ဂ်ာမနီ ေနာက္ခံလူ မူစတာဖီ ဟာ ဒီေႏြရာသီ အေျပာင္းအေရႊ႕ ကာလမွာ အာဆင္နယ္ အသင္းကေန ထြက္ခြာေတာ့မယ္လို႔ သတင္းႀကီး ခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့ ဘယ္အသင္းကိုမွ မေျပာင္းေရႊ႕ ျဖစ္ခဲ့ဘဲ အသင္းမွာ ဆက္ေန ျဖစ္ခဲ့ပါတယ္ ။

၂၀၁၆ ခုႏွစ္တုန္းက ဗလန္စီယာ အသင္းကေန အာဆင္နယ္ အသင္းကို ေရာက္ရွိလာတဲ့ မူစတာဖီ ဟာ ေရာက္ခါစက ေျခစြမ္းေကာင္းေပမယ့္ ေနာက္ပိုင္းမွာေတာ့ ေျခစြမ္းပိုင္း သိသိသာသာ က်ဆင္းလာကာ မၾကာခဏ အမွားအယြင္း က်ဴ းလြန္ေလ့ ရွိတဲ့ ေနာက္ခံလူ တစ္ဦးပါ ။ ဒါေၾကာင့္ ဂန္းနားတို႔ဟာ မူစတာဖီ ကို ေရာင္းထုတ္ ေစခ်င္ခဲ့ၾကတာလည္း ျဖစ္ပါတယ္ ။

အာဆင္နယ္ အသင္းဟာ ပရိသတ္ေတြ စိတ္ႀကိဳက္ ေျခစြမ္းျပနိုင္ျခင္း ကစားနိုင္ျခင္း မရွိတဲ့ ေနာက္ခံလူ မူစတာဖီ ကို အသင္းကေန ထြက္ခြာခြင့္ ျပဳ ခဲ့ ေပမယ့္ ကစားသမား ကိုယ္တိုင္က အသင္းမွာပဲ ဆက္ေနၿပီး ပြဲထြက္ခြင့္ တိုက္ပြဲဝင္ဖို႔ ဆုံးျဖတ္ ခဲ့တာလည္း ျဖစ္ပါတယ္။

အာဆင္နယ္ နည္းၿပ အမ္မရီ ကေတာ့ ဝက္ဖိုဒ့္ အသင္း နဲ႔ ပြဲႀကိဳ သတင္းစာ ရွင္းလင္းပြဲမွာ အသင္းမွာ ဆက္ေနဖို႔ ဆုံးျဖတ္ခဲ့တဲ့ မူစတာဖီ ရဲ့ ဆုံးျဖတ္ခ်က္ အေပၚ ေလးစားမိေၾကာင္း နဲ႔ သူ႔ကို ႀကိဳးစားဖို႔ အခြင့္အေရး ေပးသြားမယ္လို႔ ဆိုပါတယ္။

အူနိုင္း အမ္မရီ က မူစတာဖီ နဲ႔ ပတ္သက္ၿပီး ” မူစတာဖီ က အသင္းမွာပဲ ဆက္ေနဖို႔ ဆုံးျဖတ္ခ်က္ ခ်ခဲ့ပါတယ္ ။ သူ အသင္းမွာ ဆက္ေနဖို႔ ဆုံးျဖတ္လိုက္တဲ့ အတြက္ တျခား ကစားသမားေတြ နဲ႔ အခြင့္အေရး တန္းတူ ေပး သြား မွာ ပါ ။ ”

” က်ေနာ္ သူ႔ရဲ့ ဆုံးျဖတ္ခ်က္ ကို ေလးစားပါတယ္။ သူ႔ရဲ့ဆုံးျဖတ္ခ်က္ ကို သိလိုက္တဲ့ အခ်ိန္မွာပဲ က်ေနာ့္အေနနဲ႔ သူဟာ အသင္းရဲ့ လူစာရင္းထဲမွာ ပါဝင္တဲ့သူ တစ္ေယာက္ ျဖစ္ေၾကာင္း၊တျခား ကစားသမားေတြလိုပဲ အတူတူ အလုပ္တြဲလုပ္မွာ ျဖစ္ေၾကာင္း သူ႔ကို ေျပာျဖစ္ခဲ့ပါတယ္ ။ ”

” သူ႔ကို အသင္းမွာ ဆက္ေနဖို႔ ဘယ္သူ တိုက္တြန္းခဲ့သလဲ ဆိုတာ က်ေနာ္ ကိုယ္တိုင္လည္း ေသခ်ာ မသိပါဘူး၊ ဒါေပမယ့္ သူ အသင္းမွာ ဆက္ေနဖို႔ ဆုံးျဖတ္လိုက္တဲ့ အတြက္ အသင္းသား တစ္ေယာက္ အျဖစ္ ရွိေနဦးမွာပါ ။ ”

” သူ အသင္းမွာ ဆက္ကစားဖို႔ ဆုံးျဖတ္လိုက္ကတည္းက ေလ့က်င့္ေရး ကြင္းမွာ အားႀကိဳးမာန္တက္ ၊ တက္ႂကြမွု ကစားတာကို ေတြ႕ရပါတယ္ ။ အသင္းသားေတြ အဲ့လို စိတ္ဓတ္နဲ႔ ကစားတာကို က်ေနာ္က ေတြ႕ခ်င္တာပါ၊ေလ့က်င့္ေရးကြင္းက စြမ္းေဆာင္ရည္ကို ၾကည့္ၿပီး ပြဲထြက္ခြင့္ ေပးသင့္ မေပးသင့္ကို ဆုံးျဖတ္ သြားမွာပါ။” လို႔ ေျပာၾကား လိုက္ပါတယ္ ။

 

မူစတာဖီ ဟာ ရာသီႀကိဳ ေျခစမ္းပြဲ ေနာက္ဆုံးပြဲ အျဖစ္ ကစားခဲ့တဲ့ ဘာစီလိုနာ အသင္း နဲ႔ ပြဲၿပီး ကတည္းက အာဆင္နယ္ အသင္းမွာ ပါဝင္ ကစားခြင့္ မရရွိေတာ့တာလည္း ျဖစ္ပါတယ္။ မူစတာဖီ ဟာ ရာသီႀကိဳ ေျခစမ္းပြဲမွာ ပရိသတ္ေတြရဲ့ ေအာ္ဟစ္ ေလွာင္ေျပာင္မွုေတြနဲ႔ ၾကဳံေတြ႕ ခဲ့ရပါတယ္။

SPORTS MYANMAR

nicode

အာဆင်နယ်မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တဲ့ မူစတာဖီ အပေါ် ထင်မြင်ချက် ပေးလိုက်တဲ့ အမ်မရီ
==================================

ဂျာမနီ နောက်ခံလူ မူစတာဖီ ဟာ ဒီနွေရာသီ အပြောင်းအရွှေ့ ကာလမှာ အာဆင်နယ် အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းကြီး ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဘယ်အသင်းကိုမှ မပြောင်းရွှေ့ ဖြစ်ခဲ့ဘဲ အသင်းမှာ ဆက်နေ ဖြစ်ခဲ့ပါတယ် ။

၂၀၁၆ ခုနှစ်တုန်းက ဗလန်စီယာ အသင်းကနေ အာဆင်နယ် အသင်းကို ရောက်ရှိလာတဲ့ မူစတာဖီ ဟာ ရောက်ခါစက ခြေစွမ်းကောင်းပေမယ့် နောက်ပိုင်းမှာတော့ ခြေစွမ်းပိုင်း သိသိသာသာ ကျဆင်းလာကာ မကြာခဏ အမှားအယွင်း ကျူ းလွန်လေ့ ရှိတဲ့ နောက်ခံလူ တစ်ဦးပါ ။ ဒါကြောင့် ဂန်းနားတို့ဟာ မူစတာဖီ ကို ရောင်းထုတ် စေချင်ခဲ့ကြတာလည်း ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ ပရိသတ်တွေ စိတ်ကြိုက် ခြေစွမ်းပြနိုင်ခြင်း ကစားနိုင်ခြင်း မရှိတဲ့ နောက်ခံလူ မူစတာဖီ ကို အသင်းကနေ ထွက်ခွာခွင့် ပြု ခဲ့ ပေမယ့် ကစားသမား ကိုယ်တိုင်က အသင်းမှာပဲ ဆက်နေပြီး ပွဲထွက်ခွင့် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ် ခဲ့တာလည်း ဖြစ်ပါတယ်။

အာဆင်နယ် နည်းပြ အမ်မရီ ကတော့ ဝက်ဖိုဒ့် အသင်း နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တဲ့ မူစတာဖီ ရဲ့ ဆုံးဖြတ်ချက် အပေါ် လေးစားမိကြောင်း နဲ့ သူ့ကို ကြိုးစားဖို့ အခွင့်အရေး ပေးသွားမယ်လို့ ဆိုပါတယ်။

အူနိုင်း အမ်မရီ က မူစတာဖီ နဲ့ ပတ်သက်ပြီး ” မူစတာဖီ က အသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ် ။ သူ အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်လိုက်တဲ့ အတွက် တခြား ကစားသမားတွေ နဲ့ အခွင့်အရေး တန်းတူ ပေး သွား မှာ ပါ ။ ”

” ကျနော် သူ့ရဲ့ ဆုံးဖြတ်ချက် ကို လေးစားပါတယ်။ သူ့ရဲ့ဆုံးဖြတ်ချက် ကို သိလိုက်တဲ့ အချိန်မှာပဲ ကျနော့်အနေနဲ့ သူဟာ အသင်းရဲ့ လူစာရင်းထဲမှာ ပါဝင်တဲ့သူ တစ်ယောက် ဖြစ်ကြောင်း၊တခြား ကစားသမားတွေလိုပဲ အတူတူ အလုပ်တွဲလုပ်မှာ ဖြစ်ကြောင်း သူ့ကို ပြောဖြစ်ခဲ့ပါတယ် ။ ”

” သူ့ကို အသင်းမှာ ဆက်နေဖို့ ဘယ်သူ တိုက်တွန်းခဲ့သလဲ ဆိုတာ ကျနော် ကိုယ်တိုင်လည်း သေချာ မသိပါဘူး၊ ဒါပေမယ့် သူ အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်လိုက်တဲ့ အတွက် အသင်းသား တစ်ယောက် အဖြစ် ရှိနေဦးမှာပါ ။ ”

” သူ အသင်းမှာ ဆက်ကစားဖို့ ဆုံးဖြတ်လိုက်ကတည်းက လေ့ကျင့်ရေး ကွင်းမှာ အားကြိုးမာန်တက် ၊ တက်ကြွမှု ကစားတာကို တွေ့ရပါတယ် ။ အသင်းသားတွေ အဲ့လို စိတ်ဓတ်နဲ့ ကစားတာကို ကျနော်က တွေ့ချင်တာပါ၊လေ့ကျင့်ရေးကွင်းက စွမ်းဆောင်ရည်ကို ကြည့်ပြီး ပွဲထွက်ခွင့် ပေးသင့် မပေးသင့်ကို ဆုံးဖြတ် သွားမှာပါ။” လို့ ပြောကြား လိုက်ပါတယ် ။

မူစတာဖီ ဟာ ရာသီကြို ခြေစမ်းပွဲ နောက်ဆုံးပွဲ အဖြစ် ကစားခဲ့တဲ့ ဘာစီလိုနာ အသင်း နဲ့ ပွဲပြီး ကတည်းက အာဆင်နယ် အသင်းမှာ ပါဝင် ကစားခွင့် မရရှိတော့တာလည်း ဖြစ်ပါတယ်။ မူစတာဖီ ဟာ ရာသီကြို ခြေစမ်းပွဲမှာ ပရိသတ်တွေရဲ့ အော်ဟစ် လှောင်ပြောင်မှုတွေနဲ့ ကြုံတွေ့ ခဲ့ရပါတယ်။

SPORTS MYANMAR