ျပီးခဲ႔တဲ႕ အပတ္ အတြင္း ကစားသြားခဲ႔တဲ႔ ယူရိုပါလိဂ္္ ၁၆ သင္း အဆင့္ ဒုတိယ အေက်ာ့ပြဲစဥ္မွာ ခ်ဲဆီးလ္အသင္းက ဒိုနမိုကိဗ္ အသင္းကို အေဝး ကြင္း မွာ ၅ဂိုးျပတ္ အႏိုင္ရခဲ႔ပါတယ္။စတန္းဖို႔ဒ္ ဘရစ္ခ်္ မွာ ကစားခဲ႔တဲ႔ ပထမအေက်ာ့ မွာ ၃-၀ ဂိုးနဲ႔ ေခ်မွဳန္းထား တဲ႔ ခ်ဲဆီးလ္ တို႔ဟာ ႏွစ္ေက်ာ့ေပါင္း ၈ဂိုးျပတ္ အထိ သြင္းယူျပီး ကြာတားဖိုင္နယ္ကို တက္လွမ္း သြားခဲ႔တာလည္း ျဖစ္ပါတယ္။

ခ်ဲဆီးလ္တို႔ဟာ ယူရိုပါလိဂ္ ျပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္ဖို႔ ေရပန္းအစားဆံုး အသင္းျဖစ္ေနေပမယ့္ ပရီးမီးယားလိဂ္ ျပိဳင္ပြဲမွာေတာ့ ရလဒ္ပိုင္း မတည္ျငိမ္မွဳ ေတြ နဲ႔ အတူ ခ်န္ပီယံလိဂ္ ဝင္ခြင့္တေန ရာအတြက္ စိုးရိမ္ေနရဆဲျဖစ္ပါတယ္။သူတို႔ဟာ ကရာေဘာင္းဖလား(EFL Cup ) မွာ ဖိုင္နယ္အဆင့္ အထိ တက္ေရာက္ႏိုင္ ခဲ႔ေပမယ့္ မန္စီးတီး အသင္းကို အေရးနိမ့္ခဲ႔ရတာျဖစ္ျပီး ပရီးမီးယားလိဂ္မွာ ထိပ္ဆံုး ေလးသင့္မဝင္ႏိုင္ခဲ႔ပါက ယူရိုပါလိဂ္ ခ်န္ပီယံ ျဖစ္ဖို႔ ျကိုးစားသြားရဖို႔ ရွိေနတာျဖစ္ပါတယ္။

နည္းျပ ဆာရီ ရဲ႕ လတ္တေလာ စြမ္းေဆာင္ မွဳေတြအေပၚ ကို အသင္းပိုင္ရွင္ မိုဗစ္က ေစာင့္ျကည့္ေနျပီး ဝုဗ္လ္ အသင္းနည္းျပ ႏူႏိူဆန္းတို႔စ္ နဲ႔ ဒါဘီနည္းျပ လမ္းပတ္ တို႔ဟာသူ႔ရဲ႕ ေနရာ မွာ အစား ထိုးသြားဖို႔ဦးစားေပး ပစ္မွတ္ ေတြအျဖစ္ ရွိေနတယ္လို႔ သိရပါတယ္။မိုဗစ္ အေနနဲ႔ ရာသီ ကုန္ဆံုးဖို႔ နီးကပ္ လာတဲ႔ အေရးျကီးတဲ႔ အခ်ိန္ မ်ိဳးဟာ နည္းျပ အေျပာင္းအလဲ ျပဳလုပ္သြားဖို႔ ရည္ရြယ္ပံုမရေပမယ့္ လာမယ့္ ေႏြရာသီမွာ ဆာရီကိုထုတ္ပယ္ျဖစ္ခဲ႔ပါက အစားထိုးႏိုင္ဖို႔ အခုလို စီစဥ္ေနတာျဖစ္ပါတယ္။

ဝုဗ္လ္ အသင္းဟာ ဒီရာသီ မွာ အသင္းျကီးေတြကို ဒုကၡေပးေနခဲ့တဲ႔Giant killerအသင္းတသင္းျဖစ္ျပီး ခ်ဲဆီးလ္ အသင္းကို လည္း မျကာေသးမီကပဲ အမွတ္ေလ်ာ့ေအာင္ လုပ္ေဆာင္ထားခဲ႔ေသးတာျဖစ္ပါတယ္။ခ်ဲဆီးလ္ ဂႏၲဝင္ ကြင္းလယ္လူ တဦးျဖစ္တဲ႔ လမ္းပတ္ ကေတာ့ လိဂ္ ခ်န္ပီယံရွစ္ ျပိဳင္ပြဲဝင္ ဒါဘီ ေကာင္တီ အသင္းကို ပြဲစဥ္၃၇ အျပီးမွာ အဆင့္ ၈ေနရာမွာ ရပ္တည္ႏိုင္ေအာင္စြမ္းေဆာင္ေပးထားပါတယ္။

ခ်ဲဆီးလ္ တု႔ိဟာ မူလက ရီးရဲလ္ နည္းျပ ေဟာင္း ဇီဒန္းကို ေခၚယူဖို႔ စဥ္းစားထား ခဲ႔တာျဖစ္ေပမယ့္ ဘာေနဗ်ဴးကိုျပန္ ေရာက္သြားတဲ႔ဒီျပင္သစ္ သားျကီးေျကာင့္ ေနာက္ထပ္ ပစ္မွတ္ေတြကို ရွာေဖြသြားရဖို႔ ရွိေနတာျဖစ္ပါတယ္။

ဝုဗ္လ္ အသင္းကို ပရီးမီးယားလိဂ္ မွာ ရလဒ္ေကာင္းေတြ ဆက္တိုက္ရယူေပးထားခဲ႔တဲ႔ ႏူႏိုဆန္းတို႔စ္ အေနနဲ႔ အသင္းသားေတြအေပၚျသဇာတိကၠမ နဲ႔ ျပည့္စံုသူျဖစ္ျပီးခ်ဲဆီးလ္အသင္းကို လည္း အေကာင္းဆံုး ဦးေဆာင္ေပးႏိုင္မယ့္အရည္အခ်င္း မ်ိဳး ရွိသူအျဖစ္ အမ်ားကယူဆထားျကပါတယ္။

ခ်ဲဆီးလ္တို႔ဟာ လတ္တေလာမွာ ကစား သမား ေခၚယူခြင့္ ၂ရာသီ ပိတ္ပင္ ခံထားခဲ႔ရတာျဖစ္ လို႔ လူငယ္ေတြကို ေျမေတာင္ေျမာင္ေပးႏိုင္တဲ႔လမ္းပတ္ကို ခ်ဲဆီးလ္ပရိသတ္ ေတြက စတန္းဖို႕ဒ္ ဘရစ္ခ်္ မွာ ျပန္ျမင္ခ်င္ေနျကတာျဖစ္ပါတယ္။

အျခား ဆက္စပ္ သတင္းတပုဒ္ မွာေတာ့ ဇီဒန္း ဟာ သူ႔ရဲ႕ စံျပ ျဖစ္တဲ႔ ဆိုတဲ႕ မွတ္ခ်က္ေျကာင့္ ခ်ဲဆီးလ္ ကြင္းလယ္လူ ဟာဇက္တေယာက္ မီဒီယာေတြ ရဲ႕ ဖိအားေပးမွဳ ခံေနရတယ္ လို႔ သိရပါတယ္။ဒီဘယ္ဂ်ီယံသား ရီးရဲလ္ အသင္းကိုေရာက္ဖို႕ သတင္းေတြ က်ယ္ေလာင္ ေနခဲ႔သူျဖစ္ျပီး ဘာေနဗ်ဴးကို တေက်ာ့ျပန္ေရာက္လာတဲ႔ ဇီဒန္း ဟာ သူ႕ရဲ႔ ဆံုးျဖတ္ခ်က္မွာ အေရးပါတဲ႔ ေနရာမွာပါဝင္လာဖြယ္ ရွိေနတာျဖစ္ပါတယ္။

Unicode

Giant killer ဝုဗ်လ်နည်းပြကို ဆာရီရဲ့ နေရာအတွက် ချိန်ရွယ်နေတဲ့ #ချဲဆီးလ်အသင်း
================================

ပြီးခဲ့တဲ့ အပတ် အတွင်း ကစားသွားခဲ့တဲ့ ယူရိုပါလိဂ်် ၁၆ သင်း အဆင့် ဒုတိယ အကျော့ပွဲစဉ်မှာ ချဲဆီးလ်အသင်းက ဒိုနမိုကိဗ် အသင်းကို အဝေး ကွင်း မှာ ၅ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။စတန်းဖို့ဒ် ဘရစ်ချ် မှာ ကစားခဲ့တဲ့ ပထမအကျော့ မှာ ၃-၀ ဂိုးနဲ့ ချေမှုန်းထား တဲ့ ချဲဆီးလ် တို့ဟာ နှစ်ကျော့ပေါင်း ၈ဂိုးပြတ် အထိ သွင်းယူပြီး ကွာတားဖိုင်နယ်ကို တက်လှမ်း သွားခဲ့တာလည်း ဖြစ်ပါတယ်။

ချဲဆီးလ်တို့ဟာ ယူရိုပါလိဂ် ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး အသင်းဖြစ်နေပေမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာတော့ ရလဒ်ပိုင်း မတည်ငြိမ်မှု တွေ နဲ့ အတူ ချန်ပီယံလိဂ် ဝင်ခွင့်တနေ ရာအတွက် စိုးရိမ်နေရဆဲဖြစ်ပါတယ်။သူတို့ဟာ ကရာဘောင်းဖလား(EFL Cup ) မှာ ဖိုင်နယ်အဆင့် အထိ တက်ရောက်နိုင် ခဲ့ပေမယ့် မန်စီးတီး အသင်းကို အရေးနိမ့်ခဲ့ရတာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး လေးသင့်မဝင်နိုင်ခဲ့ပါက ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ဖို့ ကြိုးစားသွားရဖို့ ရှိနေတာဖြစ်ပါတယ်။

နည်းပြ ဆာရီ ရဲ့ လတ်တလော စွမ်းဆောင် မှုတွေအပေါ် ကို အသင်းပိုင်ရှင် မိုဗစ်က စောင့်ကြည့်နေပြီး ဝုဗ်လ် အသင်းနည်းပြ နူနိူဆန်းတို့စ် နဲ့ ဒါဘီနည်းပြ လမ်းပတ် တို့ဟာသူ့ရဲ့ နေရာ မှာ အစား ထိုးသွားဖို့ဦးစားပေး ပစ်မှတ် တွေအဖြစ် ရှိနေတယ်လို့ သိရပါတယ်။မိုဗစ် အနေနဲ့ ရာသီ ကုန်ဆုံးဖို့ နီးကပ် လာတဲ့ အရေးကြီးတဲ့ အချိန် မျိုးဟာ နည်းပြ အပြောင်းအလဲ ပြုလုပ်သွားဖို့ ရည်ရွယ်ပုံမရပေမယ့် လာမယ့် နွေရာသီမှာ ဆာရီကိုထုတ်ပယ်ဖြစ်ခဲ့ပါက အစားထိုးနိုင်ဖို့ အခုလို စီစဉ်နေတာဖြစ်ပါတယ်။

ဝုဗ်လ် အသင်းဟာ ဒီရာသီ မှာ အသင်းကြီးတွေကို ဒုက္ခပေးနေခဲ့တဲ့Giant killerအသင်းတသင်းဖြစ်ပြီး ချဲဆီးလ် အသင်းကို လည်း မကြာသေးမီကပဲ အမှတ်လျော့အောင် လုပ်ဆောင်ထားခဲ့သေးတာဖြစ်ပါတယ်။ချဲဆီးလ် ဂန္တဝင် ကွင်းလယ်လူ တဦးဖြစ်တဲ့ လမ်းပတ် ကတော့ လိဂ် ချန်ပီယံရှစ် ပြိုင်ပွဲဝင် ဒါဘီ ကောင်တီ အသင်းကို ပွဲစဉ်၃၇ အပြီးမှာ အဆင့် ၈နေရာမှာ ရပ်တည်နိုင်အောင်စွမ်းဆောင်ပေးထားပါတယ်။

ချဲဆီးလ် တို့ဟာ မူလက ရီးရဲလ် နည်းပြ ဟောင်း ဇီဒန်းကို ခေါ်ယူဖို့ စဉ်းစားထား ခဲ့တာဖြစ်ပေမယ့် ဘာနေဗျူးကိုပြန် ရောက်သွားတဲ့ဒီပြင်သစ် သားကြီးကြောင့် နောက်ထပ် ပစ်မှတ်တွေကို ရှာဖွေသွားရဖို့ ရှိနေတာဖြစ်ပါတယ်။

ဝုဗ်လ် အသင်းကို ပရီးမီးယားလိဂ် မှာ ရလဒ်ကောင်းတွေ ဆက်တိုက်ရယူပေးထားခဲ့တဲ့ နူနိုဆန်းတို့စ် အနေနဲ့ အသင်းသားတွေအပေါ်သြဇာတိက္ကမ နဲ့ ပြည့်စုံသူဖြစ်ပြီးချဲဆီးလ်အသင်းကို လည်း အကောင်းဆုံး ဦးဆောင်ပေးနိုင်မယ့်အရည်အချင်း မျိုး ရှိသူအဖြစ် အများကယူဆထားကြပါတယ်။

ချဲဆီးလ်တို့ဟာ လတ်တလောမှာ ကစား သမား ခေါ်ယူခွင့် ၂ရာသီ ပိတ်ပင် ခံထားခဲ့ရတာဖြစ် လို့ လူငယ်တွေကို မြေတောင်မြောင်ပေးနိုင်တဲ့လမ်းပတ်ကို ချဲဆီးလ်ပရိသတ် တွေက စတန်းဖို့ဒ် ဘရစ်ချ် မှာ ပြန်မြင်ချင်နေကြတာဖြစ်ပါတယ်။

အခြား ဆက်စပ် သတင်းတပုဒ် မှာတော့ ဇီဒန်း ဟာ သူ့ရဲ့ စံပြ ဖြစ်တဲ့ ဆိုတဲ့ မှတ်ချက်ကြောင့် ချဲဆီးလ် ကွင်းလယ်လူ ဟာဇက်တယောက် မီဒီယာတွေ ရဲ့ ဖိအားပေးမှု ခံနေရတယ် လို့ သိရပါတယ်။ဒီဘယ်ဂျီယံသား ရီးရဲလ် အသင်းကိုရောက်ဖို့ သတင်းတွေ ကျယ်လောင် နေခဲ့သူဖြစ်ပြီး ဘာနေဗျူးကို တကျော့ပြန်ရောက်လာတဲ့ ဇီဒန်း ဟာ သူ့ရဲ့ ဆုံးဖြတ်ချက်မှာ အရေးပါတဲ့ နေရာမှာပါဝင်လာဖွယ် ရှိနေတာဖြစ်ပါတယ်။