ယူနိုက်တက်မှ ဟိုဆေး ဘာ့ကြောင့် ထုတ်ပယ် ခံခဲ့ ရသလဲ ဆိုတာ ရှင်းပြလိုက်တဲ့ #ပေါ့ဂ်ဘာ 

===============

  မန်ချက်စတာ ယူနိုက်တက် အသင်း မှ ယခင် နည်းပြ ဖြစ်သူ ဟိုဆေး မော်ရင်ဟို ထုတ်ပယ် ခံခဲ့ ရဲခြင်း က ကစားသမား တွေရဲ့ ပါဝါ ကြောင့် မဟုတ် ရကြောင်း သရဲနီ တို့ရဲ့ အဓိက ကွင်းလယ် ကစားသမား ဖြစ်သူ ပေါလ် ပေါ့ဂ်ဘာ က ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။ 

  မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဟောင်း ဖြစ်သူ ဟိုဆေး မော်ရင်ဟို ဟာ 2018 – 19 ရာသီ အတွင်း ရလဒ် တွေ ဆက်တိုက် ဆိုးရွား နေခဲ့ မှုနဲ့ အတူ ထိပ်သီး လေးသင်း စာရင်း ဝင်ရောက် နိုင်ရေး အတွက် ပါ အထူး ရုန်းကန် နေခဲ့ ရတာ ကြောင့် ပြီး ခဲ့တဲ့ ဒီဇင်ဘာ လ တုန်းက ယူနိုက်တက် မှ ထုတ်ပယ် ခံခဲ့ ရတာ ပဲ ဖြစ် ပါတယ် ။ 

  လီဗာပူး အသင်း ကို ရှာကွီရီ ရဲ့ သွင်းဂိုး တွေ အပါအဝင် 3 – 1 နဲ့ ရှုံးနိမ့် ခဲ့ ရခြင်း က ဟိုဆေး ရဲ့ ယူနိုက်တက် နည်းပြ ဘဝ နောက်ဆုံး ပွဲစဉ် ဖြစ်ခဲ့ ရပြီး အဲ့ဒီ နောက် သရဲနီ တို့ရဲ့ ဂန္ဓဝင် က စားသမား ဟောင်း ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား က ယာယီ နည်းပြ တာဝန် ရရှိ ခဲ့တာ ပဲ ဖြစ် ပါတယ် ။ 

  မော်ရင်ဟို ရဲ့ အဆိုပါ နောက်ဆုံး ပွဲစဉ် တွေ မှာတော့ အဓိက ကွင်းလယ် ကစားသမား ဖြစ်သူ ပေါလ် ပေါ့ဂ်ဘာ ဟာ ခြေစွမ်း တွေ ဆိုးရွား ခဲ့မှု ကြောင့် အရံခုံ ပေါ်မှာ တောင် မကြာခန ရှိနေ ခဲ့ရ ပါ သေးတယ် ။

  ပေါ့ဂ်ဘာ ဟာ နည်းပြ ဖြစ်သူ နဲ့ မကြာ ခန ဆို သလို စကား စစ်ထိုး မှုတွေ ရှိခဲ့ ပြီး လက်ထောက် အသင်း ခေါင်းဆောင် ရာ ထူး တောင် ရုပ်သိမ်း ခံခဲ့ ရပါ သေးတယ် ။ ဒါပေမဲ့ အသင်း ကို နည်းပြ သစ် ဆိုးလ်ရှား ရောက်ရှိ လာ ခဲ့တဲ အချိန် မှာတော့ ပေါ့ဂ်ဘာ အပါအဝင် အသင်း ရဲ့ ကစားသမား အချို့ ရဲ့ ခြေစွမ်း တွေဟာ ရုတ်ချည်း တိုးတက် ကောင်းမွန် သွားခဲ့ ပါတယ် ။ 

  နည်းပြ မော်ရင်ဟို လက်အောက် ရာသီ ဝက် အတွင်း ပရီးမီးယား လိဂ် 3 ဂိုး သာ သွင်းယူ ထားနိုင် ခဲ့တဲ့ ပေါ့ဂ်ဘာ ဟာ နည်းပြ သစ် လက်အောက် မှာတော့ လိဂ် ဂိုး 8 ဂိုး အထိ တောင် သွင်းယူ ပေးထား နိုင်ခဲ့ သလို ဂိုး ဖန်တီး မှု 5 ကြိမ် အထိ လည်း ပြုလုပ် ပေးထား နိုင်ခဲ့ ပါ သေးတယ် ။ 

  ထို့ အတူ ပေါ့ဂ်ဘာ နဲ့ အသင်း ရဲ့ အခြား ကစားသမား တွေ နည်းပြ မော်ရင်ဟိုနဲ့ အဆင် မပြေမှု တွေက ပေါ်တူဂီ သား နည်း ပြ ဖြစ်သူ ယူနိုက်တက်မှ ထွက်ခွာ ခဲ့ရ ခြင်း ရဲ့ အဓိက အကြောင်း အရင်း ဖြစ်ခဲ့ ရကြောင်း သုံးသပ် မှုတွေ ဆက်တိုက် ထွက်ပေါ် လာခဲ ပါ သေးတယ် ။ 

  ဒါပေမဲ့ ယူနိုက်တက် ကွင်းလယ် လူ ကတော့ ဟိုဆေး မော်ရင်ဟို အသင်း မှ ထုတ်ပယ် ခံခဲ့ ရမှု က လွယ်ကူ ရိုးရှင်း တဲ့ ကိစ္စ ကြောင့် ဖြစ်တယ် လို့ ဖွင့်ဟ သွားလိုက် ပါတယ် ။ 

  ” ပြသနာ က ဘာလဲ ? ကျွန်တော် တို့တွေ နိုင်ပွဲ မရရှိ ခဲ့တာ ပေါ့ဗျာ ။ ဒါ့ကြောင့် အသင်း က နည်းပြ အပြောင်းအလဲ ပြုလုပ် ဖို့ ဆုံးဖြတ် ခဲ့ ကြတာ ပါ ။ ရလဒ် တွေ ဆက်တိုက် ဆိုးရွား နေခဲ့ မှု က အဓိက ပြသနာ ပါပဲ ” 

  ” အကယ်လို့ ကျွန်တော် တို့ နိုင်ပွဲ တွေ ရရှိ နေမယ် ဆိုရင် ၊ ရလဒ် တွေသာ ဆက်တိုက် ကောင်းမွန် နေမယ် ဆိုရင် နည်းပြ က ဒီ ရာသီ နဲ့ ဆက်လက် ရှိနေ မှာ ပါပဲ ။ အဲ့တာ ပါပဲ ” လို့ ပေါ့ဂ်ဘာ က ရိုးရှင်း တဲ့ အဖြေ တစ်ခု ပေးသွား ခဲ့လိုက် ပါတယ် ။ 

#Sports_Myanmar