အာဆင်နယ် အသင်း တိုက်စစ်မှူးဟောင်း ရော်ဘင် ဗန်ပါစီ ဟာ အာဆင်ဝင်းဂါး ကို ဝေဖန် ခဲ့တဲ့ အသင်းဖော်ဟောင်း မာဆီဆက်ကာ ကို ပြန်လည် တုန့်ပြန် ပြောကြား လိုက်ပါတယ် ။ ဗန်ပါစီ ဟာ မန်ယူနိုက်တက်ကို မပြောင်းမှီ မာတီဆက်ကာနဲ့ တစ်ရာသီ တွဲကစားခဲ့ဖူးပါတယ် ။

အာဆင်နယ် အသင်း နဲ့ နယ်သာလန် လက်ရွေးစင် အသင်း တိုက်စစ်မှူးဟောင်း ဗန်ပါစီ ဟာ ကစားသမား ဘဝ ကနေ အနားယူသွားခဲ့ပြီ ဖြစ်ပြီး ဘောလုံးပွဲ ဝေဖန် သုံးသပ်သူ အဖြစ် စတင် လုပ်ကိုင်နေပြီလည်း ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းရဲ့အကယ်ဒမီ နည်းပြ အဖြစ် တာဝန်ယူ လုပ်ဆောင်နေတဲ့ မာဆီဆက်ကာ ဟာ သူ့ရဲ့အတ္ထုပ္ပတ္ထိ စာအုပ်သစ်မှာ အာဆင်ဝင်းဂါး ဟာ အသင်းရဲ့ လူစာရင်း နဲ့ ကစားသမားတွေ အပေါ် ယုံကြည်မှု လွန်ကဲလွန်းခဲ့တာကြောင့် အောင်မြင်မှုတွေနဲ့ အလှမ်းဝေးခဲ့ရတာ ဖြစ်တယ်လို့ ဝေဖန် ခဲ့တာပါ ။

ဗန်ပါစီ ကတော့ မာတီဆက်ကာ ရဲ့ ဝေဖန်မှုကို ပြန်လည် တုန့်ပြန်လိုက်ပြီး အာဆင်ဝင်းဂါး ရဲ့ အရည်အချင်းကို ဆုဖလား အောင်မြင်မှုတွေနဲ့ မတိုင်းတာသင့်ကြောင်း ဆိုလိုက်ပြီး အာဆင်းဟာ ကိုယ်ပိုင် အတွေးအခေါ်၊ကစားကွက်ရှိတဲ့ ထိပ်တန်း နည်းပြ တစ်ဦး ဖြစ်ကြောင်း ဆိုပါတယ် ။

ဗန်ပါစီ က Daily Mail မှာ ” ကျနော် ပထမဆုံး ပြောချင်တာက ကစားသမားဟောင်း အများစုက စာတွေရေးပြီး စာအုပ်တွေထုတ်နေကြပါတယ်၊ဒါက ဖက်ရှင် တစ်ခုလိုတောင် ဖြစ်နေပါပြီ ၊ ကျနော်ကတော့ အဲ့လို လုပ်ဖို့ ဆန္ဒ မရှိပါဘူး ၊ ဒါက သူ့(မာတီဆက်ကာ)ရဲ့ထင်မြင်ချက် ဖြစ်တာကြောင့် ကျနော် ဘာမှ မပြောလိုပါဘူး၊သူတွေးချင်သလို တွေးလို့ ရပါတယ်။”

” အာဆင်း က တကယ့် ထိပ်တန်း နည်းပြကြီး တစ်ဦး ဖြစ်သလို အရမ်း တော်ပြီး ထူးချွန်တဲ့ ပုဂ္ဂိုလ် တစ်ဦးပါ ၊ ကျနော့် ကစားသမား ဘဝ တိုးတက် မြင့်မားအောင် အများကြီး ကူညီပေးခဲ့သူဆိုလည်း မှန်ပါတယ် ၊ သူ့လက်အောက်မှာ ရှစ်နှစ်ကြာ ကစားခဲ့ရတဲ့ အတွက် ဝမ်းသာ ဂုဏ်ယူမိပါတယ် ၊ သူက ကျနော့်ကို အခွင့်အရေး ပေးခဲ့သူပါ။”

” သူနဲ့ သီးသန့် စကားပြောဖြစ်တဲ့ အခါတွေမှာလည်း ဘဝမှာ ဘယ်လို နေထိုင်ရမလဲ ဆိုတာ ပြောဖြစ်ပါတယ် ။ အာဆင်း က တကယ်တော်တဲ့ နည်းပြကြီးပါ၊သူ့မှာ ကိုယ်ပိုင် အတွေးအခေါ် အယူအဆ ရှိပါတယ်၊သူက ကျနော်တို့ကို အသင်းလိုက် အပေးအယူတွေ၊ဂိုးဖန်တီးမှုတွေ နဲ့ တိုက်စစ်ဆင် ကစားစေချင်တဲ့သူပါ။”

” လူအချို့က သူ့ကို ဖလားအောင်မြင်မှုနဲ့ ဝေဖန် ပိုင်းခြား နေကြတာကို တွေ့နေရပါတယ်။ပါ (မာတီဆက်ကာ ) လည်း သူပြောချင်တာကို ကြိုက်သလိုပြောနိုင်ပါတယ်၊အာဆင်းကို သဘောကျတဲ့ အချက်က ကိုယ်ပိုင် အတွေးအခေါ် အယူအဆ ရှိတာပါ ။ပက် နဲ့ ကလောပ့် ဆိုလည်း သူတို့ ဒဿန နဲ့ သူတို့ပါပဲ ၊ အာဆင်းလည်း အာဆင်နယ်မှာတုန်းက အသင်းကို သူတို့လို တည်ဆောက်ခဲ့တာပါ ။ ” လို့ ပြောကြား လိုက်ပါတယ်။

SPORTS MYANMAR