Norwich
စနေ နေ့ရဲ့နောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ တန်းတက် နော့ဝှစ်ခ်ျ အသင်းက လက်ရှိချန်ပီယံမန်စီးတီးအသင်းကို ၃-၂ ဂိုးနဲ့ အံ့အားသင့်ဖွယ်အနိုင်ရခဲ့ပါတယ်။နော့ဝှစ်ခ်ျ အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြသသွားခဲ့တာကတော့ ဝါရင့်တိုက်စစ်မှူးကြီးပူကီဖြစ်ပြီး ကိုယ်တိုင်ဂိုးသွင်းယူနိုင်ခဲ့ သလို ကန့်ဝဲလ်ရဲ့ ဂိုးကိုလည်းဖန်တီးပေးနိုင်ခဲ့ပါတယ်။
Pukky
ကြားရက်အတွင်းမှာချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ် ကစားရဖို့ရှိနေတဲ့ မန်စီးတီးတို့ ပွဲပန်းနေတဲ့ ဒီဘရိုင်းကို အရံခုံထိုင်ခိုင်းခဲ့တဲ့ ပွဲမှာရှုံးပွဲကြုံတွေ့သွားခဲ့တာဖြစ်ပါတယ်။နော့ဝှစ်ခ်ျအသင်းကတော့ နည်းပြဂွာဒီယိုလာလက်ထက်မှာမန်စီးတီးကိုပရီးမီးယားလိဂ်မှာအနိုင်ရခဲ့တဲ့ ပထမဆုံး တန်းတက်အသင်းအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ချန်ပီယံရှစ်ချန်ပီယံအဖြစ် ပရီးမီးယားလိဂ်ကိုတက်ရောက်လာခဲ့တဲ့နော့ဝှစ်ခ်ျအသင်းဟာ ၂၀၁၉ ခုနှစ်အတွင်းမှာမန်စီးတီးအသင်းကို ပရီးမီးယားလိဂ်ဒုတိယမြောက်ရှုံးပွဲကြုံတွေ့စေခဲ့တဲ့အသင်းလည်းဖြစ်ပါတယ်။အခုလို ကျေနပ်ဂုဏ်ယူစရာ အောင်ပွဲတခုကို ရလိုက်ပေမယ့် နော့ဝှစ်ခ်ျ အသင်းရဲ့ အောင်ပွဲခံမယ့်အစီအစဉ်က အတော်လေးကို ရိုးရှင်းပြီးအတုယူဖို့ကောင်းတာဖြစ်ပါတယ်။
ပုံမှန်အားဖြင့် ဘောလုံးအသင်းတွေဟာကလပ်တွေ ၊ ဘားတွေ စားသောက်ဆိုင်တွေမှာ အရက်သေစာသောက်စားပြီး အောင်ပွဲခံလေ့ရှိပေမယ့် နော့ဝှစ်ခ်ျအသင်း နည်းပြကြီး ဖာကီကတော့ တနင်္ဂနွေန့ လေ့ကျင့်ခန်း အစီအစဉ် အပြီးမှာကော်ဖီနဲ့ မုန့်ကိုတည်ခင်းပြီး အောင်ပွဲခံမှာဖြစ်တယ်လို့ဆိုပါတယ်။
Norwich City’s German head coach Daniel Farke celebrates on the pitch after the English Premier League football match between Norwich City and Manchester City at Carrow Road in Norwich, eastern England on September 14, 2019. – Norwich won the game 3-2. (Photo by Lindsey Parnaby / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. /
SM
Unicode
လက်ရှိချန်ပီယံမန်စီးတီးအသင်းကိုအနိုင်ရခဲ့ပေမယ့်အောင်ပွဲခံမှုကိုအရိုးရှင်းဆုံးပဲလုပ်ဆောင်သွားမယ့်အကြောင်းထုတ်ပြောလိုက်တဲ့ နော့ဝှစ်ချ်နည်းပြ
====================================
စနေ နေ့ရဲ့နောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ တန်းတက် နော့ဝှစ်ချ် အသင်းက လက်ရှိချန်ပီယံမန်စီးတီးအသင်းကို ၃-၂ ဂိုးနဲ့ အံ့အားသင့်ဖွယ်အနိုင်ရခဲ့ပါတယ်။နော့ဝှစ်ချ် အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြသသွားခဲ့တာကတော့ ဝါရင့်တိုက်စစ်မှူးကြီးပူကီဖြစ်ပြီး ကိုယ်တိုင်ဂိုးသွင်းယူနိုင်ခဲ့ သလို ကန့်ဝဲလ်ရဲ့ ဂိုးကိုလည်းဖန်တီးပေးနိုင်ခဲ့ပါတယ်။
ကြားရက်အတွင်းမှာချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ် ကစားရဖို့ရှိနေတဲ့ မန်စီးတီးတို့ ပွဲပန်းနေတဲ့ ဒီဘရိုင်းကို အရံခုံထိုင်ခိုင်းခဲ့တဲ့ ပွဲမှာရှုံးပွဲကြံုတွေ့သွားခဲ့တာဖြစ်ပါတယ်။နော့ဝှစ်ချ်အသင်းကတော့ နည်းပြဂွာဒီယိုလာလက်ထက်မှာမန်စီးတီးကိုပရီးမီးယားလိဂ်မှာအနိုင်ရခဲ့တဲ့ ပထမဆုံး တန်းတက်အသင်းအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ချန်ပီယံရှစ်ချန်ပီယံအဖြစ် ပရီးမီးယားလိဂ်ကိုတက်ရောက်လာခဲ့တဲ့နော့ဝှစ်ချ်အသင်းဟာ ၂၀၁၉ ခုနှစ်အတွင်းမှာမန်စီးတီးအသင်းကို ပရီးမီးယားလိဂ်ဒုတိယမြောက်ရှံုးပွဲကြံုတွေ့စေခဲ့တဲ့အသင်းလည်းဖြစ်ပါတယ်။အခုလို ကျေနပ်ဂုဏ်ယူစရာ အောင်ပွဲတခုကို ရလိုက်ပေမယ့် နော့ဝှစ်ချ် အသင်းရဲ့ အောင်ပွဲခံမယ့်အစီအစဉ်က အတော်လေးကို ရိုးရှင်းပြီးအတုယူဖို့ကောင်းတာဖြစ်ပါတယ်။
ပုံမှန်အားဖြင့် ဘောလုံးအသင်းတွေဟာကလပ်တွေ ၊ ဘားတွေ စားသောက်ဆိုင်တွေမှာ အရက်သေစာသောက်စားပြီး အောင်ပွဲခံလေ့ရှိပေမယ့် နော့ဝှစ်ချ်အသင်း နည်းပြကြီး ဖာကီကတော့ တနင်္ဂနွေန့ လေ့ကျင့်ခန်း အစီအစဉ် အပြီးမှာကော်ဖီနဲ့ မုန့်ကိုတည်ခင်းပြီး အောင်ပွဲခံမှာဖြစ်တယ်လို့ဆိုပါတယ်။
လက်ရှိချန်ပီယံကို အနိုင်ရခဲ့တဲ့မဟာအောင်ပွဲအတွက် ဘယ်လိုအောင်ပွဲခံမှာလည်းလို့ မေးမြန်းရာမှာတော့ ဖာကီက – ”
အရိုးသားဆုံးဝန်ခံရင် အခုအပတ် ဟာအတာ်လေးကို အလုပ်ရှုပ်ခဲ့တဲ့ ရက်သတ္တပတ်ဖြစ်ပါတယ်။နည်းပြထိုင်ခုံပေါ်ကို ပြန်ထိုင်ခဲ့ရတဲ့ ဒီနေ့ညနေပွဲအတွက်လည်း ကျေနပ်ပျော်ရွှင်မိပါတယ်။
ဒါပေမယ့်ကျွန်တော်ဟာပျော်ပါး အောင်ပွဲခံဖို့အတွက် အသက်ကြီးနေပြီဖြစ်သလို ပင်လည်းပင်ပန်းနေပါပြီ။တနင်္ဂနွေနေ့ နံနက်ပိုင်းမှာကျွန်တော်တို့ အသင်းရဲ့ လေ့ကျင့်မှုအစီအစဉ်ရှိပါတယ်။အဲ့ဒီနောက်မှာတော့ ဒီနေ့ပွဲကို ပြန်လည်ကြည့်ရှု သုံးသပ်ပြီး ပြင်ဆင်စရာရှိတာတွေကိုရှာဖွေရမှာဖြစ်ပါတယ်။
ဒါကြောင့်လည်း အဲ့ဒီအရာတွေအတွက်ပြင်ဆင်သွားဖို့ ဒီညဟာကျွန်တော့အတွက် လှပတဲ့ ညတညဖြစ်လာပါလိမ့်မယ်။တနင်္ဂနွေနေ့ နေ့လည်ခင်းလောက်မှာတော့ ကျွန်တော်ဆိုဖာပေါ်ထိုင်ပြီးကော်ဖီနဲ့ မုန့် စားနိုင်မယ်လို့ တော့မျှော်လင့်မိပြီး ဒါနဲ့ပဲအောင်ပွဲခံသွားမှာဖြစ်ပါတယ်။
ကျွန်တော်တို့ အသင်းအောင်ပွဲခံဖို့ ပရိသတ် တွေအကုန်လုံးက ခွင့်ပြုမယ်ဆိုတာ လုံးဝသေချာပါတယ်။ဒီလိုအခိုက်အတန့်မျိုးကိုမှာပျော်ပျော်ရွှင်ရွှင်မနေပဲ တန်ဖိုးမထားရင်စိတ်ဓာတ်လှံု့ဆော်မှုတွေ ဆုံးရှံုးရတတ်ပါတယ်။ဒါပေမယ့်ကျွန်တော်တို့ကတော့ အေးအေးဆေးဆေးပဲရှိနေမှာဖြစ်ပါတယ်။
ဂုဏ်ယူစရာ ညတည ဖြစ်ခဲ့တယ်ဆိုတာ သံသယတောင်ဝင်စရာမလိုပါဘူး။ကမ္ဘ႓ာ့အကောင်းဆုံး ကစားသမားတွေရှိနေတဲ့ ကမ္ဘာ့အကောင်းဆုံး အသင်းတသင်းကို တန်းတက် နော့ဝှစ်ချ် အသင်းကအနိုင်ရလိုက်တာဖြစ်ပါတယ်။
နွေရာသီမှာ ငွေများများစားစား မသုံးထားနိုင်ခဲ့ သလို ဒဏ်ရာပြသနာတွေ အများကြီး ရှိနေချိန်မှာ အနိုင်ရခဲ့တာကြောင့် လည်း နော့ဝှစ်ချ် အသင်းအတွက်တကယ့်ကို စပယ်ရှယ်ပါပဲ။ကျွန်တောဟာအသင်းသားတွေအပေါ်ကို အမြဲတမ်းယုံကြည်မှုရှိပါတယ်။
ကျွန်တော်တို့က ဒီပွဲမှာရေပန်းစားတဲ့ အသင်းမဟုတိဘူးဆိုတာလည်းသိပါတယ်။ဒါကြောင့် လည်းအရာအားလုံးဖြစ်လာဖို့ အတူတကွလုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။ဒါပေမယ့် ကျွန်တော်တို့အသင်းဟာ ပုံမှန်အရာတွေအပြင် အံ့မခန်းခြေစွမ်းအထိရောက်ရှိအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ရုံးပွဲတွေကြံုတွေ့ထားခဲ့ရသလို ရုန်းကန်ခဲ့ရတဲ့ အခြေအနေမှာအသင်းသားတွေကို ယုံကြည်မှုပြန်ရအောင်လုပ်ပေးဖို့အရေးကြီးပါတယ်။ဒီနေ့ပွဲအနေအထားကို ကြည့်ရတာ ကျွန်တော်တို့ အသင်းဟာ မှန်ကန်သင့်တော်တဲ့ စကားလုံးတွေနဲ့ ဆုံးဖြတ်ချက်တွေရှာတွေ့ခဲ့ပြီလို့ ထင်ပါတယ်။
မန်စီးတီးလို အရည်အသွေးမြင့်အသင်းတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာ နည်းနည်းကွဲပြားတဲ့ ပုံစံနဲ့ ကစားဖို့လိုပါတယ်။ဘာကြောင့်လည်းဆိုတော့ ဒီလိုပွဲမှာကိုယ်ကဘောလုံးပိုင်ဆိုင်မှု ပိုရမှာမဟုတ်လို့ ဖြစ်ပါတယ်။
တချို့နေရာတွေမှာသူတို့အသင်းသားတွေကို ဘောလုံးပေးကစားခွင့်ပြုထားဖို့ လိုပါတယ်။ဒီလိုပွဲအတွက် ပြင်ဆင်မှု လုပ်ရတာဟာ တကယ်ရှုပ်ထွေးပါတယ်။ဒါပေမယ့် ကျွန်တော့်ကစားသမားတွေကအကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးဖြည့်စည်းပေးခဲ့ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။
SM