ပေါ်တူဂီ လက်ရွေးစင် ကစားသမား ဖြစ်တဲ့ စီ ရော်နယ်ဒို ဟာ ကစားသမား ဘဝ တစ်ကိုယ်ကောင်း ဆန်တယ် ဆိုတဲ့ နာမည် မကြာခန ထွက်ပေါ် ခဲ့ဖူး ပေမဲ့ သူ့ရဲ့ ယူနိုက်တက် အသင်း ဖော် ကစားသမား ဟောင်း ဖြစ်တဲ့ ဖေဘီယို ဒါ ဆေးလ်ဗား က ဘလွန်း ဒီအော် 5 ဆု ရှင်ဟာ သူ့ကို အမြဲ တမ်း အကူအညီ ပေးခဲ့ ဖူးတယ် လို့ ဝန့်ခံ ဖွင့်ဟ သွားခဲ့ လိုက် ပါတယ် ။

ဒါ့ အပြင် သူတင် မက ညီအစ်ကို ဖြစ်သူ ရာဖေးလ် ကိုပါ စီ ရော်နယ်ဒို ဟာ အမြဲလို အကူအညီ ပေးခဲ့ ကြောင်း ၊ စီ ရော်နယ်ဒို ကြောင့် သူတို့ ညီ အစ်ကို နှစ်ဦး ဟာ အိုးလ် ထရပ်ဖို့ဒ် မှာ အလျင်မြန်ဆုံး အထိုင် ကျခဲ့ ကြောင်း ၊ ဂျူဗင်တပ် စတား ဟာ တစ်ကိုယ် ကောင်း ဆန်သူ လုံးဝ မဟုတ် ရကြောင်း ဖေဘီယို က ချီးကျူး စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

ဘရာဇီး သား ညီနောင် နှစ်ဦး ဟာ 2008 ခုနှစ် တုန်းက ယူနိုက်တက် ကို စတင် ရောက်ရှိ လာခဲ့ ကြသူ တွေ ဖြစ်ကြ ပြီး အသင်း မှာ 6 နှစ် အထိ အတူ တွဲဖက် ကစား ရင်း အောင်မြင် တဲ့ ရာသီ တွေ ပိုင်ဆိုင် ထားခဲ့ ကြ ပါတယ် ။ ရာဖေးလ် ကတော့ ယူနိုက်တက် မှာ နောက်ထပ် တစ် ရာသီ ဖြတ်သန်း ပြီးမှ လိုင်ယွန် အသင်း ဆီ ပြောင်းရွှေ့ သွား ခဲ့တာ ပဲ ဖြစ် ပါတယ် ။

ဖေဘီယို ကတော့ လက်ရှိ ပြင်သစ် လီဂူး ကလပ် နန့်တက်စ် အသင်း မှာ ကစား နေ ခဲ့ပြီး အဲ့ဒီ ကို မပြောင်း ရွှေ့မီ တုန်းက တော့ ကာဒစ်ဖ် ၊ မစ်ဒယ်ဘရော့ အသင်း တွေမှာ ကစား ခဲ့ ပါသေးတယ် ။

လက်ရှိ အသက် 28 နှစ် ရှိနေ ကြပြီ ဖြစ်တဲ့ ညီနောင် နှစ်ဦး ဟာ တစ်ကယ့် ကို ကောင်းမွန် တဲ့ ကစားသမား ဘဝ တွေ ကို ကိုယ်စီ ပိုင်ဆိုင် ထားကြ ပါတယ် ။ ဒါပေမဲ့ ဥရောက ကို စတင် ရောက်ရှိ ခဲ့ တုန်းက ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ကသာ သူတို့ နှစ်ဦး ကို ကူညီ ပေးခြင်း မရှိ ခဲ့ရင် သူတို့ လုံးရဲ့ ကစားသ မား ဘဝ ဟာ အခု လောက် တောက်ပြောင် ချင်မှ တောက်ပြောင် နိုင်ခဲ့ မှာပါ ။

” အချို့ လူတွေ … ဥပမာ ဒါးရင့် ဖလက်ချာ ပေါ့ ၊ ကျွန်တော် တို့ အပေါ် အတော်လေး ကြင်နာ ခဲ့ကြ ပါတယ် ။ သူက ကျွန်တော် တို့ကို အတော် လေး ကူညီ ပေးခဲ့ ပြီး အခု ထက်ထိ လည်း ကျွန်တော် တို့ တွေဟာ သူငယ်ချင်း ကောင်းတွေ အဖြစ် ရှိနေ ကြ ပါ သေးတယ် ”

” ရီယို ဖာဒီနန် နဲ့ ခရစ္စတီယာနို ပေါ့ ၊ သူတို့ နှစ်ဦး လုံးက ပေါ်တူဂီ စကား ပြောဆို တက်ကြ တယ်လေ ။ သူတို့ နှစ်ဦး လုံးက ကျွန်တော် တို့ကို အကြီးကြီး အကူအညီ ပေးခဲ့ ကြ ပါတယ် ။ ကျွန်တော် တို့ ညီနောင် ဟာ အင်္ဂလိပ် စကား လုံးဝ မပြောတက် ကြဘူး လေ ”

” ခရစ္စတီယာနိုကို တစ်ကိုယ် ကောင်း ဆန်သူ လို့ လူတွေ ပြောကြ တာ ကျွန်တော် ကြားမိ ပါတယ် ။ သူဟာ ကျွန်တော် တို့ ကို ကွင်း အတွင်း ရော ကွင်း အပြင် မှာပါ တစ်ကယ့် ကို အထူး အကူအညီ တွေ ပေးခဲ့ ပါတယ် ။ သူ လုံးဝ ကို တစ်ကိုယ် ကောင်း မဆန် ခဲ့ ပါဘူး ”

” ကျွန်တော် တော့တင်ဟမ် နဲ့ ပွဲစဉ် တုန်းက စတင် ပွဲထွက် ကစား ခဲ့စဉ် က ဆိုရင် သူနဲ့ တစ်ခြမ်း တည်း တွဲဖက် ကစား ခဲ့ ရ ပါတယ် ။ သူက ကျွန်တော့် ကို ပြိုင်ဖက် တစ်ခြမ်း ဖက် တက် ရောက်ပြီး စွန့်စား မှုတွေ မပြုလုပ် ဖို့ မှာကြား ခဲ့ ပါတယ် ။ သူ တိုက်စစ် တက် ကစား တဲ့ အခါ နောက်ပြန် ဆင်း မကူ နိုင်မှာ စိုးလို့ လေ ”

” အဲ့တာ ပြီးတော့ ‘ မင်း ပြိုင်ဖက် အခြမ်း ကို ရောက်ရှိ လာပြီ ဆိုရင် မင်း စိတ်ထဲ ရှိတဲ့ အတိုင်း အကြိုက် ကစား ပေတော့ ‘ လို့ ကျွန်တော့် ကို ဆက်လက် မှာကြား ခဲ့ပါ သေးတယ် ။ သူ ကျွန်တော့် ကို ကူညီ ပေးခဲ့ မှုတွေ နဲ့ အတူ ကျွန်တော့် အတွက် ပွဲ ကစား ရတာ တစ်ကယ့် ကို အပေါင်း လက္ခဏာ ဆန်ခဲ့ ပါတယ် ” လို့ ဖေဘီယို က ပေါ်တူဂီ သား အသင်း ဖော် ဟောင်း ကို ချီးကျူး စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

#Sports_Myanmar