Man u

မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဟာ မေန့ ညက အိုးလ္ ထရပ္ဖုိ႔ဒ္ ကြင္းမွာ လက္စတာ စီးတီး အသင္း ကို ပရီးမီးယား လိဂ္ ပြဲစဥ္ 5 အျဖစ္ ဧည့္ခံ ကစား ခဲ့ရ ျပီး 1 – 0 ဆုိတဲ့ ရလဒ္ နဲ့ အနုိင္ ရယူ နုိင္ခဲ့ ပါတယ္ ။

ဒါဟာ လက္စတာ စီးတီး အတြက္ေတာ့ ဒီ ရာသီ ရဲ့ ပထမဆံုး ရွံဳးပြဲ ျဖစ္ခဲ့ ရ ပါတယ္ ။ အဆုိပါ ပြဲစဥ္ မွာေတာ့ ယူနုိက္တက္ အတြက္ တစ္လံုး တည္းေသာ အနုိင္ ဂုိးကို တုိက္စစ္မွဴး ရပ္ရွ္ဖုိ႔ က ပြဲခ်ိန္ 8 မိနစ္ မွ ရရွိ ခဲ့တဲ့ ပင္နယ္တီ မွ တစ္ဆင့္ သြင္းယူ သြားနုိင္ ခဲ့ ပါတယ္ ။

ဒါဟ ရပ္ရွ္ဖုိ႔ အတြက္ ေတာ့ ဒီ ရာသီ ရဲ့ တတိယ ေျမာက္ သြင္းဂိုး ျဖစ္ခဲ့ ရ ပါတယ္ ။ အဆုိပါ ပြဲစဥ္ အတြင္း ေျပာ စရာ ျဖစ္ခဲ့ ရတဲ့ အခ်က္ 5 ခ်က္ကို ေဖာ္ျပ ေပးလိုက္ ပါတယ္ ။

(1) ပင္နယ္တီ ဂိုး ရယူ နုိင္ ခဲ့တဲ့ ရပ္ရွ္ဖုိ႔

ေပါ့ဂ္ဘာ မပါဝင္ လာတဲ့ ေနာက္ေတာ့ ဘယ္သူ ပင္နယ္တီ ကန္ မလဲ ဆုိတာ အျငင္းပြား စရာ ရွိ မေန ခဲ့ ပါဘူူး ။ ဒီပြဲ မွာေတာ့ ရပ္ရွ္ဖုိ႔ ဟာ ပင္နယ္တီ ကန္ခြင့္ ရရွိ သြားခဲ့ ပါတယ္ ။ ယူနုိက္တက္ တို့ ဒီ ရာသီ ကစား ခဲ့တဲ့ ပြဲစဥ္ 5 ပြဲမွာ ပင္နယ္တီ ေလးၾကိမ္ အထိ ရရွိ ထားခဲ့ ျပီး ယခင္ တုန္းက ေတာ့ ေပါ့ဂ္ဘာ နဲ့ ရပ္ရွ္ဖုိ့ တုိ့ဟာ တစ္လံုးစီ လြဲေခ်ာ္ ထားခဲ့ ၾက ပါတယ္ ။

ဒါေပမယ့္ ဒီ တစ္ၾကိမ္ မွာေတာ့ အဂၤလန္ လက္ေရြးစင္ဟာ ျပိဳင္ဖက္ ဂိုး သမား ျဖစ္သူ ကပ္စပါ ရွမိုက္ကယ္ ရဲ့ အျခား တစ္ဖက္ ကို ပင္နယ္တီ ကန္ခဲ့ ျပီး အမွား အယြင္း မရွိ ဂိုး အျဖစ္ ေျပာင္းလဲ သြားနုိင္ ခဲ့ ပါတယ္ ။ ဒါဟာ ဒီ ရာသီ ရပ္ရွ္ဖုိ႔ ရဲ့ ဒုတိယ ေျမာက္ ပင္နယ္တီ ဂိုး ၊ တတိယ ေျမာက္ ပရီးမီးယား လိဂ္ သြင္းဂိုး ျဖစ္သြား ခဲ့ရ ပါတယ္ ။

(2) အေကာင္းဆံုး လက္စြမ္း ျပသ လိုက္တဲ့ ဒီဂီယာ

ျပီးခဲ့တ့ဲ 6 လတာ အခ်ိန္ ကာလ ဟာ ဒီဂီယာ အတြက္ အေကာင္းဆံုး မျဖစ္နုိင္ ခဲ့ဘူး လို့ ေျပာရင္ မ်ွတ တဲ့ အရာ ျဖစ္ ေနမွာ ပါ ။ လက္ရွိ သူ့ရဲ့ အနာဂတ္ ဟာ ယူနုိက္တက္ မွာ ဆက္ရိွ ေနဖုိ႔ မေရရာ ေတာ့တဲ့ အခ်ိန္ မွာ ကစားသမား ဟာ အမွားေတြ မ်ားစြာ က်ဴးလြန္ ထားခဲ့ ပါ ေသးတယ္ ။ သူဟာ စပိန္ လက္ေရြးစင္ အသင္း ရဲ့ နံပါတ္ တစ္ ဂိုး သမား ေနရာ ကိုေတာင္ ဆံုးရွံဳး ခဲ့ရ ပါ ေသးတယ္ ။

ဒါေပမယ့္ အခုေတာ့ သူဟာ စာခ်ဳပ္ သစ္ အတြက္ ယူနိုက္တက္ နဲ့ သေဘာ တူညီ မွဳ ရရိွ ခဲ့ျပီ လို့ သတင္း ေတြ ထြက္ေပၚ ခဲ့တဲ့ ေနာက္ အေကာင္းဆံုး လက္စြမ္း ေတြကို ျပန္လည္ ျပသ နိုင္ခဲ့ ပါတယ္ ။ သူဟာ ျပိဳင္ဖက္ ကစားသမား ေတြ ျဖစ္ၾက တဲ့ မက္ဒီဆင္ နဲ့ ဗန္ခ်ီဝဲ တုိ့ရဲ့ ဂိုး ျဖစ္ေစ နုိင္မယ့္ ကန္ခ်က္ ေတြကုိ ဟန့္တား ကာကြယ္ သြားနုိင္ ခဲ့ ပါတယ္ ။

အခုေတာ့ ဒီဂီယာ ဟာ ဒီ ရာသီ Clean Sheet နွစ္ပြဲ ရယူ နုိင္ခဲ့ ပါျပီ ။ ဒီလို ပဲြစဥ္ မွာ Clean Sheet ရယူ ထားနုိင္ ခဲ့ျခင္း က ကစားသမား ရဲ့ ယံုၾကည္မွဳ ေတြကို အားေကာင္း ေစနုိင္ ပါတယ္ ။

(3) အသင္းေဖာ္ ေဟာင္းကို အေကာင္းဆံုး ထိန္းခ်ဳပ္ နုိင္ခဲ့တဲ့ မက္ဂြားယား

လက္စတာ မွ ယူနုိက္တက္ ဆီ ေျပာင္းေရႊ့ လာ ခဲ့တဲ့ ေနာက္ ဒါဟာ မက္ဂြားယား အတြက္ အသင္း ေဟာင္းနဲ့ ရင္ဆုိင္ ခဲ့တဲ့ ပထမဆံုး ပြဲစဥ္ ျဖစ္ခဲ့ ရ ပါတယ္ ။ ဒီေန့ ပြဲစဥ္ မွာေတာ့ သူဟာ ဂိုးသြင္း ေကာင္းတဲ့ ၊ ခႏၶာကိုယ္ ၾကံ့ခိုင္မွဳ အားေကာင္း တဲ့ အသင္းေဖာ္ ေဟာင္း ဗာဒီ ကို အေကာင္းဆံုး ထိန္းခ်ဳပ္ ထားနုိင္ ခဲ့ ပါတယ္ ။

သူတုိ႔ ႏွစ္ဦး လံုးဟာ ရွက္ဖီး မွာ ၾကီးျပင္း လာသူ ျဖစ္ခဲ့ ၾကျပီး နီးကပ္စြာ အတူ ေနခဲ့ ၾကသူေတြ ျဖစ္တာေၾကာင့္ တစ္ဦး အေၾကာင္း တစ္ဦး ေကာင္းေကာင္း သိသူ ေတြပဲ ျဖစ္ၾက ပါတယ္ ။ အဲ့ဒီေနာက္ သူတုိ႔ ေတြဟာ လက္စတာ မွာ အတူ တြဲ ကစား ျပီးေနာက္ အခု မွ ျပိဳင္ဖက္ အျဖစ္ ရင္ဆုိင္ ခဲ့ၾက သူေတြ ပဲ ျဖစ္ ပါတယ္ ။ ဒီပြဲ မွွာေတာ့ မက္ဂြားယား ဟာ ပိုေကာင္းခဲ့ ပါတယ္ ။

Maguire

(4) ဂ်ိမ္းစ္ ရဲ့ ေျခစြမ္း ကို ေနာက္ တစ္ၾကိမ္ ျမင္ေတြ့ ခဲ့ၾက ျခင္း

ဒီေန့ ပြဲစဥ္ မွာေတာ့ ဒန္နီယယ္ ဂ်ိမ္းစ္ ဟာ အသင္း အတြက္ ဂိုးေတြ မသြင္းယူ ေပးနုိင္ ခဲ့ ပါဘူး ။ ဒါေပမယ့္ သူ့ရဲ့ ကစား ပံု ကေတာ့ ဆက္လက္ ေကာင္းမြန္ ေနခဲ့ ပါတယ္ ။ သူဟာ ပြဲစဥ္ အတြင္း ျပိဳင္ဖက္ ကစားသမား ေတြကို အထူး ဒုကၡ ေပးနုိင္ ခဲ့ သလို သူ့ရဲ့ ျမန္ႏွဳန္း ေတြက ျပိဳင္ဖက္ ကစားသမား ေတြကို အခက္ ေတြ့ေစ ခဲ့ ပါတယ္ ။
လက္ရွိ အေနအထား အရ ေတာ့ သူ့ရဲ့ ကစားပံု ၊ ျမန္ဆန္မွဳ နဲ့ ေျခစြမ္း ေတြက ယူနုိက္တက္ ၊ ပရီးမီးယား လိဂ္ ေတြနဲ့ ပိုမို အံဝင္ လာခဲ့ ပါျပီ ။ သူရဲ့ ယူနုိက္တက္ ကစားသမား ဘဝ ဟာ တစ္ကယ္ ပဲ အစ ေကာင္းမြန္ ခဲ့ သလို လက္ရွိ အေနအထား အရ ယူနုိက္တက္ ဟာ သူ့ဆီ က ေနာက္ထပ္ ေမ်ွာ္လင့္ နုိင္လို့ ရရွိ နုိင္ ေသးတာ ကို ျမင္ေတြ့ ခဲ့ရ ပါတယ္ ။

James

(5) ထိပ္သီး 6 သင္း ဆုိတာ ထိပ္သီး 6 သင္း ပါပဲ

ဒီ ရာသီ အစ မွာေတာ့ ပရီးမီးယား လိဂ္ ထိပ္သီး 6 သင္း စာရင္း မွာ ပါဝင္ ခဲ့ ၾကတဲ့ အသင္း ေတြဟာ ရလဒ္ ေကာင္းမြန္ ျခင္း မရွိ ခဲ့ပဲ အမွတ္ေပး ဇယား အလယ္ အလတ္ ေနရာ ေတြမွာ သာ ရပ္တည္ ခဲ့ရ တဲ့ အတြက္ ဒီႏွစ္ ေတာ့ အျခား အသင္း ေတြဟာ ဒီ ေနရာ ကို ဝင္ယူ သြားနုိင္ လိမ့္မယ္ ဆုိတဲ့ သံုးသပ္ခ်က္ ေတြ မ်ားစြာ ထြက္ေပၚ ခဲ့ပါ ေသးတယ္ ။

အခုေတာ့ ပရီးမီးယား လိဂ္ ထိပ္သီး 6 သင္းဟာ ထိပ္ဆံုး ေနရာ ေတြမွာ ျပန္လည္ တန္းစီ ေနရာ ယူရင္း ဒါဟာ ငါတုိ့ ေနရာ ပဲ ဆုိတာ ကို ေျခစြမ္း ၊ ရလဒ္ ေတြနဲ့ ျပသ ထားနုိင္ ခဲ့ၾက ပါျပီ ။ ဒီ တစ္ပါတ္ မွာေတာ့ ယူနုိက္တက္ ဟာ လက္စတာ ကို 1 – 0 ၊ ခ်ဲလ္ဆီး က ေျခစြာ ေလ့ ရွိတဲ့ ဝုလ္ဗ္ ကို 2 – 5 ၊ ေတာ့တင္ဟမ္ က ပဲေလ့စ္ ကို 4 – 0 ဆုိတဲ့ ရလဒ္ နဲ့ ကိုယ္စီ အနုိင္ ယူခဲ့ ၾက ပါတယ္ ။ ဒီေန့ ည မွာေတာ့ အာဆင္နယ္ ဟာ ဝက္ဖုိ႔ဒ္ အသင္း နဲ့ ကစား ရဖုိ႔ ရွိေန ပါတယ္ ။

man u

#Sports_Myanmar

Unicode

ယူနိုက်တက် 1 – 0 လက်စတာ ပွဲစဉ် မှ ပြောစရာ ဖြစ်ခဲ့ ရတဲ့ အချက် 5 ချက်

================

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ မနေ့ ညက အိုးလ် ထရပ်ဖို့ဒ် ကွင်းမှာ လက်စတာ စီးတီး အသင်း ကို ပရီးမီးယား လိဂ် ပွဲစဉ် 5 အဖြစ် ဧည့်ခံ ကစား ခဲ့ရ ပြီး 1 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရယူ နိုင်ခဲ့ ပါတယ် ။

ဒါဟာ လက်စတာ စီးတီး အတွက်တော့ ဒီ ရာသီ ရဲ့ ပထမဆုံး ရှုံးပွဲ ဖြစ်ခဲ့ ရ ပါတယ် ။ အဆိုပါ ပွဲစဉ် မှာတော့ ယူနိုက်တက် အတွက် တစ်လုံး တည်းသော အနိုင် ဂိုးကို တိုက်စစ်မှူး ရပ်ရှ်ဖို့ က ပွဲချိန် 8 မိနစ် မှ ရရှိ ခဲ့တဲ့ ပင်နယ်တီ မှ တစ်ဆင့် သွင်းယူ သွားနိုင် ခဲ့ ပါတယ် ။

ဒါဟ ရပ်ရှ်ဖို့ အတွက် တော့ ဒီ ရာသီ ရဲ့ တတိယ မြောက် သွင်းဂိုး ဖြစ်ခဲ့ ရ ပါတယ် ။ အဆိုပါ ပွဲစဉ် အတွင်း ပြော စရာ ဖြစ်ခဲ့ ရတဲ့ အချက် 5 ချက်ကို ဖော်ပြ ပေးလိုက် ပါတယ် ။

(1) ပင်နယ်တီ ဂိုး ရယူ နိုင် ခဲ့တဲ့ ရပ်ရှ်ဖို့

ပေါ့ဂ်ဘာ မပါဝင် လာတဲ့ နောက်တော့ ဘယ်သူ ပင်နယ်တီ ကန် မလဲ ဆိုတာ အငြင်းပွား စရာ ရှိ မနေ ခဲ့ ပါဘူူး ။ ဒီပွဲ မှာတော့ ရပ်ရှ်ဖို့ ဟာ ပင်နယ်တီ ကန်ခွင့် ရရှိ သွားခဲ့ ပါတယ် ။ ယူနိုက်တက် တို့ ဒီ ရာသီ ကစား ခဲ့တဲ့ ပွဲစဉ် 5 ပွဲမှာ ပင်နယ်တီ လေးကြိမ် အထိ ရရှိ ထားခဲ့ ပြီး ယခင် တုန်းက တော့ ပေါ့ဂ်ဘာ နဲ့ ရပ်ရှ်ဖို့ တို့ဟာ တစ်လုံးစီ လွဲချော် ထားခဲ့ ကြ ပါတယ် ။

ဒါပေမယ့် ဒီ တစ်ကြိမ် မှာတော့ အင်္ဂလန် လက်ရွေးစင်ဟာ ပြိုင်ဖက် ဂိုး သမား ဖြစ်သူ ကပ်စပါ ရှမိုက်ကယ် ရဲ့ အခြား တစ်ဖက် ကို ပင်နယ်တီ ကန်ခဲ့ ပြီး အမှား အယွင်း မရှိ ဂိုး အဖြစ် ပြောင်းလဲ သွားနိုင် ခဲ့ ပါတယ် ။ ဒါဟာ ဒီ ရာသီ ရပ်ရှ်ဖို့ ရဲ့ ဒုတိယ မြောက် ပင်နယ်တီ ဂိုး ၊ တတိယ မြောက် ပရီးမီးယား လိဂ် သွင်းဂိုး ဖြစ်သွား ခဲ့ရ ပါတယ် ။

(2) အကောင်းဆုံး လက်စွမ်း ပြသ လိုက်တဲ့ ဒီဂီယာ

ပြီးခဲ့တဲ့ 6 လတာ အချိန် ကာလ ဟာ ဒီဂီယာ အတွက် အကောင်းဆုံး မဖြစ်နိုင် ခဲ့ဘူး လို့ ပြောရင် မျှတ တဲ့ အရာ ဖြစ် နေမှာ ပါ ။ လက်ရှိ သူ့ရဲ့ အနာဂတ် ဟာ ယူနိုက်တက် မှာ ဆက်ရှိ နေဖို့ မရေရာ တော့တဲ့ အချိန် မှာ ကစားသမား ဟာ အမှားတွေ များစွာ ကျူးလွန် ထားခဲ့ ပါ သေးတယ် ။ သူဟာ စပိန် လက်ရွေးစင် အသင်း ရဲ့ နံပါတ် တစ် ဂိုး သမား နေရာ ကိုတောင် ဆုံးရှံုး ခဲ့ရ ပါ သေးတယ် ။

ဒါပေမယ့် အခုတော့ သူဟာ စာချုပ် သစ် အတွက် ယူနိုက်တက် နဲ့ သဘော တူညီ မှု ရရှိ ခဲ့ပြီ လို့ သတင်း တွေ ထွက်ပေါ် ခဲ့တဲ့ နောက် အကောင်းဆုံး လက်စွမ်း တွေကို ပြန်လည် ပြသ နိုင်ခဲ့ ပါတယ် ။ သူဟာ ပြိုင်ဖက် ကစားသမား တွေ ဖြစ်ကြ တဲ့ မက်ဒီဆင် နဲ့ ဗန်ချီဝဲ တို့ရဲ့ ဂိုး ဖြစ်စေ နိုင်မယ့် ကန်ချက် တွေကို ဟန့်တား ကာကွယ် သွားနိုင် ခဲ့ ပါတယ် ။

အခုတော့ ဒီဂီယာ ဟာ ဒီ ရာသီ Clean Sheet နှစ်ပွဲ ရယူ နိုင်ခဲ့ ပါပြီ ။ ဒီလို ပွဲစဉ် မှာ Clean Sheet ရယူ ထားနိုင် ခဲ့ခြင်း က ကစားသမား ရဲ့ ယုံကြည်မှု တွေကို အားကောင်း စေနိုင် ပါတယ် ။

(3) အသင်းဖော် ဟောင်းကို အကောင်းဆုံး ထိန်းချုပ် နိုင်ခဲ့တဲ့ မက်ဂွားယား

လက်စတာ မှ ယူနိုက်တက် ဆီ ပြောင်းရွှေ့ လာ ခဲ့တဲ့ နောက် ဒါဟာ မက်ဂွားယား အတွက် အသင်း ဟောင်းနဲ့ ရင်ဆိုင် ခဲ့တဲ့ ပထမဆုံး ပွဲစဉ် ဖြစ်ခဲ့ ရ ပါတယ် ။ ဒီနေ့ ပွဲစဉ် မှာတော့ သူဟာ ဂိုးသွင်း ကောင်းတဲ့ ၊ ခန္ဓာကိုယ် ကြံ့ခိုင်မှု အားကောင်း တဲ့ အသင်းဖော် ဟောင်း ဗာဒီ ကို အကောင်းဆုံး ထိန်းချုပ် ထားနိုင် ခဲ့ ပါတယ် ။

သူတို့ နှစ်ဦး လုံးဟာ ရှက်ဖီး မှာ ကြီးပြင်း လာသူ ဖြစ်ခဲ့ ကြပြီး နီးကပ်စွာ အတူ နေခဲ့ ကြသူတွေ ဖြစ်တာကြောင့် တစ်ဦး အကြောင်း တစ်ဦး ကောင်းကောင်း သိသူ တွေပဲ ဖြစ်ကြ ပါတယ် ။ အဲ့ဒီနောက် သူတို့ တွေဟာ လက်စတာ မှာ အတူ တွဲ ကစား ပြီးနောက် အခု မှ ပြိုင်ဖက် အဖြစ် ရင်ဆိုင် ခဲ့ကြ သူတွေ ပဲ ဖြစ် ပါတယ် ။ ဒီပွဲ မှှာတော့ မက်ဂွားယား ဟာ ပိုကောင်းခဲ့ ပါတယ် ။

(4) ဂျိမ်းစ် ရဲ့ ခြေစွမ်း ကို နောက် တစ်ကြိမ် မြင်တွေ့ ခဲ့ကြ ခြင်း

ဒီနေ့ ပွဲစဉ် မှာတော့ ဒန်နီယယ် ဂျိမ်းစ် ဟာ အသင်း အတွက် ဂိုးတွေ မသွင်းယူ ပေးနိုင် ခဲ့ ပါဘူး ။ ဒါပေမယ့် သူ့ရဲ့ ကစား ပုံ ကတော့ ဆက်လက် ကောင်းမွန် နေခဲ့ ပါတယ် ။ သူဟာ ပွဲစဉ် အတွင်း ပြိုင်ဖက် ကစားသမား တွေကို အထူး ဒုက္ခ ပေးနိုင် ခဲ့ သလို သူ့ရဲ့ မြန်နှုန်း တွေက ပြိုင်ဖက် ကစားသမား တွေကို အခက် တွေ့စေ ခဲ့ ပါတယ် ။
လက်ရှိ အနေအထား အရ တော့ သူ့ရဲ့ ကစားပုံ ၊ မြန်ဆန်မှု နဲ့ ခြေစွမ်း တွေက ယူနိုက်တက် ၊ ပရီးမီးယား လိဂ် တွေနဲ့ ပိုမို အံဝင် လာခဲ့ ပါပြီ ။ သူရဲ့ ယူနိုက်တက် ကစားသမား ဘဝ ဟာ တစ်ကယ် ပဲ အစ ကောင်းမွန် ခဲ့ သလို လက်ရှိ အနေအထား အရ ယူနိုက်တက် ဟာ သူ့ဆီ က နောက်ထပ် မျှော်လင့် နိုင်လို့ ရရှိ နိုင် သေးတာ ကို မြင်တွေ့ ခဲ့ရ ပါတယ် ။

(5) ထိပ်သီး 6 သင်း ဆိုတာ ထိပ်သီး 6 သင်း ပါပဲ

ဒီ ရာသီ အစ မှာတော့ ပရီးမီးယား လိဂ် ထိပ်သီး 6 သင်း စာရင်း မှာ ပါဝင် ခဲ့ ကြတဲ့ အသင်း တွေဟာ ရလဒ် ကောင်းမွန် ခြင်း မရှိ ခဲ့ပဲ အမှတ်ပေး ဇယား အလယ် အလတ် နေရာ တွေမှာ သာ ရပ်တည် ခဲ့ရ တဲ့ အတွက် ဒီနှစ် တော့ အခြား အသင်း တွေဟာ ဒီ နေရာ ကို ဝင်ယူ သွားနိုင် လိမ့်မယ် ဆိုတဲ့ သုံးသပ်ချက် တွေ များစွာ ထွက်ပေါ် ခဲ့ပါ သေးတယ် ။

အခုတော့ ပရီးမီးယား လိဂ် ထိပ်သီး 6 သင်းဟာ ထိပ်ဆုံး နေရာ တွေမှာ ပြန်လည် တန်းစီ နေရာ ယူရင်း ဒါဟာ ငါတို့ နေရာ ပဲ ဆိုတာ ကို ခြေစွမ်း ၊ ရလဒ် တွေနဲ့ ပြသ ထားနိုင် ခဲ့ကြ ပါပြီ ။ ဒီ တစ်ပါတ် မှာတော့ ယူနိုက်တက် ဟာ လက်စတာ ကို 1 – 0 ၊ ချဲလ်ဆီး က ခြေစွာ လေ့ ရှိတဲ့ ဝုလ်ဗ် ကို 2 – 5 ၊ တော့တင်ဟမ် က ပဲလေ့စ် ကို 4 – 0 ဆိုတဲ့ ရလဒ် နဲ့ ကိုယ်စီ အနိုင် ယူခဲ့ ကြ ပါတယ် ။ ဒီနေ့ ည မှာတော့ အာဆင်နယ် ဟာ ဝက်ဖို့ဒ် အသင်း နဲ့ ကစား ရဖို့ ရှိနေ ပါတယ် ။

#Sports_Myanmar