Lampard

ခ်ယ္လ္ဆီး အသင္း ဟာ မေန႕ည က ကစား သြားခဲ့တဲ့ ဝုလ္ဗ္ အသင္း နဲ႕ ပရီးမီးယားလိဂ္ ပြဲစဥ္ မွာ လူငယ္ တိုက္စစ္မွဴး တမ္မီ ေအဘရာဟမ္ ရဲ႕ ဟက္ထရစ္ သြင္းဂိုး နဲ႕ အတူ ၂ – ၅ ဆိုတဲ့ ရလဒ္ နဲ႕ ဂိုးမိုးရြာ ခဲ့ကာ အားလံုး မထင္မွတ္ ထားတဲ့ ရလဒ္ နဲ႕ အတူ အႏိုင္ ၃ မွတ္ ရယူ ျပႏိုင္ ခဲ့ပါတယ္ ။ ခ်ယ္လ္ဆီး အသင္း ဟာ ထို ပြဲစဥ္ မတိုင္မီ အဓိက ကစားသမား တခ်ိဳ႕ ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ ထားလို႕ နည္းျပ ဖရန္႕ လမ္းပတ္ ဟာ ကစားကြက္ အေျပာင္းအလဲ နဲ႕ ေနရာ အေျပာင္းအလဲ တခ်ိဳ႕ ျပဳလုပ္ ထားခဲ့ပါတယ္ ။

၄ – ၃ – ၃ ကေန ၃ – ၄ – ၃ ကစားကြက္ ကို ေျပာင္းလဲ ခဲ့သလို wing – back အားသန္ တဲ့ အလြန္ဆို ကို ပြဲထုတ္ျပီး ဒဏ္ရာ ကေန ျပန္ေကာင္း လာတဲ့ ရူဒီဂါ ကိုလည္း ဒီရာသီ ပထမဆံုး ပရီးမီးယားလိဂ္ ပြဲကို ကစား ေစခဲ့ပါတယ္ ။ ဒီ ၃ – ၄ – ၃ ကစားကြက္ က ေနာက္တန္း ၃ ေယာက္ ကစားကြက္ ကို ပဲ အသံုးျပဳ ခဲ့တဲ့ ဝုလ္ဗ္ အသင္း ကို အေကာင္းဆံုး ေတာ္လွန္ ျပႏိုင္ ခဲ့တယ္ ပဲ ဆိုရမွာ ျဖစ္ပါတယ္ ။

အန္တိုနီယုိ ကြန္တီ ခ်ယ္လ္ဆီး အသင္း ကို ကိုင္တြယ္စဥ္ က ထို ၃ – ၄ – ၃ ကစားကြက္ က တေခတ္ဆန္း ခဲ့ျပီး အခုအခါ မွာ လမ္းပတ္ ဟာလည္း ဒီ ကစားကြက္ ကို ျပန္ျပီး အသက္သြင္း ႏိုင္ဖို႕ ၾကိဳးစား ေနသလား ဆိုတာ စိတ္ဝင္စားစရာ ေကာင္းေနပါတယ္ ။ မားကို႕စ္ အလြန္ဆို နဲ႕ အက္ဇ္ပီလီကြီတာ တို႕ဟာ ျပီးခဲ့တဲ့ ရာသီ က ေမာ္ရစ္ဇီယို ဆာရီ လက္ေအာက္ မွာ Full-back ပံုစံ နဲ႕ ကစားခဲ့ ရတယ္ ဆိုေပမယ့္ မေန႕ည က ပြဲမွာေတာ့ သူတို႕ ဆီက wing-back အေငြ႕အသက္ ေတြ က်န္ရွိ ေနတုန္းပဲ ဆိုတာ ေတြ႕ခဲ့ ရပါတယ္ ။

Marcos alonso

အီမာဆင္ ဒဏ္ရာ ျပႆနာ ရွိေနခဲ့တာ က ဒီ wing-back စနစ္ ကို အဓိက ဦးတည္ ေစခဲ့တာ ျဖစ္တယ္ လို႕ ယူဆ ရသလို ၊ ဒီ စနစ္ ေၾကာင့္လည္း ခ်ယ္လ္ဆီး အသင္း ဟာ ကန္ရ ခက္ခဲ တဲ့ ဝုလ္ဗ္ အသင္း ကို သူတို႕ အိမ္ကြင္း မွာပဲ ဂိုးမိုးရြာျပီး သက္ေတာင့္သက္သာ နဲ႕ အႏိုင္ယူ ႏိုင္ခဲ့တယ္ လို႕ ဆိုရမွာ ျဖစ္ပါတယ္ ။

ပြဲျပီး သတင္းစာ ရွင္းလင္းပြဲ မွာေတာ့ လမ္းပတ္ က ရူဒီဂါ ဒဏ္ရာ က ျပန္ေကာင္း လာခဲ့တာ က သူ႕ အတြက္ ေနာက္တန္း ၃ ေယာက္ ကစားကြက္ ကို တည္ဖို႕ အတြက္ ေရြးခ်ယ္စရာ ျဖစ္ေစ ခဲ့ေၾကာင္း ၊ ဒါ့အျပင္ သူ႕ အေနနဲ႕ ခ်ယ္လ္ဆီး အသင္းသား ေတြ အားလံုး ကို မတူညီတဲ့ နည္းစနစ္ ၊ ကစားကြက္ ေတြ အားလံုးမွာ အံဝင္ ေစဖို႕ အတြက္ သင္ယူ ေလ့လာ ေစလိုတာေၾကာင့္ ၃ေယာက္တန္း ေနာက္တန္း ကစားပံု ကို အသံုးျပဳ ခဲ့တာ ျဖစ္ေၾကာင္း ဆိုခဲ့ပါတယ္ ။

Rudiger

လမ္းပတ္ က ” ဟုတ္ပါတယ္ ။ ဒီေန႕ ပြဲမွာ ကြ်န္ေတာ္ တို႕ဟာ တသင္းလံုး ကို ဝုလ္ဗ္ ကစားတဲ့ ပံုစံ အတိုင္း ပံုသြင္း ခဲ့တာပါ ။ ဝုလ္ဗ္ အသင္း ဟာ ခံစစ္ ၃ေယာက္တန္း ကစားကြက္ ကို လက္ကိုင္ ထားတတ္ပါတယ္ ။ ဒါဟာ သူတို႕ ကို လာေရာက္ ရင္ဆိုင္တဲ့ ျပိဳင္ဖက္ အသင္း ေတြကို ထိေရာက္တဲ့ တုန္႕ျပန္မႈ ေတြ ေပးႏိုင္တယ္ ဆိုတာကို ကြ်န္ေတာ္ တို႔ အေရွ႕ ပြဲစဥ္ ေတြမွာ ျမင္ေတြ႕ ခဲ့ရျပီးပါျပီ ။ ”

” ကြ်န္ေတာ္ တို႕ဟာ ဒီႏွစ္ ေဘာလံုး ရာသီ မွာ ခံစစ္ပိုင္း က ေပးဂိုး ေတြ မၾကာခဏ ခြင့္ျပဳ ေနရပါတယ္ ။ ဒါ့အျပင္ အန္တိုနီယို ( ရူဒီဂါ ) ဒဏ္ရာ က ျပန္ေကာင္း လာတာက ကြ်န္ေတာ္ တို႕ကို ခံစစ္ ၃ ေယာက္တန္း ပံုစံ နဲ႕ ခ်ဥ္းကပ္ဖို႕ အေၾကာင္းဖန္ လာတယ္ ပဲ ဆိုရမွာပါ ။ ဒီလို ပံုစံ နဲ႕ ပြဲစဥ္ တပြဲ မွာ စမ္းသံုးမယ္ ဆိုရင္ ခံစစ္ ကို ပိုျပီး လံုျခံဳမႈ မ်ား ေပးမလား ဆိုတဲ့ အေတြးနဲ႕ သံုးျဖစ္သြားတာပါ ။ ”

” ဒါ့အျပင္ ကြ်န္ေတာ္ ဟာ အသင္းသား အားလံုး ကို မတူညီတဲ့ နည္းစနစ္ ေတြ ၊ ကစားကြက္ အားလံုး မွာ လိုက္ေလ်ာ ညီေထြ ရွိေစခ်င္ပါတယ္ ။ ဒီ ကစားပံု ေၾကာင့္ ေမဆင္ ( ေမာင့္ ) နဲ႕ ဝီလီယံ တို႕ရဲ႕ တိုက္စစ္ ကစားပံု ပိုေကာင္း ခဲ့တယ္ လို႕ ကြ်န္ေတာ္ ထင္ပါတယ္ ။ ေတာင္ပံ တိုက္စစ္ ကစားသမား ေတြရဲ႕ အေနာက္ မွာ တမ္မီ ( ေအဘရာဟမ္ ) ရွိေနတာေၾကာင့္ ဝုလ္ဗ္ ရဲ႕ ေနာက္တန္း ကို အမွန္အကန္ ျခိမ္းေျခာက္မႈ ေတြ ျပဳလုပ္ ႏိုင္ခဲ့ပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ဝုလ်ဗ် နဲ့ ပွဲမှာ နောက်တန်း ၃ယောက် ကစားကွက် ကို ဘာကြောင့် အသုံးပြုခဲ့လဲ ဆိုတာ ရှင်းပြ လိုက်တဲ့ #လမ်းပတ်

ချယ်လ်ဆီး အသင်း ဟာ မနေ့ည က ကစား သွားခဲ့တဲ့ ဝုလ်ဗ် အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ လူငယ် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ရဲ့ ဟက်ထရစ် သွင်းဂိုး နဲ့ အတူ ၂ – ၅ ဆိုတဲ့ ရလဒ် နဲ့ ဂိုးမိုးရွာ ခဲ့ကာ အားလုံး မထင်မှတ် ထားတဲ့ ရလဒ် နဲ့ အတူ အနိုင် ၃ မှတ် ရယူ ပြနိုင် ခဲ့ပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ ထို ပွဲစဉ် မတိုင်မီ အဓိက ကစားသမား တချို့ ဒဏ်ရာကြောင့် လွဲချော် ထားလို့ နည်းပြ ဖရန့် လမ်းပတ် ဟာ ကစားကွက် အပြောင်းအလဲ နဲ့ နေရာ အပြောင်းအလဲ တချို့ ပြုလုပ် ထားခဲ့ပါတယ် ။

၄ – ၃ – ၃ ကနေ ၃ – ၄ – ၃ ကစားကွက် ကို ပြောင်းလဲ ခဲ့သလို wing – back အားသန် တဲ့ အလွန်ဆို ကို ပွဲထုတ်ပြီး ဒဏ်ရာ ကနေ ပြန်ကောင်း လာတဲ့ ရူဒီဂါ ကိုလည်း ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ် ပွဲကို ကစား စေခဲ့ပါတယ် ။ ဒီ ၃ – ၄ – ၃ ကစားကွက် က နောက်တန်း ၃ ယောက် ကစားကွက် ကို ပဲ အသုံးပြု ခဲ့တဲ့ ဝုလ်ဗ် အသင်း ကို အကောင်းဆုံး တော်လှန် ပြနိုင် ခဲ့တယ် ပဲ ဆိုရမှာ ဖြစ်ပါတယ် ။

အန်တိုနီယို ကွန်တီ ချယ်လ်ဆီး အသင်း ကို ကိုင်တွယ်စဉ် က ထို ၃ – ၄ – ၃ ကစားကွက် က တခေတ်ဆန်း ခဲ့ပြီး အခုအခါ မှာ လမ်းပတ် ဟာလည်း ဒီ ကစားကွက် ကို ပြန်ပြီး အသက်သွင်း နိုင်ဖို့ ကြိုးစား နေသလား ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ် ။ မားကို့စ် အလွန်ဆို နဲ့ အက်ဇ်ပီလီကွီတာ တို့ဟာ ပြီးခဲ့တဲ့ ရာသီ က မော်ရစ်ဇီယို ဆာရီ လက်အောက် မှာ Full-back ပုံစံ နဲ့ ကစားခဲ့ ရတယ် ဆိုပေမယ့် မနေ့ည က ပွဲမှာတော့ သူတို့ ဆီက wing-back အငွေ့အသက် တွေ ကျန်ရှိ နေတုန်းပဲ ဆိုတာ တွေ့ခဲ့ ရပါတယ် ။

အီမာဆင် ဒဏ်ရာ ပြဿနာ ရှိနေခဲ့တာ က ဒီ wing-back စနစ် ကို အဓိက ဦးတည် စေခဲ့တာ ဖြစ်တယ် လို့ ယူဆ ရသလို ၊ ဒီ စနစ် ကြောင့်လည်း ချယ်လ်ဆီး အသင်း ဟာ ကန်ရ ခက်ခဲ တဲ့ ဝုလ်ဗ် အသင်း ကို သူတို့ အိမ်ကွင်း မှာပဲ ဂိုးမိုးရွာပြီး သက်တောင့်သက်သာ နဲ့ အနိုင်ယူ နိုင်ခဲ့တယ် လို့ ဆိုရမှာ ဖြစ်ပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲ မှာတော့ လမ်းပတ် က ရူဒီဂါ ဒဏ်ရာ က ပြန်ကောင်း လာခဲ့တာ က သူ့ အတွက် နောက်တန်း ၃ ယောက် ကစားကွက် ကို တည်ဖို့ အတွက် ရွေးချယ်စရာ ဖြစ်စေ ခဲ့ကြောင်း ၊ ဒါ့အပြင် သူ့ အနေနဲ့ ချယ်လ်ဆီး အသင်းသား တွေ အားလုံး ကို မတူညီတဲ့ နည်းစနစ် ၊ ကစားကွက် တွေ အားလုံးမှာ အံဝင် စေဖို့ အတွက် သင်ယူ လေ့လာ စေလိုတာကြောင့် ၃ယောက်တန်း နောက်တန်း ကစားပုံ ကို အသုံးပြု ခဲ့တာ ဖြစ်ကြောင်း ဆိုခဲ့ပါတယ် ။

လမ်းပတ် က ” ဟုတ်ပါတယ် ။ ဒီနေ့ ပွဲမှာ ကျွန်တော် တို့ဟာ တသင်းလုံး ကို ဝုလ်ဗ် ကစားတဲ့ ပုံစံ အတိုင်း ပုံသွင်း ခဲ့တာပါ ။ ဝုလ်ဗ် အသင်း ဟာ ခံစစ် ၃ယောက်တန်း ကစားကွက် ကို လက်ကိုင် ထားတတ်ပါတယ် ။ ဒါဟာ သူတို့ ကို လာရောက် ရင်ဆိုင်တဲ့ ပြိုင်ဖက် အသင်း တွေကို ထိရောက်တဲ့ တုန့်ပြန်မှု တွေ ပေးနိုင်တယ် ဆိုတာကို ကျွန်တော် တို့ အရှေ့ ပွဲစဉ် တွေမှာ မြင်တွေ့ ခဲ့ရပြီးပါပြီ ။ ”

” ကျွန်တော် တို့ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ ခံစစ်ပိုင်း က ပေးဂိုး တွေ မကြာခဏ ခွင့်ပြု နေရပါတယ် ။ ဒါ့အပြင် အန်တိုနီယို ( ရူဒီဂါ ) ဒဏ်ရာ က ပြန်ကောင်း လာတာက ကျွန်တော် တို့ကို ခံစစ် ၃ ယောက်တန်း ပုံစံ နဲ့ ချဉ်းကပ်ဖို့ အကြောင်းဖန် လာတယ် ပဲ ဆိုရမှာပါ ။ ဒီလို ပုံစံ နဲ့ ပွဲစဉ် တပွဲ မှာ စမ်းသုံးမယ် ဆိုရင် ခံစစ် ကို ပိုပြီး လုံခြုံမှု များ ပေးမလား ဆိုတဲ့ အတွေးနဲ့ သုံးဖြစ်သွားတာပါ ။ ”

” ဒါ့အပြင် ကျွန်တော် ဟာ အသင်းသား အားလုံး ကို မတူညီတဲ့ နည်းစနစ် တွေ ၊ ကစားကွက် အားလုံး မှာ လိုက်လျော ညီထွေ ရှိစေချင်ပါတယ် ။ ဒီ ကစားပုံ ကြောင့် မေဆင် ( မောင့် ) နဲ့ ဝီလီယံ တို့ရဲ့ တိုက်စစ် ကစားပုံ ပိုကောင်း ခဲ့တယ် လို့ ကျွန်တော် ထင်ပါတယ် ။ တောင်ပံ တိုက်စစ် ကစားသမား တွေရဲ့ အနောက် မှာ တမ်မီ ( အေဘရာဟမ် ) ရှိနေတာကြောင့် ဝုလ်ဗ် ရဲ့ နောက်တန်း ကို အမှန်အကန် ခြိမ်းခြောက်မှု တွေ ပြုလုပ် နိုင်ခဲ့ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR