solskjaer

မန္ခ်က္စတာ ယူႏုိက္တက္ အသင္း နည္းျပ အိုလီ ဂန္္နာ ဆိုးရွား က ယမန္ေန႔ ည တုန္းက ပရီးမီးယား လိဂ္ ပြဲစဥ္ မွာ အသင္း အတြက္ အေကာင္းဆံုး ကစား ေပးသြား တဲ့ ကြင္းလယ္လူ မက္ ေတာ္မီေနး ကို ခ်ီးက်ဳး ခဲ့ၿပီး ေခါင္းေဆာင္ ေကာင္း တစ္ေယာက္ ရဲ႕ အရည္ အေသြး ေတြ ပုိင္ဆုိင္ ထားပါတယ္ လို႔ ေျပာဆို သြားခဲ့ ပါတယ္ ။ ယူႏုိက္တက္ ဟာ မေန႔ ညက လက္စတာ စီးတီး ကို အိမ္ကြင္းမွာ လက္ခံ ကစားခဲ့ၿပီး ရက္ဖိုဒ့္ ရဲ႕ ပင္နယ္တီ ဂုိး နဲ႔ အႏုိင္ ရခဲ့ ပါတယ္ ။

ဒီႏုိင္ပြဲ ဟာ ပြဲစဥ္ ( ၁ ) ေနာက္ပိုင္း ႏုိင္ပြဲ ေပ်ာက္ ေနခဲ့တဲ့ ယူႏုိက္တက္ အတြက္ အေရးပါ ခဲ့သလို ထိပ္ဆံုး ေလးသင္း ၀င္ေရး အတြက္လည္း ေမွ်ာ္လင့္ခ်က္ ေတြ ရွိလာ ခဲ့တာပဲ ျဖစ္ပါတယ္ ။ ယူႏုိက္တက္ ဟာ လူမစံု တာေၾကာင့္ လက္စတာ ကို ေကာင္းစြာ ထိုးစစ္ မဆင္ႏုိင္ ခဲ့ဘဲ ပြဲခ်ိန္ အေတာ္မ်ားမ်ား မွာ ခုခံ ကစားခဲ့ ရ ပါတယ္ ။

ပြဲအစ ၈ မိနစ္ မွာ ပင္နယ္တီ ရၿပီး ရက္ဖိုဒ့္ က ကန္သြင္းကာ ဦးေဆာင္ ခဲ့ေပမယ့္ လက္က်န္ ပြဲခ်ိန္ေတြ မွာေတာ့ လက္စတာ က ပိုေကာင္းတဲ့ အသင္း ျဖစ္ခဲ့ ပါတယ္ ။ ေပါ့ဘာ မပါ၀င္ တဲ့ ကြင္းလယ္ မွာ မာတစ္ ၊ ပါရဲရား နဲ႔ ေတာ္မီေနး တို႔ ကစားသြား ခဲ့ၿပီး စေကာ့တလန္ ကြင္းလယ္လူူ ေတာ္မီေနး ဟာ ပြဲရဲ႕ အေကာင္းဆံုး ကစား သမား ျဖစ္ခဲ့ ပါတယ္ ။

“သူ ( ေတာ္မီေနး ) အရမ္း တိုးတက္ လာပါၿပီ ။ ဟုတ္တယ္ မဟုတ္လားဗ် ။ ဒီေန႔ ပြဲမွာ သူ ကစားတာ အရမ္း ကို ေကာင္းခဲ့ ပါတယ္ ။ ကြင္းလယ္ အထိုင္ ေနရာ မွာ သူ သင္ယူေနတာ ျဖစ္လို႔ ေဘာလံုး ပ်က္တာေတြ ကို လည္း မၾကာ ခဏ ေတြ႕ ရမွာပါ ။ ဒါေပမယ့္ သူ က အၿမဲတမ္း သင္ယူဖို႔ အဆင္သင့္ ျဖစ္ေန ပါတယ္”

“ေဘာလံုးေတြ ပ်က္သြား တုိင္း လုိက္တယ္ ၊ ဆယ္တယ္ ၊ ေလ်ာထုိး ဖ်က္ထုတ္တယ္ ၊ ရင္ဆုိင္ လုတယ္ ၊ ၿပဳိင္ဘက္ က လႊမ္းမိုး ဖို႔ ႀကဳိးစား ေနၿပီ ဆိုရင္ သူ ေရာက္ လာပါၿပီ ။ ေခါင္းေဆာင္ တစ္ေယာက္ ရဲ႕ အရည္ အေသြး မ်ဳိး ကို ျပသြား ခဲ့တာပါ ။ သူ နဲ႔ ရင္ဆုိင္ လု ရတာ က လြယ္ကူ မွာ မဟုတ္ပါဘူး” လို႔ ယူႏုိက္တက္ နည္းျပ ဆုိးရွား က ေတာ္မီေနး ကို ေျပာဆို ခ်ီးက်ဳး သြားခဲ့ ပါတယ္ ။

“တကယ္လုိ႔ လက္စတာ သာ ႏုိင္သြားခဲ့ မယ္ ဆုိရင္ ကြ်န္ေတာ္တို႔ ေမွ်ာ္လင့္ ထားတဲ့ အရာ နဲ႔ အေ၀းႀကီး ျပတ္က်န္ သြားေတာ့ မွာပါ ။ ကစားပံု မေကာင္း ေပမယ့္ အနည္းဆံုးေတာ့ ကြ်န္ေတာ္တို႔ ႏုိင္ပြဲ ရခဲ့ ပါတယ္ ။ ဒီႏိုင္႔ပြဲ က ေကာင္ေလးေတြ ကို ယံုၾကည္မႈေတြ အမ်ားႀကီး ရေစ မယ္လို႔ ကြ်န္ေတာ္ ထင္ပါတယ္” လို႔လည္း ဆုိးရွား က ဆက္လက္ ေျပာဆို သြားခဲ့ ပါတယ္ ။

ဒီပြဲ ဟာ ရာသီ အဖြင့္ တုန္းက ခ်ဲလ္ဆီး ကို ၄ – ၀ ျဖင့္ အႏုိင္ ရရွိၿပီး ေနာက္ပုိင္း ပထမဆံုး ျပန္လည္ ရရွိတဲ့ ႏုိင္ပြဲ နဲ႔ Cleansheet တို႔ ျဖစ္ခဲ့ ပါတယ္ ။ ယူႏုိက္တက္ ဂုိး သမား ဒီဂီယာ ဟာ လည္း မေန႔ ညက ပြဲ မွာ လက္စြမ္းျပ ခဲ့ၿပီး ပြဲရဲ႕ အေစာပုိင္း မွာ လက္စတာ ဘက္က ကန္သြင္းမႈ ေတြကို ကာကြယ္ ေပးသြား ႏုိင္ခဲ့ ပါတယ္ ။

မန္ခ်က္ စတာ ယူႏုိက္တက္ ဟာ လာမယ့္ ၾကာသပေတးေန႔ မွာေတာ့ ယူရိုပါ လိဂ္ အုပ္စု ပြဲစဥ္ ( ၁ ) ကို စတင္ ယွဥ္ၿပဳိင္ ရမွာ ျဖစ္ၿပီး လာမယ့္ ပိတ္ရက္ မွာေတာ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ( ၆ ) အျဖစ္ ၀က္စ္ဟမ္း အသင္း ရဲ႕ ကြင္းကို သြားေရာက္ ကစား ရမွာ ပဲ ျဖစ္ ပါတယ္ ။

SPORTS MYANMAR

Unicode

မန်ချက်စတာ ယူနိုက်တက် ကစားသမားတစ်ဦးရဲ့ ခေါင်းဆောင်မှုစွမ်းရည်ကို ချီးကျုးသွားတဲ့ ဆိုးရှား

==============================================

မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြ အိုလီ ဂန််နာ ဆိုးရှား က ယမန်နေ့ ည တုန်းက ပရီးမီးယား လိဂ် ပွဲစဉ် မှာ အသင်း အတွက် အကောင်းဆုံး ကစား ပေးသွား တဲ့ ကွင်းလယ်လူ မက် တော်မီနေး ကို ချီးကျုး ခဲ့ပြီး ခေါင်းဆောင် ကောင်း တစ်ယောက် ရဲ့ အရည် အသွေး တွေ ပိုင်ဆိုင် ထားပါတယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။ ယူနိုက်တက် ဟာ မနေ့ ညက လက်စတာ စီးတီး ကို အိမ်ကွင်းမှာ လက်ခံ ကစားခဲ့ပြီး ရက်ဖိုဒ့် ရဲ့ ပင်နယ်တီ ဂိုး နဲ့ အနိုင် ရခဲ့ ပါတယ် ။

ဒီနိုင်ပွဲ ဟာ ပွဲစဉ် ( ၁ ) နောက်ပိုင်း နိုင်ပွဲ ပျောက် နေခဲ့တဲ့ ယူနိုက်တက် အတွက် အရေးပါ ခဲ့သလို ထိပ်ဆုံး လေးသင်း ၀င်ရေး အတွက်လည်း မျှော်လင့်ချက် တွေ ရှိလာ ခဲ့တာပဲ ဖြစ်ပါတယ် ။ ယူနိုက်တက် ဟာ လူမစုံ တာကြောင့် လက်စတာ ကို ကောင်းစွာ ထိုးစစ် မဆင်နိုင် ခဲ့ဘဲ ပွဲချိန် အတော်များများ မှာ ခုခံ ကစားခဲ့ ရ ပါတယ် ။

ပွဲအစ ၈ မိနစ် မှာ ပင်နယ်တီ ရပြီး ရက်ဖိုဒ့် က ကန်သွင်းကာ ဦးဆောင် ခဲ့ပေမယ့် လက်ကျန် ပွဲချိန်တွေ မှာတော့ လက်စတာ က ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့ ပါတယ် ။ ပေါ့ဘာ မပါ၀င် တဲ့ ကွင်းလယ် မှာ မာတစ် ၊ ပါရဲရား နဲ့ တော်မီနေး တို့ ကစားသွား ခဲ့ပြီး စကော့တလန် ကွင်းလယ်လူူ တော်မီနေး ဟာ ပွဲရဲ့ အကောင်းဆုံး ကစား သမား ဖြစ်ခဲ့ ပါတယ် ။

“သူ ( တော်မီနေး ) အရမ်း တိုးတက် လာပါပြီ ။ ဟုတ်တယ် မဟုတ်လားဗျ ။ ဒီနေ့ ပွဲမှာ သူ ကစားတာ အရမ်း ကို ကောင်းခဲ့ ပါတယ် ။ ကွင်းလယ် အထိုင် နေရာ မှာ သူ သင်ယူနေတာ ဖြစ်လို့ ဘောလုံး ပျက်တာတွေ ကို လည်း မကြာ ခဏ တွေ့ ရမှာပါ ။ ဒါပေမယ့် သူ က အမြဲတမ်း သင်ယူဖို့ အဆင်သင့် ဖြစ်နေ ပါတယ်”

“ဘောလုံးတွေ ပျက်သွား တိုင်း လိုက်တယ် ၊ ဆယ်တယ် ၊ လျောထိုး ဖျက်ထုတ်တယ် ၊ ရင်ဆိုင် လုတယ် ၊ ပြိုင်ဘက် က လွှမ်းမိုး ဖို့ ကြိုးစား နေပြီ ဆိုရင် သူ ရောက် လာပါပြီ ။ ခေါင်းဆောင် တစ်ယောက် ရဲ့ အရည် အသွေး မျိုး ကို ပြသွား ခဲ့တာပါ ။ သူ နဲ့ ရင်ဆိုင် လု ရတာ က လွယ်ကူ မှာ မဟုတ်ပါဘူး” လို့ ယူနိုက်တက် နည်းပြ ဆိုးရှား က တော်မီနေး ကို ပြောဆို ချီးကျုး သွားခဲ့ ပါတယ် ။

“တကယ်လို့ လက်စတာ သာ နိုင်သွားခဲ့ မယ် ဆိုရင် ကျွန်တော်တို့ မျှော်လင့် ထားတဲ့ အရာ နဲ့ အဝေးကြီး ပြတ်ကျန် သွားတော့ မှာပါ ။ ကစားပုံ မကောင်း ပေမယ့် အနည်းဆုံးတော့ ကျွန်တော်တို့ နိုင်ပွဲ ရခဲ့ ပါတယ် ။ ဒီနိုင့်ပွဲ က ကောင်လေးတွေ ကို ယုံကြည်မှုတွေ အများကြီး ရစေ မယ်လို့ ကျွန်တော် ထင်ပါတယ်” လို့လည်း ဆိုးရှား က ဆက်လက် ပြောဆို သွားခဲ့ ပါတယ် ။

ဒီပွဲ ဟာ ရာသီ အဖွင့် တုန်းက ချဲလ်ဆီး ကို ၄ – ၀ ဖြင့် အနိုင် ရရှိပြီး နောက်ပိုင်း ပထမဆုံး ပြန်လည် ရရှိတဲ့ နိုင်ပွဲ နဲ့ Cleansheet တို့ ဖြစ်ခဲ့ ပါတယ် ။ ယူနိုက်တက် ဂိုး သမား ဒီဂီယာ ဟာ လည်း မနေ့ ညက ပွဲ မှာ လက်စွမ်းပြ ခဲ့ပြီး ပွဲရဲ့ အစောပိုင်း မှာ လက်စတာ ဘက်က ကန်သွင်းမှု တွေကို ကာကွယ် ပေးသွား နိုင်ခဲ့ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် ဟာ လာမယ့် ကြာသပတေးနေ့ မှာတော့ ယူရိုပါ လိဂ် အုပ်စု ပွဲစဉ် ( ၁ ) ကို စတင် ယှဉ်ပြိုင် ရမှာ ဖြစ်ပြီး လာမယ့် ပိတ်ရက် မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ( ၆ ) အဖြစ် ၀က်စ်ဟမ်း အသင်း ရဲ့ ကွင်းကို သွားရောက် ကစား ရမှာ ပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR