မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဟာ ဒီေန့ ည 8:30 အခ်ိန္ မွာ ပရီးမီးယား လိဂ္ ပြဲစဥ္ 5 အျဖစ္ လက္စတာ စီးတီး အသင္း ကို အိုးလ္ ထရပ္ဖုိ႔ဒ္ ကြင္းထဲ လက္ခံ ယွဥ္ျပိဳင္ သြား ရဖုိ႔ ရွိေန ပါတယ္ ။

လက္ရွိ အေန အထား အရ မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ တုိက္စစ္ ကစားသမား ေတြ ျဖစ္ၾက တဲ့ မာရွယ္ ၊ လင္ဂတ္ နဲ့ ကြင္းလယ္ ကစားသမား ျဖစ္သူ ေပါလ္ ေပါ့ဂ္ဘာ တို့ဟာ ဒဏ္ရာ ျပသနာ ေတြ ကိုယ္စီ ၾကံဳေတြ့ ေနၾက တဲ့ အတြက္ ဆုိးလ္ရွား ဘယ္လို ကစားသမား စာရင္း ကို ပြဲထုတ္ မလဲ ဆုိတာ ပရိသတ္ ေတြ အတြက္ စိတ္ဝင္စား ဖုိ့ ေကာင္းလာ ခဲ့ ပါတယ္ ။

အခုေတာ့ ယူနုိက္တက္ နည္းျပ ဆုိးလ္ရွား က ပရိသတ္ ေတြ ျမင္ေတြ့ လို ၾကတဲ့ အသင္း ရဲ့ အသက္ 17 ႏွစ္ အရြယ္ တုိက္စစ္ ကစားသမား ေလး မာဆြန္ ဂရင္းဝုဒ္ ကို ပြဲထြက္ ကစား ခြင့္ ေပးသြား နုိင္ေျခ ရွိေၾကာင္း အရိပ္ အျမြတ္ ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

မာဆြန္ ဂရင္းဝုဒ္ ဟာ ျပီး ခဲ့တဲ့ ေဘာလံုး ရာသီ ရဲ့ ေနာက္ဆံုး ပြဲစဥ္ အျဖစ္ ယူနုိက္တက္ တုိ့ ကာဒစ္ဖ္ နဲ့ ရင္ဆုိင္ ကစား ခဲ့တဲ့ ပြဲစဥ္ မွာ ပြဲထြက္ ကစားသမား အျဖစ္ စတင္ ပါဝင္ ကစား ခြင့္ ရရွိ ခဲ့ျပီး ေျခစြမ္း ေကာင္း ျပသ နုိင္ခဲ့ ပါတယ္ ။

ဒါ့အျပင္ ဒီႏွစ္ ရာသီ ၾကိဳ ပြဲစဥ္ ေတြမွာ လည္း ေျခစြမ္း ေကာင္းေတြ ျပသ ထားနိုင္ ခဲ့တဲ့ အတြက္ ရာသီ သစ္ အတြင္း ယူနုိက္တက္ တုိ့ ကစား ခဲ့ ၾကတဲ့ အဖြင့္ ပြဲစဥ္ 4 ပြဲ လံုးမွာ လူစားဝင္ ကစားသမား အျဖစ္ ပါဝင္ ခြင့္ ရရွိ ထားခဲ့ ပါ ေသးတယ္ ။

အခုေတာ့ အသင္း ရဲ့ ဦးစားေပး ကစားသမား ေတြ ဒဏ္ရာ ရရွိ ေန ၾကတဲ့ အခ်ိန္ လူငယ္ ကစားသမား ေလး ျဖစ္တဲ့ မာဆြန္ ဂရင္းဝုဒ္ ကို ပြဲထြက္ ကစား ခြင့္ ေပး မလား လို့ အေမး ခံလိုက္ ရတဲ့ အခ်ိန္္ ဆုိးလ္ရွား က …

” က်ြန္ေတာ္ ဟာ ဒီ အသင္း မွာ ရွိတဲ့ ကစားသမား ေတြကို ပြဲထြက္ ကစား ခြင့္ ေပးသြား နုိင္ဖုိ႔ အတြက္ ျပင္ဆင္ ထားခဲ့ ပါတယ္ ။ သူတုိ႔ အားလံုး ဟာ ကစား ခြင့္ ရရွိ လိုတဲ့ သူေတြ ခ်ည္း ပါပဲ ။ က်ြန္ေတာ္ တုိ့ ေတြဟာ အသင္း ရဲ့ ေလ့က်င့္ေရး အစီအစဥ္ ျပီးဆံုး သြားတာ နဲ့ သူတုိ႔ ကို ေနာက္ဆံုး ေခၚယူ မွဳ ျပဳလုပ္ သြားဖုိ႔ လုပ္ေဆာင္ ေနၾက ပါတယ္ ”

” အခု က်ြန္ေတာ္ တုိ့ အသင္း မွာ ကစားသမား 24 – 25 ေယာက္ ေလာက္ ရွိေန ပါတယ္ ။ က်ြန္ေတာ္ တုိ႔ ေတြဟာ အခြင့္ သင့္ လာတဲ့ အခါ မွာ ၊ ေဘာလံုး ရာသီ ရဲ့ မတူညီ တဲ့ အခိုက္ အတန့္ ေတြမွာ သူတုိ႔ အားလံုး ကို က႑ တစ္ခု စီမွာ အခြင့္ အေရး ေပးသြား ဖုိ႔ ေမ်ွာ္လင့္ ထားၾက ပါတယ္ ”

” ဒီ တစ္ပါတ္ မွာေတာ့ သူတုိ႔ ထဲက တစ္ေယာက္ေယာက္ အခြင့္ အေရး ရရွိ နုိင္ပါ လိမ့္မယ္ ” လို့ ဆုိးလ္ရွား က လူငယ္ တုိက္စစ္ ကစားသမား ေလးကို အသံုးျပဳ သြားဖြယ္ ရွိေၾကာင္း အရိပ္ အျမြတ္ ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လုိက္ ပါတယ္ ။

ယူနုိက္တက္ ဟာ လက္စတာ နဲ့ ကစား ရမယ့္ ပဲြစဥ္ အတြက္ လူငယ္ ကစားသမား ေလးေတြ ျဖစ္ၾက တဲ့ တြမ္ဇီဘီ ၊ မာဆြန္ ဂရင္းဝုဒ္ ၊ တာဟစ္ ေခ်ာင္ နဲ့ ဂ်ိမ္းစ္ ဂါနာ တုိ့ကို ပဏာမ စာရင္း ထဲ ထည့္သြင္း ေရြးခ်ယ္ ထားခဲ့ ပါတယ္ ။

ပရီးမီးယား လိဂ္ ပြဲစဥ္ 4 ျပီးဆံုး သြားတဲ့ လက္ရွိ အခ်ိန္ အထိ ေတာ့ ယူနုိက္တက္ ဟာ တစ္ပြဲ နုိင္ ၊ ႏွစ္ပြဲ သေရ ၊ တစ္ပြဲ ရွံဳး ရလဒ္ ပိုင္ဆုိင္ ထားျပီး လက္စတာ ကေတာ့ ႏွစ္ပြဲ နုိင္ ႏွစ္ပြဲ သေရနဲ့ ရွံဳးပြဲ မရွိ ေအာင္ ကစား ထားနုိင္ ခဲ့ ပါတယ္ ။

#Sports_Myanmar

Unicode

မာဆွန် ဂရင်းဝုဒ်ကို ပွဲထွက် ကစားစေ မလား ဆိုတဲ့ အပေါ် ဖြေကြား သွားတဲ့ #ဆိုးလ်ရှား

=================

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီနေ့ ည 8:30 အချိန် မှာ ပရီးမီးယား လိဂ် ပွဲစဉ် 5 အဖြစ် လက်စတာ စီးတီး အသင်း ကို အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ လက်ခံ ယှဉ်ပြိုင် သွား ရဖို့ ရှိနေ ပါတယ် ။

လက်ရှိ အနေ အထား အရ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ် ကစားသမား တွေ ဖြစ်ကြ တဲ့ မာရှယ် ၊ လင်ဂတ် နဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ပေါလ် ပေါ့ဂ်ဘာ တို့ဟာ ဒဏ်ရာ ပြသနာ တွေ ကိုယ်စီ ကြုံတွေ့ နေကြ တဲ့ အတွက် ဆိုးလ်ရှား ဘယ်လို ကစားသမား စာရင်း ကို ပွဲထုတ် မလဲ ဆိုတာ ပရိသတ် တွေ အတွက် စိတ်ဝင်စား ဖို့ ကောင်းလာ ခဲ့ ပါတယ် ။

အခုတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က ပရိသတ် တွေ မြင်တွေ့ လို ကြတဲ့ အသင်း ရဲ့ အသက် 17 နှစ် အရွယ် တိုက်စစ် ကစားသမား လေး မာဆွန် ဂရင်းဝုဒ် ကို ပွဲထွက် ကစား ခွင့် ပေးသွား နိုင်ခြေ ရှိကြောင်း အရိပ် အမြွတ် ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

မာဆွန် ဂရင်းဝုဒ် ဟာ ပြီး ခဲ့တဲ့ ဘောလုံး ရာသီ ရဲ့ နောက်ဆုံး ပွဲစဉ် အဖြစ် ယူနိုက်တက် တို့ ကာဒစ်ဖ် နဲ့ ရင်ဆိုင် ကစား ခဲ့တဲ့ ပွဲစဉ် မှာ ပွဲထွက် ကစားသမား အဖြစ် စတင် ပါဝင် ကစား ခွင့် ရရှိ ခဲ့ပြီး ခြေစွမ်း ကောင်း ပြသ နိုင်ခဲ့ ပါတယ် ။

ဒါ့အပြင် ဒီနှစ် ရာသီ ကြို ပွဲစဉ် တွေမှာ လည်း ခြေစွမ်း ကောင်းတွေ ပြသ ထားနိုင် ခဲ့တဲ့ အတွက် ရာသီ သစ် အတွင်း ယူနိုက်တက် တို့ ကစား ခဲ့ ကြတဲ့ အဖွင့် ပွဲစဉ် 4 ပွဲ လုံးမှာ လူစားဝင် ကစားသမား အဖြစ် ပါဝင် ခွင့် ရရှိ ထားခဲ့ ပါ သေးတယ် ။

အခုတော့ အသင်း ရဲ့ ဦးစားပေး ကစားသမား တွေ ဒဏ်ရာ ရရှိ နေ ကြတဲ့ အချိန် လူငယ် ကစားသမား လေး ဖြစ်တဲ့ မာဆွန် ဂရင်းဝုဒ် ကို ပွဲထွက် ကစား ခွင့် ပေး မလား လို့ အမေး ခံလိုက် ရတဲ့ အချိန်် ဆိုးလ်ရှား က …

” ကျွန်တော် ဟာ ဒီ အသင်း မှာ ရှိတဲ့ ကစားသမား တွေကို ပွဲထွက် ကစား ခွင့် ပေးသွား နိုင်ဖို့ အတွက် ပြင်ဆင် ထားခဲ့ ပါတယ် ။ သူတို့ အားလုံး ဟာ ကစား ခွင့် ရရှိ လိုတဲ့ သူတွေ ချည်း ပါပဲ ။ ကျွန်တော် တို့ တွေဟာ အသင်း ရဲ့ လေ့ကျင့်ရေး အစီအစဉ် ပြီးဆုံး သွားတာ နဲ့ သူတို့ ကို နောက်ဆုံး ခေါ်ယူ မှု ပြုလုပ် သွားဖို့ လုပ်ဆောင် နေကြ ပါတယ် ”

” အခု ကျွန်တော် တို့ အသင်း မှာ ကစားသမား 24 – 25 ယောက် လောက် ရှိနေ ပါတယ် ။ ကျွန်တော် တို့ တွေဟာ အခွင့် သင့် လာတဲ့ အခါ မှာ ၊ ဘောလုံး ရာသီ ရဲ့ မတူညီ တဲ့ အခိုက် အတန့် တွေမှာ သူတို့ အားလုံး ကို ကဏ္ဍ တစ်ခု စီမှာ အခွင့် အရေး ပေးသွား ဖို့ မျှော်လင့် ထားကြ ပါတယ် ”

” ဒီ တစ်ပါတ် မှာတော့ သူတို့ ထဲက တစ်ယောက်ယောက် အခွင့် အရေး ရရှိ နိုင်ပါ လိမ့်မယ် ” လို့ ဆိုးလ်ရှား က လူငယ် တိုက်စစ် ကစားသမား လေးကို အသုံးပြု သွားဖွယ် ရှိကြောင်း အရိပ် အမြွတ် ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ယူနိုက်တက် ဟာ လက်စတာ နဲ့ ကစား ရမယ့် ပွဲစဉ် အတွက် လူငယ် ကစားသမား လေးတွေ ဖြစ်ကြ တဲ့ တွမ်ဇီဘီ ၊ မာဆွန် ဂရင်းဝုဒ် ၊ တာဟစ် ချောင် နဲ့ ဂျိမ်းစ် ဂါနာ တို့ကို ပဏာမ စာရင်း ထဲ ထည့်သွင်း ရွေးချယ် ထားခဲ့ ပါတယ် ။

ပရီးမီးယား လိဂ် ပွဲစဉ် 4 ပြီးဆုံး သွားတဲ့ လက်ရှိ အချိန် အထိ တော့ ယူနိုက်တက် ဟာ တစ်ပွဲ နိုင် ၊ နှစ်ပွဲ သရေ ၊ တစ်ပွဲ ရှံုး ရလဒ် ပိုင်ဆိုင် ထားပြီး လက်စတာ ကတော့ နှစ်ပွဲ နိုင် နှစ်ပွဲ သရေနဲ့ ရှံုးပွဲ မရှိ အောင် ကစား ထားနိုင် ခဲ့ ပါတယ် ။

#Sports_Myanmar