လီဗာပူး စတား ေရာ္ဘတ္တို ဖာမီႏို က နယူးကာဆယ္ တုိက္စစ္မွဳး ဂ်ိဳလင္တန္ အေနနဲ႕ အန္ဖီးမွာ ေပ်ာ္စရာေတာ့ ေကာင္းမွာ မဟုတ္ဘူးလို႕ ယေန႕ည ၎တုိ႕ ႏွစ္သင္း ထိပ္တုိက္ ေတြ႕ဆံုမယ့္ ပြဲစဥ္ မတုိင္မီ သတိေပး လိုက္ပါတယ္။ ဂ်ိဳလင္တန္ဟာ ျပီးခဲ့တဲ့ ေႏြရာသီက ေဟာ့ဖန္ဟုိင္း အသင္းမွာ နယူးကာဆယ္ အသင္းကို ေျပာင္းလာ ခဲ့သူ ျဖစ္ျပီး ဖာမီႏိုဟာ ဆုိရင္လည္း လြန္ခဲ့တဲ့ ၂၀၁၅ ခုႏွစ္က ေဟာ့ဖန္ဟုိင္းမွ လီဗာပူးကို ေရာက္လာ ခဲ့တာ ျဖစ္ပါတယ္။

ဘရာဇီး တုိက္စစ္မွဳး ဖာမီႏို ဟာ ကမာၻ့႕ေဘာလံုး ေလာကရဲ႕ အေကာင္းဆံုး တုိက္စစ္မွဳးေတြ ထဲက တစ္ဦး ျဖစ္ျပီး ယာဂန္ကေလာ့ရဲ႕ နည္းဗ်ဴဟာ မွာ အဓိက က်သူ ျဖစ္ကာ ၎ရဲ႕ တစ္ႏိုင္ငံတည္းသာ ဂ်ိဳလင္တန္ ကေတာ့ စိန္႕ဂ်ိမ္းပက္မွာ အထိုင္က်ဖို႕ ၾကိဳးစား ေနတုန္း ရွိပါေသးတယ္။ ဂ်ိဳလင္တန္ဟာ ေတာ့တင္ဟမ္ကုိ နယူးကာဆယ္ အသင္း အေ၀းကြင္းမွာ ၁-၀ နဲ႕ အႏုိင္ ရရွိ ခဲ့တဲ့ ပြဲစဥ္မွာ အသင္း အတြက္ တစ္လံုးတည္းေသာ ဂိုးကို သြင္းယူ ေပးခဲ့သူ ျဖစ္ျပီး ဒါဟာ ဒီရာသီ လိဂ္ျပိဳင္ပြဲမွာ ၎ရဲ႕ တစ္လံုးတည္းေသာ ဂိုးျဖစ္ပါတယ္။

ဒါေပမယ့္ ဖာမီႏိုက ယေန႕ည အန္ဖီးမွာ ၎အေနနဲ႕ ေတာ့တင္ဟမ္ ကြင္းမွာ လိုမ်ိဳး ထပ္လုပ္ျပ ႏုိင္မွာ မလြယ္ဘူးလို႕ ေျပာလိုက္ပါတယ္။

Fermino

ဖာမီႏို က “ကၽြန္ေတာ္တုိ႕ ဒီပြဲအေၾကာင္း စကား ေျပာခဲ့ ၾကျပီး ပါျပီ။ ဘာလို႕လဲ ဆုိေတာ့ ကၽြန္ေတ္ာတုိ႕ဟာ တူညီတဲ့ ကိုယ္စားလွယ္ ရွိၾကသလို တစ္ဦးနဲ႕ တစ္ဦးလည္း သိထားၾက ျပီးသားပါ။ သူ အဂၤလန္မွာ ေအာင္ျမင္မွဳ ရဖို႕ ကၽြန္ေတာ္ ေမွ်ာ္လင့္မိျပီး သူ႕ရဲ႕ ကစားသမား ဘ၀ အဆင့္ဆင့္ တုိးတက္ ေျပာင္းလဲ လာဖို႕လည္း ေမွ်ာ္လင့္ ပါတယ္။

ဥေရာပ မွာ ဘရာဇီး ကစားသမား ေတြနဲ႕ ေတြ႕ရတာ အျမဲ ေကာင္းမြန္တဲ့ အရာပါ။ ဘရာဇီး ကစားသမား ေတာ္ေတာ္မ်ားမ်ား ေအာင္ျမင္ ေနၾကတာကို ျမင္ရတာ ေကာင္းပါတယ္။ ဂ်ိဳလင္တန္ဟာ ဒီလူေတြ ထဲက တစ္ဦးပါ။ ကၽြန္ေတာ့္လိုပဲ သူဟာ ဘရာဇီး ကေန အေစာၾကီး ထြက္ခြာ လာခဲ့ျပီး ေဟာ့ဟန္ဟိုင္းကို ေျပာင္းခဲ့ ပါတယ္။ အခု ဆုိရင္ သူဟာ ပရီးမီးယားလိဂ္မွာ ကစား ေနပါတယ္။

သူ႕ရဲ႕ ကစားဟန္ အရ သူဟာ လံုး၀ အလုပ္ျဖစ္ႏုိင္တဲ့ အရည္အေသြးကို ပို္င္ဆုိင္ ထားပါတယ္။ ဒါေပမယ့္ စေနေန႕ မွာေတာ့ ေပ်ာ္စရာ ေကာင္းေနမွာ မဟုတ္ပါဘူး။” လို႕ ဆုိသြားပါတယ္။

ဂ်ိဳလင္တန္ ကလည္း ဖာမီႏို နဲ႕ သူ႕ရဲ႕ ၾကားက ဆက္ဆံေရးကို ယခုလိုပဲ ထုတ္ေဖာ္ ခဲ့ပါတယ္။

ဂ်ိဳလင္တန္ က “ကၽြန္ေတာ္ အဂၤလန္ကို ေျပာင္းလာ ခဲ့တုန္းက ဖာမီႏိုဟာ ကၽြန္ေတာ့္ကုိ ကံေကာင္း ပါေစ ဆုိျပီး မက္ေဆ့ခ်္ ပို႕ခဲ့ပါတယ္။ သူေျပာခဲ့တာက အကယ္၍ ကၽြန္ေတာ္ တစ္ခုခု လိုအပ္ ခဲ့မယ္ ဆုိရင္ သူ႕ကို ေျပာပါ ဆုိျပီးေတာ့ပါ။ ကၽြန္ေတာ္ ဂုိးသြင္း ႏို္င္တာပဲ ျဖစ္ျဖစ္ ေကာင္းေကာင္း ကစား ႏုိင္တာပဲ ျဖစ္ျဖစ္ သူဟာ ကၽြန္ေတာ့္ကို ဂုဏ္ျပဳပါတယ္။ တစ္ခါတစ္ရံ ကၽြန္ေတာ္ သူ႕ အင္စတာဂမ္ က ဓာတ္ပံုေတြမွာ comment ေပးတက္ပါတယ္။” လို႕ ဆုိသြားပါတယ္။

လီဗာပူးဟာ နယူးကာဆယ္ နဲ႕ ပဲြစဥ္ မတုိင္မီ လိဂ္ျပိဳင္ပြဲမွာ အိမ္ကြင္း ၄၂ ပြဲဆက္ ရွံဳးပြဲ မရွိမွတ္တမ္းကို ပိုင္ဆိုင္ ထားခဲ့ျပီး ကေလာ့ရဲ႕ အသင္းဟာ လြန္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္ ဧျပီလက ပဲေလ့စ္ကို ၂-၁ နဲ႕ ရွံဳးနိမ့္ ခဲ့တဲ့ ပြဲစဥ္ေနာက္ပို္င္း ရွံဳးပြဲ မရွိေသးတာ ျဖစ္ပါတယ္။ ယာဂန္ကေလာ့ ကေတာ့ ပရီးမီးယားလိဂ္မွာ လီဗာပူးရဲ႕ အိမ္ကြင္း ရွံဳးပြဲမရွိ မွတ္တမ္းဟာ ဂုဏ္ယူဖို႕ထက္ စာရင္ စိတ္ဓာတ္ တက္ၾကြေစဖို႕ အတြက္သာ အသံုးခ်သြား ရမယ္လို႕ ဆုိသြားပါတယ္။

ကေလာ့ က “ကၽြန္ေတာ္တုိ႕ ဒီအေၾကာင္းကို ေတြးမေနပါဘူး။ တကယ္ပါ။ ကၽြန္ေတာ္တုိ႕ဟာ ဒါမ်ိဳးေျပာတာ တစ္ၾကိမ္ မကပါဘူး။ ေနာက္ဆံုးပြဲ ၊ ေနာက္ဆံုး ပြဲ ၃၀ နဲ႕ ျပီးခဲ့တဲ့ ၂ ႏွစ္ခြဲ ေလာက္ကတည္းက ဒါနဲ႕ ပက္သက္ျပီး ဘာမွ မခံစားရဘူးလို႕ ေျပာခဲ့ပါတယ္။ စံခ်ိန္ေတြဟာ ခ်ိဳးဖို႕ ဆိုတာ ကၽြန္ေတ္ာတုိ႕ သိပါတယ္။ ဒါပါပဲ။ ပထမဦးဆံုး အသင္း ျဖစ္တာနဲ႕ ၂ ႏွစ္ခြဲေလာက္ ဒီလို လုပ္္ေနႏုိင္တာ ေကာင္းပါတယ္။ အသင္းတုိင္း ဒီလို လုပ္ႏုိ္င္စြမ္း ရွိပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တုိ႕ ပြဲအမ်ားစုကို အႏုိင္နဲ႕ သေရေတြ အမ်ားဆံုး ရယူႏုိင္ခဲ့တာ ေကာင္းပါတယ္။

ဒါေပမယ့္ ကၽြန္ေတာ္ စိတ္၀င္စားတဲ့ အေၾကာင္းအရာ တစ္ခုကေတာ့ ကၽြန္ေတ္ာတုိ႕ အေနနဲ႕ အာဆင္နယ္ နဲ႕ ပြဲကလိုမ်ိဳး အဲဒီ ပြဲကထက္ ပိုမိုေကာင္းမြန္တဲ့ mood နဲ႕ ပံုစံ ထပ္ရေအာင္ ဘယ္လို လုပ္သြားမလဲ ဆုိတာပါပဲ။ ဘာလို႕လဲ ဆုိေတာ့ အသင္းရဲ႕ ခံယူခ်က္ အပို္္င္းဟာ အျမင့္ဆံုး အဆင့္မွာ ရွိေနလို႕ပါ။ ဒါဟာ ကၽြန္ေတာ္တုိ႕ လုပ္သြား ၇မယ့္ အရာပါ။ ျပီးခဲ့တဲ့ ၂ ႏွစ္ခြဲ အတြင္း ျဖစ္ခဲ့တဲ့ အရာေတြကို မဟုတ္ပါဘူး။” လို႕ ဆုိသြား ပါတယ္။

SM

Unicode

နယူးကာဆယ် တိုက်စစ်မှုး ဂျိုလင်တန် ကို သတိပေးသွားခဲ့တဲ့ လီဗာပူး တိုက်စစ်မှုး ဖာမီနို

လီဗာပူး စတား ရော်ဘတ်တို ဖာမီနို က နယူးကာဆယ် တိုက်စစ်မှုး ဂျိုလင်တန် အနေနဲ့ အန်ဖီးမှာ ပျော်စရာတော့ ကောင်းမှာ မဟုတ်ဘူးလို့ ယနေ့ည ၎င်းတို့ နှစ်သင်း ထိပ်တိုက် တွေ့ဆုံမယ့် ပွဲစဉ် မတိုင်မီ သတိပေး လိုက်ပါတယ်။ ဂျိုလင်တန်ဟာ ပြီးခဲ့တဲ့ နွေရာသီက ဟော့ဖန်ဟိုင်း အသင်းမှာ နယူးကာဆယ် အသင်းကို ပြောင်းလာ ခဲ့သူ ဖြစ်ပြီး ဖာမီနိုဟာ ဆိုရင်လည်း လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က ဟော့ဖန်ဟိုင်းမှ လီဗာပူးကို ရောက်လာ ခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီး တိုက်စစ်မှုး ဖာမီနို ဟာ ကမ္ဘာ့့ဘောလုံး လောကရဲ့ အကောင်းဆုံး တိုက်စစ်မှုးတွေ ထဲက တစ်ဦး ဖြစ်ပြီး ယာဂန်ကလော့ရဲ့ နည်းဗျူဟာ မှာ အဓိက ကျသူ ဖြစ်ကာ ၎င်းရဲ့ တစ်နိုင်ငံတည်းသာ ဂျိုလင်တန် ကတော့ စိန့်ဂျိမ်းပက်မှာ အထိုင်ကျဖို့ ကြိုးစား နေတုန်း ရှိပါသေးတယ်။ ဂျိုလင်တန်ဟာ တော့တင်ဟမ်ကို နယူးကာဆယ် အသင်း အဝေးကွင်းမှာ ၁-၀ နဲ့ အနိုင် ရရှိ ခဲ့တဲ့ ပွဲစဉ်မှာ အသင်း အတွက် တစ်လုံးတည်းသော ဂိုးကို သွင်းယူ ပေးခဲ့သူ ဖြစ်ပြီး ဒါဟာ ဒီရာသီ လိဂ်ပြိုင်ပွဲမှာ ၎င်းရဲ့ တစ်လုံးတည်းသော ဂိုးဖြစ်ပါတယ်။

ဒါပေမယ့် ဖာမီနိုက ယနေ့ည အန်ဖီးမှာ ၎င်းအနေနဲ့ တော့တင်ဟမ် ကွင်းမှာ လိုမျိုး ထပ်လုပ်ပြ နိုင်မှာ မလွယ်ဘူးလို့ ပြောလိုက်ပါတယ်။

ဖာမီနို က “ကျွန်တော်တို့ ဒီပွဲအကြောင်း စကား ပြောခဲ့ ကြပြီး ပါပြီ။ ဘာလို့လဲ ဆိုတော့ ကျွန်တေ်ာတို့ဟာ တူညီတဲ့ ကိုယ်စားလှယ် ရှိကြသလို တစ်ဦးနဲ့ တစ်ဦးလည်း သိထားကြ ပြီးသားပါ။ သူ အင်္ဂလန်မှာ အောင်မြင်မှု ရဖို့ ကျွန်တော် မျှော်လင့်မိပြီး သူ့ရဲ့ ကစားသမား ဘဝ အဆင့်ဆင့် တိုးတက် ပြောင်းလဲ လာဖို့လည်း မျှော်လင့် ပါတယ်။

ဥရောပ မှာ ဘရာဇီး ကစားသမား တွေနဲ့ တွေ့ရတာ အမြဲ ကောင်းမွန်တဲ့ အရာပါ။ ဘရာဇီး ကစားသမား တော်တော်များများ အောင်မြင် နေကြတာကို မြင်ရတာ ကောင်းပါတယ်။ ဂျိုလင်တန်ဟာ ဒီလူတွေ ထဲက တစ်ဦးပါ။ ကျွန်တော့်လိုပဲ သူဟာ ဘရာဇီး ကနေ အစောကြီး ထွက်ခွာ လာခဲ့ပြီး ဟော့ဟန်ဟိုင်းကို ပြောင်းခဲ့ ပါတယ်။ အခု ဆိုရင် သူဟာ ပရီးမီးယားလိဂ်မှာ ကစား နေပါတယ်။

သူ့ရဲ့ ကစားဟန် အရ သူဟာ လုံးဝ အလုပ်ဖြစ်နိုင်တဲ့ အရည်အသွေးကို ပို်င်ဆိုင် ထားပါတယ်။ ဒါပေမယ့် စနေနေ့ မှာတော့ ပျော်စရာ ကောင်းနေမှာ မဟုတ်ပါဘူး။” လို့ ဆိုသွားပါတယ်။

ဂျိုလင်တန် ကလည်း ဖာမီနို နဲ့ သူ့ရဲ့ ကြားက ဆက်ဆံရေးကို ယခုလိုပဲ ထုတ်ဖော် ခဲ့ပါတယ်။

ဂျိုလင်တန် က “ကျွန်တော် အင်္ဂလန်ကို ပြောင်းလာ ခဲ့တုန်းက ဖာမီနိုဟာ ကျွန်တော့်ကို ကံကောင်း ပါစေ ဆိုပြီး မက်ဆေ့ချ် ပို့ခဲ့ပါတယ်။ သူပြောခဲ့တာက အကယ်၍ ကျွန်တော် တစ်ခုခု လိုအပ် ခဲ့မယ် ဆိုရင် သူ့ကို ပြောပါ ဆိုပြီးတော့ပါ။ ကျွန်တော် ဂိုးသွင်း နို်င်တာပဲ ဖြစ်ဖြစ် ကောင်းကောင်း ကစား နိုင်တာပဲ ဖြစ်ဖြစ် သူဟာ ကျွန်တော့်ကို ဂုဏ်ပြုပါတယ်။ တစ်ခါတစ်ရံ ကျွန်တော် သူ့ အင်စတာဂမ် က ဓာတ်ပုံတွေမှာ comment ပေးတက်ပါတယ်။” လို့ ဆိုသွားပါတယ်။

လီဗာပူးဟာ နယူးကာဆယ် နဲ့ ပွဲစဉ် မတိုင်မီ လိဂ်ပြိုင်ပွဲမှာ အိမ်ကွင်း ၄၂ ပွဲဆက် ရှုံးပွဲ မရှိမှတ်တမ်းကို ပိုင်ဆိုင် ထားခဲ့ပြီး ကလော့ရဲ့ အသင်းဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် ဧပြီလက ပဲလေ့စ်ကို ၂-၁ နဲ့ ရှံုးနိမ့် ခဲ့တဲ့ ပွဲစဉ်နောက်ပို်င်း ရှံုးပွဲ မရှိသေးတာ ဖြစ်ပါတယ်။ ယာဂန်ကလော့ ကတော့ ပရီးမီးယားလိဂ်မှာ လီဗာပူးရဲ့ အိမ်ကွင်း ရှံုးပွဲမရှိ မှတ်တမ်းဟာ ဂုဏ်ယူဖို့ထက် စာရင် စိတ်ဓာတ် တက်ကြွစေဖို့ အတွက်သာ အသုံးချသွား ရမယ်လို့ ဆိုသွားပါတယ်။

ကလော့ က “ကျွန်တော်တို့ ဒီအကြောင်းကို တွေးမနေပါဘူး။ တကယ်ပါ။ ကျွန်တော်တို့ဟာ ဒါမျိုးပြောတာ တစ်ကြိမ် မကပါဘူး။ နောက်ဆုံးပွဲ ၊ နောက်ဆုံး ပွဲ ၃၀ နဲ့ ပြီးခဲ့တဲ့ ၂ နှစ်ခွဲ လောက်ကတည်းက ဒါနဲ့ ပက်သက်ပြီး ဘာမှ မခံစားရဘူးလို့ ပြောခဲ့ပါတယ်။ စံချိန်တွေဟာ ချိုးဖို့ ဆိုတာ ကျွန်တေ်ာတို့ သိပါတယ်။ ဒါပါပဲ။ ပထမဦးဆုံး အသင်း ဖြစ်တာနဲ့ ၂ နှစ်ခွဲလောက် ဒီလို လုပ််နေနိုင်တာ ကောင်းပါတယ်။ အသင်းတိုင်း ဒီလို လုပ်နို်င်စွမ်း ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပွဲအများစုကို အနိုင်နဲ့ သရေတွေ အများဆုံး ရယူနိုင်ခဲ့တာ ကောင်းပါတယ်။

ဒါပေမယ့် ကျွန်တော် စိတ်ဝင်စားတဲ့ အကြောင်းအရာ တစ်ခုကတော့ ကျွန်တေ်ာတို့ အနေနဲ့ အာဆင်နယ် နဲ့ ပွဲကလိုမျိုး အဲဒီ ပွဲကထက် ပိုမိုကောင်းမွန်တဲ့ mood နဲ့ ပုံစံ ထပ်ရအောင် ဘယ်လို လုပ်သွားမလဲ ဆိုတာပါပဲ။ ဘာလို့လဲ ဆိုတော့ အသင်းရဲ့ ခံယူချက် အပို််င်းဟာ အမြင့်ဆုံး အဆင့်မှာ ရှိနေလို့ပါ။ ဒါဟာ ကျွန်တော်တို့ လုပ်သွား ရမယ့် အရာပါ။ ပြီးခဲ့တဲ့ ၂ နှစ်ခွဲ အတွင်း ဖြစ်ခဲ့တဲ့ အရာတွေကို မဟုတ်ပါဘူး။” လို့ ဆိုသွား ပါတယ်။

SM