက် အဖွင့် ရလဒ် အဆိုးဆုံး ဘာညာ စတဲ့ မှတ်တမ်း ဆိုးကြီးတွေ ရဲ့ အရှင်သခင် ဖြစ်လာ မှာ မလွဲ ဧကန် ပါပဲ ။

ဒီလို ပြောလိုက်လို့ ယူနိုက်တက် က လက်စတာ ကို အနိုင် ကစား ဖို့ မဖြစ်မနေ လိုအပ် နေပြီ ဆိုတာ အားလုံး ရိပ်စား မိလောက် ပါပြီ ။ ဒါပေမယ့် လက်စတာ ကို ယူနိုက်တက် နိုင်ပါ့မလား . . .

ပွဲ မကစားခင် လူအင်အား ကို ကြည့်လိုက် ရအောင် ။ လက်စတာ ဘက်မှာ အဓိက ကစား သမားတွေ အစုံ အလင် ပါလာ မှာပါ ။ ယူနိုက်တက် ဘက် မှာ ပေါ့ဘာ ၊ မာရှယ် ၊ လုခ်ရှော တို့ မပါ သလို ဘစ်ဆာကာ ကိုလည်း ပွဲထုတ် မထုတ် မသေချာ သေးပါဘူး ။

တကယ်လို့ ဘစ်ဆာကာ သာ မပါလာခဲ့ရင် ယူနိုက်တက် ခံစစ် က တော်တော်လေး ယိုယွင်းသွား နိုင်ပါတယ် ။ ဂျေမီ ဗာဒီ နဲ့ မက်ဒီဆင် တို့ ဟာ မြန်ပြီး တိုးအား ကောင်းတာ ကြောင့် လေးလံ တဲ့ မက်ဂွဲယား တစ်ယောက် အကူ မပါဘဲ ထိန်းဖို့ မလွယ် ပါဘူး ။ အက်ရှ်လေယန်း အကြောင်း ကတော့ ယူနိုက်တက် ပရိသတ်တွေ ကောင်းကောင်း သိပြီး ဖြစ်မှာပါ ။

ကွင်းလယ် မှာ လည်း ပေါ့ဘာ မပါရင် ဖန်တီးမှု ဆိုတာ ဂျိုနဲ့လား လို့ မေးရ လောက်တဲ့ အထိ ကျန်တဲ့ ကစား သမားတွေ က နုံချာ နေပါတယ် ။ ပြင်သစ် ကွင်းလယ်လူ မပါနိုင်တာ ကြောင့် ဒီညမှာ တော်မီနေး ၊ ဖရက် ၊ ပါရဲရား အတွဲ ကို မြင်ရနိုင် ပါတယ် ။ ဒီ ကွင်းလယ် အတွဲ ကို အဆင့် သတ်မှတ် ရရင် ဆောက်သမ်တန် ၊ နယူးကာဆယ် ၊ နောဝှစ်ချ် တို့ အဆင့် လောက်ပဲ သတ်မှတ်လို့ ရမှာပါ ။ ဒီ ကွင်းလယ် ကနေ ဘာတွေ စွမ်းဆောင် ပြမလဲ ဆိုတာ စောင့်ကြည့်ချင် ပါသေးတယ် ။

တိုက်စစ် ပိုင်း မှာတော့ မာရှယ် မပါတဲ့ အတွက် ရက်ဖိုဒ့် က အထောင်တိုက်စစ်မှုး အဖြစ် ပွဲထွက်လာ နိုင် ပါတယ် ။ တောင်ပံ ၂ ဖက် မှာတော့ ဂျိမ်းစ် နဲ့ ဂရင်းဝုဒ် ( သို့ ) မာတာ တို့ ပါ၀င် လာဖို့ အလားအလာ များနေပြီး ဒန်နီရယ် ဂျိမ်းစ် ကို ဘယ်တောင်ပံ မှာ ထား ကစားမယ် ဆိုရင် လက်စတာ ခံစစ် ကို အလုပ်ရှုပ် စေနိုင် ဖို့ ရှိ ပါတယ် ။

ဒီညပွဲမှာ စောင့်ကြည့်ချင်စရာကောင်းတဲ့ တစ်ဦးတည်းသော ကစား သမားက ဒန်နီရယ် ဂျိမ်းစ် ပါပဲ ။ ဂျိမ်းစ် ဟာ အတွင်း ကို ချိုးဝင် ပြီး ညာခြေနဲ့ ကန်သွင်း ရာမှာ အားပါ တိကျ ကောင်းမွန် သူ ဖြစ်ကြောင်း ပဲလေ့စ် ၊ ဆောက်သမ်တန် ၊ ဘီလာရု ( လက်ရွေးစင် ခြေစမ်းပွဲ ) က ဂိုးတွေ က သက်သေ ပြခဲ့ ပါတယ် ။ ညာ တောင်ပံ မှာ ထားရင် တော့ ဖြတ်တင် ဘောတွေ ကိုသာ မြင်ရနိုင် ပြီး ဘယ်ခြေ အား မသန်သေးတဲ့ အတွက် ဘယ်တောင်ပံ က သာ အကောင်းဆုံး ဖြစ်လာနိုင် ပါတယ် ။

တိုက်စစ်မှာ ပြဿနာ ရှိလာနိုင်တာက ဒီ ကစား သမား ၃ ဦး မှာ ဘယ်သူ က ခေါင်းဆောင် လဲ ဆိုတာပါပဲ ။ ၃ ယောက် စလုံး ဟာ လူငယ် တွေ ဖြစ်ပြီး တွဲ ကစား တာလည်း သိပ် မကြာသေး ပါဘူး ။ ဂရင်းဝုဒ် နေရာ မှာ မာတာ ဆိုရင်တော့ ၄-၃-၃ ကနေ ၄-၂-၃-၁ ပုံစံ နဲ့ ကစားနိုင် ပြီး ကွင်းလယ် နဲ့ တိုက်စစ် က လူငယ်တွေ အတွက် အချိတ်အဆက် တစ်ခု အဖြစ် လုပ်ဆောင် ပေးနိုင်ချေ ရှိ ပါတယ် ။ ဂရင်းဝုဒ် နဲ့ ဆိုရင်တော့ တိုက်စစ် ရော ကွင်းလယ် ပါ သူတစ်လူ ငါတစ်မင်း ဖြစ်ပြီး အစည်းပြေတဲ့ ကစားကွက် ကို မြင်တွေ့ ရမှာပါ ။

လက်ရှိ အနေ အထား အရ လက်စတာ က အထက် အသင်း ၊ ယူနိုက်တက် က အောက် အသင်း ဖြစ်နေ ပါပြီ ။ လက်စတာ က ၃ မှတ် ရ အောင်ကြိုးစား မယ့် အသင်း ၊ ယူနိုက်တက် က ခံစစ် အထိုင်ချ ပြီး လက်သီးပုန်းထိုး ရမယ့် အသင်း ၊ အနေ အထား က ဒီလို ပဲ ဖြစ်သင့် ပါတယ် ။ ဒါကို ယူနိုက်တက်တို့ မျက်ကွယ် ပြုပြီး လက်စတာ ကို အထက် စီးဆန်ဆန် သွား ကစားရင်တော့ ကြီးမားတဲ့ ပေးဆပ်မှုတွေ နဲ့ သာ ကြုံတွေ့ ရမှာပါ ။

ကစားကွက် နဲ့ လူထုတ်ပုံ မှားလို့ ကတော့ ရှုံးဖို့ သေချာ ပါတယ် ။ ကိုယ့် အခြေအနေ ကိုယ် သိပြီး အောက် အသင်း တစ်သင်းလို ပြင်ဆင် ထားမှ သရေ ရဖို့ အခြေ အနေ ရှိပြီး ကံကောင်းမှ အနိုင် ဆိုတာ မြင်ရမှာပါ ။ ဟိုတယ် ရောက် လူစာရင်းမှာ လူငယ်တွေ ပါလာလို့ ၀မ်းသာ အားရ အော်ဟစ် ကြွေးကြော်နေတဲ့ ပရိသတ်တွေ ရှိ ပါတယ် ။ ည ရောက်ရင် သူတို့ပဲ အဲ့ဒီ လူငယ်တွေ အသုံးမကျဘူး ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုပြီး ဆဲရေး တိုင်းထွာ ကြဦးမှာပါ ။

ဘာဖြစ်လို့ ဒီလို ဖြစ်နေသလဲ ဆုုိတော့ မန်ချက်စတာ ယူနိုက်တက် ဟာ ဟိုး လွန် ခဲ့တဲ့ ၆ နှစ် တုန်းကလို အသင်းကြီး တစ်သင်း မဟုတ်တော့ လို့ပါပဲ . . .

SPORTS MYANMAR