










#Sports_Myanmar

Unicode

ပေါ့ဂ်ဘာဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ် ကစားသမား တစ်ဦး ဆိုတာကို သိသာစေတဲ့ အချက်အလက်များ

==================

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ် ကစားသမား ဖြစ်သူ ပေါလ် ပေါ့ဂ်ဘာ ဟာ ကလပ် အသင်း ရဲ့ ရလဒ် မကောင်းမှု တွေကြား ခြေစွမ်း ကောင်းတွေ မပြသ နိုင် ခဲ့တဲ့ အတွက် ဝေဖန် မှုတွေ အကြား ကျရောက် နေသူ တစ်ဦး ပဲ ဖြစ် ပါတယ် ။

ဒါပေမယ့် ဒီ ရာသီ ပရီးမီးယား လိဂ် ကစားသမား တွေရဲ့ စွမ်းဆောင်ရည် တွေကို စစ်တမ်း ကောက်ကြည့် လိုက်တဲ့ အခါ မှာတော့ ပေါ့ဂ်ဘာ ရဲ့ အနေအထား တွေက ဝေဖန် ခံနေ ခဲ့ရ တာရဲ့ ပြောင်းပြန် ဖြစ်နေ ခဲ့ရ ပါတယ် ။

ဒီ ရာသီ ပရီးမီးယား လိဂ် ပြိုင်ပွဲ အတွင်း ဘောလုံး ပိုင်ဆိုင် မှု တွေကို ပြန်လည် ရယူ နိုင်ခဲ့ ကြတဲ့ ကစားသမား တွေ အနက် ဘုန်းမောက် အသင်း ရဲ့ ကွင်းလယ်လူ လာမာ ဟာ 41 ကြိမ် နဲ့ အများဆုံး ဖြစ်နေ ခဲ့ ပါတယ် ။

ဒါပေမယ့် သူ့ရဲ့ အနောက် မှာတော့ ပေါ့ဂ်ဘာ ဟာ လူးဝစ် ဒန့်ခ် ( 39 ကြိမ် ) ၊ ဂျော်ဂျင်ဟို ( 39 ကြိမ် ) ၊ ရူဘင် နီဗတ်စ် ( 33 ကြိမ် ) ၊ ဗစ်တာ လင်ဒီလော့ဖ် ( 32 ကြိမ် ) တို့ကို ကျော်ဖြတ် ပြီး အကြိမ် 40 နဲ့ ဒုတိယ နေရာ မှာ ရှိနေ ခဲ့ ပါတယ် ။

ဒီ ရာသီ အတွင်း ပေါ့ဂ်ဘာ ဟာ ဘောလုံး ပေးပို့ ရာမှာ အကြိမ် 90 အထိ လူပေး လွဲမှား ခဲ့တယ် ဆိုတဲ့ အချက် အလက် တစ်ခု က သတင်း သုံးသပ်သူ တွေ အကြား အထူး ဝေဖန် စရာ ဖြစ်ခဲ့ရ ပါတယ် ။ ဒါပေမယ့် အမှန် ကတော့ ပေါ့ဂ်ဘာ ဟာ ဘောလုံး ထိတွေ့ မှု အကြိမ် 380 အထိ ရှိခဲ့ တာ ပါပဲ ။

ဒါကို ပြန်လည် တွက်ချက် လိုက်တဲ့ အခါ မှာတော့ ပေါ့ဂ်ဘာ ရဲ့ ဘောလုံး ပေးပို့ ခြင်း လွဲမှား မှုက 23.7 % သာ ရှိနေ ခဲ့ ပါတယ် ။ ဒါဟာ ပြိုက်ဖက် အသင်းမှ နာမည် ကျော် ကစားသမား တွေ ဖြစ်ကြ တဲ့ ဒီဘရိုင်း ( 26 % ) ၊ ဖာမီနို ( 27 % ) ၊ မို ဆာလာ ( 34 % ) တို့ထက် အမှား နည်းပါး ခဲ့တာ ကို တွေ့ရှိ ခဲ့ရ ပါတယ် ။

အဲ့တာ အပြင် အသင်း ရဲ့ တိုက်စစ် ပိုင်း အတွက် အထောက် အကူ ပြုမှု ၊ သွင်းဂိုး တွေနဲ့ ပါဝင် ပတ်သက် နိုင်မှု တွေ အကြောင်း တွက်ချက် လိုက်ရာ မှာ ပေါ့ဂ်ဘာ ဟာ လွန်ခဲ့တဲ့ 10 လတာ ကာလ အတွင်း ပရီးမီးယား လိဂ် ပြိုင်ဖက် ကစားသမား များစွာ ထက် ပိုမို သာလွန် ခဲ့ ပါတယ် ။

ဆိုးလ်ရှား ယူနိုက်တက် အသင်း ကို ကိုင်တွယ် ခဲ့တဲ့ အချိန် က စတင် ပြီး ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာ ပေါ့ဂ်ဘာ ဟာ အသင်း ရဲ့ သွင်းဂိုး 18 ဂိုး ( 10 ဂိုး သွင်းယူ ၊ 8 ကြိမ် ဖန်တီး ) နဲ့ တိုက်ရိုက် ပါဝင် ပတ်သက် နိုင်ခဲ့ ပါတယ် ။ သူ့ထက် များတာ ဆိုလို့ အဂူရို ( 24 ကြိမ် ) ၊ မို ဆာလာ ( 21 ကြိမ် ) နဲ့ ဂျေမီ ဗာဒီ ( 20 ကြိမ် ) တို့သာ ရှိနေ ကြ ပါတယ် ။

ဒီ နေရာ မှာတော့ လီဗာပူး အသင်း ရဲ့ တိုက်စစ် ကစားသမား ဖြစ်သူ မာနေး က အသင်း ရဲ့ သွင်းဂိုး 18 ကြိမ် နဲ့ တိုက်ရိုက် ပါဝင် ပတ်သက် နိုင်ခဲ့ ပြီး ပေါ့ဂ်ဘာ နဲ့ ပူးတွဲ ရပ်တည် နိုင်ခဲ့ ပါတယ် ။ ပြိုင်ဖက် နာမည်ကျော် ကစားသမား တွေ ဖြစ်ကြ တဲ့ အူဘာမီယန် နဲ့ စတာလင်း တို့က 17 ကြိမ် အထိ သာ ပူးပေါင်း လုပ်ဆောင် ထားနိုင် ခဲ့ကြ ပါတယ် ။

ဒါ့ကြောင့် စွမ်းဆောင်ရည့် ပိုင်း အရ ပေါ့ဂ်ဘာ ဟာ ပြိုင်ဖက် ကစားသမား တွေထက် ညံ့နေ ခဲ့ ရတာ မဟုတ် ပါဘူး ။ အသင်း ရဲ့ ရလဒ် တွေ ဆိုးရွား နေတဲ့ အချိန် လုပ်အား ကောင်းခဲ့ ပေမယ့် သွင်းဂိုး ၊ ဖန်တီးမှု တွေ မလုပ်နိုင် ခဲ့တာ ကြောင့် ဝေဖန် မှု တွေအောက် ကျရောက် နေခဲ့ တာပဲ ဖြစ် ပါတယ် ။

အခုည မှာတော့ ယူနိုက်တက် ဟာ လက်စတာ စီးတီး အသင်း နဲ့ ပရီးမီးယား လိဂ် ပွဲစဉ် 5 အဖြစ် အိုးလ် ထရပ်ဖို့ဒ် မှာ ရင်ဆိုင် ကစား ရပါ တော့မယ် ။ ဆိုးလ်ရှား ရဲ့ ပွဲကြို သတင်းစာ ရှင်းလင်း ပွဲမှ ပြော စကား တွေ အရ ဒီ ပွဲမှာ တော့ ပေါ့ဂ်ဘာ နဲ့ မာရှယ် တို့ ပါဝင် နိုင်မှာ မဟုတ် ပါဘူး ။ ဒီ အတွက် ယူနိုက်တက် တို့ ကွင်းလယ် ကို ဘယ်သူ တွေနဲ့ တည်ဆောက် သွားမလဲ ၊ သူတို့ တွေဟာ ပေါ့ဂ်ဘာ လောက် အသုံး တည့်ကြ မလား ဆိုတာ စိတ်ဝင်စား ဖွယ်ရာ ပါပဲ ။

#Sports_Myanmar