* စိန႔္အက္တီယန္ အသင္းကို တစ္ရာသီ အငွား သြားေရာက္ ကစားေနတဲ့ ျပင္သစ္ လူငယ္ ေနာက္ခံလူ ဆာလီဘာ ဟာ ဒဏ္ရာ ျပန္လည္ သက္သာလာဖို႔ အတြက္ အာဆင္နယ္ အသင္း နဲ႔ အတူ ပူးေပါင္းၿပီး ေလ့က်င့္ခန္း ဆင္းေနၿပီ ျဖစ္ပါတယ္ ။ဆာလီဘာ ဟာ ေလ့က်င့္ေရးကြင္းမွာ နံပါတ္ ၁၇ ကို ဝတ္ဆင္ၿပီး ကစားခဲ့တာကိုေတြ႕ရပါတယ္။

*တိုက္စစ္မွူး လာကာဇက္ ဟာ ရာသီႀကိဳ ေျခစမ္းပြဲမွာ ရရွိခဲ့တဲ့ ေျခခ်င္းဝတ္ ဒဏ္ရာ အရွင္း မေပ်ာက္ကင္းေသးတာေၾကာင့္ စက္တင္ဘာလကုန္အထိ ကစားနိုင္ဦးမွာ မဟုတ္ေသးေၾကာင္း အာဆင္နယ္ အသင္းက တရားဝင္ ေၾကညာ လိုက္ပါတယ္။

* နိုင္ငံတကာ ေျခစမ္းပြဲေတြမွာ ဒဏ္ရာရခဲ့ၾကတဲ့ ကြင္းလယ္လူ ရွာကာ နဲ႔ ေတာ္ရီးယား ကေတာ့ ႀကံ့ခိုင္မွု ျပန္လည္ ျပည့္ဝ ေနၿပီ ျဖစ္ကာ မနက္ျဖန္ တနဂၤေႏြေန႔မွာ ကစားမယ့္ ဝက္ဖိုဒ့္ အသင္းနဲ႔ ပြဲမွာ ပါဝင္ ကစားဖို႔ အသင့္ ျဖစ္ေနၿပီလို႔ သိရပါတယ္ ။

* အာဆင္နယ္ နည္းၿပ အမ္မရီ ကေတာ့ ဝက္ဖိုဒ့္ အသင္း နဲ႔ ပြဲႀကိဳ သတင္းစာ ရွင္းလင္းပြဲမွာ အသင္းမွာ ဆက္ေနဖို႔ ဆုံးျဖတ္ခဲ့တဲ့ မူစတာဖီ ရဲ့ ဆုံးျဖတ္ခ်က္ အေပၚ ေလးစားမိေၾကာင္း နဲ႔ သူ႔ကို ႀကိဳးစားဖို႔ အခြင့္အေရး ေပးသြားမယ္လို႔ ဆိုပါတယ္။

* နည္းၿပ အမ္မရီ က အသင္းႀကီးနဲ႔အတူ ေလ့က်င့္ခန္း ျပန္ဆင္းေနၿပီ ျဖစ္တဲ့ ဘယ္လာရင္ နဲ႔တီယာေနးတို႔ ႏွစ္ဦးစလုံးကို အလ်င္စလို ကစားခိုင္းမွာ မဟုတ္ေၾကာင္း နဲ႔ ႀကံ့ခိုင္မွု ျပည့္ဝတဲ့ အထိ စိတ္ရွည္ရွည္နဲ႔ ေစာင့္ဆိုင္း သြားမယ္လို႔ ဆိုပါတယ္။

* ဂန္းနား တိုက္စစ္မွူးေဟာင္း အလန္စမစ္ က ( ၁၉၈၇ – ၁၉၉၅ အထိ ကစားခဲ့သူပါ ။ ) အာဆင္နယ္ အသင္း ကစားသမား အခ်ိဳ႕ဟာ နည္းၿပ အူနိုင္း အမ္မရီ ရဲ့ နည္းစနစ္ပိုင္းကို ခုခ်ိန္ထိ နားလည္ သေဘာမေပါက္ၾကေသးေၾကာင္း ေဝဖန္ ေထာက္ၿပ သြားခဲ့ပါတယ္ ။

* အာဆင္နယ္ အသင္း ေခါင္းေဆာင္ေဟာင္း မာတီဆက္ကာ က အခု လက္ရွိ အာဆင္နယ္ အသင္းမွာ အဂၤလန္ လက္ေရြးစင္ အသင္းႀကီးမွ ကစားသမားတစ္ဦးမွ မရွိေတာ့တဲ့အေပၚ အံ့ဩသင့္မိေၾကာင္း နဲ႔အသင္းမွာ အဂၤလန္ လက္ေရြးစင္ေတြ ေပၚထြက္လာဖို႔ အေရးႀကီးေနၿပီ ျဖစ္ေၾကာင္း ဝန္ခံ သြားခဲ့ပါတယ္။

* ဂန္းနား တိုက္စစ္မွူးေဟာင္း ဝဲလ္ဘက္ က ဝက္ဖိုဒ့္ အသင္း ဝက္ဆိုဒ္ နဲ႔ အင္တာဗ်ဴးမွာ အာဆင္နယ္ အသင္းမွာ ကစားစဥ္တုန္းက သူ႔အတြက္ အမွတ္တရ အျဖစ္အပ်က္ သုံးခုကို ျပန္ေျပာင္း ေျပာၾကား သြားခဲ့ပါတယ္ ။ အဆိုပါ အမွတ္တရ သုံးခုကေတာ့ ၂၀၁၇ အက္ဖ္ေအဖလားဖိုင္နယ္၊ခ်န္ပီယံလိဂ္ ဟက္ထရစ္ ၊ လက္စတာဘက္ကို သြင္းယူခဲ့တဲ့ အနိုင္ဂိုးတို႔ပဲ ျဖစ္ပါတယ္။

* အာဆင္နယ္ အသင္းရဲ့ ဒုတိယဂိုးသမား မာတီနက္ဇ္ က လီနို ဟာ သူ႔ထက္ အေတြ႕အၾကဳံ ပိုမ်ားေပမယ့္ စြမ္းေဆာင္ရည္ပိုင္းမွာေတာ့ တန္းတူ ( သို႔ ) သူကေတာင္ ပိုသာတယ္လို႔ အခိုင္အမာ ဆိုလိုက္ပါတယ္ ။ မာတီနက္ဇ္ က အာဆင္နယ္ အသင္း ဦးစားေပး ဂိုးသမား ျဖစ္ဖို႔ နဲ႔ အာဂ်င္တီးနား လက္ေရြးစင္ ျဖစ္ဖို႔ ရည္မွန္းထားေၾကာင္း ေျပာၾကား လိုက္ပါတယ္ ။

* အာဆင္နယ္ အသင္း နည္းၿပ အမ္မရီ က လာမယ့္ အပတ္ အတြင္းမွာ အသင္း ေခါင္းေဆာင္ ငါးဦးကို အတည္ျပဳ ေျပာၾကား လိုက္ပါတယ္ ။ အာဆင္နယ္ အသင္းမွာ အသင္းေခါင္းေဆာင္ေတြ အ​ျဖစ္ ရွာကာ၊အိုေဇးလ္ တို႔ ရွိေနၾကၿပီး နည္းၿပ အမ္မရီကေတာ့ အဂၤလန္ ကစားသမား တစ္ဦးကို အသင္းေခါင္းေဆာင္ အျဖစ္ ခန႔္အပ္ တာဝန္ေပးသြားမယ္လို႔ ေျပာၾကား ထားဖူးပါတယ္။

SPORTS MYANMAR

Unicode

အာဆင်နယ် သတင်းတိုများ
==================

* စိန့်အက်တီယန် အသင်းကို တစ်ရာသီ အငှား သွားရောက် ကစားနေတဲ့ ပြင်သစ် လူငယ် နောက်ခံလူ ဆာလီဘာ ဟာ ဒဏ်ရာ ပြန်လည် သက်သာလာဖို့ အတွက် အာဆင်နယ် အသင်း နဲ့ အတူ ပူးပေါင်းပြီး လေ့ကျင့်ခန်း ဆင်းနေပြီ ဖြစ်ပါတယ် ။ဆာလီဘာ ဟာ လေ့ကျင့်ရေးကွင်းမှာ နံပါတ် ၁၇ ကို ဝတ်ဆင်ပြီး ကစားခဲ့တာကိုတွေ့ရပါတယ်။

*တိုက်စစ်မှူး လာကာဇက် ဟာ ရာသီကြို ခြေစမ်းပွဲမှာ ရရှိခဲ့တဲ့ ခြေချင်းဝတ် ဒဏ်ရာ အရှင်း မပျောက်ကင်းသေးတာကြောင့် စက်တင်ဘာလကုန်အထိ ကစားနိုင်ဦးမှာ မဟုတ်သေးကြောင်း အာဆင်နယ် အသင်းက တရားဝင် ကြေညာ လိုက်ပါတယ်။

* နိုင်ငံတကာ ခြေစမ်းပွဲတွေမှာ ဒဏ်ရာရခဲ့ကြတဲ့ ကွင်းလယ်လူ ရှာကာ နဲ့ တော်ရီးယား ကတော့ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝ နေပြီ ဖြစ်ကာ မနက်ဖြန် တနင်္ဂနွေနေ့မှာ ကစားမယ့် ဝက်ဖိုဒ့် အသင်းနဲ့ ပွဲမှာ ပါဝင် ကစားဖို့ အသင့် ဖြစ်နေပြီလို့ သိရပါတယ် ။

* အာဆင်နယ် နည်းပြ အမ်မရီ ကတော့ ဝက်ဖိုဒ့် အသင်း နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တဲ့ မူစတာဖီ ရဲ့ ဆုံးဖြတ်ချက် အပေါ် လေးစားမိကြောင်း နဲ့ သူ့ကို ကြိုးစားဖို့ အခွင့်အရေး ပေးသွားမယ်လို့ ဆိုပါတယ်။

* နည်းပြ အမ်မရီ က အသင်းကြီးနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်တဲ့ ဘယ်လာရင် နဲ့တီယာနေးတို့ နှစ်ဦးစလုံးကို အလျင်စလို ကစားခိုင်းမှာ မဟုတ်ကြောင်း နဲ့ ကြံ့ခိုင်မှု ပြည့်ဝတဲ့ အထိ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်း သွားမယ်လို့ ဆိုပါတယ်။

* ဂန်းနား တိုက်စစ်မှူးဟောင်း အလန်စမစ် က ( ၁၉၈၇ – ၁၉၉၅ အထိ ကစားခဲ့သူပါ ။ ) အာဆင်နယ် အသင်း ကစားသမား အချို့ဟာ နည်းပြ အူနိုင်း အမ်မရီ ရဲ့ နည်းစနစ်ပိုင်းကို ခုချိန်ထိ နားလည် သဘောမပေါက်ကြသေးကြောင်း ဝေဖန် ထောက်ပြ သွားခဲ့ပါတယ် ။

* အာဆင်နယ် အသင်း ခေါင်းဆောင်ဟောင်း မာတီဆက်ကာ က အခု လက်ရှိ အာဆင်နယ် အသင်းမှာ အင်္ဂလန် လက်ရွေးစင် အသင်းကြီးမှ ကစားသမားတစ်ဦးမှ မရှိတော့တဲ့အပေါ် အံ့ဩသင့်မိကြောင်း နဲ့အသင်းမှာ အင်္ဂလန် လက်ရွေးစင်တွေ ပေါ်ထွက်လာဖို့ အရေးကြီးနေပြီ ဖြစ်ကြောင်း ဝန်ခံ သွားခဲ့ပါတယ်။

* ဂန်းနား တိုက်စစ်မှူးဟောင်း ဝဲလ်ဘက် က ဝက်ဖိုဒ့် အသင်း ဝက်ဆိုဒ် နဲ့ အင်တာဗျူးမှာ အာဆင်နယ် အသင်းမှာ ကစားစဉ်တုန်းက သူ့အတွက် အမှတ်တရ အဖြစ်အပျက် သုံးခုကို ပြန်ပြောင်း ပြောကြား သွားခဲ့ပါတယ် ။ အဆိုပါ အမှတ်တရ သုံးခုကတော့ ၂၀၁၇ အက်ဖ်အေဖလားဖိုင်နယ်၊ချန်ပီယံလိဂ် ဟက်ထရစ် ၊ လက်စတာဘက်ကို သွင်းယူခဲ့တဲ့ အနိုင်ဂိုးတို့ပဲ ဖြစ်ပါတယ်။

* အာဆင်နယ် အသင်းရဲ့ ဒုတိယဂိုးသမား မာတီနက်ဇ် က လီနို ဟာ သူ့ထက် အတွေ့အကြုံ ပိုများပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာတော့ တန်းတူ ( သို့ ) သူကတောင် ပိုသာတယ်လို့ အခိုင်အမာ ဆိုလိုက်ပါတယ် ။ မာတီနက်ဇ် က အာဆင်နယ် အသင်း ဦးစားပေး ဂိုးသမား ဖြစ်ဖို့ နဲ့ အာဂျင်တီးနား လက်ရွေးစင် ဖြစ်ဖို့ ရည်မှန်းထားကြောင်း ပြောကြား လိုက်ပါတယ် ။

* အာဆင်နယ် အသင်း နည်းပြ အမ်မရီ က လာမယ့် အပတ် အတွင်းမှာ အသင်း ခေါင်းဆောင် ငါးဦးကို အတည်ပြု ပြောကြား လိုက်ပါတယ် ။ အာဆင်နယ် အသင်းမှာ အသင်းခေါင်းဆောင်တွေ အ​ဖြစ် ရှာကာ၊အိုဇေးလ် တို့ ရှိနေကြပြီး နည်းပြ အမ်မရီကတော့ အင်္ဂလန် ကစားသမား တစ်ဦးကို အသင်းခေါင်းဆောင် အဖြစ် ခန့်အပ် တာဝန်ပေးသွားမယ်လို့ ပြောကြား ထားဖူးပါတယ်။

SPORTS MYANMAR