လက္ရွိ မွာ နည္းျပ ေလာက ကေန ခဏတာ အနားယူ ေနတဲ့ ခ်ယ္လ္ဆီး နဲ႕ မန္ခ်က္စတာ ယူႏိုက္တက္ နည္းျပ ေဟာင္း ဟိုေဆး ေမာ္ရင္ဟို က တခ်ိန္ က ခ်ယ္လ္ဆီး အသင္း မွာ သူ႕ရဲ႕ တပည့္ အရင္းၾကီး ျဖစ္တဲ့ ဖရန္႕ လမ္းပတ္ ဟာ မန္ေနဂ်ာ ေလာက မွာလည္း ေအာင္ျမင္တဲ့သူ တေယာက္ ျဖစ္လာႏိုင္မယ္ လို႕ ယံုၾကည္ေၾကာင္း ဆိုခဲ့ပါတယ္ ။

လမ္းပတ္ ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ ကမွ မန္ေနဂ်ာ ေလာက ထဲကို ခ်န္ပီယံရွစ္ ကလပ္ ဒါဘီ ေကာင္တီ အသင္း နဲ႕ စတင္ ဝင္ေရာက္ လာခဲ့တာ ျဖစ္ေပမယ့္ ဒါဘီ ကို ပရီးမီးယားလိဂ္ သို႕ တန္းတက္ လုနီးပါး ျဖစ္ေအာင္ စြမ္းေဆာင္ ေပးႏိုင္ ခဲ့ပါတယ္ ။ အခု အခါမွာေတာ့ သူ႕ရဲ႕ အသင္းေဟာင္း ခ်ယ္လ္ဆီး အသင္း ဒုကၡ ေရာက္ေနတဲ့ အခ်ိန္ မွာ အရဲစြန္႕ျပီး နည္းျပသစ္ ရာထူး ကို လက္ခံ ခဲ့ပါတယ္ ။

လမ္းပတ္ ဟာ ဒီႏွစ္ ေဘာလံုး ရာသီ အဖြင့္ပြဲမွာ မန္ခ်က္စတာ ယူႏိုက္တက္ အသင္း ကို ၄ဂိုးျပတ္ နဲ႕ အေရးနိမ့္ ခဲ့သလို အခု အခ်ိန္ ထိ ပရီးမီးယားလိဂ္ ၄ပြဲ ကစားျပီးခ်ိန္ မွာ ရမွတ္ ၅ မွတ္သာ ရရွိေအာင္ စြမ္းေဆာင္ ခဲ့ပါတယ္ ။ သို႕ေပမယ့္ လည္း အဓိက ကစားသမား ေတြရဲ႕ ဒဏ္ရာ ျပႆနာ ၊ ကစားသမားသစ္ ေခၚယူခြင့္ အပိတ္ခံထားရမႈ ၊ လူငယ္ ကစားသမား ေတြရဲ႕ အေတြ႕အၾကံဳ နည္းပါးမႈ ေၾကာင့္ ျပီးခဲ့တဲ့ တလအတြင္း က စြမ္းေဆာင္ရည္ နဲ႕ေတာ့ လမ္းပတ္ ကို အကဲျဖတ္ဖို႕ေတာ့ ေစာေနပါေသးတယ္ ။

ခ်ယ္လ္ဆီး အသင္း မွာ ဖရန္႕ လမ္းပတ္ နဲ႕ အတူ ေလးႏွစ္ အထိ လက္တြဲ အလုပ္လုပ္ ခဲ့ဖူးတဲ့ ဟိုေဆး ေမာ္ရင္ဟို ကေတာ့ လမ္းပတ္ ဟာ ကစားသမား ဘဝ မွာကတည္းက ခ်န္ပီယံ တေယာက္ ျဖစ္သလို ၊ မတူညီတဲ့ အေတြ႕အၾကံဳ မ်ားစြာ ကိုလည္း ပိုင္ဆိုင္ ထားေၾကာင္း ၊ ထို႕အျပင္ မ်ိဳးရိုး ကိုက ေဘာလံုးေသြး ပါေနတာေၾကာင့္ ဘယ္လို နည္းနဲ႕ပဲ ျဖစ္ျဖစ္ လမ္းပတ္ ဟာ ေဘာလံုး ေလာက မွာ ဆက္ျပီး ေအာင္ျမင္ ေနမွာ ျဖစ္ေၾကာင္း သံုးသပ္ ေျပာဆို ခဲ့ပါတယ္ ။

ေမာ္ရင္ဟို က ” ေဘာလံုး မွာ ပထမ အရာ တခု က ကစားသမားပါ ။ ေနာက္ထပ္ တခု က မန္ေနဂ်ာပါ ။ ဖရန္႕ နဲ႕ ပတ္သက္ျပီး ကြ်န္ေတာ္ အခု ေျပာမယ့္ အေၾကာင္း ကို ခ်ယ္လ္ဆီး ပရိသတ္ ေတြ သေဘာမတူညီ စရာ အေၾကာင္းမရွိဘူး လို႕ ကြ်န္ေတာ္ ယံုၾကည္ ပါတယ္ ။ ဖရန္႕ ဟာ ကစားသမား တေယာက္ အေနနဲ႕ ခ်ယ္လ္ဆီး အသင္း ရဲ႕ အေကာင္းဆံုး ၅ေယာက္ ထဲမွာ ေသခ်ာေပါက္ ပါဝင္ ေနပါတယ္ ။ ”

” အေကာင္းဆံုး ၃ေယာက္ ထဲမွာ ဆိုရင္လည္း ဖရန္႕ ဆက္ျပီး ပါေနဦးမွာပဲ ။ ေနာက္ထပ္ တခု က မန္ေနဂ်ာ ဘဝပါ ။ ဖရန္႕ ဟာ ဒါဘီ အသင္း မွာ မန္ေနဂ်ာ အေတြ႕အၾကံဳ တႏွစ္ ရခဲ့ျပီးပါျပီ ။ ေနာက္ျပီး သူ႕မွာ ရွိတဲ့ အရည္အေသြးေကာင္း ေတြကိုလည္း ထုတ္ျပ ခဲ့ျပီးပါျပီ ။ အခုေတာ့ သူဟာ ခ်ယ္လ္ဆီး နည္းျပ ရာထူး ကို ရရွိ ေနပါျပီ ။ သူဟာ ကစားသမား ဘဝ မွာကတည္းက ၾကီးမားတဲ့ ျပိဳင္ပြဲ ေတြကို ယွဥ္ျပိဳင္ ခဲ့ရပါတယ္ ။ ”

” ခ်န္ပီယံလိဂ္ ျပိဳင္ပြဲ မွာ ပါဝင္ခဲ့ရတယ္ ။ ဥေရာပ စူပါဖလား ဗိုလ္လုပြဲ လည္း ႏႊဲခဲ့ ရပါတယ္ ။ ေနာက္ျပီး ပြဲၾကီး ပြဲေကာင္း မ်ားစြာလည္း ကိုယ္တိုင္ ကစားခဲ့ ရပါတယ္ ။ ဒီေလာက္ မ်ားျပား တဲ့ အေတြ႕အၾကံဳ ေတြနဲ႕ ေဘာလံုး ေလာက မွာ ထိုးေဖာက္ ေနျပီးတဲ့ေနာက္မွာ သူဟာ မန္ေနဂ်ာ ေလာက မွာလည္း ေအာင္ျမင္တဲ့ ထိပ္တန္း မန္ေနဂ်ာ တဦး ျဖစ္လာမယ္ လို႕ ကြ်န္္ေတာ္ ယံုၾကည္ ေနပါတယ္ ။ ”

 

” ေနာက္ျပီး သူ႕ကို ေဘာလံုး နဲ႕ ပတ္သက္ျပီး ထုတ္ပယ္ ထားလို႕ကို မရပါဘူး ။ ေဘာလံုး ဟာ သူ႕ဘဝ တေလွ်ာက္လံုး အတူ လိုက္ပါ လာခဲ့ျပီးသားပါ ။ သူဟာ ေဘာလံုးသမား တေယာက္ ရဲ႕ သား ၊ မန္ေနဂ်ာ တဦး ရဲ႕ တူ ၊ ကိုယ္တိုင္ လည္း ထိပ္တန္း ေဘာလံုးသမား တေယာက္ ျဖစ္လာ ခဲ့ျပီးပါျပီ ။ ဒါေၾကာင့္မို႕ သူ ေဘာလံုး ေလာက မွာ ေအာင္ျမင္ဖို႕ အေျခအေန အားလံုး က မ်က္ႏွာသာ ေပးျပီးသားပါ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ဖရန့် လမ်းပတ် ဟာ ဘာကြောင့် မန်နေဂျာ လောက မှာလည်း အောင်မြင်နိုင်မလဲ ဆိုတာ သုံးသပ် ပြောဆို လိုက်တဲ့ #မော်ရင်ဟို

လက်ရှိ မှာ နည်းပြ လောက ကနေ ခဏတာ အနားယူ နေတဲ့ ချယ်လ်ဆီး နဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြ ဟောင်း ဟိုဆေး မော်ရင်ဟို က တချိန် က ချယ်လ်ဆီး အသင်း မှာ သူ့ရဲ့ တပည့် အရင်းကြီး ဖြစ်တဲ့ ဖရန့် လမ်းပတ် ဟာ မန်နေဂျာ လောက မှာလည်း အောင်မြင်တဲ့သူ တယောက် ဖြစ်လာနိုင်မယ် လို့ ယုံကြည်ကြောင်း ဆိုခဲ့ပါတယ် ။

လမ်းပတ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကမှ မန်နေဂျာ လောက ထဲကို ချန်ပီယံရှစ် ကလပ် ဒါဘီ ကောင်တီ အသင်း နဲ့ စတင် ဝင်ရောက် လာခဲ့တာ ဖြစ်ပေမယ့် ဒါဘီ ကို ပရီးမီးယားလိဂ် သို့ တန်းတက် လုနီးပါး ဖြစ်အောင် စွမ်းဆောင် ပေးနိုင် ခဲ့ပါတယ် ။ အခု အခါမှာတော့ သူ့ရဲ့ အသင်းဟောင်း ချယ်လ်ဆီး အသင်း ဒုက္ခ ရောက်နေတဲ့ အချိန် မှာ အရဲစွန့်ပြီး နည်းပြသစ် ရာထူး ကို လက်ခံ ခဲ့ပါတယ် ။

လမ်းပတ် ဟာ ဒီနှစ် ဘောလုံး ရာသီ အဖွင့်ပွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်း ကို ၄ဂိုးပြတ် နဲ့ အရေးနိမ့် ခဲ့သလို အခု အချိန် ထိ ပရီးမီးယားလိဂ် ၄ပွဲ ကစားပြီးချိန် မှာ ရမှတ် ၅ မှတ်သာ ရရှိအောင် စွမ်းဆောင် ခဲ့ပါတယ် ။ သို့ပေမယ့် လည်း အဓိက ကစားသမား တွေရဲ့ ဒဏ်ရာ ပြဿနာ ၊ ကစားသမားသစ် ခေါ်ယူခွင့် အပိတ်ခံထားရမှု ၊ လူငယ် ကစားသမား တွေရဲ့ အတွေ့အကြုံ နည်းပါးမှု ကြောင့် ပြီးခဲ့တဲ့ တလအတွင်း က စွမ်းဆောင်ရည် နဲ့တော့ လမ်းပတ် ကို အကဲဖြတ်ဖို့တော့ စောနေပါသေးတယ် ။

ချယ်လ်ဆီး အသင်း မှာ ဖရန့် လမ်းပတ် နဲ့ အတူ လေးနှစ် အထိ လက်တွဲ အလုပ်လုပ် ခဲ့ဖူးတဲ့ ဟိုဆေး မော်ရင်ဟို ကတော့ လမ်းပတ် ဟာ ကစားသမား ဘဝ မှာကတည်းက ချန်ပီယံ တယောက် ဖြစ်သလို ၊ မတူညီတဲ့ အတွေ့အကြံု များစွာ ကိုလည်း ပိုင်ဆိုင် ထားကြောင်း ၊ ထို့အပြင် မျိုးရိုး ကိုက ဘောလုံးသွေး ပါနေတာကြောင့် ဘယ်လို နည်းနဲ့ပဲ ဖြစ်ဖြစ် လမ်းပတ် ဟာ ဘောလုံး လောက မှာ ဆက်ပြီး အောင်မြင် နေမှာ ဖြစ်ကြောင်း သုံးသပ် ပြောဆို ခဲ့ပါတယ် ။

မော်ရင်ဟို က ” ဘောလုံး မှာ ပထမ အရာ တခု က ကစားသမားပါ ။ နောက်ထပ် တခု က မန်နေဂျာပါ ။ ဖရန့် နဲ့ ပတ်သက်ပြီး ကျွန်တော် အခု ပြောမယ့် အကြောင်း ကို ချယ်လ်ဆီး ပရိသတ် တွေ သဘောမတူညီ စရာ အကြောင်းမရှိဘူး လို့ ကျွန်တော် ယုံကြည် ပါတယ် ။ ဖရန့် ဟာ ကစားသမား တယောက် အနေနဲ့ ချယ်လ်ဆီး အသင်း ရဲ့ အကောင်းဆုံး ၅ယောက် ထဲမှာ သေချာပေါက် ပါဝင် နေပါတယ် ။ ”

” အကောင်းဆုံး ၃ယောက် ထဲမှာ ဆိုရင်လည်း ဖရန့် ဆက်ပြီး ပါနေဦးမှာပဲ ။ နောက်ထပ် တခု က မန်နေဂျာ ဘဝပါ ။ ဖရန့် ဟာ ဒါဘီ အသင်း မှာ မန်နေဂျာ အတွေ့အကြံု တနှစ် ရခဲ့ပြီးပါပြီ ။ နောက်ပြီး သူ့မှာ ရှိတဲ့ အရည်အသွေးကောင်း တွေကိုလည်း ထုတ်ပြ ခဲ့ပြီးပါပြီ ။ အခုတော့ သူဟာ ချယ်လ်ဆီး နည်းပြ ရာထူး ကို ရရှိ နေပါပြီ ။ သူဟာ ကစားသမား ဘဝ မှာကတည်းက ကြီးမားတဲ့ ပြိုင်ပွဲ တွေကို ယှဉ်ပြိုင် ခဲ့ရပါတယ် ။ ”

” ချန်ပီယံလိဂ် ပြိုင်ပွဲ မှာ ပါဝင်ခဲ့ရတယ် ။ ဥရောပ စူပါဖလား ဗိုလ်လုပွဲ လည်း နွှဲခဲ့ ရပါတယ် ။ နောက်ပြီး ပွဲကြီး ပွဲကောင်း များစွာလည်း ကိုယ်တိုင် ကစားခဲ့ ရပါတယ် ။ ဒီလောက် များပြား တဲ့ အတွေ့အကြံု တွေနဲ့ ဘောလုံး လောက မှာ ထိုးဖောက် နေပြီးတဲ့နောက်မှာ သူဟာ မန်နေဂျာ လောက မှာလည်း အောင်မြင်တဲ့ ထိပ်တန်း မန်နေဂျာ တဦး ဖြစ်လာမယ် လို့ ကျွန််တော် ယုံကြည် နေပါတယ် ။ ”

” နောက်ပြီး သူ့ကို ဘောလုံး နဲ့ ပတ်သက်ပြီး ထုတ်ပယ် ထားလို့ကို မရပါဘူး ။ ဘောလုံး ဟာ သူ့ဘဝ တလျှောက်လုံး အတူ လိုက်ပါ လာခဲ့ပြီးသားပါ ။ သူဟာ ဘောလုံးသမား တယောက် ရဲ့ သား ၊ မန်နေဂျာ တဦး ရဲ့ တူ ၊ ကိုယ်တိုင် လည်း ထိပ်တန်း ဘောလုံးသမား တယောက် ဖြစ်လာ ခဲ့ပြီးပါပြီ ။ ဒါကြောင့်မို့ သူ ဘောလုံး လောက မှာ အောင်မြင်ဖို့ အခြေအနေ အားလုံး က မျက်နှာသာ ပေးပြီးသားပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR