Abraham

ခ်ယ္လ္ဆီး အသင္း ဟာ မေန႕ည က ကစား သြားခဲ့တဲ့ ဝုလ္ဗ္ အသင္း နဲ႕ ပရီးမီးယားလိဂ္ ပြဲစဥ္ မွာ လူငယ္ တိုက္စစ္မွဴး တမ္မီ ေအဘရာဟမ္ ရဲ႕ ဟက္ထရစ္ သြင္းဂိုး နဲ႕ အတူ ၂ – ၅ ဆိုတဲ့ ရလဒ္ နဲ႕ ဂိုးမိုးရြာ ခဲ့ကာ အားလံုး မထင္မွတ္ ထားတဲ့ ရလဒ္ နဲ႕ အတူ အႏိုင္ ၃ မွတ္ ရယူ ျပႏိုင္ ခဲ့ပါတယ္ ။ ခ်ယ္လ္ဆီး အသင္း ဟာ ထို ပြဲစဥ္ မတိုင္မီ အဓိက ကစားသမား တခ်ိဳ႕ ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ ထားလို႕ နည္းျပ ဖရန္႕ လမ္းပတ္ ဟာ ကစားကြက္ အေျပာင္းအလဲ နဲ႕ ေနရာ အေျပာင္းအလဲ တခ်ိဳ႕ ျပဳလုပ္ ထားခဲ့ပါတယ္ ။

Chelsea

၄ – ၃ – ၃ ကေန ၃ – ၄ – ၃ ကစားကြက္ ကို ေျပာင္းလဲ ခဲ့သလို wing – back အားသန္ တဲ့ အလြန္ဆို ကို ပြဲထုတ္ျပီး ဒဏ္ရာ ကေန ျပန္ေကာင္း လာတဲ့ ရူဒီဂါ ကိုလည္း ဒီရာသီ ပထမဆံုး ပရီးမီးယားလိဂ္ ပြဲကို ကစား ေစခဲ့ပါတယ္ ။ တကယ္တမ္း ႏိုင္ပြဲ အတြက္ သြင္းဂိုး ေတြကို ခ်ယ္လ္ဆီး အသင္း ရဲ႕ အကယ္ဒမီ ထုတ္ကုန္ ကစားသမား ၃ဦး ျဖစ္တဲ့ ေအဘရာဟမ္ ၊ ေမဆင္ေမာင့္ ၊ တိုမိုရီ တို႕ဆီကေန ရရွိ ခဲ့တာ ျဖစ္ပါတယ္ ။ ထို ပြဲစဥ္ အျပီး ခ်ယ္လ္ဆီး ကစားသမား ေတြရဲ႕ စြမ္းေဆာင္ရည္ ဘယ္လို ရွိမလဲ ၾကည့္ရေအာင္ပါ ။

ဂိုးသမား – ကီပါ ( Rating – 5 )

အခု အခ်ိန္ အထိ ၅ပြဲ ကစား ၊ တပြဲမွာ Clean Sheet ပြဲစဥ္ မရွိခဲ့ေပမယ့္ ဂိုးေပး ရတာ ကီပါ ရဲ႕ အမွား ေတြေၾကာင့္ လို႕ မဆိုသာပါဘူး ။ ေနာက္တန္း က တည္ျငိမ္မႈ တခ်ိဳ႕ လိုအပ္ ေနဆဲ ျဖစ္ေပမယ့္ မေန႕ည က ပြဲရဲ႕ ဝုလ္ဗ္ ရဲ႕ ပထမ ေခ်ပဂိုး က ကီပါ ရဲ႕ မေသသပ္တဲ့ ရွင္းထုတ္မႈ ေၾကာင့္ လို႕ ဆိုရမွာ ျဖစ္ပါတယ္ ။

ခံစစ္မွဴး – ရူဒီဂါ ၊ ခရစ္တန္ဆန္ ( Rating – 7 ) ၊ တိုမိုရီ ( Rating – 8 )

ဒဏ္ရာ က ျပန္ေကာင္း လာျပီး ခ်ယ္လ္ဆီး အတြက္ ပထမဆံုး ကစား ေပးႏိုင္ ခဲ့တဲ့ ရူဒီဂါ ရဲ႕ သက္ေရာက္မႈ က ဘယ္ေလာက္ ထိ အေရးပါ ခဲ့လဲ ဆိုတာ မေန႕က ပြဲက သက္ေသ ျပေနမွာပါ ။ ရူဒီဂါ ရွိေနတဲ့ အတြက္ အက္ဇ္ပီလီကြီတာ အေရွ႕ကို ေအးေအးေဆးေဆး တိုက္စစ္ဆင္ ႏိုင္တာကို ေတြ႕ခဲ့ရပါတယ္ ။ အလားတူပဲ ခရစ္တန္ဆန္ ဟာလည္း ေနာက္တန္း ၃ ေယာက္ ထဲမွာ အလယ္ ဗဟိုမွာ ကစား ခဲ့ရတယ္ ဆိုေပမယ့္ တည္ျငိမ္ တဲ့ ရွင္းထုတ္မႈ ေတြကို ျပဳလုပ္ ေပးႏိုင္ဆဲ ျဖစ္ပါတယ္ ။

မေန႕ည က ပြဲရဲ႕ ေနာက္တန္း မွာ မထင္မွတ္ ထားေလာက္ေအာင္ တည္ျငိမ္ လြန္းတဲ့ တိုမိုရီ ဟာ အနာဂတ္ ခ်ယ္လ္ဆီး ရဲ႕ ဝီလီယံ ဂါးလက္စ္ ( သို႕မဟုတ္ ) ဒက္ဆယ္လီ လို႕ေတာင္ တင္စား လို႕ ရတဲ့ အေနအထား မွာ ရွိေနပါျပီ ။ တိုက္စစ္ လိုက္ပါ ရာမွာလည္း အရမ္း ေကာင္းခဲ့သလို ၊ ခံံစစ္ပိုင္း မွာလည္း မာမာထန္ထန္ နဲ႕ အမွားနည္း ခဲ့ပါတယ္ ။ အေဝး ကန္ခ်က္ နဲ႕ သြင္းဂိုး တဂိုး ကေတာ့ တိုမိုရီ ကို အမွတ္တရ ျဖစ္ေစမွာပါ ။

Tomori

wing-backs – မားကို႕စ္ အလြန္ဆို ၊ အက္ဇ္ပီလီကြီတာ ( Rating – 7 )

ဒီရာသီ ခ်ယ္လ္ဆီး အသင္း အတြက္ ပထမဆံုး ပရီးမီးယားလိဂ္ ပြဲထြက္ခြင့္ ကို ရရွိ ခဲ့သလို သူ အားသန္ တဲ့ ေနရာ ျဖစ္တဲ့ wing-back မွာ ကစားခြင့္ ရခဲ့တာေၾကာင့္ အလြန္ဆို ဟာ ခ်ယ္လ္ဆီး တိုက္စစ္ မွာ ေဆးတလက္ အျဖစ္ ရပ္တည္ ခဲ့ပါတယ္ ။ အတက္အဆင္း မွန္မွန္ ျပဳလုပ္ ႏိုင္ခဲ့သလို ေအဘရာဟမ္ ရဲ႕ ဒုတိယဂိုး အတြက္ တည္ျငိမ္တဲ့ ဖန္တီးမႈ ကို ျပဳလုပ္ ေပးႏိုင္ခဲ့ပါတယ္ ။

ညာဖက္ျခမ္း wing-back မွာေတာ့ အေရွ႕ ပြဲေတြမွာ ေတာက္ေလွ်ာက္ ေျခစြမ္း ညံ့ဖ်င္း ခဲ့လို႕ ေဝဖန္ခံ ေနရတဲ့ အက္ဇ္ပီလီကြီတာ ကိုပဲ လမ္းပတ္ ဟာ ယံုယံုၾကည္ၾကည္ နဲ႕ ဆက္လက္ အသံုးျပဳ ခဲ့ပါတယ္ ။ လိုအပ္ခ်က္ တခ်ိဳ႕ ရွိေနဆဲ ျဖစ္ေပမယ့္ ဒီေန႕ ပြဲမွာ အက္ဇ္ပီ ရဲ႕ ကစားပံု တည္ျငိမ္ ခဲ့တယ္ လို႕ ဆိုရမွာ ျဖစ္ျပီး ရူဒီဂါ ေၾကာင့္လည္း စြမ္းေဆာင္ရည္ အား ပိုတက္ ခဲ့ရပါတယ္ ။

Marcos alonso
Wolverhampton Wanderers’ Spanish striker Adama Traore (L) vies with Chelsea’s Spanish defender Marcos Alonso (R) during the English Premier League football match between Wolverhampton Wanderers and Chelsea at the Molineux stadium in Wolverhampton, central England on September 14, 2019. (Photo by GEOFF CADDICK / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. /

ကြင္းလယ္ – ေဂ်ာ္ဂ်င္ဟို ၊ ကိုဗာဆစ္ ( Rating – 8 )

ခ်ယ္လ္ဆီး အတြက္ ပထမဆံုး ဂိုးဖန္တီးမႈ ျပဳလုပ္ ႏိုင္ခဲ့တဲ့ ေဂ်ာ္ဂ်င္ဟို ရဲ႕ စြမ္းေဆာင္ရည္ ကေတာ့ တပြဲ ထက္ တပြဲ ခ်ယ္လ္ဆီး ပရိသတ္ ေတြကို ပိုပိုျပီး အားရ ေစမွာ အေသအခ်ာ ပါပဲ ။ မေန႕က ပြဲမွာလည္း ေဂ်ာ္ဂ်င္ဟို ဟာ မွားယြင္းတဲ့ ေပးပို႕မႈ တခ်ိဳ႕ ျပဳလုပ္ ခဲ့ရင္ေတာင္ သူဟာ ခ်ယ္လ္ဆီး ကြင္းလယ္ ရဲ႕ လိုအပ္သမွ် ေပးပို႕မႈ ေတြကို ျပဳလုပ္ ေပးႏိုင္တဲ့ မရွိမျဖစ္ ကစားသမား တေယာက္ အျဖစ္ ရပ္တည္ ေနဆဲ ဆိုတာ ဆက္လက္ ျပသ ႏိုင္ခဲ့ပါတယ္ ။

သြင္းဂိုး တဂိုး မွ မရေသးဘူး ဆိုေပမယ့္ ကိုဗာဆစ္ ဟာ ခ်ယ္လ္ဆီး ကြင္းလယ္ တိုက္စစ္ နဲ႕ ခံစစ္ ကို ဟန္ခ်က္ ညီေအာင္ ထိန္းေပး ႏိုင္တဲ့ Box-to-Box ကစားသမား ေကာင္း တေယာက္ အေနနဲ႕ အသင္း ရဲ႕ ကြင္းလယ္ ကို ဦးေဆာင္မႈ ျပဳေပး ေနပါတယ္ ။ လမ္းပတ္ ရဲ႕ လက္ေအာက္ မွာ ေျခစြမ္း အမ်ားၾကီး တိုးတက္ လာတဲ့ ေနာက္ထပ္ ကြင္းလယ္လူ တဦး လို႕ သတ္မွတ္မယ္ ဆိုရင္လည္း မမွားႏိုင္ပါဘူး ။

တိုက္စစ္ – ဝီလီယံ ( Rating – 6 ) ၊ ေမဆင္ေမာင့္ ( Rating – 7 ) ၊ ေအဘရာဟမ္ ( Rating – 9 )

ဒီရာသီ ပထမဆံုး ခ်ယ္လ္ဆီး အသင္း အတြက္ ပရီးမီးယားလိဂ္ ပြဲထြက္ခြင့္ ရရွိ ခဲ့တဲ့ ဝီလီယံ ဟာ မေန႕ည က ပြဲရဲ႕ တခ်ိဳ႕ ပြဲခ်ိန္ ေတြမွာ မလိုအပ္တဲ့ ေဘာလံုး ကိုင္မႈ ေတြကို ဆက္လက္ ျပဳလုပ္ ေနဆဲ ျဖစ္ျပီး တခ်က္ တခ်က္ ခံစစ္ ကို ေဘာလံုး ျပန္ျပန္ ဆြဲသြားတာ က ခ်ယ္လ္ဆီး အသင္း ရဲ႕ တိုက္စစ္ ကို ေႏွာင့္ေႏွး ေစခဲ့တာ ကို ေတြ႕ခဲ့ရပါတယ္ ။ သို႕ေပမယ့္ လည္း လ်င္ျမန္တဲ့ တိုက္စစ္ စြမ္းေဆာင္ရည္ နဲ႕ ျဖတ္တင္ေဘာ တခ်ိဳ႕ ကို ဝီလီယံ ဆီကေန ရရွိ ခဲ့ပါတယ္ ။

မေန႕ည က ပြဲမွာ သြင္းဂိုး ၂ဂိုး ေလာက္ ရခဲ့သင့္တဲ့ ေမာင့္ ရဲ႕ စြမ္းေဆာင္ရည္ ကေတာ့ ခ်ယ္လ္ဆီး ပရိသတ္ ေတြကို ေဖ်ာ္ေျဖမႈ ေပးေနဆဲ ျဖစ္ပါတယ္ ။ လမ္းပတ္ လက္သစ္ လို႕ သတ္မွတ္ လို႕ မရေသးဘူး ဆိုရင္ေတာင္ ေမာင့္ ဟာ ဒီရာသီ ခ်ယ္လ္ဆီး အသင္း ရဲ႕ အေကာင္းဆံုး ကစားသမား တဦး လို႕ သတ္မွတ္ လို႕ ရေနတဲ့ အေနအထား မွာ ရွိေနပါျပီ ။ အလိမ္အေခါက္ စြမ္းရည္ေကာင္း ၊ တဦးခ်င္း ေက်ာ္ျဖတ္မႈ တခ်ိဳ႕ ၊ အမိုက္စား ျဖတ္တင္ေဘာ ေတြကို ေမဆင္ေမာင့္ စြမ္းေဆာင္ ထားခဲ့ပါတယ္ ။

ခ်ယ္လ္ဆီး အတြက္ ပထမဆံုး ဟက္ထရစ္ ဂိုး ရခဲ့တဲ့ ေအဘရာဟမ္ ကေတာ့ မေန႕ည က ပြဲစဥ္ ရဲ႕ Man of the Match ပါပဲ ။ တိုက္စစ္ပိုင္း ေနရာယူမႈ ၊ အတိုးအလႈပ္ ၊ တြန္းတြန္းတိုက္တိုက္ ကစားႏိုင္မႈ ၊ အဆံုးသတ္ပိုင္း ေတြက ဘာမွ ေျပာစရာ မရွိေအာင္ အထူး ေကာင္းေနခဲ့ပါတယ္ ။ ဒါဟာ လမ္းပတ္ ရဲ႕ ယံုၾကည္မႈ ေတြကို ေအဘရာဟမ္ ဟာ သူ တတ္စြမ္းသေလာက္ သြင္းဂိုး ေတြနဲ႕ ျပန္ျပီး ေပးဆပ္ ေနတာ ျဖစ္ပါတယ္ ။

Abraham

လူစားဝင္ ကစားသမား ေတြရဲ႕ Rating မ်ား – ဇူးမား ( Rating – 6 ) ၊ ဘာကေလ ( Rating – 5 ) ၊ ဘတ္ရွဴဝါရီ ( Rating – 5 )

SPORTS MYANMAR

Unicode

အေဘရာဟမ် အမှတ်ပြည့် နီးပါး ရခဲ့တဲ့ ဝုလ်ဗ် နဲ့ ဂိုးပြတ် နိုင်ပွဲ က ချယ်လ်ဆီး အသင်းသား တွေရဲ့ ခြေစွမ်း ကို အကဲဖြတ်ကြည့်ခြင်း ( Players’ Ratings )

ချယ်လ်ဆီး အသင်း ဟာ မနေ့ည က ကစား သွားခဲ့တဲ့ ဝုလ်ဗ် အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ လူငယ် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ရဲ့ ဟက်ထရစ် သွင်းဂိုး နဲ့ အတူ ၂ – ၅ ဆိုတဲ့ ရလဒ် နဲ့ ဂိုးမိုးရွာ ခဲ့ကာ အားလုံး မထင်မှတ် ထားတဲ့ ရလဒ် နဲ့ အတူ အနိုင် ၃ မှတ် ရယူ ပြနိုင် ခဲ့ပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ ထို ပွဲစဉ် မတိုင်မီ အဓိက ကစားသမား တချို့ ဒဏ်ရာကြောင့် လွဲချော် ထားလို့ နည်းပြ ဖရန့် လမ်းပတ် ဟာ ကစားကွက် အပြောင်းအလဲ နဲ့ နေရာ အပြောင်းအလဲ တချို့ ပြုလုပ် ထားခဲ့ပါတယ် ။

၄ – ၃ – ၃ ကနေ ၃ – ၄ – ၃ ကစားကွက် ကို ပြောင်းလဲ ခဲ့သလို wing – back အားသန် တဲ့ အလွန်ဆို ကို ပွဲထုတ်ပြီး ဒဏ်ရာ ကနေ ပြန်ကောင်း လာတဲ့ ရူဒီဂါ ကိုလည်း ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ် ပွဲကို ကစား စေခဲ့ပါတယ် ။ တကယ်တမ်း နိုင်ပွဲ အတွက် သွင်းဂိုး တွေကို ချယ်လ်ဆီး အသင်း ရဲ့ အကယ်ဒမီ ထုတ်ကုန် ကစားသမား ၃ဦး ဖြစ်တဲ့ အေဘရာဟမ် ၊ မေဆင်မောင့် ၊ တိုမိုရီ တို့ဆီကနေ ရရှိ ခဲ့တာ ဖြစ်ပါတယ် ။ ထို ပွဲစဉ် အပြီး ချယ်လ်ဆီး ကစားသမား တွေရဲ့ စွမ်းဆောင်ရည် ဘယ်လို ရှိမလဲ ကြည့်ရအောင်ပါ ။

ဂိုးသမား – ကီပါ ( Rating – 5 )

အခု အချိန် အထိ ၅ပွဲ ကစား ၊ တပွဲမှာ Clean Sheet ပွဲစဉ် မရှိခဲ့ပေမယ့် ဂိုးပေး ရတာ ကီပါ ရဲ့ အမှား တွေကြောင့် လို့ မဆိုသာပါဘူး ။ နောက်တန်း က တည်ငြိမ်မှု တချို့ လိုအပ် နေဆဲ ဖြစ်ပေမယ့် မနေ့ည က ပွဲရဲ့ ဝုလ်ဗ် ရဲ့ ပထမ ချေပဂိုး က ကီပါ ရဲ့ မသေသပ်တဲ့ ရှင်းထုတ်မှု ကြောင့် လို့ ဆိုရမှာ ဖြစ်ပါတယ် ။

ခံစစ်မှူး – ရူဒီဂါ ၊ ခရစ်တန်ဆန် ( Rating – 7 ) ၊ တိုမိုရီ ( Rating – 8 )

ဒဏ်ရာ က ပြန်ကောင်း လာပြီး ချယ်လ်ဆီး အတွက် ပထမဆုံး ကစား ပေးနိုင် ခဲ့တဲ့ ရူဒီဂါ ရဲ့ သက်ရောက်မှု က ဘယ်လောက် ထိ အရေးပါ ခဲ့လဲ ဆိုတာ မနေ့က ပွဲက သက်သေ ပြနေမှာပါ ။ ရူဒီဂါ ရှိနေတဲ့ အတွက် အက်ဇ်ပီလီကွီတာ အရှေ့ကို အေးအေးဆေးဆေး တိုက်စစ်ဆင် နိုင်တာကို တွေ့ခဲ့ရပါတယ် ။ အလားတူပဲ ခရစ်တန်ဆန် ဟာလည်း နောက်တန်း ၃ ယောက် ထဲမှာ အလယ် ဗဟိုမှာ ကစား ခဲ့ရတယ် ဆိုပေမယ့် တည်ငြိမ် တဲ့ ရှင်းထုတ်မှု တွေကို ပြုလုပ် ပေးနိုင်ဆဲ ဖြစ်ပါတယ် ။

မနေ့ည က ပွဲရဲ့ နောက်တန်း မှာ မထင်မှတ် ထားလောက်အောင် တည်ငြိမ် လွန်းတဲ့ တိုမိုရီ ဟာ အနာဂတ် ချယ်လ်ဆီး ရဲ့ ဝီလီယံ ဂါးလက်စ် ( သို့မဟုတ် ) ဒက်ဆယ်လီ လို့တောင် တင်စား လို့ ရတဲ့ အနေအထား မှာ ရှိနေပါပြီ ။ တိုက်စစ် လိုက်ပါ ရာမှာလည်း အရမ်း ကောင်းခဲ့သလို ၊ ခံံစစ်ပိုင်း မှာလည်း မာမာထန်ထန် နဲ့ အမှားနည်း ခဲ့ပါတယ် ။ အဝေး ကန်ချက် နဲ့ သွင်းဂိုး တဂိုး ကတော့ တိုမိုရီ ကို အမှတ်တရ ဖြစ်စေမှာပါ ။

wing-backs – မားကို့စ် အလွန်ဆို ၊ အက်ဇ်ပီလီကွီတာ ( Rating – 7 )

ဒီရာသီ ချယ်လ်ဆီး အသင်း အတွက် ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက်ခွင့် ကို ရရှိ ခဲ့သလို သူ အားသန် တဲ့ နေရာ ဖြစ်တဲ့ wing-back မှာ ကစားခွင့် ရခဲ့တာကြောင့် အလွန်ဆို ဟာ ချယ်လ်ဆီး တိုက်စစ် မှာ ဆေးတလက် အဖြစ် ရပ်တည် ခဲ့ပါတယ် ။ အတက်အဆင်း မှန်မှန် ပြုလုပ် နိုင်ခဲ့သလို အေဘရာဟမ် ရဲ့ ဒုတိယဂိုး အတွက် တည်ငြိမ်တဲ့ ဖန်တီးမှု ကို ပြုလုပ် ပေးနိုင်ခဲ့ပါတယ် ။

ညာဖက်ခြမ်း wing-back မှာတော့ အရှေ့ ပွဲတွေမှာ တောက်လျှောက် ခြေစွမ်း ညံ့ဖျင်း ခဲ့လို့ ဝေဖန်ခံ နေရတဲ့ အက်ဇ်ပီလီကွီတာ ကိုပဲ လမ်းပတ် ဟာ ယုံယုံကြည်ကြည် နဲ့ ဆက်လက် အသုံးပြု ခဲ့ပါတယ် ။ လိုအပ်ချက် တချို့ ရှိနေဆဲ ဖြစ်ပေမယ့် ဒီနေ့ ပွဲမှာ အက်ဇ်ပီ ရဲ့ ကစားပုံ တည်ငြိမ် ခဲ့တယ် လို့ ဆိုရမှာ ဖြစ်ပြီး ရူဒီဂါ ကြောင့်လည်း စွမ်းဆောင်ရည် အား ပိုတက် ခဲ့ရပါတယ် ။

ကွင်းလယ် – ဂျော်ဂျင်ဟို ၊ ကိုဗာဆစ် ( Rating – 8 )

ချယ်လ်ဆီး အတွက် ပထမဆုံး ဂိုးဖန်တီးမှု ပြုလုပ် နိုင်ခဲ့တဲ့ ဂျော်ဂျင်ဟို ရဲ့ စွမ်းဆောင်ရည် ကတော့ တပွဲ ထက် တပွဲ ချယ်လ်ဆီး ပရိသတ် တွေကို ပိုပိုပြီး အားရ စေမှာ အသေအချာ ပါပဲ ။ မနေ့က ပွဲမှာလည်း ဂျော်ဂျင်ဟို ဟာ မှားယွင်းတဲ့ ပေးပို့မှု တချို့ ပြုလုပ် ခဲ့ရင်တောင် သူဟာ ချယ်လ်ဆီး ကွင်းလယ် ရဲ့ လိုအပ်သမျှ ပေးပို့မှု တွေကို ပြုလုပ် ပေးနိုင်တဲ့ မရှိမဖြစ် ကစားသမား တယောက် အဖြစ် ရပ်တည် နေဆဲ ဆိုတာ ဆက်လက် ပြသ နိုင်ခဲ့ပါတယ် ။

သွင်းဂိုး တဂိုး မှ မရသေးဘူး ဆိုပေမယ့် ကိုဗာဆစ် ဟာ ချယ်လ်ဆီး ကွင်းလယ် တိုက်စစ် နဲ့ ခံစစ် ကို ဟန်ချက် ညီအောင် ထိန်းပေး နိုင်တဲ့ Box-to-Box ကစားသမား ကောင်း တယောက် အနေနဲ့ အသင်း ရဲ့ ကွင်းလယ် ကို ဦးဆောင်မှု ပြုပေး နေပါတယ် ။ လမ်းပတ် ရဲ့ လက်အောက် မှာ ခြေစွမ်း အများကြီး တိုးတက် လာတဲ့ နောက်ထပ် ကွင်းလယ်လူ တဦး လို့ သတ်မှတ်မယ် ဆိုရင်လည်း မမှားနိုင်ပါဘူး ။
တိုက်စစ် – ဝီလီယံ ( Rating – 6 ) ၊ မေဆင်မောင့် ( Rating – 7 ) ၊ အေဘရာဟမ် ( Rating – 9 )

ဒီရာသီ ပထမဆုံး ချယ်လ်ဆီး အသင်း အတွက် ပရီးမီးယားလိဂ် ပွဲထွက်ခွင့် ရရှိ ခဲ့တဲ့ ဝီလီယံ ဟာ မနေ့ည က ပွဲရဲ့ တချို့ ပွဲချိန် တွေမှာ မလိုအပ်တဲ့ ဘောလုံး ကိုင်မှု တွေကို ဆက်လက် ပြုလုပ် နေဆဲ ဖြစ်ပြီး တချက် တချက် ခံစစ် ကို ဘောလုံး ပြန်ပြန် ဆွဲသွားတာ က ချယ်လ်ဆီး အသင်း ရဲ့ တိုက်စစ် ကို နှောင့်နှေး စေခဲ့တာ ကို တွေ့ခဲ့ရပါတယ် ။ သို့ပေမယ့် လည်း လျင်မြန်တဲ့ တိုက်စစ် စွမ်းဆောင်ရည် နဲ့ ဖြတ်တင်ဘော တချို့ ကို ဝီလီယံ ဆီကနေ ရရှိ ခဲ့ပါတယ် ။

မနေ့ည က ပွဲမှာ သွင်းဂိုး ၂ဂိုး လောက် ရခဲ့သင့်တဲ့ မောင့် ရဲ့ စွမ်းဆောင်ရည် ကတော့ ချယ်လ်ဆီး ပရိသတ် တွေကို ဖျော်ဖြေမှု ပေးနေဆဲ ဖြစ်ပါတယ် ။ လမ်းပတ် လက်သစ် လို့ သတ်မှတ် လို့ မရသေးဘူး ဆိုရင်တောင် မောင့် ဟာ ဒီရာသီ ချယ်လ်ဆီး အသင်း ရဲ့ အကောင်းဆုံး ကစားသမား တဦး လို့ သတ်မှတ် လို့ ရနေတဲ့ အနေအထား မှာ ရှိနေပါပြီ ။ အလိမ်အခေါက် စွမ်းရည်ကောင်း ၊ တဦးချင်း ကျော်ဖြတ်မှု တချို့ ၊ အမိုက်စား ဖြတ်တင်ဘော တွေကို မေဆင်မောင့် စွမ်းဆောင် ထားခဲ့ပါတယ် ။

ချယ်လ်ဆီး အတွက် ပထမဆုံး ဟက်ထရစ် ဂိုး ရခဲ့တဲ့ အေဘရာဟမ် ကတော့ မနေ့ည က ပွဲစဉ် ရဲ့ Man of the Match ပါပဲ ။ တိုက်စစ်ပိုင်း နေရာယူမှု ၊ အတိုးအလှုပ် ၊ တွန်းတွန်းတိုက်တိုက် ကစားနိုင်မှု ၊ အဆုံးသတ်ပိုင်း တွေက ဘာမှ ပြောစရာ မရှိအောင် အထူး ကောင်းနေခဲ့ပါတယ် ။ ဒါဟာ လမ်းပတ် ရဲ့ ယုံကြည်မှု တွေကို အေဘရာဟမ် ဟာ သူ တတ်စွမ်းသလောက် သွင်းဂိုး တွေနဲ့ ပြန်ပြီး ပေးဆပ် နေတာ ဖြစ်ပါတယ် ။

လူစားဝင် ကစားသမား တွေရဲ့ Rating များ – ဇူးမား ( Rating – 6 ) ၊ ဘာကလေ ( Rating – 5 ) ၊ ဘတ်ရှူဝါရီ ( Rating – 5 )

SPORTS MYANMAR