ခ်ယ္လ္ဆီး အသင္း ရဲ႕ ညာေနာက္ခံလူ အက္ဇ္ပီလီကြီတာ ဟာ ဒီႏွစ္ ေဘာလံုး ရာသီ မွာ စြမ္းရည္ အေတာ္ေလး က်ဆင္း ေနသလို ၊ ဒါဟာ ခ်ယ္လ္ဆီး အသင္း ေပးဂိုး ေတြ အမ်ားၾကီး ခြင့္ျပဳ ေနရတဲ့ အေၾကာင္းအရင္း ေတြထဲက တခ်က္ အပါအဝင္ ျဖစ္ေနပါတယ္ ။ အက္ဇ္ပီလီကြီတာ ရဲ႕ ေျခစြမ္း က်ေနရျခင္း ဟာ ယခုႏွစ္ ေဘာလံုး ရာသီ မွ ျဖစ္ေပၚ လာတာ မဟုတ္ပဲ ျပီးခဲ့ ရာသီ မွာကတည္းက အနည္းငယ္ က်ဆင္း စျပဳ လာခဲ့ပါတယ္ ။

ဒီႏွစ္ ေဘာလံုး ရာသီ မွာေတာ့ အက္ဇ္ပီ ရဲ႕ စြမ္းေဆာင္ရည္ ေတြက ခ်ယ္လ္ဆီး ပရိသတ္ ေတြကိုပင္ ေဒါသထြက္ ေစေလာက္တဲ့ အထိ ညံ့ဖ်င္း လာတာ ျဖစ္ျပီး တခ်ိန္ က အိုင္ဗန္ႏိုဗစ္ခ်္ ရဲ႕ က်ခ်ိန္ ကို ျပန္ျပီး သတိရ ေစခဲ့ပါတယ္ ။ ေလာေလာဆယ္ မွာ ခ်ယ္လ္ဆီး အသင္း ရဲ႕ အသင္း ေခါင္းေဆာင္ အေနနဲ႕ ပြဲထြက္ခြင့္ ေတြ ရေနတဲ့ အက္ဇ္ပီလီကြီတာ ဟာ လမ္းပတ္ ရဲ႕ ပထမ ဦးစားေပး ညာေနာက္ခံလူ ျဖစ္ေပမယ့္ လူငယ္ ေနာက္ခံလူ ရိစ္ဂ်ိမ္းစ္ ဟာ ၄င္းရဲ႕ ပြဲထြက္ခြင့္ ကို ျခိမ္းေျခာက္ လာႏိုင္ပါတယ္ ။

သို႕ေပမယ့္ လည္း နည္းျပ ျဖစ္သူ ဖရန္႕ လမ္းပတ္ ကေတာ့ ေျခစြမ္း က်ဆင္းမႈ ေတြ ေတာက္ေလွ်ာက္ ျဖစ္ေပၚ ေနတဲ့ အက္ဇ္ပီလီကြီတာ ဖက္မွ ကာကြယ္ ေျပာဆိုမႈ တခ်ိဳ႕ ျပဳလုပ္ လိုက္ျပီး အက္ဇ္ပီ ဟာ ၄င္းတို႕ အသင္း ရဲ႕ ထိပ္တန္း ကစားသမား တေယာက္ အျဖစ္ ရွိေနဆဲ ျဖစ္ေၾကာင္း မေန႕က သတင္းေထာက္ ေတြနဲ႕ အင္တာဗ်ဴး မွာ ေထာက္ခံ ေျပာဆို လိုက္ပါတယ္ ။

လမ္းပတ္ က ” ပထမဆံုး အေနနဲ႕ ကြ်န္ေတာ္ ဟာ ကစားသမား ဘဝ မွာတုန္းက အက္ဇ္ပီလီကြီတာ နဲ႕ အတူ တြဲကစား ခဲ့ဖူးပါတယ္ ။ သူ႕ အေၾကာင္းကို ကြ်န္ေတာ္ ေကာင္းေကာင္း သိသလို ၊ သူဟာ အျမဲတမ္း ခ်ယ္လ္ဆီး အသင္း အတြက္ ဆိုရင္ အေရွ႕ ကေန မားမားမတ္မတ္ ရပ္တည္ ေပးမယ့္ အမာခံ ကစားသမား တေယာက္ ျဖစ္ပါတယ္ ။ ဒါဟာ လက္ရွိ ခ်ယ္လ္ဆီး အသင္း မွာ သူ အသင္း ေခါင္းေဆာင္ ျဖစ္ေနရျခင္း ရဲ႕ အေၾကာင္းအရင္း တခု ျဖစ္ပါတယ္ ။ ”

” သူ႕ရဲ႕ ခံယူခ်က္ နဲ႕ ေပးဆပ္ ကစားလိုစိတ္ က အသင္း ေခါင္းေဆာင္ တေယာက္ ျဖစ္ဖို႕ ထိုက္တန္မႈ ရွိပါတယ္ ။ သူဟာ ခ်ယ္လ္ဆီး အသင္း ရဲ႕ ေအာင္ျမင္ ခဲ့တဲ့ ႏွစ္ အေတာ္မ်ားမ်ား မွာ အဓိက ကစားသမား အျဖစ္ ရပ္တည္ ခဲ့သလို ၊ ဒီ ေအာင္ျမင္မႈ ေတြ အတြက္လည္း အခရာ က်တဲ့ ကစားသမား တဦး ျဖစ္ခဲ့ပါတယ္ ။ သူဟာ ခ်ယ္လ္ဆီး အသင္း မွာ ပါတယ္ ဆိုရုံေလာက္ ကစား ေပးေနတဲ့ ကစားသမားမ်ိဳး မဟုတ္ပါဘူး ။ ”

” အခုလို ရလဒ္ဆိုး ေတြ ၾကံဳေတြ႕ လာရေတာ့ သူဟာ ဒီ ျပႆနာ ေတြရဲ႕ အလယ္ ကို ေရာက္ေနခဲ့ရပါတယ္ ။ ဒါ့အျပင္ သူဟာ အသင္း က တျခား ကစားသမား ေတြထက္ ပိုျပီး အေဝဖန္ ခံရႏိုင္ပါတယ္ ။ စြမ္းေဆာင္ရည္ အေျခအေန နဲ႕ ပတ္သက္ျပီး ေလ့က်င့္ေရး အစီအစဥ္ ေတြမွာ ကြ်န္ေတာ့ ဆီကို ပထမဆံုး သတင္းပို႕ရင္ သူက ထိပ္ဆံုး ပါပဲ ။ သူဟာ ကြ်န္ေတာ္ တို႕ အတြက္ ထိပ္တန္း ကစားသမား တေယာက္ ၊ ထူးျခား တဲ့ အရည္အေသြး ေတြကို ပိုင္ဆိုင္ ထားတဲ့ ကစားသမား တေယာက္ အေနနဲ႕ ရွိေနဆဲပါပဲ ။ ”

” အခု အေနအထား ေတြကို ျပန္ျပီး ၾကည့္မယ္ ဆိုရင္ သူနဲ႕ ပတ္သက္ျပီး ဘာ ျပႆနာ မွ ရွိမေနပါဘူး ။ အခုလို မီဒီယာ ေတြ ထြန္းကား ေနတဲ့ ေခတ္မွာ ကစားသမား တေယာက္ အမွား နည္းနည္း လုပ္မိတာနဲ႕ အဲ့ဒီ ကစားသမား ကို ေဝဖန္ ၾကမယ္ ဆိုတာခ်ည္းပါပဲ ။ ကစားသမား ေတြဟာလည္း ဒီလို ဖိအား ေတြကို ေက်ာ္ျဖတ္ ၾကိဳးစား ေနၾကရပါတယ္ ။ အက္ဇ္ပီ ဟာလည္း ဒီလို အခက္အခဲ ေတြကို သာသာယာယာ ေက်ာ္ျဖတ္ ႏိုင္မယ္ လို႕ ကြ်န္ေတာ္ ယံုၾကည္ ပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

ယခု အင္တာဗ်ဴး အရ လမ္းပတ္ ဟာ ယေန႕ည ဝုလ္ဗ္ အသင္း နဲ႕ ပရီးမီးယားလိဂ္ ပြဲစဥ္ မွာလည္း အက္ဇ္ပီလီကြီတာ ကို ယံုယံုၾကည္ၾကည္ ဆက္လက္ အသံုးျပဳဖို႕ ရွိေနပါတယ္ ။ အက္ဇ္ပီလီကြီတာ ဟာ ေနာက္ဆံုး ကစား ခဲ့တဲ့ ရွက္ဖီးလ္ ယူႏိုက္တက္ နဲ႕ ပြဲစဥ္ မွာ ျပိဳင္ဖက္ ကစားသမား ေတြရဲ႕ ဆယ္ၾကိမ္ ထက္ မနည္း ေက်ာ္ျဖတ္မႈ ေတြကို ခံခဲ့ ရလို႕ အေတာ္ေလး ေဝဖန္ ခံခဲ့ရပါတယ္ ။

SPORTS MYANMAR

Unicode

ခြေစွမ်း မပြနိုင်လို့ ဝေဖန်ခံ နေရတဲ့ အက်ဇ်ပီလီကွီတာ ဖက်မှ ကာကွယ် ပြောဆို လိုက်တဲ့ #လမ်းပတ်

ချယ်လ်ဆီး အသင်း ရဲ့ ညာနောက်ခံလူ အက်ဇ်ပီလီကွီတာ ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ စွမ်းရည် အတော်လေး ကျဆင်း နေသလို ၊ ဒါဟာ ချယ်လ်ဆီး အသင်း ပေးဂိုး တွေ အများကြီး ခွင့်ပြု နေရတဲ့ အကြောင်းအရင်း တွေထဲက တချက် အပါအဝင် ဖြစ်နေပါတယ် ။ အက်ဇ်ပီလီကွီတာ ရဲ့ ခြေစွမ်း ကျနေရခြင်း ဟာ ယခုနှစ် ဘောလုံး ရာသီ မှ ဖြစ်ပေါ် လာတာ မဟုတ်ပဲ ပြီးခဲ့ ရာသီ မှာကတည်းက အနည်းငယ် ကျဆင်း စပြု လာခဲ့ပါတယ် ။

ဒီနှစ် ဘောလုံး ရာသီ မှာတော့ အက်ဇ်ပီ ရဲ့ စွမ်းဆောင်ရည် တွေက ချယ်လ်ဆီး ပရိသတ် တွေကိုပင် ဒေါသထွက် စေလောက်တဲ့ အထိ ညံ့ဖျင်း လာတာ ဖြစ်ပြီး တချိန် က အိုင်ဗန်နိုဗစ်ချ် ရဲ့ ကျချိန် ကို ပြန်ပြီး သတိရ စေခဲ့ပါတယ် ။ လောလောဆယ် မှာ ချယ်လ်ဆီး အသင်း ရဲ့ အသင်း ခေါင်းဆောင် အနေနဲ့ ပွဲထွက်ခွင့် တွေ ရနေတဲ့ အက်ဇ်ပီလီကွီတာ ဟာ လမ်းပတ် ရဲ့ ပထမ ဦးစားပေး ညာနောက်ခံလူ ဖြစ်ပေမယ့် လူငယ် နောက်ခံလူ ရိစ်ဂျိမ်းစ် ဟာ ၄င်းရဲ့ ပွဲထွက်ခွင့် ကို ခြိမ်းခြောက် လာနိုင်ပါတယ် ။

သို့ပေမယ့် လည်း နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် ကတော့ ခြေစွမ်း ကျဆင်းမှု တွေ တောက်လျှောက် ဖြစ်ပေါ် နေတဲ့ အက်ဇ်ပီလီကွီတာ ဖက်မှ ကာကွယ် ပြောဆိုမှု တချို့ ပြုလုပ် လိုက်ပြီး အက်ဇ်ပီ ဟာ ၄င်းတို့ အသင်း ရဲ့ ထိပ်တန်း ကစားသမား တယောက် အဖြစ် ရှိနေဆဲ ဖြစ်ကြောင်း မနေ့က သတင်းထောက် တွေနဲ့ အင်တာဗျူး မှာ ထောက်ခံ ပြောဆို လိုက်ပါတယ် ။

လမ်းပတ် က ” ပထမဆုံး အနေနဲ့ ကျွန်တော် ဟာ ကစားသမား ဘဝ မှာတုန်းက အက်ဇ်ပီလီကွီတာ နဲ့ အတူ တွဲကစား ခဲ့ဖူးပါတယ် ။ သူ့ အကြောင်းကို ကျွန်တော် ကောင်းကောင်း သိသလို ၊ သူဟာ အမြဲတမ်း ချယ်လ်ဆီး အသင်း အတွက် ဆိုရင် အရှေ့ ကနေ မားမားမတ်မတ် ရပ်တည် ပေးမယ့် အမာခံ ကစားသမား တယောက် ဖြစ်ပါတယ် ။ ဒါဟာ လက်ရှိ ချယ်လ်ဆီး အသင်း မှာ သူ အသင်း ခေါင်းဆောင် ဖြစ်နေရခြင်း ရဲ့ အကြောင်းအရင်း တခု ဖြစ်ပါတယ် ။ ”

” သူ့ရဲ့ ခံယူချက် နဲ့ ပေးဆပ် ကစားလိုစိတ် က အသင်း ခေါင်းဆောင် တယောက် ဖြစ်ဖို့ ထိုက်တန်မှု ရှိပါတယ် ။ သူဟာ ချယ်လ်ဆီး အသင်း ရဲ့ အောင်မြင် ခဲ့တဲ့ နှစ် အတော်များများ မှာ အဓိက ကစားသမား အဖြစ် ရပ်တည် ခဲ့သလို ၊ ဒီ အောင်မြင်မှု တွေ အတွက်လည်း အခရာ ကျတဲ့ ကစားသမား တဦး ဖြစ်ခဲ့ပါတယ် ။ သူဟာ ချယ်လ်ဆီး အသင်း မှာ ပါတယ် ဆိုရုံလောက် ကစား ပေးနေတဲ့ ကစားသမားမျိုး မဟုတ်ပါဘူး ။ ”

” အခုလို ရလဒ်ဆိုး တွေ ကြုံတွေ့ လာရတော့ သူဟာ ဒီ ပြဿနာ တွေရဲ့ အလယ် ကို ရောက်နေခဲ့ရပါတယ် ။ ဒါ့အပြင် သူဟာ အသင်း က တခြား ကစားသမား တွေထက် ပိုပြီး အဝေဖန် ခံရနိုင်ပါတယ် ။ စွမ်းဆောင်ရည် အခြေအနေ နဲ့ ပတ်သက်ပြီး လေ့ကျင့်ရေး အစီအစဉ် တွေမှာ ကျွန်တော့ ဆီကို ပထမဆုံး သတင်းပို့ရင် သူက ထိပ်ဆုံး ပါပဲ ။ သူဟာ ကျွန်တော် တို့ အတွက် ထိပ်တန်း ကစားသမား တယောက် ၊ ထူးခြား တဲ့ အရည်အသွေး တွေကို ပိုင်ဆိုင် ထားတဲ့ ကစားသမား တယောက် အနေနဲ့ ရှိနေဆဲပါပဲ ။ ”

” အခု အနေအထား တွေကို ပြန်ပြီး ကြည့်မယ် ဆိုရင် သူနဲ့ ပတ်သက်ပြီး ဘာ ပြဿနာ မှ ရှိမနေပါဘူး ။ အခုလို မီဒီယာ တွေ ထွန်းကား နေတဲ့ ခေတ်မှာ ကစားသမား တယောက် အမှား နည်းနည်း လုပ်မိတာနဲ့ အဲ့ဒီ ကစားသမား ကို ဝေဖန် ကြမယ် ဆိုတာချည်းပါပဲ ။ ကစားသမား တွေဟာလည်း ဒီလို ဖိအား တွေကို ကျော်ဖြတ် ကြိုးစား နေကြရပါတယ် ။ အက်ဇ်ပီ ဟာလည်း ဒီလို အခက်အခဲ တွေကို သာသာယာယာ ကျော်ဖြတ် နိုင်မယ် လို့ ကျွန်တော် ယုံကြည် ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ယခု အင်တာဗျူး အရ လမ်းပတ် ဟာ ယနေ့ည ဝုလ်ဗ် အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာလည်း အက်ဇ်ပီလီကွီတာ ကို ယုံယုံကြည်ကြည် ဆက်လက် အသုံးပြုဖို့ ရှိနေပါတယ် ။ အက်ဇ်ပီလီကွီတာ ဟာ နောက်ဆုံး ကစား ခဲ့တဲ့ ရှက်ဖီးလ် ယူနိုက်တက် နဲ့ ပွဲစဉ် မှာ ပြိုင်ဖက် ကစားသမား တွေရဲ့ ဆယ်ကြိမ် ထက် မနည်း ကျော်ဖြတ်မှု တွေကို ခံခဲ့ ရလို့ အတော်လေး ဝေဖန် ခံခဲ့ရပါတယ် ။

SPORTS MYANMAR