Sterling

ဘာစီလိုနာ ကြင္းလယ္လူ ဆာဂ်ီယုိ ဘက္စ္ကြက္က မန္ခ်က္စတာစီးတီး ေတာင္ပံ ကစားသမား ရာဟင္စတားလင္းကုိ လီယြန္နယ္ မက္ဆီ နဲ႕ လံုး၀ မႏွိဳင္းယွဥ္ သင့္ဘူးလို႕ ယံုၾကည္ ေနပါတယ္။ မန္စီးတီး စတားဟာ ျပီးခဲ့တဲ့ ႏွစ္ပို္င္း အတြက္ ကလပ္ နဲ႕ ႏုိင္ငံအတြက္ အထူး ေျခစြမ္းျပ ကစား ခဲ့သူ ျဖစ္ျပီး မၾကာေသးမီက လီဗာပူး ဂႏၱ၀င္ ေဂ်မီကာေရဂါက အဂၤလန္ တုိက္စစ္ ကစားသမားဟာ မက္ဆီ နဲ႕ ခရစ္စတီယာႏုိ ေရာ္နယ္ဒုိ တုိ႕ ခ်န္ထားခဲ့တဲ့ ကြက္လပ္ကို အစား၀င္ ျဖည့္ႏုိင္ လိမ့္မယ္လို႕ ခ်ီးက်ဴး ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘက္စ္ကြက္က စတားလင္းဟာ လီယြန္နယ္မက္ဆီလို ကစားသမားမ်ိဳးနဲ႕ တစ္တန္းတည္း ယွွဥ္ကာ ေျပာဖို႕ အခြင့္ မရွိေသးဘူးလို႕ ခံစား မိေနျပီး ဒီလို ႏွဳိင္းယွဥ္မွဳ ေတြဟာ ကစားသမား အေပၚ မေကာင္းတဲ့ သက္ေရာက္မွဳေတြပဲ ရေစ ႏုိင္တယ္လို႕ ဆုိသြား ပါတယ္။

ဘက္စ္ကြက္က “ၾကည့္ပါ။ စတားလင္းဟာ ၾကီးမားတဲ့ ရာဇ၀င္ နဲ႕ ၾကီးမားတဲ့ အလားအလာ ရွိတဲ့ ကစားသမားပါ။ ဒါေပမယ့္ မက္ဆီ နဲ႕ ယွဥ္ေျပာမွဳ ေတြကေတာ့ အရမ္းကုိ ခ်ဲ႕ကားလြန္းအား ၾကီးပါတယ္။ ျပီးေတာ့ ကစားသမား အတြက္လည္း အေပါင္းလကၡဏာ မေဆာင္ ပါဘူး။

အမွန္တရား ကေတာ့ ကစားသမားတုိင္းဟာ ကုိယ့္ရဲ႕ ကလပ္ေတြ အတြက္ ၾကီးမားတဲ့ အခန္းက႑မွာ ပါ၀င္ ခဲ့ၾကပါတယ္။ သူဟာ ကစားသမားေကာင္း တစ္ဦးပါ။ ျပီးေတာ့ အဂၤလန္ လက္ေရြးစင္ အသင္းကိုလည္း အမ်ားၾကီး လႊမ္းမိုး ႏုိင္စြမ္း ရွိပါတယ္။” လို႕ ေျပာသြား ပါတယ။္

အသက္ ၂၄ ႏွစ္ အရြယ္ ကစားသမားဟာ ျပီးခဲ့တဲ့ ရာသီက ခ်န္ပီယံ ျဖစ္ခဲ့တဲ့ စီးတီး အတြက္ ၁၇ ဂိုးသြင္းယူကာ ၁၀ ဂိုးဖန္တီး ေပးႏုိင္ခဲ့ျပီး ဒီရာသီမွာလည္း သြင္းဂိုး ၅ ဂိုး သြင္းယူ ထားခဲ့ျပီး ျဖစ္ပါတယ္။ အဂၤလန္ အသင္းမွာလည္း စတားလင္းရဲ႕ ေျခစြမ္းဟာ အေကာင္းဆံုး အေနအထားမွာ ရွိေနျပီး စီးတီး စတားဟာ အဂၤလန္ အတြက္ ယူရို ၂၀၂၀ ေျခစစ္ပြဲ ၄ ပြဲမွာ ၆ ဂိုးသြင္းကာ ၄ ဂိုး ဖန္တီး ေပးခဲ့ပါတယ္။

စီးတီး လိုပဲ စီးတီး မန္ေနဂ်ာ ပက္ဂြာဒီယုိလာ ကလည္း စတားလင္း အေပၚ ဒီလို ေဘာလံုး ဂႏၱ၀င္ၾကီး ေတြနဲ႕ ႏွဳိင္းယွဥ္ ေနမွဳ အေပၚ ပြဲျပီးမီးေသ လုပ္ဖို႕ ရည္ရြယ္ ေနဟန္ ရွိပါတယ္။

ပက္ဂြာဒီယုိလာ က “ ဒီမွာ သူ႕ရဲ႕ ကစားပံု ၊ လက္ေရြးစင္ အသင္း အတြက္ သူ႕ရဲ႕ ကစားပံုေတြ အရ ကၽြန္ေတ္ာ သူ႕အတြက္ ေပ်ာ္ရႊင္ မိပါတယ္။ ဒါေပမယ့္ သူ႕အေနနဲ႕ ဒီလိုမ်ိဳး အရာေတြ ဖတ္လည္း မဖတ္ ၊ နားလည္း မနားေထာင္ဘူးလုိ႕ ကၽြန္ေတာ္ ေမွ်ာ္လင့္ ထားပါတယ္။

ဘယ္သူမွ ခရစ္စတီယာႏုိ မက္ဆီ တုိ႕နဲ႕ ႏွဳိင္းယွဥ္လို႕ မရပါဘူး။ သူဟာ အဂၤလန္ရဲ႕ အေကာင္းဆံုးလား ဆုိတာ ကုိေတာ့ ကၽြန္ေတာ္ မသိပါဘူး။ အခုမွ မဟုတ္ပါဘူး။ ကၽြန္ေတာ္တုိ႕ အတူတကြ ရိွစဥ္ ကတည္းက သူရဲ႕ လုပ္အားဟာ မယံုၾကည္ ႏုိင္ေလာက္ေအာင္ ပါပဲ။ သူဟာ တကယ္ေတာ္တဲ့ သူပါ။ ကၽြန္ေတာ္ သူ႕အတြက္ ၀မ္းေျမာက္မိ ပါတယ္။” လို႕ ဆုိသြား ပါတယ္။

စတားလင္းဟာ မေန႕ညက ေနာ့၀ွစ္ကို Carrow Road မွာ စီးတီး တုိ႕ ၃-၂ နဲ႕ အ့ံဖြယ္ ရွံဳးနိမ့္ ခဲ့တဲ့ ပြဲစဥ္မွာ မိနစ္ ၉၀ ျပည့္ ပါ၀င္ ကစား သြားခဲ့ပါတယ္။ ပက္ဂြာဒီယိုလာ အသင္းရဲ႕ ဆုိးရြားတဲ့ ခံစစ္ ကစားဟန္ဟာ အိမ္ရွင္ အသင္းရဲ႕ ေနာက္က လိုက္ကန္ ေနရတဲ့ အေျခအေန ျဖစ္ခဲ့ျပီး ဒါဟာ ဒီရာသီ စီးတီးရဲ႕ ပထမဦးဆံုး ရွံဳးပြဲ ျဖစ္ပါတယ္။ တစ္ခ်ိန္တည္း မွာပဲ လီဗာပူးဟာ နယူးကာဆယ္ကုိ ၃-၁ နဲ႕ အနုိင္ ရရွိ ခဲ့ျပီး ဒုတိယ ေနရာမွာ ရပ္တည္ ေနတဲ့ မန္စီးတီးကို ရမွတ္ ၅ မွတ္ ျဖတ္ထား ခဲ့ပါတယ္။

SM

Unicode

စတာလင်းကို မက်ဆီ ရော်နယ်ဒို တို့နဲ့ ယှဉ်ကာ ချီးကျူးခဲ့တဲ့ ကာရေဂါရဲ့ ပြောဆိုမှုကို တုန့်ပြန် ခဲ့တဲ့ ဘာကာ ကွင်းလယ် ဘက်စ်ကွက်

ဘာစီလိုနာ ကွင်းလယ်လူ ဆာဂျီယို ဘက်စ်ကွက်က မန်ချက်စတာစီးတီး တောင်ပံ ကစားသမား ရာဟင်စတားလင်းကို လီယွန်နယ် မက်ဆီ နဲ့ လုံးဝ မနှိုင်းယှဉ် သင့်ဘူးလို့ ယုံကြည် နေပါတယ်။ မန်စီးတီး စတားဟာ ပြီးခဲ့တဲ့ နှစ်ပို်င်း အတွက် ကလပ် နဲ့ နိုင်ငံအတွက် အထူး ခြေစွမ်းပြ ကစား ခဲ့သူ ဖြစ်ပြီး မကြာသေးမီက လီဗာပူး ဂန္တဝင် ဂျေမီကာရေဂါက အင်္ဂလန် တိုက်စစ် ကစားသမားဟာ မက်ဆီ နဲ့ ခရစ်စတီယာနို ရော်နယ်ဒို တို့ ချန်ထားခဲ့တဲ့ ကွက်လပ်ကို အစားဝင် ဖြည့်နိုင် လိမ့်မယ်လို့ ချီးကျူး ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘက်စ်ကွက်က စတားလင်းဟာ လီယွန်နယ်မက်ဆီလို ကစားသမားမျိုးနဲ့ တစ်တန်းတည်း ယှှဉ်ကာ ပြောဖို့ အခွင့် မရှိသေးဘူးလို့ ခံစား မိနေပြီး ဒီလို နှိုင်းယှဉ်မှု တွေဟာ ကစားသမား အပေါ် မကောင်းတဲ့ သက်ရောက်မှုတွေပဲ ရစေ နိုင်တယ်လို့ ဆိုသွား ပါတယ်။

ဘက်စ်ကွက်က “ကြည့်ပါ။ စတားလင်းဟာ ကြီးမားတဲ့ ရာဇဝင် နဲ့ ကြီးမားတဲ့ အလားအလာ ရှိတဲ့ ကစားသမားပါ။ ဒါပေမယ့် မက်ဆီ နဲ့ ယှဉ်ပြောမှု တွေကတော့ အရမ်းကို ချဲ့ကားလွန်းအား ကြီးပါတယ်။ ပြီးတော့ ကစားသမား အတွက်လည်း အပေါင်းလက္ခဏာ မဆောင် ပါဘူး။

အမှန်တရား ကတော့ ကစားသမားတိုင်းဟာ ကိုယ့်ရဲ့ ကလပ်တွေ အတွက် ကြီးမားတဲ့ အခန်းကဏ္ဍမှာ ပါ၀င် ခဲ့ကြပါတယ်။ သူဟာ ကစားသမားကောင်း တစ်ဦးပါ။ ပြီးတော့ အင်္ဂလန် လက်ရွေးစင် အသင်းကိုလည်း အများကြီး လွှမ်းမိုး နိုင်စွမ်း ရှိပါတယ်။” လို့ ပြောသွား ပါတယ။်

အသက် ၂၄ နှစ် အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံ ဖြစ်ခဲ့တဲ့ စီးတီး အတွက် ၁၇ ဂိုးသွင်းယူကာ ၁၀ ဂိုးဖန်တီး ပေးနိုင်ခဲ့ပြီး ဒီရာသီမှာလည်း သွင်းဂိုး ၅ ဂိုး သွင်းယူ ထားခဲ့ပြီး ဖြစ်ပါတယ်။ အင်္ဂလန် အသင်းမှာလည်း စတားလင်းရဲ့ ခြေစွမ်းဟာ အကောင်းဆုံး အနေအထားမှာ ရှိနေပြီး စီးတီး စတားဟာ အင်္ဂလန် အတွက် ယူရို ၂၀၂၀ ခြေစစ်ပွဲ ၄ ပွဲမှာ ၆ ဂိုးသွင်းကာ ၄ ဂိုး ဖန်တီး ပေးခဲ့ပါတယ်။

စီးတီး လိုပဲ စီးတီး မန်နေဂျာ ပက်ဂွာဒီယိုလာ ကလည်း စတားလင်း အပေါ် ဒီလို ဘောလုံး ဂန္တဝင်ကြီး တွေနဲ့ နှိုင်းယှဉ် နေမှု အပေါ် ပွဲပြီးမီးသေ လုပ်ဖို့ ရည်ရွယ် နေဟန် ရှိပါတယ်။

ပက်ဂွာဒီယိုလာ က “ ဒီမှာ သူ့ရဲ့ ကစားပုံ ၊ လက်ရွေးစင် အသင်း အတွက် သူ့ရဲ့ ကစားပုံတွေ အရ ကျွန်တေ်ာ သူ့အတွက် ပျော်ရွှင် မိပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ဒီလိုမျိုး အရာတွေ ဖတ်လည်း မဖတ် ၊ နားလည်း မနားထောင်ဘူးလို့ ကျွန်တော် မျှော်လင့် ထားပါတယ်။

ဘယ်သူမှ ခရစ်စတီယာနို မက်ဆီ တို့နဲ့ နှိုင်းယှဉ်လို့ မရပါဘူး။ သူဟာ အင်္ဂလန်ရဲ့ အကောင်းဆုံးလား ဆိုတာ ကိုတော့ ကျွန်တော် မသိပါဘူး။ အခုမှ မဟုတ်ပါဘူး။ ကျွန်တော်တို့ အတူတကွ ရှိစဉ် ကတည်းက သူရဲ့ လုပ်အားဟာ မယုံကြည် နိုင်လောက်အောင် ပါပဲ။ သူဟာ တကယ်တော်တဲ့ သူပါ။ ကျွန်တော် သူ့အတွက် ၀မ်းမြောက်မိ ပါတယ်။” လို့ ဆိုသွား ပါတယ်။

စတားလင်းဟာ မနေ့ညက နော့ဝှစ်ကို Carrow Road မှာ စီးတီး တို့ ၃-၂ နဲ့ အ့ံဖွယ် ရှုံးနိမ့် ခဲ့တဲ့ ပွဲစဉ်မှာ မိနစ် ၉၀ ပြည့် ပါ၀င် ကစား သွားခဲ့ပါတယ်။ ပက်ဂွာဒီယိုလာ အသင်းရဲ့ ဆိုးရွားတဲ့ ခံစစ် ကစားဟန်ဟာ အိမ်ရှင် အသင်းရဲ့ နောက်က လိုက်ကန် နေရတဲ့ အခြေအနေ ဖြစ်ခဲ့ပြီး ဒါဟာ ဒီရာသီ စီးတီးရဲ့ ပထမဦးဆုံး ရှံုးပွဲ ဖြစ်ပါတယ်။ တစ်ချိန်တည်း မှာပဲ လီဗာပူးဟာ နယူးကာဆယ်ကို ၃-၁ နဲ့ အနိုင် ရရှိ ခဲ့ပြီး ဒုတိယ နေရာမှာ ရပ်တည် နေတဲ့ မန်စီးတီးကို ရမှတ် ၅ မှတ် ဖြတ်ထား ခဲ့ပါတယ်။

SM