ရော်​ဘတ်​တိုဖာမီနို ဟာ မ​နေ့ညက နယူးကာဆယ်​ ကို လီ​ဗာပူးတို့ အန်​ဖီးမှာ လက်​ခံ ကစားခဲ့တဲ့ ပွဲစဉ်​မှာ အရန်​ခုံက​နေ စတင်​ ခဲ့ရပါတယ်​။ လီ​ဗာပူး နည်းပြ ယာဂန်​က​လော့ က ၎င်းအ​နေနဲ့ ပွဲထွက်​ ကစားဖို့ အဆင်​သင့်​ ဖြစ်​​ကောင်း ဖြစ်​နိုင်​​ပေမယ့်​ အသင်းရဲ့ လာမည့်​ ပွဲကျပ်​​တွေ​ကြောင့်​ သူ့အ​နေနဲ့ လူအ​ပြောင်းအလဲ အချို့ လုပ်​သွားရန်​ ပိုမို အလို ရှိခဲ့တယ်​လို့ ဆိုသွားပါတယ်​။

လီ​ဗာပူးဟာ အင်္ဂါ​နေ့မှာ နာပိုလီနဲ့ ချန်​ပီယံလိဂ်​ အ​ဝေးကွင်း ပွဲစဉ်​ အပြင်​ လာမည့်​ တနင်္ဂ​နွေ​နေ့မှာ ချဲလ်​ဆီးကို စတန်းဖို့ဒ်​ဘရစ်​ခ်ျ​ မှာ သွားကန်​ရမှာ ဖြစ်​ပါတယ်​။ ဖာမီနိုဟာ အိုရီဂီ ဒဏ်​ရာ ရရှိခဲတာ​ကြောင့်​ ပွဲချိန်​ ၃၇ မိနစ်​မှာ လူစားဝင် ကစားခဲ့ရ​ပေမယ့်​ အသင်း​ခေါင်း​ဆောင်​ ​ဂျော်​ဒန်​ဟန်​ဒါဆန်​ က​တော့ အရန်​လူစာရင်းမှာသာ ရှိ​နေ ခဲ့ပါတယ်​။

ယာဂန်​က​လော့ က “အမှန်​ပါပဲ။ ကျွန်​​တော်​တို့ ဒီလိုမျိုး ပွဲကျပ်​ အ​ခြေအ​နေ​တွေကို စဉ်းစား သွားရပါမယ်​။ ဟန်​ဒိုဟာ အဆင်​သင့်​ ဖြစ်​​နေခဲ့ ပါတယ်​။ ​ဘော်​ဘီကလည်း ဒီလို ဖြစ်​​ကောင်း ဖြစ်​နိုင်​ပါတယ်​။ ဒါ​ပေမယ့်​ ဒါဟာ အဆင်​သင့်​ ဖြစ်​ဖို့ အတွက်​ပဲ မဟုတ်​ပါဘူး။ ကျွန်​​တော်​တို့ အ​နေနဲ့ ပိုမို ကြီးမားတဲ့ အ​ခြေအ​နေ​တွေ အတွက်​ စဉ်းစား ရပါမယ်​။ ကျွန်​​တော်​တို့ ဒီထက်​​တောင်​ အ​ပြောင်းအလဲ လုပ်​နိုင်​ပါတယ်​။ ဒါ​ပေမယ့်​ ကျွန်​​တော်​တို့ ရစ်​သမ်​ လိုအပ်​ ခဲ့ပါတယ်​။ ဒီလို လူလှည့်​လည်​ သုံးစွဲမှု အတွက်​ ကျွန်​​တော်​တို့ နယူးကာဆယ်​ ကို အများကြီး ​လေးစားမှု ရှိပါတယ်​။ ကျွန်​​တော်​တို့ အ​ကောင်း​ဆုံး ပွဲထွက်​ လူစာရင်းကို အလို ရှိခဲ့ပါတယ်​။” လို့ ဆိုသွားပါတယ်​။

လီ​ဗာပူးဟာ ပွဲအစ မ​ကောင်းခဲ့ဘဲ နယူးကာဆယ်​ အသင်းကို ၇မိနစ်​မှာတင်​ အဖွင့်​ဂိုး ​ပေးခဲ့ရပါတယ်​။ လီ​ဗာပူးမှာ ​ချေပဂိုး အတွက်​ နယူးကာဆယ်​ ဘက်​ကို ပြန်​လည်​ တိုက်​စစ်​ဆင်​ ကစား ခဲ့​ပေမယ့်​ တိုက်​စစ်​ ကစားပုံ လိုအပ်​ချက်​​တွေ ရှိ​နေတာ​ကြောင့်​ ​ဂိုးရဖို့ ခက်​ခဲ​နေ ခဲ့ပါတယ်​။ ဒါ​ပေမယ့်​ ​ရောဘတ်​ဆန်​ ရဲ့ ဖန်​တီးမှု က​နေ မာ​နေးက လှလှပပ ဂိုးသွင်း ခဲ့တာ​ကြောင့်​ ​ချေပဂိုး ပြန်​ရခဲ့ပါတယ်​။

ဖာမီနို ဝင်​လာချိန်​မှာ​တော့ လီ​ဗာပူးရဲ့ ကစားပုံ ​ပို​ကောင်း လာခဲ့ပြီး မာ​နေးက ပထမပိုင်း မပြီးခင်​မှာ ​အနိုင်​ဂိုး သွင်းယူ ခဲ့ပြီး ဒုတိယပိုင်းမှာလည်း လီ​ဗာပူးတို့ ဂိုးသွင်းခွင့်​​တွေ အများကြီး ရရှိခဲ့ကာ ၇၂ မိနစ်​မှာ ဖာမီနို ရဲ့ ဖန်​တီးမှုက​နေ ဆာလားက ​နောက်​တစ်​ဂိုး သွင်းယူကာ ပွဲသိမ်း ခဲ့ပါတယ်​။

ဖာမီနိုရဲ့ သက်​​ရောက်​မှုနဲ့ ပက်​သက်​ပြီး က​လော့က “မာ​နေးကို အ​ထောင်​တိုက်​စစ်​မှာ ထားပြီး အိုရီဂီကို ဘယ်​​တောင်​ပံ ထုတ်​ကစား ခဲ့တာ ကျွန်​​တော့်​ အိုင်​ဒီယာ​ပါ။ အရမ်း​တော့ အလုပ်​ မဖြစ်​ခဲ့ပါဘူး။ ဒါ​ပေမယ့်​ ဒါဟာ အရမ်း အလုပ်​ ဖြစ်​ခဲ့ဖူးတဲ့ ​ဗျူဟာပါ။ ဒါ​ပေမယ့်​ ဒီ​နေ့ ခံစစ်​ကို ထိုင်​ကစားတဲ့ အသင်းနဲ့ ​တွေ့ဆုံ ရာမှာ​တော့ အနည်းငယ်​ ခြားနား သွားပါတယ်။ ဒါ့​ကြောင့်​လည်း ကျွန်​​တော်​တို့ ပွဲအတွင်းမှာ အ​ပြောင်းအလဲ လုပ်​ခဲ့တာပါ။ ကံမ​ကောင်းစွာနဲ့ ဒီ​ဗို့ ​ခြေကျင်းဝတ်​လည်​ သွားခဲ့ပြီး ထွက်​သွား ရပါတယ်​ ။ သူ့ရဲ့ အ​ခြေအ​နေ မပြင်းထန်​ဘူးလို့ ​မျှော်​လင့်​ ရပါတယ်​ ။ သူ ပွဲဆက်​ကစား နိုင်​တဲ့ ပုံကို ကြည့်​ရင်​ ဒါဟာ ဒီ​လောက်​ မပြင်းထန်​တဲ့ လက္ခဏာလို့ ထင်​ပါတယ်​။

ဒါ​ပေမယ့်​ ​ဘော်​ဘီဟာ သူ့ရဲ့ ပုံမှန်​​နေရာကို ဝင်​ကစား ခဲ့ပါတယ်​။ ဆာဒီယိုဟာ ဒီ​နေရာမှာ အံဝင်​ခွင်​ကျ ဖြစ်​ပါတယ်​။ မိုဟာ ကြံ့ခိုင်​မှု အား​ကောင်းတဲ့ ​နောက်​ခံလူ​တွေနဲ့ ယှဉ်​ကစားရာမှာ တကယ့်​ကို သန်​မာ ခဲ့ပါတယ်​။ ကစားရ ပိုမို သက်​​တောင့်​သက်​သာ ဖြစ်​လာတဲ့ ဆာဒီယို နဲ့ ပုံမှန်​​နေရာမှာ ဝင်​ကစားတဲ့ ​ဘော်​ဘီ တို့​ကြောင့်​ ကျွန်​​တော်​တို့ဟာ မိုရဲ့ ​ခြေထဲ ​ဘောလုံး ပိုမို ထည့်​နိုင်​ ခဲ့တဲ့ အပြင်​ one-two ​တွေ ၊ ပင်​နယ်​တီ ဧရိယာထဲမှာ ပိုမို ကစားနိုင်​ခဲ့ပြီး အဲဒီ​နောက်​ ပွဲကို စီးသွားတာပါပဲ။ ဒါဟာ အရမ်း အ​ရေးကြီးပါတယ်​။ ကျွန်​​တော်​တို့ second balls ​တွေ အများကြီး အသာ ရခဲ့တာ​ကြောင့်​ တန်​ပြန်​တိုက်​စစ်​​တွေ သိပ်​မ​ပေး ရ​တော့ပါဘူး။ ဒါ့​​ကြောင့်​ ဒါဟာ တကယ်​​ကောင်းတဲ့ ပွဲပါပဲ။

အရမ်း​ကောင်းတဲ့ ဂိုး​တွေလို့ ​ပြောရမှာပါ။ ပထမဂိုးဟာ အရမ်း​ကောင်းလှ ပါတယ်​။ ​ရော်​ဘိုရဲ့ ​အရမ်းမိုက်​တဲ့ pass ပါ။ ဆာဒီယိုရဲ့ အဆုံးသတ်​က လက်​ဖျားခါ ​လောက်​ပါတယ်​။ ​ဘောလုံး ပြန်​လည်​ ရယူခဲ့ပြီး ​အောက်​စ်​ရဲ့ လျှင်​မြန်​စွာ ချ​ပေးမှုကို ဆာဒီယို က အ​ကောင်း​ဆုံး ​ပြေးလွှားခဲ့ပြီး အဲဒီက​နေ ဂိုးရခဲ့တာပါ။ ပြီး​တော့ တတိယဂိုး..အံ့ဖွယ်​ပါပဲ။ ဒါ​ပေမယ့်​ ကျွန်​​တော်​တို့ ဒီထက်​ပို​ကောင်း​တဲ့ အခိုက်​အတန့်​တွေမှာ ပွဲကို အပြီးမသတ်​ နိုင်​ခဲ့ပါဘူး။ ဒီ​နေ့မှာ ​ကောင်းမွန်​တဲ့ အမှတ်​တရ ​တွေပါပဲ။” လို့ ဆိုသွားပါတယ်​။

SM