မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ မနေ့ ညက အိုးလ် ထရပ်ဖို့ဒ် ကွင်းမှာ လက်စတာ စီးတီး အသင်း ကို ဧည့်ခံ ကစား ခဲ့ပြီး တိုက်စစ်မှူး ရပ်ရှ်ဖို့ ရဲ့ တစ်လုံး တည်းသော ပထမ ပိုင်း ပင်နယ်တီ ဂိုးနဲ့ အနိုင် ရလဒ် ရယူ ထားနိုင် ခဲ့ ပါတယ် ။


Rashford


——————————–

ဒေးဗစ် ဒီဂီယာ ( 7 )

စာချုပ်သစ် ချုပ်ဆို လိုက်ပြီ ဆိုတဲ့ သတင်း တွေ ထွက်ပေါ် လာမှု နဲ့ အတူ ယခင် တုန်းက လို လက်စွမ်း ကောင်းတွေ ပြသ နိုင်ခဲ့ ပြီး မက်ဒီဆင် ၊ ဗန် ချီဝဲလ် တို့ရဲ့ ကန်ချက် တွေကို အကောင်းဆုံး ဟန့်တား နိုင်ခဲ့ ပါတယ် ။

ဝမ် ဘစ်ဆာကာ ( 7 )

ဒဏ်ရာ ပြသနာ ကြုံတွေ့ ခဲ့ရ ပေမယ့် အသင်း အတွက် ပါဝင် နိုင်ခဲ့ ပြီး အကောင်းဆုံး ကြိုးစား ကစား ပေးခဲ့ကာ ခံစစ် ပိုင်း တာဝန် ကို အထူး ကျေပြွန်အောင် ထမ်းဆောင် ထားနိုင် ခဲ့ ပါတယ် ။

မက်ဂွားယား ( 8 )


ဗစ်တာ လင်ဒီလော့ဖ် ( 7 )


အက်ရှ်လေ ယန်း ( 7 )

အသင်းဖော် တွေ ဒဏ်ရာ ပြသနာ တွေ ကြုံတွေ့ နေ ရတဲ့ အချိန် အကောင်းဆုံး ဖြည့်စွက် ကစား ပေးနိုင် ခဲ့ပြီး နေရာ ယူ လွဲမှာတာ ရှိခဲ့ ပေမယ့် ခြေစွမ်း ကောင်းပြ ကစား သွားနိုင် ခဲ့ ပါတယ် ။

နီမန်ဂျာ မာတစ် ( 6 )



ဆုံးဖြတ်ချက် ကောင်းမွန် မှု ၊ ကစား အား ကောင်းမွန် မှု ၊ ကွင်းလယ် ရဲ့ လိုအပ်ချက် တွေကို အထူး ဖြည့်ဆည်း ပေးနိုင် မှု ၊ ရပ်တန့် လို့ မရ တဲ့ ခြေစွမ်း တွေနဲ့ အတူ ပွဲစဉ် ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ ရ ပါတယ် ။

Tominey

ဟွမ် မာတာ ( 6 )


အန်းဒရိစ် ပါရဲရား ( 6 )


ဒန်နီယယ် ဂျိမ်းစ် ( 6 )


Dineal james

မားကပ်စ် ရပ်ရှ်ဖို့ ( 7 )



ဖရက်ဒ် ( 6 )
ချောင် ( 6 )

လက်စတာ စီးတီး
———————-

ရှမိုက်ကယ် ( 6 )

ပါရဲရား ( 6 )
အီဗန်စ် ( 7 )
ဆိုယွန်ကူ ( 6 )
ဗန် ချီဝဲလ် ( 7 )

ဟမ်ဇာ ( 6 )
အန်ဒီဒီ ( 7 )
မက်ဒီဆင် ( 7 )
တိုင်လီမန်း ( 6 )
ဂရေး ( 6 )

ဗာဒီ ( 6 )


ပီးရက်ဇ် ( 6 )
ဘားနက်စ် ( 6 )

#Sports_Myanmar

Unicode

ရှုံုးပွဲ မရှိသေးတဲ့ လက်စတာကို အနိုင်ယူလိုက်တဲ့ ယူနိုက်တက် 1 – 0 လက်စတာ ပွဲစဉ် မှ ကစားသမား တွေရဲ့ စွမ်းဆောင်ရည်များ

===================

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ မနေ့ ညက အိုးလ် ထရပ်ဖို့ဒ် ကွင်းမှာ လက်စတာ စီးတီး အသင်း ကို ဧည့်ခံ ကစား ခဲ့ပြီး တိုက်စစ်မှူှး ရပ်ရှ်ဖို့ ရဲ့ တစ်လုံး တည်းသော ပထမ ပိုင်း ပင်နယ်တီ ဂိုးနဲ့ အနိုင် ရလဒ် ရယူ ထားနိုင် ခဲ့ ပါတယ် ။

ယူနိုက်တက် ရဲ့ အဓိက ကစားသမား တွေ ဖြစ်ကြ တဲ့ ရပ်ရှ်ဖို့ နဲ့ ပေါ့ဂ်ဘာ တို့ဟာ ယခင် အပါတ် တွေက ပင်နယ်တီ တွေ ကိုယ်စီ လွဲချော် ထားခဲ့ ကြ ပေမယ့် ဒီ တစ်ကြိမ် မှာတော့ အင်္ဂလန် လက်ရွေးစင် က အမှား အယွင်း မရှိ ဂိုး ရရှိအောင် သွင်းယူ နိုင်ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှ နှစ်ဖက် ကစားသမား တွေရဲ့ စွမ်းဆောင်ရည် ကို ဖော်ပြ ပေးလိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက်
——————————–

ဒေးဗစ် ဒီဂီယာ ( 7 )

စာချုပ်သစ် ချုပ်ဆို လိုက်ပြီ ဆိုတဲ့ သတင်း တွေ ထွက်ပေါ် လာမုှ နဲ့ အတူ ယခင် တုန်းက လို လက်စွမ်း ကောင်းတွေ ပြသ နိုင်ခဲ့ ပြီး မက်ဒီဆင် ၊ ဗန် ချီဝဲလ် တို့ရဲ့ ကန်ချက် တွေကို အကောင်းဆုံး ဟန့်တား နိုင်ခဲ့ ပါတယ် ။

ဝမ် ဘစ်ဆာကာ ( 7 )

ဒဏ်ရာ ပြသနာ ကြံုတွေ့ ခဲ့ရ ပေမယ့် အသင်း အတွက် ပါဝင် နိုင်ခဲ့ ပြီး အကောင်းဆုံး ကြိုးစား ကစား ပေးခဲ့ကာ ခံစစ် ပိုင်း တာဝန် ကို အထူး ကျေပြွန်အောင် ထမ်းဆောင် ထားနိုင် ခဲ့ ပါတယ် ။

မက်ဂွားယား ( 8 )

ယူနိုက်တက် ဆီ စံချိန်တင် ပြောင်းရွှေ့ကြေး နဲ့ ရောက်ရှိ လာ ခဲ့တဲ့ ဗဟို နောက်ခံလူ ဟာ အသင်း ဟောင်းနဲ့ ကစား ခဲ့တဲ့ ပွဲစဉ် မှာ သူ့ရဲ့ အရည်အသွေး တွေက ဘာလဲ ဆိုတာ ထုတ်ဖော် ပြသ သွားနိုင် ခဲ့ ပါတယ် ။

ဗစ်တာ လင်ဒီလော့ဖ် ( 7 )

ခံစစ်ပိုင်း မှာ အသင်းဖော် သစ် မက်ဂွားယား နဲ့ အတူ အကောင်းဆုံး တွဲဖက် ကစား နိုင် ခဲ့ပြီး အရေး ပါတဲ့ ဖျက်ထုတ် မှု တွေကို ပြုလုပ် သွားနိုင် ခဲ့ ပါတယ် ။

အက်ရှ်လေ ယန်း ( 7 )

အသင်းဖော် တွေ ဒဏ်ရာ ပြသနာ တွေ ကြံုတွေ့ နေ ရတဲ့ အချိန် အကောင်းဆုံး ဖြည့်စွက် ကစား ပေးနိုင် ခဲ့ပြီး နေရာ ယူ လွဲမှာတာ ရှိခဲ့ ပေမယ့် ခြေစွမ်း ကောင်းပြ ကစား သွားနိုင် ခဲ့ ပါတယ် ။

နီမန်ဂျာ မာတစ် ( 6 )

ပုံစံကောင်း အချို့ ပြန်လည် ပြသ နိုင်ခဲ့ ပြီး ကွင်းလယ် မှာ တည်တည် ငြိမ်ငြိမ် ကစား ပေးသွား နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် သူ့ရဲ့ ကစား ပုံ နှေးကွေး လေးလံ မှု တွေက ယူနိုက်တက် တို့ ကွင်းလယ် ခံစစ် ကစားသမား သစ် တစ်ယောက် လိုအပ် နေတာ ကို သိသာ စေခဲ့ ပါတယ် ။

စကော့ မတ် တော်မီနေး ( 9 ) MOTM

ဆုံးဖြတ်ချက် ကောင်းမွန် မှု ၊ ကစား အား ကောင်းမွန် မှု ၊ ကွင်းလယ် ရဲ့ လိုအပ်ချက် တွေကို အထူး ဖြည့်ဆည်း ပေးနိုင် မှှု ၊ ရပ်တန့် လို့ မရ တဲ့ ခြေစွမ်း တွေနဲ့ အတူ ပွဲစဉ် ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ ရ ပါတယ် ။

ဟွမ် မာတာ ( 6 )

ဘောလုံး ကိုင် ကစား တာ သပ်ရပ် ကောင်းမွန် ခဲ့ သလို ပေးပို့ မှုတွေ မှာလည်း အမှား နည်းပါး ခဲ့ ပါတယ် ။ အကောင်းဆုံး အားထုတ် ကြိုးစား ကစား ခဲ့ ပေမယ့် အနာတရ ဖြစ်ခဲ့ တာကြောင့် လူစား လဲခံ ခဲ့ရ ပါတယ် ။

အန်းဒရိစ် ပါရဲရား ( 6 )

တိုက်စစ်ပိုင်း လိုက်ပါ ကစား ခဲ့ရာ မှာ ကောင်းမွန် ခဲ့ ပေမယ့် ဘစ်ဆာကာ နဲ့ တွဲဖက် ကစား နိုင်ဖို့ အတွက် အားနည်းချက်တွေ ရှိနေ ခဲ့ ပါတယ် ။ အစောပိုင်း ဂိုးသွင်း ခွင့် ရရှိ ထားခဲ ပေမယ့် ရှမိုက်ကယ် က ကာကွယ် သွားခဲ့ ပါတယ် ။

ဒန်နီယယ် ဂျိမ်းစ် ( 6 )

ဂိုးတွေ သွင်းယူ နိုင်ဖို့ ကိုသာ အထူး အာရုံ စိုက်နေ ခဲ့ ပေမယ့် မရ နိုင်ခဲ့ ပါဘူး ။ လက်စတာ အသင်း ရဲ့ ခံစစ် ကစားသမား တွေဟာ သူ့ကို ကောင်းမွန်စွာ ထိန်းချုပ် ကစား နိုင်ခဲ့ ကြ ပါတယ် ။

မားကပ်စ် ရပ်ရှ်ဖို့ ( 7 )

ယခင်က ပင်နယ်တီ လွဲချော် ခဲ့ ပေမယ့် အခု တစ်ကြိမ် မှာတော့ အရေး ပါတဲ့ အနိုင် ဂိုး ဖြစ်အောင် ပင်နယ်တီ ဂိုး ရယူ ပေးနိုင် ခဲ့ ပါတယ် ။

လူစားဝင် ကစားသမား များ …

ဖရက်ဒ် ( 6 )
ချောင် ( 6 )
တွမ်ဇီဘီ ( ကစား ချိန် မလုံလောက်ခဲ့ )

လက်စတာ စီးတီး
———————-

ရှမိုက်ကယ် ( 6 )

ပါရဲရား ( 6 )
အီဗန်စ် ( 7 )
ဆိုယွန်ကူ ( 6 )
ဗန် ချီဝဲလ် ( 7 )

ဟမ်ဇာ ( 6 )
အန်ဒီဒီ ( 7 )
မက်ဒီဆင် ( 7 )
တိုင်လီမန်း ( 6 )
ဂရေး ( 6 )

ဗာဒီ ( 6 )

လူစားဝင် ကစားသမား များ .…

ပီးရက်ဇ် ( 6 )
ဘားနက်စ် ( 6 )

#Sports_Myanmar