လက်တလော အသင်း ဆီကို သမိုင်းဝင် နည်းပြ ဟောင်း ဇီဒန်း ပြန်လာ ခြင်း နဲ့ အတူ ရီးယဲ ကစားသမား အပါအဝင် ပရိသတ် တွေ ကပါ ပျော်ရွှင် ကြည်နူး နေခဲ့ ကြ ပါတယ် ။ ဒါပေမဲ့ အသင်း ရဲ့ လက်ရှိ လူ စာရင်း ဟာ လိဂ် နဲ့ ဥရောပ မှာ ထိုးဖောက် နိုင်လောက် တဲ့ အထိ တောင့်တင်း မှု မရှိ တော့တာ ကြောင့် ပရိသတ် တွေ ဖက်မှ ဘယ် ကစားသမား ခေါ်ယူ သင့် သလဲ ဆိုတဲ့ မဲပေး မှုတွေ ကိုယ်စီ ပြုလုပ် ခဲ့ကြ ပါတယ် ။
ဒီ အတွက် ရီးယဲ မက်ဒရစ် ပရိသတ် 200,000 ကျော် လောက်က မဲပေး ရွေးချယ် ခဲ့ကြ ပါတယ် ။ အဆိုပါ မဲပေး မှု မှာ တိုက်စစ် နေရာ အတွက် ပရိသတ် တွေရဲ့ 79 ရာခိုင်နှုန် လောက် က နေမာ ၊ ဟာရီ ကိန်း တို့ကို ကျော်လွန် ခဲ့ပြီး ပြင်သစ် စတား အမ်ဘတ်ပီ ကို ခေါ်ယူ ပေးဖို့ တောင်းဆို ခဲ့ကြ ပါတယ် ။
ဒါကို တော့ ရီးယဲ မက်ဒရစ် ပရိသတ် တွေက အားလုံး ရဲ့ သဘောထား ရှင်းလင်း ပြတ်သား စွာ သိရှိ စေဖို့ poll ရလဒ် မှ တစ်ဆင့် မဲခွဲ သိရှိ ခဲ့ ကြတာ ပဲ ဖြစ် ပါတယ် ။ အဆိုပါ poll ထဲမှာ တော့ ဥရောပ နဲ့ ကမ္ဘာ့ တစ်ဝှမ်း မှ နာမည်ကျော် ကစားသမား တွေကို ထည့်သွင်း ထားခဲ့ တာပဲ ဖြစ် ပါတယ် ။

ခံစစ် နေရာ အတွက် ရီးယဲ မက်ဒရစ် အသင်း ရဲ့ ပရိသတ် တွေဟာ အေဂျက် စတား ဒီလစ် ၊ အင်တာ စတား မီလန် စက္ကရီနဲ ၊ နာပိုလီ စတား ကာလီဒူး ကူလီဘာလီ တို့ကို ထည်သွင်း ထားခဲ့ ကြပြီး ပရိသတ် တွေ ဘယ်သူ့ ကို အနှစ်သက် ဆုံးလဲ ဘယ်သူ့ ကို အသင်း ဆီ ရောက်ရှိ စေလို သလဲ ဆိုတာ မဲကောက်ခံ ခဲ့ကြ ပါတယ် ။
ဒီ နေရာ အတွက် တော့ ရီးယဲ မက်ဒရစ် နဲ့ ကစား ခဲ့တဲ့ ချန်ပီယံ လိဂ် ပွဲစဉ် တွေမှာ အထူး ခြေစွမ်း ကောင်း ပြသ ထားနိုင် ခဲ့တဲ့ အေဂျက် စတာ ဒီလစ် က မဲပေး ရွေးချယ် မှု 67 ရာခိုင် နှုန်း နဲ့ တစ်ပေး ခံခဲ့ ရ ပါတယ် ။ လက်ရှိ အချိန် မှာတော့ ဒီလစ် ကို ခေါ်ယူ နိုင်ရေး အတွက် မက်ဒရစ် သားတွေ ရဲ့ မဟာ ပြိုင်ဖက် ဘာစီလိုနာ အသင်း က ရေပန်း အစား ဆုံး ဖြစ်နေ ခဲ့ ပါတယ် ။
အံ့အား သင့်ဖွယ် အနေ နဲ့ နောက်ခံ အစွန်လူ နေရာ အတွက် ချဲလ်ဆီး အသင်း မှ စပိန် လက်ရွေးစင် မားကို့စ် အလွန်ဆို က မထင် မှတ်ပဲ တစ်ချိတ် ခဲ့ ပါတယ် ။ အလွန်ဆို ဟာ ဒီ နေရာ အတွက် ဘိုင်ယန် မြူးနစ် စတား ဒေးဗစ် အလာဘာ ကို အနည်းငယ် အသာစီး ရယူ ပြီး တစ် ရခဲ့တာ ပဲ ဖြစ် ပါတယ် ။
ကွင်းလယ် နေရာ မှာတော့ ပြီး ခဲ့တဲ့ ရက်ပိုင်း က ရီးယဲ မက်ဒရစ် နဲ့ ဇီဒန်း လက်အောက် မှာ ကစား ရတာ အိပ်မက် ပဲ လို့ ဝန်ခံ ခဲ့တဲ့ ယူနိုက်တက် စတား ပေါလ် ပေါ့ဂ်ဘာ က မီလန်ကိုဗစ် ဆာဗစ် ၊ သီဟာဂို နဲ့ မီယာလမ် ယာနစ် တို့ကို ကျော်ဖြတ် ပြီး နံပါတ် တစ် ဖြစ်ခဲ့ ရ ပါတယ် ။
အဲ့ဒီ နောက် ကွင်းလယ် ဖန်တီးရှင် နေရာ အတွက် ချဲလ်ဆီး စတား အီဒင် ဟာဇက် ဟာ စုစုပေါင်း မဲ ရလဒ် 70 ရာခိုင်နှုန်း နဲ့ တစ် ဖြစ်ခဲ့ ပါတယ် ။ ဒီ အတွက် တော့ ဟာဇက် ဟာ ပရီးမီးယား လိဂ် ပြိုင်ဖက် တော့တင်ဟမ် ဟော့ စပါး အသင်း ရဲ့ ကွင်းလယ် လူ အဲရစ်ဆင် ကို ကျော်ဖြတ် ရရှိ ခဲ့တာ ပဲ ဖြစ် ပါတယ် ။
အကယ်လို့ ဇီဒန်း သာ ရီးယဲ မက်ဒရစ် မှာ အမ်ဘတ်ပီ ၊ ပေါ့ဂ်ဘာ ၊ ဟာဇက် ၊ ဒီလစ် နဲ့ အလွန်ဆို တို့ကို ပိုင်ဆိုင် သွား နိုင်ခဲ့ ရင် ရီးယဲ မက်ဒရစ် အသင်း ဟာ လက်ရှိ အချိန် ထက် ထင်မှတ် မထား တဲ့ အတိုင်း အတာ အထိ ထောင်လွှား သွားနိုင် မှာပဲ ဖြစ် ပါတယ် ။
မက်ဒရစ် မြေကို ဘယ်သူ တွေ ရောက်ရှိ လိမ့် မလဲ ……
#Sports_Myanmar