Solskjaer
Man u
Lindilof
Maguire
#Sports_Myanmar
Unicode
လက်စတာနဲ့ နိုင်ပွဲ အပြီး ကစားသမား နှစ်ဦးကို အထူး ချီးကျူး သွားတဲ့ #ဆိုးလ်ရှား
================
မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား ဟာ မနေ့ ညက လက်စတာ စီးတီး အသင်း ကို 1 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရရှိ ခဲ့တဲ့ ပွဲစဉ် မှ ကစားသမား တွေရဲ့ စွမ်းဆောင်ရည် အပေါ် ကျေနပ် နှစ်သက် နေခဲ့ ပါတယ် ။ အဆိုပါ ပွဲစဉ် မှာတော့ ယူနိုက်တက် ဟာ ရပ်ရှ်ဖို့ ရဲ့ တစ်လုံး တည်းသော ပင်နယ်တီ သွင်းဂိုး နဲ့ အနိုင် ရရှိ ခဲ့တာ ပဲ ဖြစ်ပါတယ် ။
အဆိုပါ ပွဲစဉ် အပြီး မှာတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က အသင်း ရဲ့ ဗဟို ခံစစ် ကစားသမား နှစ်ဦး ဖြစ်တဲ့ ဟယ်ရီ မက်ဂွားယား နဲ့ ဗစ်တာ လင်ဒီလော့ဖ် တို့ရဲ့ စွမ်းဆောင်ရည် တွေကို အထူး ချီးကျူး သွားခဲ့ လိုက် ပါတယ် ။ ဒါဟာ ယူနိုက်တက် အတွက် ဒီ ရာသီ ရဲ့ ဒုတိယ မြောက် Clean Sheet ရရှိ တဲ့ ပွဲစဉ် ဖြစ်ခဲ့ ရ ပါတယ် ။
လင်ဒီလော့ဖ် ဟာ ဆွီဂင် လက်ရွေးစင် အသင်း အတွက် ကစားပေး ခဲ့တဲ့ နော်ဝေ နဲ့ ပွဲစဉ် မှာ စွမ်းဆောင်ရည် တွေ ကျဆင်း ခဲ့တဲ့ အတွက် စိတ်ပျက် နေခဲ့ ပေမယ့် ဒီနေ့ မှာတော့ ပြိုင်ဖက် အသင်း ရဲ့ အဓိက တိုက်စစ် ကစားသမား ဖြစ်သူ ဂျေမီ ဗာဒီ ကို ပုံစံ ကောင်း ပြသ ရင်း အကောင်းဆုံး ဟန့်တား သွားနိုင် ခဲ့ ပါတယ် ။
ဒါ့အပြင် ဒီနွေ ယူနိုက်တက် အသင်း ဆီ စံချိန်တင် ပြောင်းရွှေ့ ကြေးနဲ့ ပြောင်းရွှေ့ လာ ခဲ့တဲ့ ဟယ်ရီ မက်ဂွားယား ဟာ အသင်း ဟောင်းမှ ပရိသတ် တွေရဲ့ အော်ဟစ် လှောင်ပြောင် မှု တွေကို ရရှိ ခဲ့ ပေမယ့် ပွဲစဉ် အတွင်း တည်တည် ငြိမ်ငြိမ် ကစား ပြသွား နိုင်ခဲ့ ပြီး ပြိုင်ဖက် တိုက်စစ် ကို ဂိုး သွင်းခွင့် နည်းပါး အောင် လုပ်ဆောင် သွားနိုင် ခဲ့ ပါတယ် ။
ဒါ့ကြောင့် တိုက်စစ် ကစား ဟန် ကောင်းတဲ့ အသင်း ကို ရင်ဆိုင် ခဲ့တဲ့ ပွဲစဉ် အတွင်း ခြေစွမ်း ကောင်း ကိုယ်စီ ပြသ သွား နိုင်ခဲ့ ကြတဲ့ အဓိက ခံစစ် ကစားသမား နှစ်ဦး ကို ဆိုးလ်ရှား က အခုလို အထူး ချီးကျူး သွားခဲ့ တာပဲ ဖြစ် ပါတယ် ။
” သူတို့ ( မက်ဂွားယား ၊ လင်ဒီလော့ဖ် ) တို့ ဒီနေ့ တစ်ကယ့် ကို ကောင်းမွန် ခဲ့ ကြတယ် လို့ ကျွန်တော် ထင် ပါတယ် ။ သူတို့ တွေဟာ ပွဲစဉ် ကို ကောင်းစွာ ဖတ်ရှု နိုင်ခဲ့ ကြ ပါတယ် ။ ကျွန်တော် ဟာ ဗာဒီ ကို အရမ်း ပဲ နှစ်သက် တဲ့ ကစားသမား တစ်ဦး ပါ ။ သူဟာ ကျွန်တော့် လို တိုက်စစ်မှူး မျိုး ဖြစ်တယ် လို့ ခံစား ရ ပါတယ် ”
” သူဟာ ပြိုင်ဖက် တွေကို အမြဲတမ်း ဖြတ်ကျော် ပြေးလွှား တက်ပြီး ဒုက္ခ တွေ ပေးလေ့ ရှိနေ တက် ပါတယ် ။ ဒါ့ကြောင့် ခင်ဗျား တို့ အနေ နဲ့ သူတို့ ကို ဟန့်တား နိုင်ဖို့ ၊ ကိုယ်တိုင် ရှေတက် တဲ့ အခါ ပြန် ဆင်းကူ နိုင်ဖို့ ၊ ဘောလုံး ဆုံးရှုံး သွားရင် လည်း အခွင့် အရေး မရရှိ စေဖို့ မှန်ကန် တဲ့ ဆုံးဖြတ်ချက် တွေကို ချမှတ် နိုင်ရ ပါ့မယ် ။ ဒါကို သူတို့ နှစ်ယောက် ကောင်းကောင်း လုပ်ဆောင် နိုင်ခဲ့ ကြ ပါတယ် ”
” ဟယ်ရီ ဟာလည်း ပြေးလွှား မှုတွေ များစွာ လုပ်နိုင် ခဲ့ပြီး ခံစစ် ကစား ပုံလည်း ကောင်းမွန် လှခဲ့ ပါတယ် ။ ပြိုင်ဖက် ပရိသတ် တွေရဲ့ လှောင်ပြောင် မှု တွေက သူ့ကို စိတ် အနှောက်အယှက် မဖြစ် စေခဲ့ ပါဘူး ။ ဒါကို သူဟာ ကောင်းမွန် တဲ့ နည်းလမ်း တစ်ခု နဲ့ ရင်ဆိုင် ဖြေရှင်း နိုင်ခဲ့ ပါတယ် ”
” ကျွန်တော် တို့ ဘောလုံး ကစား တဲ့ အခါ ၊ နည်းပြ တဲ့ အခါ ၊ အသင်း ကို စီမံ ခန့်ခွဲ တဲ့ အခါ တွေမှာ နိုင်ပွဲ ရဖို့ ထို်က်တန် မှု မရှိတဲ့ ပွဲစဉ် တစ်ပွဲ အတွက် အထူး ပျော်ရွှင် နေဖို့ မလိုအပ် သလို ရှံုးပွဲ တွေကြောင့် လည်း စိတ်ပျက် အားငယ် နေဖို့ မလိုအပ် ပါဘူး ။ ကျွန်တော် တို့ အတွက် တော့ ကွင်း အတွင်း စွမ်းဆောင် ရည်တွေ ပို ပိုပြီး တိုးတက် ကောင်းမွန် လာနိုင် ဖို့ပဲ အထူး လိုအပ် လှ ပါတယ် ”
” အခု အနေ အထား မှာ ကျွန်တော် တို့ တွေဟာ အနိုင် သုံးမှတ် ကို လက်ခံ ရ ပါ့မယ် ။ ပြီးရင် အိမ်ပြန် ပြီး အိပ်ယာ နိုးတဲ့ အခါမှာ အပြုံး တွေနဲ့ နိုးထ သွားဖို့ ၊ အားလပ် ရက် ရရှိ တဲ့ အတွက် အနား ယူဖို့ နဲ့ အဲ့တာ တွေ ပြီးရင် နောက်ထပ် ပွဲစဉ် တစ်ပွဲ အကြောင်း တွေးတော စဉ်းစား ဖို့ပဲ လိုအပ် လှ ပါတယ် ” လို့ ဆိုးလ်ရှား က နိုင်ပွဲ နဲ့ ပတ်သက် လို့ ဘယ်လို စိတ်ဓါတ် ထားရှိ ရ မလဲ ဆိုတာ ကို ပြောကြား သွားခဲ့ လိုက် ပါတယ် ။
#Sports_Myanmar