ယနေ့ည အန်ဖီးမှာ ကစား ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ လီဗာပူး ဟာ နယူးကာဆယ် အသင်းကို နောက်ကနေ လိုက်ကစားကာ ၃ ဂိုး ၁ ဂိုး နဲ့ အနိုင် ရရှိ ခဲ့ပြီး ဒီရာသီ အသင်းရဲ့ ရာနှုန်းပြည့် မှတ်တမ်းကို ဆက်လက် ထိန်းသိမ်း ထားနိုင် ခဲ့သလို ပရီးမီးယားလိဂ်မှာ ၁၄ ပွဲဆက်တိုက် အနိုင် မှတ်တမ်းကို ရရှိနေပါတယ်။

လီဗာပူးဟာ ပွဲစကတည်းက ဖိကစား ခဲ့ပေမယ့်လည်း ပွဲချိန် ၇ မိနစ်မှာ မထင်မှတ်ဘဲ ဂိုးပေးလိုက်ရပြီး ၀ီလီယံ က အလက်ဇန်းဒါးအာနိုးကို တစ်ချက်ခေါက်ကာ လှပစွာ ကန်သွင်း ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးတို့ ဖြည်းဖြည်းနဲ့ မှန်မှန် တိုက်စစ်ဆင် ကစား ခဲ့ပြီး ၂၈ မိနစ်မှာတော့ ရောဘတ်ဆန် ရဲ့ ဖန်တီးမှု ကနေ တဆင့် မာနေး က လှပစွာ သွင်းယူ ခဲ့ပါတယ်။ ဆက်တိုက် ဖိကစား လာခဲ့တဲ့ လီဗာပူးဟာ ပထမပိုင်း မပြီးခင် နောက်ထပ် တစ်ဂိုး ရခဲ့ပြီး ဂိုးသမား ဒူဘရာကာ ရဲ့ အမှားကနေ မားနေ က နောက်ထပ် တစ်ဂိုး သွင်းယူ ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း လီဗာပူးတို့ ဂိုးသွင်းခွင့်တွေ ထပ်ပြီး ရရှိ ခဲ့ပေမယ့် နယူးကာဆယ် ဂိုးသမားကောင်းနေတာကြောင့် ဂိုးထပ်မရ ဖြစ်နေ ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၇၂ မိနစ်မှာ ဖာမီနိုရဲ့ လှလှပပ ဖန်တီးပေးမှု ကနေ တဆင့် ဆာလား က နောက်ထပ် တစ်ဂိုး ထပ်သွင်းကာ ပွဲသိမ်းခဲ့ပါတယ်။ ဒီပွဲစဉ်မှာ နှစ်ဘက် ကစားသမား တွေရဲ့ စွမ်းဆောင်ရည်တွေ ကတော့ …

လီဗာပူး
အက်ဒရီယန် – ၆
တစ်ပွဲလုံး သိပ်ပြီး အလုပ် မရှုပ်ခဲ့သလို နယူးကာဆယ် ရဲ့ သွင်းဂိုး အတွက်လည်း ဘာမှ မတက် နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ၎င်းရဲ့ ဘောလုံး ပေးပို့မှုတွေဟာ လီဗာပူးရဲ့ bulid-up play မှာ အရေးပါခဲ့ ပါတယ်။

အလက်ဇန်းဒါးအာနိုး – ၆
ဝီလီယံ ရဲ့ သွင်းဂိုး အတွက် လွယ်လွယ်ကူကူ လှည့်ဖျား ခံလိုက်ရပြီး ခံစစ်ပိုင်း ကစားပုံ လိုအပ်ချက်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ၎င်းရဲ့တိုက်စစ်ကို လိုက်ပါ ပံ့ပိုးမှု တွေကတော့ အသင်းအတွက် အရေးပါခဲ့ ပါတယ်။

မာတစ် – ၇
၎င်းရဲ့ ဂိုးရရန် အားထုတ်မှုကို လက်ဆဲလ် တားဆီး ခဲ့ရာမှာ ပင်နယ်တီ ရခဲ့သင့်ပါတယ်။ ခံစစ်မှာ တည်ငြိမ်စွာ နဲ့ ပြိုင်ဘက် တိုက်စစ်ကို ဟန့်တားမှုတွေ လုပ်နိုင် ခဲ့သလို ကောင်းမွန်တဲ့ ဘောလုံး ပေးပို့မှု တွေနဲ့လည်း ထောက်ပံ့ ပေးခဲ့ ပါတယ်။

ဗန်ဒိုက် – ၇
လီဗာပူး ရဲ့ ခံစစ်ပိုင်းမှာ မာကျောလှတဲ့ ကစားပုံကို ပြသ နိုင်ခဲ့ပြီး ပြိုင်ဘက် တိုက်စစ်မှုးတွေ အတွက် ကျော်ဖြတ်ရ ခက်ခဲ လွန်းခဲ့ပါတယ်။

ရောဘတ်ဆန် – ၇
တိုက်စစ်ကို တစ်ဟုန်ထိုး လိုက်ပါ ကစားကာ ပြိုင်ဘက် ခံစစ်ပိုင်းကို ပုံစံမျိုးစုံနဲ့ တောက်လျှောက် ခြိမ်းခြောက် ခဲ့ပြီး မာနေး ရဲ့ သွင်းဂိုး အတွက်လည်း ဖန်တီး ပေးနိုင် ခဲ့ပါတယ်။

ဖာဘင်ညို – ၇
အသင်းရဲ့ ကွင်းလယ် အင်ဂျင် တစ်လုံးလို ကစားသွား ခဲ့ပြီး ပြိုင်ဘက် ရဲ့ တိုက်စစ်ကို ကွင်းလယ် ကနေ ဖြတ်တောက်ပစ် ခဲ့သလို ကောင်းမွန်တဲ့ ဘောလုံး ဖြန့်ဝေမှု တွေနဲ့ ကစားကွက်ကို ထိန်းချုပ် ကစား သွားခဲ့ပါတယ်။

အောက်စလိတ်ချိန်ဘာလိန် – ၆
အသင်း နဲ့ ချိတ်ဆက် ကစားပုံ ကောင်းမွန် ခဲ့ပေမယ့် တစ်ခါတစ်ရံ လောကြီးမှုတွေ ရှိခဲ့ကာ ဘောလုံး အပျက်များ ခဲ့ပါတယ်။

ဝိုင်နယ်ဒန် – ၇
တောက်ပတဲ့ ကစားပုံကို ပြသ နိုင်ခဲ့ပြီး လိုအပ်ရင် ခံစစ်ပိုင်း အတွက် လိုက်လံ ပံ့ပိုး ပေးခဲ့ကာ လှပတဲ့ ဂိုးတစ်ဂိုး ရဖို့ နီးစပ် ခဲ့ပါတယ်။

မာနေး – ၈ (MOTM)
အသင်းအတွက် တကယ့်ကို အရေးပါလှတဲ့ ချေပဂိုး ကို လှပစွာ ဝေ့၀ှက် ကန်သွင်း ခဲ့သလို အသင်း အတွက် အနိုင်ဂိုး ကိုလည်း သွင်းယူ ပေးခဲ့ကာ ဒီနိုင်ပွဲ အတွက် အဓိက ကျခဲ့ ပါတယ်။

အိုရီဂီ – ၆
ရှားရှားပါးပါး ပွဲထွက်ခွင့် ကစားခွင့် ရခဲ့ ပေမယ့်လည်း ပထမပိုင်း မပြီးခင်မှာ ဒဏ်ရာ ရရှိ ခဲ့တာကြောင့် လူစားလဲ ခဲ့ရပါတယ်။

ဆာလား – ၇
ပထမပိုင်းမှာ ကစားပုံ လိုအပ်ချက် ရှိနေ ခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာတော့ အသင်းနဲ့ ပူးပေါင်း တိုက်စစ်ဆင်မှုတွေ ကောင်းမွန် ခဲ့ကာ အသင်း အတွက် အနိုင်သေချာ စေမယ့် ဂိုးကိုပါ သွင်းပေး ခဲ့ပါတယ်။

လူစားဝင်
ဖာမီနို – ၈
ပထမပိုင်း ပြီးခါနီးမှာ ၀င်ကစား ခဲ့ ရပေမယ့်လည်း ၎င်းဟာ လီဗာပူး အတွက် ဘယ်လောက် အရေးပါတဲ့ သူလဲ ဆိုတာကို ပြသ နိုင်ခဲ့ပြီး ဒီပွဲမှာ အခွင့်အရေး ငါးကြိမ်ထိ ဖန်တီး ပေးနိုင် ခဲ့သလို ဆာလား ရဲ့ ဂိုးအတွက်ပါ လှလှပပ ဖန်တီး ပေးခဲ့ပါတယ်။

မီနာ – ၆ ၊ ရှကီရီ (ပွဲချိန်မလုံလောက်ခဲ့)

နယူးကာဆယ်
ဒူဘရာကာ – ၅.၅ ၊ ခရက်ဖ် ၅.၅ ၊ ရှား ၆ ၊ လက်ဆဲလ် ၆ ၊ ဒမ်းမတ် ၆.၅ ၊ ၀ီလီယံ ၆.၅ ၊ အယ်မီရွန် ၅.၅ ၊ ဟေဒန် ၆.၅ ၊ ရှယ်ဗေး ၆ ၊ အက်ဆု ၅.၅ ၊ ဂျိုလင်တန် ၅.၅

လူစားဝင်
မန်ကွီလို ၅.၅ ၊ မူတို ၅.၅ ၊ ဖာနန်ဒက် ၅

SM