Neymar

ဒဏ္ရာ ေၾကာင့္ ကာလရွည္ အနားယူ ရၿပီး ေနာက္မွာေတာ့ ဘရာဇီး တုိက္စစ္မႈး ေနမာ ဟာ ျမက္ခင္းစိမ္း ေတြ ေပၚ ကို ျပန္လည္ ေရာက္ရွိ လို႔ လာခဲ့ ပါတယ္ ။ ယမန္ေန႔ ညက ကစား ခဲ့တဲ့ ျပင္သစ္ လီဂူး၀မ္း ပြဲစဥ္ မွာ ေနမာ ဟာ PSG အတြက္ ပါ၀င္ ကစား ၿပီး အႏုိင္ ဂုိး ကိုလည္း သြင္းေပး ခဲ့ ပါတယ္ ။ ဒါေပမယ့္ PSG ပရိသတ္ ေတြ ကေတာ့ ေနမာ ကို လႈိက္လႈိက္ လွဲလွဲ မႀကဳိ ဆိုခဲ့ ပါဘူး ။

Neymar
Paris Saint-Germain’s Brazilian forward Neymar celebrates after scoring a goal during the French L1 football match between Paris Saint-Germain (PSG) and Racing Club de Strasbourg Alsace (RCS) on September 14, 2019 at the Parc des Princes stadium in Paris. (Photo by Martin BUREAU / AFP)

ေနမာ ဟာ ေႏြရာသီ အေျပာင္း အေရႊ႕ တစ္ေလ်ာက္ လံုး အသင္း ေဟာင္း ဘာစီလုိနာ ကို ျပန္ေျပာင္း ဖုိ႔ အတြက္ ႀကဳိးစား ေနခဲ့ၿပီး ဒီ သတင္းေတြ ဟာ PSG ပရိသတ္ေတြ ကို ေန႔စဥ္ ရက္ဆက္ စိတ္ပ်က္ ေစခဲ့ ပါတယ္ ။ အသင္း အတြက္ မကစား ေပးႏုိင္တာ ၄ လ ေလာက္ ရွိၿပီ ျဖစ္တဲ့ အျပင္ အသင္းေျပာင္းဖို႔ သတင္းေတြ ထြက္ေနတာ ေၾကာင့္ တစ္ခ်ိန္ က အားေပးခဲ့တဲ့ ေဘာလံုး စတား ဟာ နံပါတ္ ၁ ရန္သူ ျဖစ္လာခဲ့ ရပါတယ္ ။

ယမန္ေန႔ ညကပြဲမွာေတာ့ ျပင္သစ္ ခ်န္ပီယံ ရဲ႕ ပရိသတ္ေတြ ဟာ ေနမာ ကို ပြဲခ်ိန္ တစ္ေလ်ာက္ လံုး ေအာ္ဟစ္ ေလွာင္ေျပာင္ ရံုသာ မက ဆဲေရး တုိင္းထြာမႈ ေတြ ပါ ျပဳလုပ္ ခဲ့ၾကပါတယ္ ။ အခ်ဳိ႕ဟာ စာတမ္းေတြ ကိုပါ ကိုင္ေဆာင္ ၿပီး ေနမာ ကို ေငြမက္သူ ၊ သစၥာမဲ့သူ လုိ႔ ေရးသား ထိုးႏွက္ ခဲ့ၾကပါတယ္ ။

ဒါေပမယ့္ ေနမာ ကေတာ့ သူ လုပ္ရမယ့္ တာ၀န္ကို ေက်ပြန္ ခဲ့ၿပီး ၉၂ မိနစ္ မွာ အသင္း အတြက္ တစ္လံုး တည္းေသာ အႏုိင္ဂုိး ကို ေနာက္ျပန္ ကန္ခ်က္ နဲ႔ သြင္းယူေပး ခဲ့ ပါတယ္ ။ ပြဲ အၿပီးမွာ ေတာ့ ေနမာ က သူ ဟာ အိမ္ကြင္း မွာ ကစား ရတယ္လုိ႔ ခံစား မိေတာ့ မွာ မဟုတ္ေၾကာင္း ဆိုကာ တုန္႔ျပန္ သြားခဲ့ ပါတယ္ ။

“ပရိသတ္ေတြ ကို ကြ်န္ေတာ္ နားလည္ ပါတယ္ ။ သူတို႔ အတြက္ ဒါက ခက္ခဲ မွာပါ ။ ဒါေပမယ့္ အရင္ က ဘယ္လုိပဲ ျဖစ္ခဲ့ျဖစ္ခဲ့ အခု ကြ်န္ေတာ္ က PSG ကစား သမား တစ္ေယာက္ အေနနဲ႔ ရွိေန ပါတယ္”

“သူတို႔ နဲ႔ ပတ္သက္ၿပီး အထူး ေျပာစရာ စကား မရွိပါဘူး ။ ကြ်န္ေတာ့ ဘ၀ တစ္ေလ်ာက္လံုး ေလွာင္ေျပာင္ တာေတြနဲ႔ အသားက် ေနၿပီးသားပါ ။ ဒါေပမယ့္ အခု အခ်ိန္ က စၿပီး ပြဲတုိင္းကို အေ၀းကြင္း မွာ ကစား သလိုပဲ ကစားပါ ေတာ့မယ္ ။ ပရိသတ္ေတြ နဲ႔ ပတ္သက္ၿပီး ေျပာစရာ ေတာ့ မရွိ ပါဘူး”

“ကြ်န္ေတာ္ အသင္း ေျပာင္းခ်င္ ခဲ့တယ္ ဆုိတာ အားလံုး သိပါတယ္ ။ အရင္ က ေျပာခဲ့ဖူး သလို အခုလည္း ထပ္ၿပီး ေျပာႏုိင္ ပါတယ္ ။ ဒါေပမယ့္ ဒါေတြ က ၿပီးသြား ပါၿပီ ။ အဲ့ဒီ စာမ်က္ႏွာ က ေက်ာ္ခဲ့ပါၿပီ ။ အခု ကြ်န္ေတာ္ က PSG ကစား သမား အျဖစ္ နဲ႔ ကြင္းထဲမွာ ရွိေန ပါတယ္” လုိ႔ ေနမာ က ေျပာဆို သြားခဲ့ ပါတယ္

PSG ဟာ ပြဲစဥ္ ၅ အၿပီး မွာ ၄ ပြဲႏုိင္ ၊ ၁ ပြဲ ရွဳံး နိမ့္ထားၿပီး ရမွတ္ ၁၂ မွတ္ နဲ႔ အဆင့္ ၁ ေနရာကို ရယူ ထားခဲ့ ပါတယ္ ။ လာမယ့္ ၾကားရက္ မွာေတာ့ ခ်န္ပီယံ လိဂ္ အုပ္စု အဖြင့္ ပြဲစဥ္ အျဖစ္ ရီးရဲမက္ဒရစ္ အသင္း ကို အိမ္ကြင္း မွာ လက္ခံ ကစား ရမွာပဲ ျဖစ္ပါတယ္ ။

SPORTS MYANMAR

Unicode

ကြမ်းကြမ်းတမ်းတမ်း လှောင်ပြောင်တဲ့ ပရိသတ်တွေကို ခပ်ပြင်းပြင်း တုန့်ပြန်ခဲ့တဲ့ နေမာ

=======================================

ဒဏ်ရာ ကြောင့် ကာလရှည် အနားယူ ရပြီး နောက်မှာတော့ ဘရာဇီး တိုက်စစ်မှုး နေမာ ဟာ မြက်ခင်းစိမ်း တွေ ပေါ် ကို ပြန်လည် ရောက်ရှိ လို့ လာခဲ့ ပါတယ် ။ ယမန်နေ့ ညက ကစား ခဲ့တဲ့ ပြင်သစ် လီဂူးဝမ်း ပွဲစဉ် မှာ နေမာ ဟာ PSG အတွက် ပါ၀င် ကစား ပြီး အနိုင် ဂိုး ကိုလည်း သွင်းပေး ခဲ့ ပါတယ် ။ ဒါပေမယ့် PSG ပရိသတ် တွေ ကတော့ နေမာ ကို လှိုက်လှိုက် လှဲလှဲ မကြို ဆိုခဲ့ ပါဘူး ။

နေမာ ဟာ နွေရာသီ အပြောင်း အရွှေ့ တစ်လျောက် လုံး အသင်း ဟောင်း ဘာစီလိုနာ ကို ပြန်ပြောင်း ဖို့ အတွက် ကြိုးစား နေခဲ့ပြီး ဒီ သတင်းတွေ ဟာ PSG ပရိသတ်တွေ ကို နေ့စဉ် ရက်ဆက် စိတ်ပျက် စေခဲ့ ပါတယ် ။ အသင်း အတွက် မကစား ပေးနိုင်တာ ၄ လ လောက် ရှိပြီ ဖြစ်တဲ့ အပြင် အသင်းပြောင်းဖို့ သတင်းတွေ ထွက်နေတာ ကြောင့် တစ်ချိန် က အားပေးခဲ့တဲ့ ဘောလုံး စတား ဟာ နံပါတ် ၁ ရန်သူ ဖြစ်လာခဲ့ ရပါတယ် ။

ယမန်နေ့ ညကပွဲမှာတော့ ပြင်သစ် ချန်ပီယံ ရဲ့ ပရိသတ်တွေ ဟာ နေမာ ကို ပွဲချိန် တစ်လျောက် လုံး အော်ဟစ် လှောင်ပြောင် ရုံသာ မက ဆဲရေး တိုင်းထွာမှု တွေ ပါ ပြုလုပ် ခဲ့ကြပါတယ် ။ အချို့ဟာ စာတမ်းတွေ ကိုပါ ကိုင်ဆောင် ပြီး နေမာ ကို ငွေမက်သူ ၊ သစ္စာမဲ့သူ လို့ ရေးသား ထိုးနှက် ခဲ့ကြပါတယ် ။

ဒါပေမယ့် နေမာ ကတော့ သူ လုပ်ရမယ့် တာဝန်ကို ကျေပွန် ခဲ့ပြီး ၉၂ မိနစ် မှာ အသင်း အတွက် တစ်လုံး တည်းသော အနိုင်ဂိုး ကို နောက်ပြန် ကန်ချက် နဲ့ သွင်းယူပေး ခဲ့ ပါတယ် ။ ပွဲ အပြီးမှာ တော့ နေမာ က သူ ဟာ အိမ်ကွင်း မှာ ကစား ရတယ်လို့ ခံစား မိတော့ မှာ မဟုတ်ကြောင်း ဆိုကာ တုန့်ပြန် သွားခဲ့ ပါတယ် ။

“ပရိသတ်တွေ ကို ကျွန်တော် နားလည် ပါတယ် ။ သူတို့ အတွက် ဒါက ခက်ခဲ မှာပါ ။ ဒါပေမယ့် အရင် က ဘယ်လိုပဲ ဖြစ်ခဲ့ဖြစ်ခဲ့ အခု ကျွန်တော် က PSG ကစား သမား တစ်ယောက် အနေနဲ့ ရှိနေ ပါတယ်”

“သူတို့ နဲ့ ပတ်သက်ပြီး အထူး ပြောစရာ စကား မရှိပါဘူး ။ ကျွန်တော့ ဘဝ တစ်လျောက်လုံး လှောင်ပြောင် တာတွေနဲ့ အသားကျ နေပြီးသားပါ ။ ဒါပေမယ့် အခု အချိန် က စပြီး ပွဲတိုင်းကို အဝေးကွင်း မှာ ကစား သလိုပဲ ကစားပါ တော့မယ် ။ ပရိသတ်တွေ နဲ့ ပတ်သက်ပြီး ပြောစရာ တော့ မရှိ ပါဘူး”

“ကျွန်တော် အသင်း ပြောင်းချင် ခဲ့တယ် ဆိုတာ အားလုံး သိပါတယ် ။ အရင် က ပြောခဲ့ဖူး သလို အခုလည်း ထပ်ပြီး ပြောနိုင် ပါတယ် ။ ဒါပေမယ့် ဒါတွေ က ပြီးသွား ပါပြီ ။ အဲ့ဒီ စာမျက်နှာ က ကျော်ခဲ့ပါပြီ ။ အခု ကျွန်တော် က PSG ကစား သမား အဖြစ် နဲ့ ကွင်းထဲမှာ ရှိနေ ပါတယ်” လို့ နေမာ က ပြောဆို သွားခဲ့ ပါတယ်

PSG ဟာ ပွဲစဉ် ၅ အပြီး မှာ ၄ ပွဲနိုင် ၊ ၁ ပွဲ ရှုံး နိမ့်ထားပြီး ရမှတ် ၁၂ မှတ် နဲ့ အဆင့် ၁ နေရာကို ရယူ ထားခဲ့ ပါတယ် ။ လာမယ့် ကြားရက် မှာတော့ ချန်ပီယံ လိဂ် အုပ်စု အဖွင့် ပွဲစဉ် အဖြစ် ရီးရဲမက်ဒရစ် အသင်း ကို အိမ်ကွင်း မှာ လက်ခံ ကစား ရမှာပဲ ဖြစ်ပါတယ် ။

SPORTS MYANMAR