Man u

မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဟာ ေနာက္ဆံုး ကစား ခဲ့တဲ့ ပြဲစဥ္ 16 ပြဲမွာ 3 ပြဲသာ အနုိင္ ရလဒ္ ရယူ ထားနိုင္ ခဲ့ျပီး ေနာက္ဆံုး ကစား ထား ခဲ့တဲ့ ပြဲစဥ္ 19 ပြဲမွွာ Cleen Sheet တစ္ပြဲ သာ ရယူ ထားနုိင္ ခဲ့ပါ ေသးတယ္ ။ ဒါ့အျပင္ ဒီ ရာသီ ပရီးမီးယား လိဂ္ ပြဲစဥ္ 4 ပြဲ ကစား ထားခဲ့ ရာမွာ နုိင္ပြဲ တစ္ပြဲသာ ရရွိ ထားခဲ့ ပါတယ္ ။

အခုေတာ့ ယူနုိက္တက္ ဟာ ဒီည မွာ ဒီ ရာသီ ရွံဳးပြဲ မရွိ ရလဒ္ နဲ့ အတူ အမွတ္ေပး ဇယား အဆင့္ 3 ေနရာ မွာ ရွိေန ခဲ့တဲ့ လက္စတာ စီးတီး အသင္း နဲ့ ရင္ဆုိင္ ကစား ရမွာ ပဲ ျဖစ္ပါတယ္ ။ လက္စတာ ဟာ ဒီ ရာသီ ပရီးမီးယား လိဂ္ ထိပ္သီး 6 သင္း စာရင္း ဝင္ေရာက္ နုိင္ လိမ့္မယ္ လို့ ထင္ေၾကး ေပးခံ ေန ရတဲ့ အသင္း ပဲ ျဖစ္ ပါတယ္ ။

ယူနုိက္တက္ အသင္း ရဲ့ ကြင္းလယ္ ကစားသမား ျဖစ္သူ နီမန္ဂ်ာ မာတစ္ ဟာ ျပီးခဲ့တဲ့ တစ္ပါတ္ တုန္းက အသင္း ရဲ့ အရံခံု ေပၚ ရွိေန ခဲ့ ရတာ နဲ့ ပတ္သက္ လို့ အေမးျမန္း ခံ ရတဲ့ အခ်ိန္ ကစားသမား ေတြ စိတ္ၾကိဳက္ ေရြးခ်ယ္ မွဳ ေတြ အတြက္ ရလဒ္ ဆုိးရြား ခဲ့ ပါက ဆုိးလ္ရွား မွာသာ တာဝန္ ရွိေၾကာင္း ေျပာၾကား ခဲ့ပါ ေသးတယ္ ။

အခုေတာ့ လက္စတာ နဲ့ ကစား ရမယ့္ ပြဲစဥ္ မတုိင္မီ ယူနုိက္တက္ နည္းျပ ဆုိးလ္ရွား က အဆုိပါ အေၾကာင္း အရာ နဲ့ ပတ္သက္ လို့ …

” ခင္ဗ်ား ဒီမွာ ရွိ ေနရင္ ဖိအား ေတြကို အျမဲတမ္း ခံစား ေနရ မွာ ပါပဲ ။ ဒါေပမယ့္ က်ြန္ေတာ္ တုိ့ လုပ္ေဆာင္ ေနၾကတဲ့ အရာ ေတြ အေပၚ က်ြန္ေတာ္ ယုံၾကည္မွဳ အျပည့္ ရွိေန ပါတယ္ ။ က်ြန္ေတာ္ တုိ႔မွာ စီမံကိန္း တစ္ခု ရွိေန ပါတယ္ ။ လက္ရွိ ရလဒ္ ေတြက က်ြန္ေတာ္ လမ္းေၾကာင္း ေျပာင္းဖုိ႔ အတားအစီး ျဖစ္ေစ မွာ မဟုတ္ ပါဘူး ”

” ရလဒ္ လား ၊ အဲ့တာ က မတူ ညီတဲ့ ကိစၥရပ္ တစ္ခု ပါ ။ ဒါေပမယ့္ ခင္ဗ်ား ဟာ အခြင့္ အေရး ေလးၾကိမ္ ေပးခဲ့ ရတာ ကေန သံုးဂိုး အထိ ခြင့္ျပဳ ရမယ္ ဆုိရင္ ေတာ့ က်ြန္ေတာ္ တုိ့ အဲ့တာ ေတြကို ထိန္းခ်ဳပ္ နုိင္ဖုိ႔ မလြယ္ကူလွ ပါဘူး ။ က်ြန္ေတာ္ တုိ့ ဘယ္လို ကစား ၾက မလဲ ၊ က်ြန္ေတာ္ တုိ႔ ဘယ္လို ေလ့က်င့္ မွဳေတြ ျပဳလုပ္ ၾက မလဲ ၊ ဘယ္လို ျပင္ဆင္ ျပီး ကစားသမား ေတြကို ေရြးခ်ယ္ ၾက မလဲ ဆုိတာ ေတြကို ပဲ ထိန္းခ်ဳပ္ နုိင္ၾက ပါတယ္ ”

” ဟုတ္ပါျပီ ၊ က်ြန္ေတာ္ က အခြင့္ အေရး ေလးၾကိမ္ ေပးခဲ့ ရတယ္ လို့ ေျပာခဲ့ ပါတယ္ ။ တစ္ကယ္တမ္း မွာေတာ့ ျပီးခဲ့တဲ့ ပြဲစဥ္ 3 ပြဲ အတြင္း အခြင့္အေရး 6 ၾကိမ္ ေပးခဲ့ ရျပီး 4 ၾကိမ္ မွာ ျပိဳင္ဖက္ ေတြ အခြင့္ သာခဲ့ ၾက ပါတယ္ ။ က်ြန္ေတာ္ တုိ့ အနိုင္ ရသင့္ တဲ့ ပြဲစဥ္ ေတြ ရွိခဲ့ ပါတယ္ ”

 

” က်ြန္ေတာ္ တုိ့ အဲ့တာ ကို သိၾက ပါတယ္ ။ က်ြန္ေတာ္ တုိ့ ဂိုး ေတြ သြင္းယူ နုိင္ဖုိ႔ လုိခဲ့ ပါတယ္ ။ က်ြန္ေတာ္ တို့နဲ့ ထုိက္တန္ တဲ့ ရလဒ္ ေတြကို ရယူ နုိင္ခဲ့ သင့္ ပါတယ္ ။ အခု က အခ်ိန္ ေကာင္း တစ္ခု ပါပဲ ။ က်ြန္ေတာ္ တုိ့ ဟာ အလုပ္ ရွဳပ္မယ့္ ရက္ သတၱပါတ္ တစ္ခု ကို ပိုင္ဆုိင္ ေနၾက ရ ပါျပီ ”

” က်ြန္ေတာ္ တုိ့ဟာ ခ်ဲလ္ဆီး ၊ ေတာ့တင္ဟမ္ နဲ့ အာဆင္နယ္ အသင္း ေတြ ေနာက္မွာ မရွိ လိုခ်င္ ၾက ပါဘူး ။ ဒါ့အျပင္ လက္စတာ ၊ အဲဗာတန္ အသင္း ေတြ ကလည္း အမွတ္ေပး ဇယား ထိပ္ပိုင္း ကို တက္ေရာက္ နုိင္ဖုိ႔ အားသန္ ေနၾက ပါတယ္ ”

” အဲ့တာ ေၾကာင့္ က်ြန္ေတာ္ တုိ႔ ေတြဟာ နုိင္ပြဲ ေတြ ဆက္ဖုိ႔ ၊ ရလဒ္ ေကာင္းေတြ ဆက္တုိက္ ပိုင္ဆုိင္ နုိင္ဖုိ႔ အတြက္ ၾကိဳးစား ၾကရ ပါ့မယ္ ။ လက္စတာနဲ့ ပြဲက က်ြန္ေတာ္ တုိ့ အတြက္ ေကာင္းမြန္ တဲ့ စမ္းသပ္မွဳ တစ္ရပ္ ပါပဲ ။ ဒါဟာ မန္စီးတီး ၊ လီဗာပူး အသင္း ေတြနဲ့ နီးကပ္စြာ ရွိေန လို ၾကတဲ့ က်ြန္ေတာ္ တုိ့ အသင္း သားေတြ အတြက္ ၾကီးမား တဲ့ စိန္ေခၚမွဳ တစ္ရပ္ ပါပဲ ” လို႔ ဆုိးလ္ရွား က ဆုိသြား ခဲံလိုက္ ပါတယ္ ။

#Sports_Myanmar

Unicode

ကွင်းလယ်လူ မာတစ်ရဲ့ ဝေဖန်မှုတွေကို ပြန်လည် တုန့်ပြန်လိုက်တဲ့ #ဆိုးလ်ရှား

==================

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ နောက်ဆုံး ကစား ခဲ့တဲ့ ပွဲစဉ် 16 ပွဲမှာ 3 ပွဲသာ အနိုင် ရလဒ် ရယူ ထားနိုင် ခဲ့ပြီး နောက်ဆုံး ကစား ထား ခဲ့တဲ့ ပွဲစဉ် 19 ပွဲမှှာ Cleen Sheet တစ်ပွဲ သာ ရယူ ထားနိုင် ခဲ့ပါ သေးတယ် ။ ဒါ့အပြင် ဒီ ရာသီ ပရီးမီးယား လိဂ် ပွဲစဉ် 4 ပွဲ ကစား ထားခဲ့ ရာမှာ နိုင်ပွဲ တစ်ပွဲသာ ရရှိ ထားခဲ့ ပါတယ် ။

အခုတော့ ယူနိုက်တက် ဟာ ဒီည မှာ ဒီ ရာသီ ရှုံးပွဲ မရှိ ရလဒ် နဲ့ အတူ အမှတ်ပေး ဇယား အဆင့် 3 နေရာ မှာ ရှိနေ ခဲ့တဲ့ လက်စတာ စီးတီး အသင်း နဲ့ ရင်ဆိုင် ကစား ရမှာ ပဲ ဖြစ်ပါတယ် ။ လက်စတာ ဟာ ဒီ ရာသီ ပရီးမီးယား လိဂ် ထိပ်သီး 6 သင်း စာရင်း ဝင်ရောက် နိုင် လိမ့်မယ် လို့ ထင်ကြေး ပေးခံ နေ ရတဲ့ အသင်း ပဲ ဖြစ် ပါတယ် ။

ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ နီမန်ဂျာ မာတစ် ဟာ ပြီးခဲ့တဲ့ တစ်ပါတ် တုန်းက အသင်း ရဲ့ အရံခုံ ပေါ် ရှိနေ ခဲ့ ရတာ နဲ့ ပတ်သက် လို့ အမေးမြန်း ခံ ရတဲ့ အချိန် ကစားသမား တွေ စိတ်ကြိုက် ရွေးချယ် မှု တွေ အတွက် ရလဒ် ဆိုးရွား ခဲ့ ပါက ဆိုးလ်ရှား မှာသာ တာဝန် ရှိကြောင်း ပြောကြား ခဲ့ပါ သေးတယ် ။

အခုတော့ လက်စတာ နဲ့ ကစား ရမယ့် ပွဲစဉ် မတိုင်မီ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က အဆိုပါ အကြောင်း အရာ နဲ့ ပတ်သက် လို့ …

” ခင်ဗျား ဒီမှာ ရှိ နေရင် ဖိအား တွေကို အမြဲတမ်း ခံစား နေရ မှာ ပါပဲ ။ ဒါပေမယ့် ကျွန်တော် တို့ လုပ်ဆောင် နေကြတဲ့ အရာ တွေ အပေါ် ကျွန်တော် ယုံကြည်မှု အပြည့် ရှိနေ ပါတယ် ။ ကျွန်တော် တို့မှာ စီမံကိန်း တစ်ခု ရှိနေ ပါတယ် ။ လက်ရှိ ရလဒ် တွေက ကျွန်တော် လမ်းကြောင်း ပြောင်းဖို့ အတားအစီး ဖြစ်စေ မှာ မဟုတ် ပါဘူး ”

” ရလဒ် လား ၊ အဲ့တာ က မတူ ညီတဲ့ ကိစ္စရပ် တစ်ခု ပါ ။ ဒါပေမယ့် ခင်ဗျား ဟာ အခွင့် အရေး လေးကြိမ် ပေးခဲ့ ရတာ ကနေ သုံးဂိုး အထိ ခွင့်ပြု ရမယ် ဆိုရင် တော့ ကျွန်တော် တို့ အဲ့တာ တွေကို ထိန်းချုပ် နိုင်ဖို့ မလွယ်ကူလှ ပါဘူး ။ ကျွန်တော် တို့ ဘယ်လို ကစား ကြ မလဲ ၊ ကျွန်တော် တို့ ဘယ်လို လေ့ကျင့် မှုတွေ ပြုလုပ် ကြ မလဲ ၊ ဘယ်လို ပြင်ဆင် ပြီး ကစားသမား တွေကို ရွေးချယ် ကြ မလဲ ဆိုတာ တွေကို ပဲ ထိန်းချုပ် နိုင်ကြ ပါတယ် ”

” ဟုတ်ပါပြီ ၊ ကျွန်တော် က အခွင့် အရေး လေးကြိမ် ပေးခဲ့ ရတယ် လို့ ပြောခဲ့ ပါတယ် ။ တစ်ကယ်တမ်း မှာတော့ ပြီးခဲ့တဲ့ ပွဲစဉ် 3 ပွဲ အတွင်း အခွင့်အရေး 6 ကြိမ် ပေးခဲ့ ရပြီး 4 ကြိမ် မှာ ပြိုင်ဖက် တွေ အခွင့် သာခဲ့ ကြ ပါတယ် ။ ကျွန်တော် တို့ အနိုင် ရသင့် တဲ့ ပွဲစဉ် တွေ ရှိခဲ့ ပါတယ် ”

” ကျွန်တော် တို့ အဲ့တာ ကို သိကြ ပါတယ် ။ ကျွန်တော် တို့ ဂိုး တွေ သွင်းယူ နိုင်ဖို့ လိုခဲ့ ပါတယ် ။ ကျွန်တော် တို့နဲ့ ထိုက်တန် တဲ့ ရလဒ် တွေကို ရယူ နိုင်ခဲ့ သင့် ပါတယ် ။ အခု က အချိန် ကောင်း တစ်ခု ပါပဲ ။ ကျွန်တော် တို့ ဟာ အလုပ် ရှုပ်မယ့် ရက် သတ္တပါတ် တစ်ခု ကို ပိုင်ဆိုင် နေကြ ရ ပါပြီ ”

” ကျွန်တော် တို့ဟာ ချဲလ်ဆီး ၊ တော့တင်ဟမ် နဲ့ အာဆင်နယ် အသင်း တွေ နောက်မှာ မရှိ လိုချင် ကြ ပါဘူး ။ ဒါ့အပြင် လက်စတာ ၊ အဲဗာတန် အသင်း တွေ ကလည်း အမှတ်ပေး ဇယား ထိပ်ပိုင်း ကို တက်ရောက် နိုင်ဖို့ အားသန် နေကြ ပါတယ် ”

” အဲ့တာ ကြောင့် ကျွန်တော် တို့ တွေဟာ နိုင်ပွဲ တွေ ဆက်ဖို့ ၊ ရလဒ် ကောင်းတွေ ဆက်တိုက် ပိုင်ဆိုင် နိုင်ဖို့ အတွက် ကြိုးစား ကြရ ပါ့မယ် ။ လက်စတာနဲ့ ပွဲက ကျွန်တော် တို့ အတွက် ကောင်းမွန် တဲ့ စမ်းသပ်မှု တစ်ရပ် ပါပဲ ။ ဒါဟာ မန်စီးတီး ၊ လီဗာပူး အသင်း တွေနဲ့ နီးကပ်စွာ ရှိနေ လို ကြတဲ့ ကျွန်တော် တို့ အသင်း သားတွေ အတွက် ကြီးမား တဲ့ စိန်ခေါ်မှု တစ်ရပ် ပါပဲ ” လို့ ဆိုးလ်ရှား က ဆိုသွား ခဲံလိုက် ပါတယ် ။

#Sports_Myanmar